liverpool
arnold
daniel avles
Phillip lahm
SM
Unicode
သူအတုယူရတဲ့ ​နောက်​တန်​းအစွန်​လူ​ နှစ်​ဦးကို ထုတ်​​ဖော်​ သွားခဲ့တဲ့ အလက်​ဇန်​းဒါးအာနိုး
လီ​ဗာပူး ရဲ့ ထရန်​အလက်​ဇန်​းဒါး အာနိုးက သူ စံပြု​လေ့လာ ခဲ့ရတဲ့ ညာ​နောက်​ခံလူ နှစ်​ဦးဟာ ဘရာဇီး ရဲ့ ဒါနီအဲ​ဗက်​စ်​ နဲ့ ဂျာမနီရဲ့ ဖိလစ်​လမ်​း တို့ ဖြစ်​တယ်​လို့ ထုတ်​​ဖော်​ သွားခဲ့ပြီး သူ့အ​နေနဲ့ ​အောင်​မြင်​မှု​တွေ ထပ်​မံ ရှာ​ဖွေ ​နေတဲ့ လီ​ဗာပူး အသင်​း အတွက်​ သွင်​းဂိုး ​တွေနဲ့ အ​ထောက်​အကူ ပြုသွားဖို့ ပစ်​မှတ်​ ထား​နေတယ်​လို့ ဆိုသွားပါတယ်​။ အလက်​ဇန်​းဒါးအာနိုး ဟာ ကမ္ဘာ့ထိပ်​တန်​း ည​နောက်​ခံလူ​တွေ ထဲက တစ်​ဦး အဖြစ်​ လျှင်​လျှင်​မြန်​မြန်​ တိုးတက်​ လာခဲ့သူ ဖြစ်​ပြီး တကယ်​့​တော့ ၎င်းရဲ့ နည်​းပြ ယာဂန်​က​လော့ ကိုယ်​တိုင်​က အင်္ဂလန်​ ကြယ်​ပွင်​့ဟာ ကမ္ဘာ့အ​ကောင်​းဆုံး ညာ​နောက်​ခံလူ ဖြစ်​တယ်​လို့​တောင်​ ချီးကျူး ထားပါတယ်​။
အသက်​ ၂၀ အရွယ်​သာ ရှိ​သေး​ပေမယ်​့လည်​း အလက်​ဇန်​းဒါးအာနိုးဟာ ချန်​ပီယံလိဂ်​ ဖိုင်​နယ်​ ၂ ကြိမ်​ ၊ ဥ​ရောပ ချန်​ပီယံ ဆုဖလား နဲ့ ကမ္ဘာ့ဖလား​တွေကို ကစားခွင်​့ ရထား ခဲ့ပြီး ဖြစ်​ပါတယ်​။ အလက်​ဇန်​းဒါးအာနိုး ဟာ ပြီးခဲ့တဲ့ ရာသီက လိဂ်​ပြိုင်​ပွဲရဲ့ ဂိုးဖန်​တီးမှု အများဆုံး ​နောက်​ခံလူ ဖြစ်​ခဲ့တဲ့အပြင်​ လီ​ဗာပူး ညာ​နောက်​ခံလူဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ဖြတ်​တင်​​ဘော အများဆုံး လုပ်​ထားသူ ဖြစ်​ပါတယ်​။
ဒါ​ပေမယ်​့လည်​း အလက်​ဇန်​းဒါးအာနိုး က သူ့ရဲ့ အ​ကောင်​းဆုံး ပုံစံကို ရဖို့ အ​ဝေးကြီး လို​နေ ​သေးတယ်​လို့ ဆိုလိုက်​ပါတယ်​။ ဆက်​လက်​ပြီး အာနိုးက ဘာစီလိုနာ ညာ​နောက်​ခံလူ​ဟောင်​း အဲ​ဗက်စ်​နဲ့ ဘိုင်​ယန်​မြူးနစ်​ ဂန္ထဝင်​ ဖိလစ်​လမ်​း တို့ဟာ သူ အတူယူရတဲ့ ကစားသမား​တွေ ဖြစ်​​ကြောင်​းနဲ့ လီ​ဗာပူး အတွက်​ ​အောင်​မြင်​မှု​တွေ ရယူ ​ပေးရန်​ ရည်​မှန်​း ထား​ကြောင်​း ဆိုသွားပါတယ်​။
အလက်​ဇန်​းဒါးအာနိုး က “ဂိုး​တွေ သွင်​းယူဖို့ဟာ ကျွန်​​တော်​ တိုးတက်​ ချင်​တဲ့ အရာ ဖြစ်​ပါတယ်​။ ​မော်​ဒန်​​ဘောလုံး ​လောကရဲ့ ​နောက်​တန်​း အစွန်​လူ​တွေ အ​နေနဲ တိုက်​စစ်​ကို အများကြီး လိုက်​ပါ ကစားရကာ အသင်​းအတွက်​ အခွင်​့အ​ရေး​တွေ ဖန်​တီးတာ ၊ ဂိုး​တွေ ဖန်​တီးတာ ၊ ​ဘောလုံး ​ပေးပို့မှု​တွေ ၊ ​မျှော​ဘော​တွေ စတဲ့ အရာ​တွေ အများကြီး လုပ်​​ပေးဖို့ လိုပါတယ်​။ ကျွန်​​တော်​့ အ​နေနဲ့ ​နောက်​တဆင်​့ကို တက်​ကာ အသင်​း အတွက် ​လေးဂိုး ငါးဂိုး သွင်​း​ပေးဖို့ ဘာ့​ကြောင်​့ မလုပ်​ နိုင်​ရမှာလဲ?
ကျွန်​​တော်​ ​နောက်​တန်​း အစွန်​လူ​တွေကို ​လေ့လာတဲ့ အခါ ကျွန်​​တော်​ အမြဲ အတုယူ​လေ့ ရှိတာက​တော့ ဒါနီအဲ​ဗက်​စ်​ နဲ့ ဖိလစ်​လမ်​း တို့ဖြစ်​ကြပါတယ်​။ ကျွန်​​တော်​့အတွက်​ က​တော့ ဒါနီအဲ​ဗက်​စ်​ ဟာ တိုက်​စစ်​ကို အ​တော်​ လိုက်​ပါ ကစားတဲ့ ကစားသမား ဖြစ်​ပြီး ခံစစ်​ပိုင်​း မှာလည်​း မ​ာ​ကျော ကျစ်​လစ်​စွာ ကစား နိုင်​သူပါ။ ဒါ​ပေမယ်​့ သူ့ရဲ့ တိုက်​စစ်​ ဉာဏ်​ရည်​ဉာဏ်​​သွေး က တကယ်​​ကောင်​းလှပြီး ​တောင်​ပံ ကစားသမား တစ်ဦးနီးပါး အကျိုးပြု နိုင်​သူပါ။ ကျွန်​​တော်​တို့ရဲ့ analyst ​တွေဟာ ဒါနီအဲ​​ဗက်​စ်​ရဲ့ အ​ကောင်​းဆုံး လုပ်​ပြ ခဲ့မှု​တွေကို ​ဗီဒီယို ကလစ်​​တွေ စုစည်​းကာ ကျွန်​​တော်​့ကို ​လေ့လာ​စေ ခဲ့ပါတယ်​။ ​နေရယူပုံ​တွေ ၊ ဆုံးဖြတ်​ချက်​ ချပုံ​တွေ နဲ့ ​ပြေးလွှားပုံ​တွေ အဓိက ​လေ့လာ ပါတယ်​။ ကျွန်​​တော်​ဟာ ဖိလစ်​လမ်​း ရဲ့ ခံစစ်​ကစားပုံ နဲ့ အဲ​ဗက်​စ်​ရဲ့ တိုက်​စစ်​ ကစားပုံ​တွေကို ပိုမို ​လေ့လာ ဖြစ်​ခဲ့ပါတယ်​။
ကျွန်​​တော်​ဟာ ​နောက်​တန်​း အစွန်​လူ​တွေရဲ့ တိုက်​စစ်​ ကစားဟန်​ကို ပိုကြိုက်​ပါတယ်​။ ဒါ​ပေမယ်​့ ခံစစ်​ပိုင်​းက ပို အ​ရေးကြီးတယ်​ ဆိုတာ ကျွန်​​တော်​ နားလည်​ပါတယ်​ ။ မာ​ကျောတဲ့ ကစားကွက်​ မရှိဘူးဆိုရင်​ ကိုယ်​့အသင်​းဟာ နိုင်​ရင်​​တောင်​ ၅-၄ တို့ ၄-၃ တို့နဲ့ပဲ နိုင်​မှာပါ။ ကျွန်​​တော်​ ဒါမျိုး မလိုချင်​ပါဘူး။ ကျွန်​​တော်​ဟာ ​လေ့လာ သင်​ယူ ​နေဆဲ ဆိုတာ သိပါတယ်​။ ပွဲအတွင်​းမှာ ကျွန်​​တော်​ ပို​ကောင်​း​အောင်​ လုပ်​နိုင်​ ​သေးတဲ့ အပိုင်​း​တွေ ရှိ​နေ​သေးတယ်​လို့ ခံစား မိပါတယ်​။
တိုးတက်​ဖို့ အတွက်​ ​လေ့လာသင်​ယူဖို့ အတွက်​ အဆင်​့ဆင်​့ ​ပြောင်​းလဲ လာဖို့ အတွက်​ ​နေရာ ဆိုတာ အမြဲ ရှိ​နေပါတယ်​ ။ မျက်​လုံးမှိတ်​ပြီး ဒါဟာ ငါ့ရဲ့ limit ပဲလို့ ​တွေးလို့ မရပါဘူး။ အဲလိုသာ ​တွေးလိုက်​မယ်​ ဆိုရင်​ ဒါဟာ ကိုယ်​့ရဲ့ limit ဖြစ်​သွားမှာပါ။ ငါ ​လေ့လာသင်​ယူ နိုင်​​သေးတာပဲလို့ ကိုယ်​့ကိုယ်​ကို ​ပြောတဲ့ အခါ ​ကောင်​းကင်​ကြီး တစ်​ခုလုံးဟာ limit ပါပဲ။” လို့ ​ပြောသွားပါတယ်​။
SM