မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ယမန်နေ့ ညက ပရီး မီးယားလိဂ် ပွဲစဉ် ၆ အဖြစ် ၀က်စ်ဟမ်း ယူနိုက်တက် အသင်း နဲ့ ယှဉ်ပြိုင် ကစား ခဲ့ပြီး ၂ – ၀ နဲ့ အရေးနိမ့် ခဲ့ရ ပါတယ် ။ ယူနိုက်တက် ဟာ ဒုတိယပိုင်း အစ ၅ မိနစ် ခန့်မှာသာ ကစားပုံ ကောင်း ခဲ့ပြီး ပွဲချိန် အပြည့် နီးပါး မှာ ၀က်စ်ဟမ်း ရဲ့ ကစားကွက် အောက်ကို ရောက် ခဲ့ရ ပါတယ် ။ ဒါ့ အပြင် တစ်ဦးတည်းသော တိုက်စစ်မှုး ရက်ဖိုဒ့် ဒဏ်ရာ ရသွားတာ ကြောင့် နောက်ပွဲ တွေ မှာ တိုက်စစ် ပြဿနာ ရှိလာခဲ့ ပြီဖြစ် ပါတယ် ။

ယမန်နေ့ ညက ပွဲ ကို Sky Sports သတင်း ဌာနက တဆင့် သုံးသပ် တင်ဆက်သူ အဖြစ် ပါဝင် ခဲ့တဲ့ မန်ချက် စတာ ယူနိုက်တက် နည်းပြဟောင်း မော်ရင်ဟို က တော့ နွေရာသီ က အသစ် ခေါ်ယူ ထားတဲ့ ကစား သမား ၃ ဦး စလုံး ဟာ အသင်း အတွက် အကျိုးပြုမယ့် သူတွေ ဖြစ်တယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ နွေရာသီ မှာ ဝေးလ် တောင်ပံ ကစား သမား ဒန်နီရယ် ဂျိမ်းစ် ၊ ပဲလေ့စ် နောက်ခံလူ ဘစ်ဆာကာ နဲ့ မော်ရင်ဟို အလိုရှိ ခဲ့ဖူးသူ လက်စတာ စီးတီး ခံစစ်မှုး ဟယ်ရီ မက်ဂွဲယား တို့ကို ခေါ်ယူခဲ့ ပါတယ် ။ အဆိုပါ ကစား သမား ၃ ဦး စလုံး ဟာ ယခုရာသီ ယူနိုက်တက် ရဲ့ အကောင်းဆုံး ကစား သမား တွေ ဖြစ် နေခဲ့ပြီး ဘစ်ဆာကာ ဟာ ယမန်နေ့ ညက ယူနိုက်တက် အသင်းသားတွေ အနက် Rating မြင့်ခဲ့တဲ့ တစ်ဦး တည်းသော သူဖြစ် ခဲ့ ပါတယ် ။

“သူတိ့ ကစား သမား သစ် ၃ ယောက် ရထား ခဲ့ ပါတယ် ။ ဒီ ၃ ယောက် စလုံး ဟာ အသင်း အပေါ် ကောင်းမွန်တဲ့ သက်ရောက်မှု တွေ ရှိစေခဲ့ တယ် လို့ ကျွန်တော် ပြောချင် ပါတယ် ။ သူတို့ ၃ ယောက် ကို သဘောကျမိ သလို အသင်း အတွက် လည်း အပေါင်း လက္ခဏာ ဆောင်တဲ့ အရာတွေ ယူဆောင် လာပေး မှာပါ”လို့ မော်ရင်ဟို က ပြောဆို ခဲ့ ပါတယ် ။

ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာ တုန်းက အထုတ်ခံ ခဲ့ရတဲ့ မန်ချက် စတာ ယူနိုက်တက် နည်းပြဟောင်း က လက်ရှိ အသင်းဟာ မနှစ် က တုန်းကလို ကစားပုံ မကောင်းတဲ့ အနေ အထားမှာသာ ရှိနေဆဲ ဖြစ်တယ် လို့ ပြောဆို သုံးသပ် သွားခဲ့ ပါတယ် ။ မော်ရင်ဟို နဲ့ အတူ ပွဲကို သုံးသပ် ခဲ့တဲ့ ရွိုင်ကင်း ကလည်း အသင်းဟောင်း အပေါ် ဘယ်လို ပြောရမှန်း တောင် မသိတော့ဘူး လို့ပြောဆို သွားခဲ့ ပါတယ် ။

“အသင်း ကတော့ ကစားပုံ မကောင်း ပါဘူး ။ ကျွန်တော်လည်း သဘော မကျမိ ပါဘူး ။ ဒီပွဲ ကနေ အိုလီ အနေနဲ့ ဘယ်လို မျိုး အပေါင်း လက္ခဏာ ဆောင်တာ ကိုမှ ရှာတွေ့ လိမ့်မယ် လို့ ကျွန်တော် မထင် ပါဘူး ။ မနှစ် ကတည်းက ကျွန်တော် တို့ ကစားပုံ မကောင်းခဲ့ တာပါ ။ အခုထိ မတိုးတက် သေးပါဘူး ။ ဒါကြောင့် ရလဒ် အပေါ် အံ့သြ မိတာ မျိုး မရှိ ပါဘူး” လို့ မော်ရင်ဟို က ပြောဆို ခဲ့ ပါတယ် ။

ရွိုင်ကင်း ကလည်း “ဘယ် ကနေ စပြောရမလဲ တော့ မသိပါဘူး ။ ယူနိုက်တက် ဒီလောက် ဆိုးရွားပြီး ၀မ်းနည်း စရာ ကောင်းနေတာ ကို မြင်ရတာ စိတ်မချမ်းသာ စရာ ပါပဲ ။ အရည် အသွေး လည်း မရှိ ၊ စိတ်ဓါတ် လည်း မရှိ ၊ ယူနိုက်တက် ကစား သမား ဆိုတဲ့ ဂုဏ်သိက္ခာ လည်း မရှိ ကြတော့ ပါဘူး ။ လမ်းမှန် ပေါ် ကို ပြန်ရောက် ဖို့ က ကြာဦးမှာပါ ။ အခု အခြေအနေ ကို မြင်နေရတာ တကယ်ကို သွေးပျက် စရာ ပါပဲ”လို့ ပြောဆို ပြီး မော်ရင်ဟို ကို ထောက်ခံ သွားခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ ကြားရက် မှာ ကာရာဘောင် ဖလား ပွဲစဉ် ကို ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပြီး နောက် အပတ် မှာတော့ အာဆင်နယ် အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား သွား ရမှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR