အိမ်ရှင် ချဲဆီးဟာ ဒီပွဲမှာတော့ ဂိုးသမား ကီပါ ၊ နောက်တန်းမှာ အက္စပြီလီကြီတာ ၊ ခရစ္စတန်ဆန် ၊ တိုမိုရီ ၊ အီမာဆင် တို့နဲ့ ပွဲထွက်လာခဲ့ပြီး ၊ ကွင်းလယ်မှာတော့ ဂျော်ဂင်ဟို နဲ့ ကန်တီ တို့ကို အထိုင်ချကာ ၊ ၀ီလီယံ ၊ ကိုဗာဆစ် ၊ မေဆွန် မောင့် တို့က အထောင်တိုက်စစ်မှာ ကစားနေတဲ့ အဗရာဟမ်ကို ကူညီ ၀န်းရံမယ့် ပုံစံနဲ့ ပွဲထွက် လာခဲ့ပါတယ်။

လီဗာပူးကလဲ ဂိုးသမား အန်ဒရီယန် ၊ နောက်တန်းမှာ ရော်ဘတ်ဆန် ၊ ဗန်ဒိုက် ၊ မာတစ် ၊ အာနိုး တို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာ ဟန်ဒါဆင် ၊ ဖာဘင်ဟို ၊ ၀ိုင်နယ်ဒမ် တို့ အတွဲကို အသုံးပြုခဲ့ကာ တိုက်စစ်မှာ မာနေး ၊ ဖာမင်နို ၊ ဆာလတ် တို့က ပဲ အသုံးပြုလာခဲ့ပါတယ်။ ဒီလူစာရင်းဟာ ဒီရာသီ ကလော့ပ်ရဲ့ စိတ်ကြိုက် 11 ယောက် စာရင်းလို့ ဆိုရမှာ ဖြစ်ပြီး ၊ အဓိက ပွဲကြီးတွေ ရောက်တိုင်း ဒီစာရင်းနဲပဲ ကစားခဲ့တာပါ။

နှစ်သင်း စလုံးဟာ စူပါဖလား မှာ ဆုံတွေ့ခဲ့တဲ့ အသင်းတွေ ပီပီ ဒီပွဲမှာ အဲဒီ ပုံစံနဲ့ လုံးဝ မတူတဲ့ ကစားဟန် တွေနဲ့ ပွဲကို ချဉ်းကပ်ခဲ့ပါတယ်။ လမ်းပတ်ဟာ အိမ်ကွင်း ဖြစ်တာနဲ့ အညီ ဥရောပ စူပါဖလား ပွဲတုန်းကလို မဟုတ်တော့ပဲ ၊ ပိုပြီး ဖွင့် ကစားလာခဲ့သလို ၊ လီဗာပူး ရဲ့ လူကျွံ ထောင်ချောက်ကိုပဲ ဖောက်ထွက်ဖို့ ကြိုးစားလာခဲ့ပါတယ်။

လီဗာပူးကတော့ တောင်ပံ ခံစစ်မှုးတွေ ဖြစ်တဲ့ အာနိုး ၊ ရော်ဘတ်ဆန် တို့ နှစ်ယောက် စလုံးကို တိုက်စစ်ကို လိုက်ပါ ကစားစေခဲ့ကာ ၊ ပွဲအစပိုင်း ကတည်းက တိုက်စစ်ဖွင့်ခဲ့တာကြောင့် ပွဲဟာ တော်တော်လေး ကြည့်ကောင်းခဲ့ပါတယ်။

နှစ်သင်းစလုံးဟာ တစ်ဖက်ရဲ့ ဟန်ချက် ပျက်သွားမယ့် အခိုက်အတန့်ကို စောင့်ဆိုင်း နေပြီး ၊ အခွင့်အရေး ရတဲ့ တစ်ပြိုင်နက် ချက်ခြင်း Pressing Style ကို ပြောင်းလဲ ကစားခဲ့တာက ပွဲကို ဆွဲဆောင်မှု ရှိစေခဲ့ပါတယ်။ ပွဲချိန် 15 မီးနစ်မှာတော့ အီမာဆင် ကို အလွန်ဆို နဲ့ လဲလိုက်ရသလို ၊ 42 မိးနစ်မှာလဲ ခရစ္စတန်ဆန် ကို ဇူးမား နဲ့ လဲလိုက်ရတာကြောင့် ၊ ပထမပိုင်းမှာ ချဲဆီး အတွက် ဒဏ်ရာ ပြသနာတွေက တော်တော်လေး ဒုက္ခပေးခဲ့တယ်လို့ ဆိုရမှာပါ။

အထူးသဖြင့် လီဗာပူးရဲ့ Tempo မြင့် တိုက်စစ်ဆင် ကစားဟန်ကို ဖိအားတွေ အောက်ကနေ ခုံခံရချိန်မှာ အခုလို ဒဏ်ရာ ပြသနာတွေ ဖြစ်ပေါ်လာစေတာ ဖြစ်ပြီး ၊ နည်းပြ လမ်းပတ် အတွက်တော့ စိန်ခေါ်မှုတွေက တစ်ခုပြီး တစ်ခု ဆက်တိုက် ပေါ်လာနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

လီဗာပူး အတွက် အဖွင့်ဂိုးကိုတော့ 14 မီးနစ်မှာ ဖရီးကစ် ကနေ တဆင့် အာနိုးက သပ်သပ်ရပ်ရပ် သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ချဲဆီးဟာ ချေပဂိုး ပြန်ရဖို့ အကောင်းဆုံး အခွင့်အရေး တစ်ခုရရှိခဲ့ပြီး ၊ တိုက်စစ်မှုး အဗရာဟမ် ဟာ ဂိုးသမား နဲ့ တစ်ယောက်ချင်း ကန်သွင်းခွင့် ရခဲ့ပေမယ့် အန်ဒရီယန် က ကာကွယ်သွားခဲ့ပါတယ်။

ဦးဆောင်ဂိုး ပေးလိုက်ရပြီး နောက်ပိုင်း ချဲဆီးဟာ ချေပဂိုး ပြန်ရဖို့ တိုက်စစ်ကို အားပြုခဲ့တာကြောင့် လီဗာပူး ရဲ့ တန်ပြန် တိုက်စစ်တွေကိုလဲ မကြာခဏ ခုခံနေခဲ့ရပါတယ်။ မိုဆာလတ် ၊ မာနေး ၊ ဖာမင်နို တို့ရဲ့ တိုက်စစ်အတွဲဟာ အခွင့်အရေး ရရင် ရသလို ၊ ချဲဆီး နောက်တန်းကို ဖိအားပေးရင်း မီးနစ် 30 အရောက်မှာ ဒုတိယ ဦးဆာင်ဂိုး ဆက်လပ် ရရှိခဲ့ပြန်ပါတယ်။

ဝိုင်နယ်ဒမ်ကြောင့် ရတဲ့ ဖရီးကစ်ကနေ တဆင့် ရော်ဘတ်ဆန် က မ တင်ပေးလိုက်တာဖြစ်ပြီး ၊ ဖာမင်နို က အနီးကပ် ခေါင်းတိုက် သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ထူးခြားတာက လီဗာပူး ရဲ့ နောက်တန်း အစွန်ကစားသမား နှစ်ယောက် ဖြစ်တဲ့ အာနိုးက ဂိုးသွင်းယူနိုင်ခဲ့သလို ၊ ရော်ဘတ်ဆန် ကလဲ ဂိုးဖန်တီးမှု ပြုလုပ် သွားခဲ့တာ ဖြစ်ပါတယ်။

ကွင်းလယ် ကစားသမား ဖာဘင်ဟို ကတော့ လီဗာပူး ကစားကွက် ရဲ့ Tempo အတက်အကျ ရဲ့ အဓိက စွမ်းဆောင်ရှင် ဖြစ်ပြီး ၊ နေရာလွတ်တွေ လိုက်လံ ဖြည့်ဆည်း ကစားခဲ့သလို ၊ ခံစစ်ပိုင်းမှာရော ၊ ကစားကွက် တည်ဆောင်မှု ပိုင်းမှာပါ အရေးပါတဲ့ ကစားသမား တစ်ဦး အဖြစ် ပြသသွားနိုင်ခဲ့ပါတယ်။

Second Half

ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာပဲ လီဗာပူဟာ ချဲဆီး ဂိုးပေါက်ကို စတင် ခြိမ်းခြောက်လာခဲ့ပြန်ပါတယ် ။ ညာတောင်ပံ ကနေ မ တင်လိုက်တဲ့ ဘောလုံးကို ဖာမင်နို က အနီးကပ် ပိတ်သွင်းခဲ့တာ ဖြစ်ပြီး ၊ ဒီတစ်ကြိမ်မှာတော့ ကီပါဟာ အံ့အားသင့်စရာ ကောင်းလောက်တဲ့ လမ်းစွမ်းမျိုး နဲ့ ကာကွယ် သွားခဲ့ပါတယ်။

မီးနစ် 70 အရောက်မှာတော့ ချဲဆီး အတွက် ချေပဂိုးကို ကန်တီ က သွင်းယူပေးလိုက်ပါတယ်။ ဒီဂိုးဟာ သူရဲ့ တစ်ကိုယ်တော် ခြေစွမ်း နဲ့ သွင်းယူ သွားခဲ့တာ ဖြစ်ပြီး ၊ လီဗာပူး ကစားသမား တွေကို လိမ်ခေါက်ကာ ထောင့်ကျဉ်းလေးထဲကို လှလှပပ သွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ချဲဆီးဟာ နောက်ထပ် ချေပဂိုး ထပ်မံ ရရှိဖို့ တိုက်စစ်ကို အစွမ်းကုန် တင်ပြီး ကစားခဲ့ပေမယ့် ရှာဖွေနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ဘက်ချူဝါယီ ရဲ့ ခေါင်းတိုက်ချက်ဟာ တိုင်ဘေးကနေ ကပ်ပြီး လွဲသွားခဲ့သလို ၊ မေဆွန် မောင့်ရဲ့ အနီးကပ် ပိတ်သွင်းချက်ဟာလဲ ဂိုးဘားတန်း ပေါ်ကနေ ထောင်တက်သွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးကတော့ လယ်လာနာ ၊ မေလ်နာ တို့ကို ထည့်သွင်းကာ အနိုင်ရလာဒ်ကို ထိန်းချုပ်သွားခဲ့ပြီး ဒီရာသီ 100% နိုင်ပွဲကို ခက်ခက်ခဲခဲ ရယူသွားခဲ့ပါတယ်။

ယာဂန်ကလော့ပ်ဟာ စတမ်းဖို့ဒ် ဘရစ်ခ်ျမှာ ပရီးမီးယားလိဂ် နိုင်ပွဲ 3 ပွဲအထိ ရယူနိုင်တဲ့ ပထမဆုံး လီဗာပူုး နည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။