ယူနိုက်တက် တို့ ပင်နယ်တီမရတဲ့ ပွဲမှာ ရှုံးသွား ခဲ့ ပါပြီ ။ အသင်းကြီး တစ်သင်း အဆင့်မှာ ရှိမနေ တဲ့ ကစားပုံ ၊ မတောင့်တင်း တဲ့ လူအင်အား ၊ နည်းဗျုဟာ အပြောင်း အလဲ မလုပ်နိုင်တဲ့ နည်းပြ ၊ စိတ်ဓါတ် မရှိတဲ့ ကစား သမား တွေနဲ့ မန်ချက် စတာ ယူနိုက်တက် ဟာ အပတ်တိုင်း အပတ် တိုင်း မှာ မိနစ် ၉၀ စာ ငရဲခန်း တစ်ခု ကို ဖန်တီး နေခဲ့ ပါတယ် ။ ဒီ မိနစ် ၉၀ ကို ဘယ်သူတွေ က ဘယ်လောက် ကြာကြာ ထိုင်ကြည့် နိုင် မလဲ ဆိုတာ သိပ်ကို သိချင် စိတ် ပြင်းပြ နေမိ ပါတယ် ။

လူထုတ်ပုံ ကတော့ ဘာမှ ပြောစရာ မရှိ ပါဘူး ။ ဒီထက် ပိုကောင်းအောင် လူထုတ်ပြပါ ဆိုရင် လည်း မာတာ နေရာ ဖရက် ၊ ယန်း ရဲ့ နေရာ ကို ရိုဟို ထည့်ပါလို့ ပဲ ပြောလို့ ရနိုင် ပါတယ် ။ အဲ့ ၂ ယောက် ကလည်း ပိုကောင်း မယ်လို့ ဘယ်သူမှ အာမမခံ ရဲ ပါဘူး ။ ဒါကြောင့် ဒီ လူစာရင်းဟာ ဆိုးရှား မှာ ရှိနေတဲ့ အတောင့်တင်း ဆုံး လူစာရင်း လို့ပဲ ဆိုရမှာ ပါပဲ ။

ပထမပိုင်း တစ်ပိုင်းလုံး မာတစ် ရဲ့ ကန်ချက် က လွဲရင် ယူနိုက်တက် အတွက် ပြောပ လောက်တဲ့ ထိုးဖောက်မှု မရှိ ခဲ့ပါဘူး ။ အထောင် တိုက်စစ်မှာ နေရာယူ ထားတဲ့ မားကပ် ရက်ဖိုဒ့် ရဲ့ အရည် အသွေးတွေ ဟာ ဒီနေ့ ပွဲ မှာ မေးခွန်း ထုတ်စရာ အများကြီး ရှိနေခဲ့ ပါတယ် ။ ရက်ဖိုဒ့် ရဲ့ ပြေးလမ်း ကြောင်း ထဲ ကိုလည်း ယူနိုက်တက် ကွင်းလယ်လူ တွေ က ဘောလုံး မခင်းပေး နိုင်ခဲ့ ပါဘူး ။ ပေါ့ဘာ မပါတာဟာ ရက်ဖိုဒ့် ကို ကူရာကယ်ရာ မဲ့ပြီး လုပ်ကွက်ပျောက်စေ ခဲ့ ပါတယ် ။

ယူနိုက်တက် အတွက် တစ်ခု တည်းသော အားရ စရာ ကတော့ ခံစစ် ပါပဲ ။ ဘစ်ဆာကာ နဲ့ မက်ဂွဲယား တို့ ရောက်လာ ခဲ့တာက ယူနိုက်တက် ခံစစ် ကို အများကြီး အထောက် အကူ ဖြစ်စေ ခဲ့ ပါတယ် ။ မနှစ် က လောက်တော့ ဒီနှစ် ဂိုး ပေးရမှာ မဟုတ်တာ အသေအချာ ပါပဲ ။

ဝက်စ်ဟမ်း ရသွားတဲ့ ဂိုး ကတော့ ယာမို လင်ကို ရဲ့ အကွက်မြင်မှု ကို ချီးကျုးရ မှာပါ ။ ယူကရိန်း သား ဟာ တောင်ပံ မှာ ဘောလုံးတောင်း ရင်း ယူနိုက်တက် ခံစစ် သမားတွေ ရဲ့ နောက်ကနေ ပတ်ကာ ဧရိယာထဲ ကို ၀င်လာ ခဲ့ ပါတယ် ။ အဲ့ဒီ အချိန် မှာ သူဟာ လူကျွံ နေခဲ့ ပေမယ့် ဖိလစ်ပီ အန်ဒါဆင် ထိုးပေး ခါနီးမှာတော့ လူမကျွံ အောင် ပြန်ဆင်း နိုင်ခဲ့ ပါတယ် ။

မက်ဂွဲယား ကို လှည့်ထွက်ပြီး ကန်လိုက်တဲ့ ကန်ချက် ကို ဒီဂီယာ ဘယ်လိုမှ မတတ်နိုင်ခဲ့ ပါဘူး ။ ယာမိုလင်ကို ဟာ ပထမပိုင်း တစ်ပိုင်းလုံး မှာ ဂိုးသွားတဲ့ တစ်ကြိမ်လောက်ပဲ ထိထိရောက်ရောက် စွမ်းဆောင် နိုင်ခဲ့ တာပါ ။ ဒါပေမယ့် အဲ့ဒီ တစ်ကြိမ် ကပဲ ပထမပိုင်း အပြီး မှာ ဟမ်းမား တို့ ကို ဦးဆောင် စေနိုင် ခဲ့ ပါတယ် ။ ယူနိုက်တက် ဘက် မှာတော့ ယာမိုလင်ကို လို မျိုး ခေတ္တ တောက်ပသူ ဆိုတာ တောင် မရှိခဲ့ ပါဘူး ။

ဒုတိယပိုင်း အစမှာ ယူနိုက်တက် တို့ ကစားပုံ ကောင်းခဲ့ ပြီး ဂိုးပြန်ရလု အထိ ဖြစ်ခဲ့ ပါတယ် ။ မာတာ သာ ခြေတစ်လှမ်း မနောက်ကျ ခဲ့ဘူး ဆိုရင် ကျိန်းသေ ပေါက် ၁ – ၁ ဖြစ်သွားမှာပါ ။ အဲ့ဒီ နောက်မှာတော့ ၀က်စ်ဟမ်း တို့ ကစားကွက် ပြန် မှန်လာခဲ့ ပြီး ယူနိုက်တက် နဲ့ အပြန် အလှန် ကစားလာခဲ့ ပါတယ် ။

ဒုတိယပိုင်း မှာ မန်ယူနိုက်တက် ကစားပုံ ပိုသွက်လာ ခဲ့ပြီး ပထမပိုင်း က ထက် စာရင် ၀က်စ်ဟမ်း ဘက်ကို ပိုပြီး ထိုးဖောက် နိုင်ခဲ့ ပါတယ် ။ ဟယ်ရီ မက်ဂွဲယား အနေနဲ့ လည်း ယူနိုက်တက် ကစား သမား ဘ၀ ပထမဆုံး သွင်းဂိုး ကို ရဖို့ အခွင့်အရေး ပေါ်ခဲ့ပေမယ့် အနီးကပ် ကန်ချက် ကို ဖေဘီယံစကီး ကာကွယ် သွားနိုင် ခဲ့ ပါတယ်

ပွဲချိန် နောက်ပိုင်း မှာတော့ မာတာ နဲ့ မာတစ် တို့ကို လူစားလဲခဲ့ ပါတယ် ။ ဒါပေမယ့် သိပ်ကို နောက်ကျ သွားခဲ့ ပါပြီ ။ ၈၄ မိနစ် မှာတော့ ခရက်စ်ဝဲလ် က ဖရီးကစ် ကနေ ၀က်စ်ဟမ်း အတွက် ဒုတိယ မြောက် ဂိုး ကို လှလှ ပပ သွင်းယူ ပေးသွားခဲ့ ပါတယ် ။

ပွဲအပြီး မှာတော့ မန်ချက်စတာ ယူနိုက်တက်တို့ ထိုက်ထိုက် တန်တန် ရှုံးနိမ့် ခဲ့ရ ပါတယ် ။ လက်စတာ ၊ အက်စတာနာ နဲ့ ပွဲ တွေ ကို ကံကောင်းလို့ နိုင်ခဲ့တယ် ဆိုတာ ဒီနေ့ ပွဲ ရလဒ် နဲ့ ခြေစွမ်းက သက်သေ ပါပဲ ။ အခု အချိန်ဟာ တက္ကသိုလ်တွေ မှာ စာမေးပွဲတွေ ဖြေနေကြပါပြီ ။ တကယ်လို့ သင်ဟာ ယူနိုက်တက် ကို အားပေးတဲ့ ကျောင်းသား တစ်ယောက် ဆိုရင်တော့ လတ်တလော မှာ ယူနိုက်တက် ပွဲတွေ ကို မကြည့်တာဟာ စာလုပ်ချင်စိတ် ကို လျော့ပါးမသွားအောင် တစ်ဖက် တစ်လမ်းကနေ ကူညီပေး နိုင်ကောင်း ပေးနိုင်လိမ့်မယ် လို့ သတိပေး ပါရစေ . . .

SPORTS MYANMAR