မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ယနေ့ ည မြန်မာ စံတော်ချိန် ၇း၃၀ နာရီ မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် ၀က်စ်ဟမ်း ယူနိုက်တက် အသင်း ရဲ့ ကွင်းကို သွားေ၇ာက် ယှဉ်ပြိုင် ကစား ရမှာ ဖြစ် ပါတယ် ။ ယူနိုက်တက် ဟာ ၀က်စ်ဟမ်း ကွင်း မှာ ကစား ခဲ့တဲ့ နောက်ဆုံး ၂ ပွဲ မှာ အနိုင် မရခဲ့ ဘဲ မနှစ် က ရာသီ တုန်းက လည်း ၃ – ၁ ဖြင့် အရေးနိမ့် ခဲ့ ပါတယ် ။

 

ယူနိုက်တက် ဘက် မှာ ပေါ့ဘာ ၊ မာရှယ် တို့ မပါနိုင် သလို ယူရိုပါ လိဂ် အုပ်စု အဖွင့် မှာ အနိုင်ဂိုး သွင်းပေး ခဲ့တဲ့ လူငယ် တိုက်စစ်မှုးလေး ဂရင်းဝုဒ် ဟာလည်းး လန်ဒန် ကို ထွက်ခွာ တဲ့ လူစာရင်း မှာ ပါဝင် မလာခဲ့ ပါဘူး

ယူနိုက်တက် ဂိုး သမား ဒေးဗစ် ဒီဂီယာ က တော့ ယနေ့ ည ပွဲ မှာ အသင်းသား တွေ အနေနဲ့ အပြည့် အ၀ အာရုံ စူးစိုက်မှု ပြုလုပ် ကာ ကစားသွား ဖို့ အတွက် တိုက်တွန်း နှိုးဆော် သွားခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ ဒီရာသီ ပရီးမီး ယားလိဂ် မှာ အဝေးကွင်း နိုင်ပွဲ မရရှိ သေးတာ က ဒီပွဲ အတွက် စိုးရိမ် စရာ ဖြစ် လာခဲ့ ပါတယ် ။

ဝက်စ်ဟမ်း ကစား သမား တွေ ဖြစ်တဲ့ အသင်းခေါင်းဆောင် နိုဘယ် နဲ့ နောက်ခံလူ ဒီဟော့ တို့ ကတော့ ယနေ့ ည ယှဉ်ပြိုင် ကစားမယ့် ယူနိုက်တက် အသင်း ကို သတိပေး စကား အသီးသီး ပြောဆို သွားခဲ့ ပြီး ယူနိုက်တက် ဟာ ရာသီ အကုန် မှာ အဆင့် ၄ အတွင်း ၀င်နိုင် ဖို့ မရှိ ဘူးလို့ လည်း ဆိုသွား ခဲ့ကြ ပါတယ် ။

ယူနိုက်တက် တိုက်စစ်မှုး ဟောင်း ဒီမီတာ ဘာဘာတော့ဗ် ကတော့ ယနေ့ ည ပွဲ မှာ အသင်း ဟောင်း ယူနိုက်တက် က အနိုင် ရရှိ မယ် လို့ ခန့်မှန်း ခဲ့ပြီး ဂိုးတော့ ပြတ်ဖို့ မလွယ်ကူ နိုင် ဘူးလို့ ပြောဆို ခန့်မှန်း သွားခဲ့ ပါတယ် ။

pogba

မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ကို စာချုပ်သစ် ချုပ်ဆို နိုင်ဖို့ အတွက် လုပ်ဆောင် နေပြီ လို့ သိရ ပါတယ် ။ စပိန် မှာ အခြေ မလှ ဖြစ်နေတဲ့ ရီးရဲ မက်ဒရစ် ဟာ လာမယ့် ဇန်န၀ါရီ မှာ ပေါ့ဘာ ကို နောက်ထပ် တစ်ကြိမ် ကမ်းလှမ်း ဖွယ် ရှိတယ် လို့ သတင်း ထွက်ပေါ် နေ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ကတော့ ဇန်န၀ါရီ မှာ ဘာစီလိုနာ ကနေ ရောင်းထုတ် ဖွယ် ရှိနေတဲ့ နောက်ခံလူ အမ်တီတီ နဲ့ ကွင်းလယ်လူ ရာကီတစ် တို့ ၂ ဦး ရဲ့ အခြေ အနေ ကို စောင့်ကြည့် နေတယ် လို့ သတင်း ရရှိပါတယ်

ယူနိုက်တက် အသင်း နောက်ခံလူ ဟောင်း ဂယ်ရီ နဗီးလ် က ချဲလ်ဆီး အသင်း ဟာ ဖရန့် လမ်းပတ် လက်အောက် မှာ ကြည့်ချင် စဖွယ် ကောင်းတဲ့ အသင်း တစ်သင်း ဖြစ်လာ ခဲ့ ပါတယ် လို့ တစ်ချိန် တုန်းက ပြိုင်ဘက် ဟောင်း ကို ချီးကျုး စကား ဆိုသွား ခဲ့ ပါတယ် ။

ဝက်စ်ဟမ်း နဲ့ ယှဉ်ပြိုင် ကစားဖို့ အတွက် လန်ဒန် ကို ထွက်ခွာ သွားကြတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းသား များ –

ဒီဂီယာ ။ ရိုမဲရိုး ။ ဂရန့်
ဘစ်ဆာကာ ၊ ယန်း ၊ လင်ဒီလော့ ၊ ရိုဟို ၊ ဂျုံးစ် ၊ တွမ်ဇီဘီ ၊ မက်ဂွဲယား
မာတစ် ၊ ဖရက် ၊ ပါရဲရား ၊ တော်မီနေး ၊ မာတာ ၊ ဂိုးမက်
ရက်ဖိုဒ့် ၊ တာဟစ်ချောင် ၊ လင်ဂတ် ၊ ဒန်နီရယ် ဂျိမ်းစ်

SPORTS MYANMAR