မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီနေ့ ညမှာ ဝက်စ်ဟမ်း အသင်း နဲ့ အဝေး ကွင်း ပွဲစဉ် ကစား ခဲ့ရ ပြီး 2 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့ရ ပါတယ် ။ အခုတော့ ယူနိုက်တက် ဟာ ဒီ ရာသီ ကစား ခဲ့တဲ့ အဝေးကွင်း ပွဲစဉ် တွေမှာ နိုင်ပွဲ မရရှိ သေးတဲ့ မှတ်တမ်း ဆိုး တစ်ခု ကို ပိုင်ဆိုင် ခဲ့ရ ပါပြီ ။

ယူနိုက်တက် ဟာ ဒီ ရာသီ ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ အဝေး ကွင်း ပွဲစဉ် 3 ပွဲ ကစား ထားခဲ့ ပြီး နှစ်ပွဲ သရေ ၊ တစ်ပွဲ ရှုံး ရလဒ် ကိုသာ ပိုင်ဆိုင် ထားခဲ့ ရ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာတော့ ဝက်စ်ဟမ်း အတွက် သွင်းဂိုး တွေကို ယာမိုလန်ကို နဲ့ ခရက်စ်ဝဲလ် တို့က သွင်းယူ ပေးခဲ့ ကြ ပါတယ် ။

ရှုံးပွဲ နဲ့ အတူ ယူနိုက်တက် အတွက် နောက်ထပ် သတင်း ဆိုး တစ်ခု ကတော့ တိုက်စစ် ကစားသမား ကောင်း မရှိ တဲ့ အချိန် ၊ နောက်ထပ် တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ မာရှယ် ဒဏ်ရာ ရရှိ သွားတဲ့ အချိန် မှာ ရပ်ရှ်ဖို့ ပါ ဒဏ်ရာ ပြသနာ ထပ်မံ တွေ့ကြုံ ခဲ့ရ ခြင်း ပါပဲ ။

အဆိုပါ ပွဲစဉ် မှ စွမ်းဆောင်ရည် ပိုင်း ဆိုင်ရာ အားရ ဖွယ် ခြေစွမ်း မပြ နိုင်ခဲ့ ကြတဲ့ ယူနိုက်တက် ကစားသမား တွေရဲ့ စွမ်းဆောင်ရည် ( rating ) တွေကို ဖော်ပြ ပေးလိုက် ပါတယ် ။

ဒီဂီယာ ( 6 )

ပေးခဲ့ ရတဲ့ ဂိုး နှစ်ဂိုး လုံးမှာ သူ့ရဲ့ အမှား မပါဝင် ခဲ့ရ ပါဘူး ။ ဒီဂီယာ ဟာ ပွဲစဉ် အတွင်း ဂိုးပေါက် ကာကွယ် မှု 4 ကြိမ် အထိ ကောင်းမွန်စွာ ပြုလုပ် ထားနိုင် ခဲ့ ပါတယ် ။

ဘစ်ဆာကာ ( 7 )

ယူနိုက်တက် အသင်း အတွက် တော့ အကောင်းဆုံး ကစား သမား ပါပဲ ။ ကောင်းမွန် တဲ့ ခံစစ် ကစား ပုံ ၊ တိုက်စစ် လိုက်ပါ ပုံတွေ နဲ့ အတူ ပေါင် သန်း 50 ထက် ပို တန်တယ် ဆိုတာ ကို ဆက်လက် ပြသ နိုင်ခဲ့ ပါတယ် ။

လင်ဒီလော့ဖ် ( 5 )

မက်ဂွားယား အမှား လုပ် ခဲ့တဲ့ အချိန် မှာ အကောင်းဆုံး ဖြည့်စွက် ကစား ပေး နိုင်ခြင်း မရှိ ခဲ့ ပါဘူး ။

မက်ဂွားယား ( 5 )

ဝက်စ်ဟမ်း အတွက် ယာမိုလန်ကို အဖွင့် ဂိုး သွင်းယူ ပေးခဲ့တဲ့ အချိန် မှာ သူ့ရဲ့ အမှား တွေ မကင်း ခဲ့ ပါဘူး ။

အက်ရှ်လေ ယန်း ( 5 )

တိုက်စစ် ပိုင်းကို ပဲ အတော်လေး လိုက်ပါ ကစား ခဲ့ပြီး ယာမိုလန်ကို အတွက် နေရာ လွတ်တွေ ဖြစ်ပေါ် စေခဲ့ ပါတယ် ။

မာတစ် ( 4 )

ပထမပိုင်း အတွင်း တိုက်စစ်ပိုင်း အတွက် အနည်းငယ် အထောက် အကူ ပြုခဲ့ ပေမယ့် ဒုတိယပိုင်း မှာတော့ မာတစ် ရဲ့ စွမ်းဆောင်ရည် တွေဟာ စိတ်ပျက် စရာ ဖြစ်ခဲ့ ရ ပါတယ် ။

တော်မီနေး ( 5 )

ယူနိုက်တက် ရဲ့ ကွင်းလယ် ပိုင်းမှာ ကောင်းမွန် တဲ့ ခြေစွမ်း အချို့ ပြသ နိုင်ခဲ့ ပေမယ့် ဝက်စ်ဟမ်း ကစားသမား တွေရဲ့ ဖြတ်ကျော် မှု တွေကို မဟန့်တား နိုင်ခဲ့ ပါဘူး ။

ပါရဲရား ( 6 )

အသင်းဖော် မာတာ အတွက် တစ်ကယ့် ကို ကောင်းမွန် တဲ့ ဖန်တီး မှု ပြုလုပ် ထားခဲ့ ပေမယ့် စပိန် သားမှ အဆုံးသတ် မသေချာ ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ နစ်နာ ခဲ့ရ ပါတယ် ။

Soccer Football – Premier League – West Ham United v Manchester United – London Stadium, London, Britain – September 22, 2019 West Ham United’s Aaron Cresswell (not pictured) scores their second goal as Manchester United’s David de Gea dives REUTERS/David Klein

မာတာ ( 5 )

ဂိုးသမား အခြား တစ်ဖက် မှာ ရှိနေ ခဲ့တဲ့ နေတဲ့ အချိန် လွတ် နေတဲ့ ဂိုးပေါက် ကို တလွဲ ကန်ခဲ့ ပါတယ် ။ ထို့အတူ ယူနိုက်တက် တို့ သရေ ရလဒ် ပိုင်ဆိုင် ခွင့် ဆုံးရှုံး ခဲ့ရ ပါတယ် ။

ဂျိမ်းစ် ( 6 )

ဒီ ရာသီ မှာ ယူနိုက်တက် အတွက် ဂိုးတွေ သွင်းယူ ပေးထား နိုင် ခဲ့တဲ့ ကစားသမား သစ်ဟာ ဒီနေ့ ပွဲမှာ တော့ ဂိုးပေါက်တွေ ပျောက်ဆုံး နေခဲ့ ရ ပါတယ် ။

ရပ်ရှ်ဖို့ ( 5 )

တိုက်စစ် မှာ ထူးခြား ကောင်းမွန် တဲ့ ခြေစွမ်း တွေ ဆက်လက် မပြနိုင် ခဲ့ သလို ဒဏ်ရာ ပြသနာ ပါ ကြုံတွေ့ ခဲ့ရ ပါတယ် ။

လူစားဝင် ကစားသမား များ …

လင်ဂတ် ( 5 )
ဖရက်ဒ် ( 5 )
အိန်ဂျယ် ဂိုမက်စ် ( ပွဲ ကစား ချိန် မလုံလောက်ခဲ့ )