အခုအပတ္ ဘြန္ဒက္လီဂါ ပြဲစဥ္မွာေတာ့ အမွတ္ေပးဇယားထိပ္ဆံုးက ေဒါ့မြန္ နဲ႔ ဘိုင္ယန္ အသင္းတို႕ ရင္ဆိုင္သြားရေတာ့မွာျဖစ္ပါတယ္။အိမ္ရွင္ ဘိုင္ယန္ အသင္းဟာ ေနာက္ဆံုးကစားခဲ႔တဲ႕ ပိုကယ္ဖလားပြဲစဥ္မွာ ဒုတိယတန္းကလပ္ ဟိုင္ဒန္ဟိမ္း အသင္းကို ေပးဂိုး ၄ဂိုးအထိခြင့္ျပဳထားခဲ႔ရျပီး လီဝန္ေဒါစကီးရဲ႕ေနာက္က်ပင္နယ္တီေျကာင့္ အႏိုင္ရခဲ႔တာျဖစ္ပါတယ္။
a
ဒါေျကာင့္ လည္း ဘိုင္ယန္ နည္းျပျကီး ကိုဗက္စ္က သူ႔အသင္းသားေတြ အေနနဲ႕ခံစစ္ပိုင္း မွာတာဝန္ ယူမွဳ တာဝန္ခံမွဳ ရွိရွိနဲ႔ စည္းကမ္းတက် ကစားသြားဖို႔ ေတာင္းဆိုလိုက္ပါတယ္။ဘိုင္ယန္တို႔ဟာ လတ္တေလာမွာထိပ္ဆံုးက ေဒါ့မြန္ အသင္းနဲ႕ ၂မွတ္အကြာအမွတ္ေပးဇယား ရဲ႕ ဒုတိယေနရာမွာရွိေနတာျဖစ္ျပီး အခုပြဲစဥ္ မွာ အားလံုးပါဝင္ ျကိုးစားသြားျက ဖို႔ ကိုဗက္စ္ က အလိုရွိေနပံုပါပဲ။

သူ႔အသင္းအေနနဲ႔ ကမၻာ့ခ်န္ပီယံ ျပင္သစ္ အသင္းလို ခံစစ္ပိုင္းေကာင္းေကာင္းနဲ႔ ကစားဖို႔ ကိုဗက္စ္က ေတာင္းဆိုလိုက္ျပီး၊အမွားအယြင္းကင္းတဲ႔ အသင္းက ဒီပြဲကို အႏိုင္ရသြားလိမ့္မယ္လို႔ဆိုသြားခဲ႔ပါတယ္။

ပြဲျကို မီဒီယာ ေတြ႔ဆံုပြဲမွာကိုဗက္စ္က – – – ” ဒီပြဲစဥ္ မွာအဓိက မူတည္သြားမယ့္ အခ်က္ကေတာ့ တာဝန္ယူမွဳ တာဝန္ခံမွဳ နဲ႔စည္းကမ္းပိုင္း ေကာင္းဖို႔ျဖစ္ပါတယ္။က်ြန္ေတာ္ဟာ ပြဲကို ခံစစ္ကစားသမားေတြ နဲ႔ ပဲ စတင္ေနတာေတာ့မဟုတ္ပါဘူး။အားလံုး ဟာကိုယ္ဘယ္ေနရာေရာက္ေနေရာက္ေနအျမဲ အသင့္ျဖစ္ေနဖို႕ လိုပါတယ္။

ျပင္သစ္ အသင္းဟာ ေကာင္းေကာင္း ကစားျပီး ခံစစ္ပိုင္းကလည္း စြမ္းေဆာင္ရည္ေကာင္းကို ျပသထားႏိုင္ခ့ဲလို႕ ကမၻာ့ခ်န္ပီယံ ျဖစ္လာခဲ႔တာျဖစ္ပါတယ္။ဆုဖလားေတြကို ခံစစ္ပိုင္းက အဆံုးအျဖတ္ေပးထားျဖစ္လို႕ ဒါဟာ အေရးပါ ပါတယ္။ဒါေျကာင့္ လည္း က်ြန္ေတာ္တို႔ အေနနဲ႔ တဦးခ်င္း အေနနဲ႔ေကာ အသင္းလိုက္ပါ ခံစစ္ပံုစံေကာင္းျပ ရလာဖို႔ လိုပါတယ္။ဒါဟာ က်ြန္ေတာ္တို႔ ျပန္ရေအာင္လုပ္ရမယ့္ အရာတခုလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ကိုယ္ဟာ အႏုပညာသည္ တဦးျဖစ္ေနရင္ေအာင္ ဒီလို ျပန္လုပ္ႏိုင္ဖို႔ ဆႏၵရွိေနဖို႔ လိုပါတယ္။ဒီပြဲဟာ စိတ္ဝင္စားဖို႔ ေကာင္းတဲ႔ ပြဲတပြဲ ျဖစ္လာဖို႔ရွိေနပါတယ္။အမွားအယြင္းနည္းတဲ႔ အသင္းက အႏိုင္ရသြားပါလိမ့္မယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

ဘိုင္ယန္ အသင္းရဲ႕ ခံစစ္မွဴးတ ဦးျဖစ္တဲ႔ ဘိုတန္ က လာမယ့္ ပြဲစဥ္ အျပီး နာရိီပိုင္း အျကာမွာ ပါတီဆင္ႏႊဲ သြားဖို႔ အစီအစဥ္ကိုေျပာဆိုထားခဲ႔တာနဲ႔ ပတ္သက္ျပီးလည္း ကိုဗက္စ္က သူ႔ရဲ႕ အျမင္ကို ထုတ္ေျပာသြားခဲ႔ပါတယ္။အသင္းရဲ႕ အားကစားဒါရိုက္တာျဖစ္သူ ဆာလီဟာမစ္ဇစ္ကေတာ့ဘိုတန္ရဲ႕ အျကံဥာဏ္ဟာ မစူးဆန္း မဆင္ခ်င္တဲ႔ လုပ္ရပ္လို႔ ျမင္ေနျပီး ၊ နည္းျပ ကိုဗက္စ္ကလည္း အဆိုပါအျမင္ကို သေဘာတူညီေနပါတယ္။

ကိုဗက္စ္က ဆက္လက္ျပီး – – – ” က်ြန္ေတာ့္ရဲ႕ အျမဲအရေတာ့ သူဟာ သူဟာ ဒီပါတီကို အဲ႔ဒီအခ်ိန္မွာ မစသင့္ဘူးလို႔ယူဆပါတယ္။ဒါေပမယ့္ အျခားတဖက္ကို ျကည့္ရင္လည္း လူတိုင္းက သူတို႔ အားလပ္ခ်ိန္မွာ သူတို႔ဘာလုပ္မယ္ဆိုတာကို ဆံုးျဖတ္ပိုင္ခြင့္ရွိပါတယ္ ” လို႔မွတ္ခ်က္ေပးခဲ႕ပါတယ္။

ဘိုင္ယန္ အသင္းရဲ႕ အဓိက ဂိုးသမား ႏူအာဟာ ေျခသလံုး သားဒဏ္ရာေျကာင့္ ဟိုင္ဒန္ဟိမ္းနဲ႔ ပြဲကို လြဲေခ်ာ္ခဲ႔ျပီး ၊ အဖ်ားေဝဒနာကေန နလန္ထစ တိုက္စစ္မွဴး လီဝန္ေခါစကီးက လည္း လူစားဝင္ ကစားသမား အျဖစ္သာပါဝင္ထားခဲ႔တာျဖစ္ပါတယ္။

ႏူအာရဲ႕ အေျခအေနကို ေနာက္ဆံုးအခ်ိန္ေရာက္မွ ဆံုးျဖတ္ႏိုင္မွာျဖစ္ေပမယ့္ ျပီးခဲ႔တဲ႔ ပြဲစဥ္က အႏိုင္ဂိုးရွင္ လီဝန္ေဒါစကီးကေတာ့ အခုပြဲမွာ ပါဝင္ႏိုင္ဖို႔ အဆင္ေျပလိမ့္မယ္လို႕ ကိုဗက္စ္ကယူဆေနပါတယ္။

ဒါ့အျပင္ ဒဏ္ရာေျကာင့္ ေနာက္ဆံုး ၂ပြဲဆက္ လြဲေခ်ာ္ထားခဲ့တဲ႔ အလာဘာ ဟာလည္း ေလ့က်င့္ခန္းျပန္ဆင္းေနျပီျဖစ္လို႔ပါဝင္လာႏိုင္ဖြယ္ရွိေနပါတယ္။ဒါေပမယ့္ ေျခသလံုးျကြက္သားဒဏ္ရာရွိေနတဲ႔ ရိုဒ ရီဂြက္ကေတာ့ အခုပြဲကို လြဲေခ်ာ္ဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

Unicode

ဘိုင်ယန် vs ဒေါ့မွန် ပွဲစဉ်မှာအနိုင်ရမယ့်အသင်းကိုခန့်မှန်းလိုက်တဲ့#နီကိုကိုဗက်စ်
=================================

အခုအပတ် ဘွန်ဒက်လီဂါ ပွဲစဉ်မှာတော့ အမှတ်ပေးဇယားထိပ်ဆုံးက ဒေါ့မွန် နဲ့ ဘိုင်ယန် အသင်းတို့ ရင်ဆိုင်သွားရတော့မှာဖြစ်ပါတယ်။အိမ်ရှင် ဘိုင်ယန် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပိုကယ်ဖလားပွဲစဉ်မှာ ဒုတိယတန်းကလပ် ဟိုင်ဒန်ဟိမ်း အသင်းကို ပေးဂိုး ၄ဂိုးအထိခွင့်ပြုထားခဲ့ရပြီး လီဝန်ဒေါစကီးရဲ့နောက်ကျပင်နယ်တီကြောင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လည်း ဘိုင်ယန် နည်းပြကြီး ကိုဗက်စ်က သူ့အသင်းသားတွေ အနေနဲ့ခံစစ်ပိုင်း မှာတာဝန် ယူမှု တာဝန်ခံမှု ရှိရှိနဲ့ စည်းကမ်းတကျ ကစားသွားဖို့ တောင်းဆိုလိုက်ပါတယ်။ဘိုင်ယန်တို့ဟာ လတ်တလောမှာထိပ်ဆုံးက ဒေါ့မွန် အသင်းနဲ့ ၂မှတ်အကွာအမှတ်ပေးဇယား ရဲ့ ဒုတိယနေရာမှာရှိနေတာဖြစ်ပြီး အခုပွဲစဉ် မှာ အားလုံးပါဝင် ကြိုးစားသွားကြ ဖို့ ကိုဗက်စ် က အလိုရှိနေပုံပါပဲ။

သူ့အသင်းအနေနဲ့ ကမ္ဘာ့ချန်ပီယံ ပြင်သစ် အသင်းလို ခံစစ်ပိုင်းကောင်းကောင်းနဲ့ ကစားဖို့ ကိုဗက်စ်က တောင်းဆိုလိုက်ပြီး၊အမှားအယွင်းကင်းတဲ့ အသင်းက ဒီပွဲကို အနိုင်ရသွားလိမ့်မယ်လို့ဆိုသွားခဲ့ပါတယ်။

ပွဲကြို မီဒီယာ တွေ့ဆုံပွဲမှာကိုဗက်စ်က – – – ” ဒီပွဲစဉ် မှာအဓိက မူတည်သွားမယ့် အချက်ကတော့ တာဝန်ယူမှု တာဝန်ခံမှု နဲ့စည်းကမ်းပိုင်း ကောင်းဖို့ဖြစ်ပါတယ်။ကျွန်တော်ဟာ ပွဲကို ခံစစ်ကစားသမားတွေ နဲ့ ပဲ စတင်နေတာတော့မဟုတ်ပါဘူး။အားလုံး ဟာကိုယ်ဘယ်နေရာရောက်နေရောက်နေအမြဲ အသင့်ဖြစ်နေဖို့ လိုပါတယ်။

ပြင်သစ် အသင်းဟာ ကောင်းကောင်း ကစားပြီး ခံစစ်ပိုင်းကလည်း စွမ်းဆောင်ရည်ကောင်းကို ပြသထားနိုင်ခဲ့လို့ ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ဆုဖလားတွေကို ခံစစ်ပိုင်းက အဆုံးအဖြတ်ပေးထားဖြစ်လို့ ဒါဟာ အရေးပါ ပါတယ်။ဒါကြောင့် လည်း ကျွန်တော်တို့ အနေနဲ့ တဦးချင်း အနေနဲ့ကော အသင်းလိုက်ပါ ခံစစ်ပုံစံကောင်းပြ ရလာဖို့ လိုပါတယ်။ဒါဟာ ကျွန်တော်တို့ ပြန်ရအောင်လုပ်ရမယ့် အရာတခုလည်းဖြစ်ပါတယ်။

ဒါပေမယ့် ကိုယ်ဟာ အနုပညာသည် တဦးဖြစ်နေရင်အောင် ဒီလို ပြန်လုပ်နိုင်ဖို့ ဆန္ဒရှိနေဖို့ လိုပါတယ်။ဒီပွဲဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ ပွဲတပွဲ ဖြစ်လာဖို့ရှိနေပါတယ်။အမှားအယွင်းနည်းတဲ့ အသင်းက အနိုင်ရသွားပါလိမ့်မယ် ” လို့ပြောသွားခဲ့ပါတယ်။

ဘိုင်ယန် အသင်းရဲ့ ခံစစ်မှူးတ ဦးဖြစ်တဲ့ ဘိုတန် က လာမယ့် ပွဲစဉ် အပြီး နာရိီပိုင်း အကြာမှာ ပါတီဆင်နွှဲ သွားဖို့ အစီအစဉ်ကိုပြောဆိုထားခဲ့တာနဲ့ ပတ်သက်ပြီးလည်း ကိုဗက်စ်က သူ့ရဲ့ အမြင်ကို ထုတ်ပြောသွားခဲ့ပါတယ်။အသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ ဆာလီဟာမစ်ဇစ်ကတော့ဘိုတန်ရဲ့ အကြံဉာဏ်ဟာ မစူးဆန်း မဆင်ချင်တဲ့ လုပ်ရပ်လို့ မြင်နေပြီး ၊ နည်းပြ ကိုဗက်စ်ကလည်း အဆိုပါအမြင်ကို သဘောတူညီနေပါတယ်။

ကိုဗက်စ်က ဆက်လက်ပြီး – – – ” ကျွန်တော့်ရဲ့ အမြဲအရတော့ သူဟာ သူဟာ ဒီပါတီကို အဲ့ဒီအချိန်မှာ မစသင့်ဘူးလို့ယူဆပါတယ်။ဒါပေမယ့် အခြားတဖက်ကို ကြည့်ရင်လည်း လူတိုင်းက သူတို့ အားလပ်ချိန်မှာ သူတို့ဘာလုပ်မယ်ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ် ” လို့မှတ်ချက်ပေးခဲ့ပါတယ်။

ဘိုင်ယန် အသင်းရဲ့ အဓိက ဂိုးသမား နူအာဟာ ခြေသလုံး သားဒဏ်ရာကြောင့် ဟိုင်ဒန်ဟိမ်းနဲ့ ပွဲကို လွဲချော်ခဲ့ပြီး ၊ အဖျားဝေဒနာကနေ နလန်ထစ တိုက်စစ်မှူး လီဝန်ခေါစကီးက လည်း လူစားဝင် ကစားသမား အဖြစ်သာပါဝင်ထားခဲ့တာဖြစ်ပါတယ်။

နူအာရဲ့ အခြေအနေကို နောက်ဆုံးအချိန်ရောက်မှ ဆုံးဖြတ်နိုင်မှာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ပွဲစဉ်က အနိုင်ဂိုးရှင် လီဝန်ဒေါစကီးကတော့ အခုပွဲမှာ ပါဝင်နိုင်ဖို့ အဆင်ပြေလိမ့်မယ်လို့ ကိုဗက်စ်ကယူဆနေပါတယ်။

ဒါ့အပြင် ဒဏ်ရာကြောင့် နောက်ဆုံး ၂ပွဲဆက် လွဲချော်ထားခဲ့တဲ့ အလာဘာ ဟာလည်း လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်လို့ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။ဒါပေမယ့် ခြေသလုံးကြွက်သားဒဏ်ရာရှိနေတဲ့ ရိုဒ ရီဂွက်ကတော့ အခုပွဲကို လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။