မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက ဝက်စ်ဟမ်း ကွင်းမှာ ပရီးမီးယား လိဂ် ပွဲစဉ် 6 ကို ကစား ခဲ့ ရပြီး 2 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့ရ ပါတယ် ။ ထို့အတူ ယူနိုက်တက် ဟာ ဒီ ရာသီ ကစား ခဲ့တဲ့ အဝေးကွင်း ပွဲစဉ် 3 ပွဲ လုံးမှာ အနိုင် မရ သေးတဲ့ မှတ်တမ်းဆိုး တစ်ရပ် ကို ပိုင်ဆိုင် ခဲ့ရ ပါတယ် ။

လက်ရှိ ရာသီ မှာ ယူနိုက်တက် နဲ့ ပတ်သက်လို့ ပြော စရာ ဖြစ်နေ ခဲ့တာ က တိုက်စစ် ကစားသမား ချို့တဲ့ နေမှု ပါပဲ ။ အထူး သဖြင့် ဒီ ရာသီ အစ တုန်းက ယူနိုက်တက် အတွက် ခြေစွမ်းကောင်း ပြသ ထားခဲ့တဲ့ မာရှယ် ဟာ လက်ရှိ ဒဏ်ရာ ပြသနာ ရရှိ ခဲ့တာ ကြောင့် အသင်း အတွက် မပါဝင် ပေးနိုင် ခဲ့ ပါဘူး ။

ဒါ့အပြင် လူငယ် တိုက်စစ် ကစားသမား လေး ဖြစ်တဲ့ မာဆွန် ဂရင်းဝုဒ် ဟာလည်း ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ မိနစ် 90 အပြည့် ပါဝင် ကစား ပေး ရမယ့် တာဝန် ကို ယူနိုင် မလား ဆိုတာ လည်း မသေချာ သေး ပါဘူး ။ ဒီလို အနေ အထား မျိုးမှာ ရပ်ရှ်ဖို့ဟာ ယူနိုက်တက် တိုက်စစ်ပိုင်း အတွက် တစ်ဦး တည်းသော အားကိုး စရာ ဖြစ်ခဲ့ ရ ပါတယ် ။

အခုတော့ သူဟာလည်း ဝက်စ်ဟမ်း နဲ့ ပွဲစဉ်မှာ ဒဏ်ရာ ပြသနာ ကြုံတွေ ခဲ့ရ ပါပြီ ။ ဒီလို အချိန် မှာ ယူနိုက်တက် တိုက်စစ် အတွက် အသုံးပြု စရာ ဆိုလို့ ကစားသမား သစ် ဒန်နီယယ် ဂျိမ်းစ် ၊ လူငယ် ကစားသမား လေး မာဆွန် ဂရင်းဝုဒ် နဲ့ ခြေစွမ်း မပြ နိုင်သေး တဲ့ လင်ဂတ် တို့ပဲ ရှိနေ ကြ ပါတယ် ။ ဒါဟာ ဆိုးလ်ရှား အတွက်တော့ စိတ်ပူ စရာ အနေအထား တစ်ခု ပါပဲ ။

အဆိုပါ ပွဲစဉ် အပြီး နှစ်ဖက် အသင်း အွက် ပြော စရာ ဖြစ်ခဲ့ ရတဲ့ အချက် 6 ချက် ကို ဖော်ပြ ပေးလိုက် ပါတယ် ။

(1) ဆိုးလ်ရှား ဖြေရှင်းရ တော့မယ့် ရပ်ရှ်ဖို့ရဲ့ ဒဏ်ရာ ပြသနာ

ဒီ ရာသီ မဟာ ပြိုင်ဖက် အသင်း တွေ ဖြစ်ကြ တဲ့ မန်စီးတီး နဲ့ လီဗာပူး တို့ ဂိုးတွေ မြူနေ ကြတဲ့ အချိန် ယူနိုက်တက် တိုက်စစ် ကတော့ ရဂိုး 8 ဂိုးသာ ရရှိ ထားခဲ့ ပါတယ် ။ ဒီလို အချိန် မှာ အသင်း ရဲ့ အဓိက တိုက်စစ် ကစားသမား တွေ ဖြစ် ကြတဲ့ ရပ်ရှ်ဖို့ နဲ့ မာရှယ် တို့ ဟာလည်း ဒဏ်ရာ ကိုယ်စီ ရနေ ကြ ပါတယ် ။

ဒီလို အနေ အထား မှာ ဆိုးလ်ရှား အတွက် တော့ မာဆင် ဂရင်းဝုဒ် ( သို့ ) လင်ဂတ် ကို တိုက်စစ်မှူး အဖြစ် ထား ကစား စေဖို့ ပဲ ရှိနေ ပါ တော့တယ် ။ ဒါဟာ မထင်မှတ် ပဲ ဖြစ်ပေါ် လာတဲ့ ပြသနာ တွေ ဖြစ်တာ ကြောင့် ဆိုးလ်ရှား ကို အပြစ် တင်ဖို့ တော့ ခက်ခဲ လှ ပါတယ် ။

ဒါပေမယ့် နွေ တုန်းက တိုက်စစ် ကစားသမား မဝယ်ယူ ခဲ့ခြင်း ကတော့ ဆိုးလ်ရှား နဲ့ ယူနိုက်တက် ဘုတ် အဖွဲ့ဝင် တွေရဲ့ မဟာ အမှား ဖြစ်သွား ခဲ့ရ ပါပြီ ။ လာမယ့် ပွဲစဉ် တွေမှာ ဆိုးလ်ရှား အနေ နဲ့ ဘယ်သူ တွေကို တိုက်စစ် ပိုင်းမှာ ထား ကစား စေ မလဲ ဆိုတာ ကတော့ ကြီးမား တဲ့ ပြသနာ တစ်ခု ဖြစ်လာ ခဲ့ ပါပြီ ။

(2) ယာမိုလန်ကို အတွက် တော့ ပျော်ရွှင် စရာ နေ့

ဝက်စ်ဟမ်း အသင်း အတွက် တော့ ယာမိုလန်ကို အကောင်းဆုံး ပြန်လည် ကစား နိုင်ခြင်း က ကစားသမား သစ် တစ်ဦး ကို ခေါ်ယူ ရရှိ လိုက် သလို ပါပဲ ။ ယာမိုလန်ကို ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဒဏ်ရာ ပြသနာ တွေနဲ့ သာ ဆက်တိုက် ရုန်းကန် နေခဲ့ ရ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် နဲ့ ကစား ခဲ့ ရတဲ့ ပွဲစဉ် မှာတော့ သူဟာ ပထမပိုင်း အတွင်း အသင်း အတွက် အရမ်း ကို ကောင်းမွန် တဲ့ ခြေစွမ်း နဲ့ အရည် အသွေး တွေကို ပြသ ထားနိုင် ခဲ့ ပါတယ် ။ ဒါ့အပြင် ကောင်းမွန် တဲ့ အဖွင့် ဂိုး ကိုလည်း သွင်းယူ နိုင်ခဲ့ ပါတယ် ။

အခုတော့ သူဟာ ဒီ ရာသီ အသင်း အတွက် 4 ပွဲ ကစား ပေးထား ခဲ့ရာ မှာ 2 ဂိုး သွင်းယူ ပေးထား နိုင်ခဲ့ ပြီး ဒဏ်ရာ ပြသနာ ကြုံတွေ့ ခဲ့ ပေမယ့် အသင်း ရဲ့ ပွဲထွက် ကစားသမား အဖြစ် ရှိသင့် သေးတယ် ဆိုတာ သက်သေ ပြသွား နိုင်ခဲ့ ပါတယ် ။

(3) ယူနိုက်တက်ရဲ့ ဖန်တီးမှုတွေ ဘယ်မှာလဲ ?

ဒါဟာ ဒီ ရာသီ အတွင်း ယူနိုက်တက် မှာ ရှိနေ ခဲ့တဲ့ ကြီးမား တဲ့ ပြသနာ တစ်ခု ပါပဲ ။ ယူနိုက်တက် အသင်း မှာ ပေါ့ဂ်ဘာ ဒဏ်ရာ ရရှိ သွားတဲ့ နောက် ကွင်းလယ် ပိုင်းရဲ့ ဖန်တီး မှု စွမ်းရည် တွေဟာ သိသိ သာသာ ကျဆင်း သွားခဲ့ ရ ပါတယ် ။

တော်မီနေး ဟာ ကွင်းလယ် မှာ ကောင်းမွန် တဲ့ ကစားသမား တစ်ဦး ဖြစ် ပေမယ့် ခံစစ် ပိုင်း အတွက် သာ အထူး အားထား လို့ ရနိုင်မယ့် သူ တစ်ဦး ပဲ ဖြစ် ပါတယ် ။ သူဟာ တိုက်စစ် ပိုင်း အတွက် အံ့ဖွယ် ဖန်တီး မှုတွေ ပြုလုပ် နိုင်သူ တော့ မဟုတ် ပါဘူး ။

ဒါ့အပြင် ပါရဲရား ဟာလည်း ယူနိုက်တက် တိုက်စစ် အတွက် အကျိုးပြု နိုင်သူ မဟုတ် သလို မာတာ ရဲ့ အကောင်းဆုံး အချိန် ဆိုတာ လည်း ကုန်ဆုံး သွားခဲ့ ပါပြီ ။ ဒါ့ကြောင့် ယူနိုက်တက် ကွင်းလယ် မှာ ဖန်တီးမှု အားတွေ ဟာ ပေါ့ဂ်ဘာ မရှိခြင်း နဲ့ အတူ သိသိသာသာ ကျဆင်း နေခဲ့ တာပဲ ဖြစ် ပါတယ် ။

(4) အဝေးကွင်း စွမ်းဆောင်ရည် ဆိုးရွား နေဆဲ ယူနိုက်တက် ခံစစ်

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ နောက်ဆုံး ကစား ခဲ့တဲ့ အဝေးကွင်း ပွဲစဉ် 11 ပွဲ လုံးမှာ Clean Sheet မရယူနိုင်ခဲ့ သေး ပါဘူး ။ ဒါဟာ 2002 ခုနှစ် နောက်ပိုင်း ယူနိုက်တက် အတွက် အဆိုးရွားဆုံး မှတ်တမ်း တစ်ခု ဖြစ်သွား ခဲ့ရ ပါပြီ ။

အထူးသဖြင့် ဒီနေ့ ပွဲစဉ် မှာ အက်ရှ်လေ ယန်း ၊ မက်ဂွားယား နဲ့ ပါရဲရား တို့ရဲ့ ခြေစွမ်း မပြ နိုင်မှု တွေက ယူနိုက်တက် အတွက် အဝေးကွင်း မှတ်တမ်းဆိုး ကို အဓွန့်ရှည် စေခဲ့ ပါပြီ ။ ဝက်စ်ဟမ်း အသင်း ကတော့ နေရာ လွတ်တွေ ရှာဖွေရင်း ယူနိုက်တက် ကို ဒုက္ခ ပေးသွား နိုင်ခဲ့ ပါတယ် ။
(5) ကြံ့ခိုင်မှု အားနည်း နေပုံ ပေါ်ခဲ့တဲ့ ယူနိုက်တက်

ယူနိုက်တက် အသင်း ရဲ့ ပထမပိုင်း စွမ်းဆောင်ရည် က လုံးဝ အားရ ကျေနပ် ဖွယ် မရှိ ခဲ့ရ ပါဘူး ။ ဒီ အတွက် ယူနိုက်တက် တို့ ယူရို ပါလိဂ် ကစား ခဲ့ ရတာ ကို ဆင်ခြေ အဖြစ် သုံးလို့ မရ နိုင် ပါဘူး ။

ဘာဖြစ်လို့လဲ ဆိုတော့ ယူရို ပါလိဂ် ပွဲစဉ် မှာ ယူနိုက်တက် အတွက် ရပ်ရှ်ဖို့ နဲ့ မာတစ် နှစ်ဦး သာ ပါဝင် ခဲ့ ကြလို့ ပါပဲ ။ ဒီနေ့ မှာတော့ ယူနိုက်တက် အသင်း တစ်သင်း လုံးရဲ့ စွမ်းဆောင်ရည် က ကျဆင်း နေခဲ့ ပါတယ် ။ ယူနိုက်တက် ကစားသမား တွေဟာ လုံလောက် တဲ့ ပြေးလွှား လှုပ်ရှား မှုတွေ ကို မလုပ် နိုင်ခဲ့ ကြ ပါဘူး ။

ပရိသတ် တွေ အများစု ကတော့ ယူနိုက်တက် အသင်း မှာ အကြံကောင်း တွေ မရှိဘူး လို့ ပြောကြ ပါ လိမ့်မယ် ။ ဒါပေမယ့် ဆိုးလ်ရှား သုံးခဲ့ တာက အသင်း မှာ ရှိတဲ့ ကစားသမား တွေ ထဲက အကောင်းဆုံး တွေကို ပါပဲ ။ ဒီအတွက် လုံလောက် တဲ့ ကစား အား မရှိ ခဲ့တဲ့ ယူနိုက်တက် မှာ ကြံ့ခိုင် မှု အားနည်း ခဲ့တာ ကိုပဲ အပြစ် ပြောစရာ ရှိနေ ခဲ့ ပါတယ် ။

(6) ပုံစံကောင်းတွေ ဆက်တိုက် ပြသ နေတဲ့ ဝက်စ်ဟမ်း

ယူနိုက်တက် ကို အနိုင်ယူ နိုင် ခဲ့တဲ့ နောက်တော့ ဝက်စ်ဟမ်း ဟာ ထိပ်သီး ခြောက်သင်း စာရင်း ထဲကို ရောက်ရှိ သွားခဲ့ ရ ပါတယ် ။ ဒါ့အပြင် ဝက်စ်ဟမ်း ဟာ ရာသီ အဖွင့် ပွဲစဉ် တုန်းက မန်စီးတီး ကို ရှုံးနိမ့် ခဲ့တဲ့ နောက် 5 ပွဲ ဆက်တိုက် ရှုံးနိမ့် ထားခြင်း မရှိခဲ့ သေး ပါဘူး ။

ဒါ့အပြင် အခြား ပြိုင်ဖက် အသင်း တွေ ဖြစ်ကြ တဲ့ ဝုလ်ဗ် နဲ့ အဲဗာတန် တို့ အမှတ် တွေ ဆုံးရှုံး ထား ကြတဲ့ အချိန် မှာ ပယ်လီဂရီနီ ရဲ့ ဝက်စ်ဟမ်း အသင်း ဟာ အမှား အယွင်း မရှိ ပဲ ဆက်လက် ရှေ့လှမ်း နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် လက်ရှိ သူတို့ ဟာ အမှတ်ပေး ဇယား မှာ ယူနိုက်တက် ၊ တော့တင်ဟမ် နဲ့ ချဲလ်ဆီး အထက်မှာ ရပ်တည် ပြီး ကောင်းမွန် တဲ့ အခွင့် အလမ်း တွေကို ပိုင်ဆိုင် ထားကြ ပါပြီ ။

ဒါ့ကြောင့် ဒီ ရာသီ မှာ ကစားသမား အင်အား ဖြည့်တင်း မှုနဲ့ အတူ ရလဒ် ကောင်းတွေ ပိုင်ဆိုင် ခဲ့တဲ့ ဝက်စ်ဟမ်း တို့ ဘယ်လောက် အမြင့် အထိ ပျံသန်း နိုင်ကြ မလဲ ဆိုတာ စိတ်ဝင်စား ဖို့ ကောင်းနေ ခဲ့ ပါပြီ ။

#Sports_Myanmar