အမ်းမရိတ်မှာ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ် အသင်းက အက်စတွန်ဗီလာ အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။နောက်ဆုံး ပရီးမီးယားလိဂ် ၃ပွဲဆက်နိုင်ပွဲပျောက်ထားခဲ့တဲ့ အာဆင်နယ်အသင်းအခုပွဲစဉ်မှာ လည်း ခက်ခက်ခဲခဲကစားခဲ့အပြီးမှ ၃မှတ်ပြည့်ရခဲ့တာဖြစ်ပါတယ်။အာဆင်နယ် နည်းပြကြီး အမ်မရီဟာ ကြားရက် အတွင်းကစားသွားခဲ့တဲ့ ဖရန့်ဖတ် နဲ့ ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အသက် ၁၈ နှစ် အရွယ် ကြယ်ပွင့်လေး ဆာကာကို အခုပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းမှာထပ်မံထည့်သွင်းသွားခဲ့ပေမယ့် ခြေစွမ်းကောင်းပြသဖို့ ရုန်းကန်သွားခဲ့ရပါတယ်။

တန်းတက် အသင်းတသင်းဖြစ်ပေမယ့်အက်စတွန်ဗီလာ အသင်းဟာ ရှိန်မနေ ပဲ အကောင်းဆုံး တုန့်ပြန်သွားခဲ့ လို့အာဆင်နယ် အသင်းအတော်လေး အခက်တွေ့ခဲ့ရတာဖြစ်ပါတယ်။ပွဲစစချင်းမှာရခဲ့တဲ့ မိတ်လန်းနိုင်းစ်ရဲ့ အပိုင်ကန်ချက် တကြိမ်အပြီး မှာ ဗီလာအသင်းရဲ့ဖိအားပေးမှုတွေကိုပဲတောက်လျှောက်ခံခဲ့ရတာဖြစ်ပါတယ်။ပွဲချိန် မိနစ်၂၀ မှာတော့ ဗီလာအသင်း ဦးဆောင်ဂိုးရသွားခဲ့ပြီး အယ်ဂါဇီလ် ရဲ့ဖြတ်တင်ဘောကနေ မက်ဂင်းက ပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။အာဆင်နယ် အသင်း ပေးဂိုးခွင့်ပြုခဲ့ရလို့ ပြန်လည်ကြိုးစား လာခဲ့ ပေမယ့် ထင်သလောက် တော့ မလွယ်ကူခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပထမပိုင်း ပြီးဆုံးခါနီးမှာ တေလာကို အဖျက်ကြမ်း ခဲ့တဲ့ မိတ်လန်းနိုင်းစ် ၂ဝါ ၁နီ နဲ့ အထုတ်ခံခဲ့ရလို့ အခြေအနေက ပိုဆိုးသွားခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်း ပြန်အစမှာတော့ ဆာကာရဲ့ နေရာမှာ ခံစစ်ကစားသမား ချန်ဘာကို လူစားလဲ ခဲ့ပါတယ်။ဒုတိယပိုင်းပြန်စချိန်မှာလည်း အက်စတွန်ဗီလာ အသင်းရဲ့ ဖိအားပေးမှုတွေကို ပဲ ထပ်မြင်ခဲ့ရပြီး အာဆင်နယ် ခံစစ်အလုပ်ရှုပ်ခဲ့ရပါတယ်။ဒါပေမယ့် ပွဲချိန် ၅၉မိနစ် မှာတော့ ဂွမ်ဒူဇီကြောင့်ရခဲ့တဲ့ ပင်နယ်တီကို ပီပီက အမှားအယွင်းမရှိ ကန်သွင်းယူပေးနိုင်ခဲ့လို့ အာဆင်နယ် တို့ ချေပဂိုးပြန်ရခဲ့ပါတယ်။

ပုံမှန်အားဖြင့် အာဆင်နယ် အသင်းရဲ့ ပင်နယ်တီ ဂိုးတွေကို အူဘာမီယန်က ကန်သွင်းလေ့ရှိပေမယ့် အခုထိ ဂိုးမရသေးတဲ့ ပီပီကို ပေးကန်ပြီး ယုံကြည်မှုကို တည်ဆောက်စေခဲ့တာဖြစ်ပါတယ်။အူဘာမီယန် ဟာ လာကာဇက်နဲ့တွဲဖက်တဲ့ပွဲတွေမှာလည်း အသင်းဖော်အတွက်အခုလို အနစ်နာခံခဲ့ဖူးတာဖြစ်ပါတယ်။ ဒါပေမယ့်အာဆင်နယ်တို့ အောင်ပွဲတောင် ဝအောင် မခံခဲ့ရပဲ အက်စတွန်ဗီလာ အသင်ရဲ့ နောကိထပ်ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပါတယ်ဒီဂိုးကို တော့ ဂရယ်လစ်ရှ် ရဲ့ ပေးပို့မှုကနေ ဝက်စ်လေ က အနီးကပ်ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

မဖြစ်မနေ အမှတ်ရဖို့ လိုအပ်လာပြီဖြစ်လို့ လည်း အာဆင်နယ် နည်းပြအမ်မရီ ဟာ ဆီဘယ်လော့စ်၊ ရှာကာတို့ကို ထုတ်ပြီး ဝီလော့ခ်နဲ့ တော်ရဲယားတို့ကို ည့်သွင်းသွားခဲ့ပါတယ်။သူတို့ဝင်လာအပြီး ကစားအားတက်သွားခဲ့တဲ့ အာဆင်နယ်တို့ ပွဲချိန် မိနစ် ၈၀ အကျော်လေးမှာ ချေပဂိုးကော အနိုင်ရရှိခဲ့ပါတယ်။ဒီဂိုးတွေကို တော့ ခံစစ်ကစားသမား ချန်ဘာနဲ့ တိုက်စစ်မှူး အူဘာမီယန်တို့ကဆက်တိုက် ဆိုသလို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။အူဘာမီယန်ဟာတနင်္ဂနွေနေ့မှာ ဂိုးမြူးတတ်တဲ့ မှတ်တမ်းကို ဆက်ထိန်းသွားနိုင်ခဲ့ပြီး ဒီရာသီမှာလိဂ်ပွဲ၆ပွဲ ကစား၆ဂိုးအထိသွင်းယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ချဲဆီးလ်နဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့ နေချိန်၊ စပါး နဲ့ ယူနိုက်တက် တို့ရှုံးပွဲတွေ ကြုံတွေ့ထားချိန်မှာ အနိုင်ရလဒ်ကို ပြန်ရယူနိုင်ခဲ့တာကြောင့် လည်း အာဆင်နယ်အသင်း အမှတ်ပေးဇယား အဆင့် ၄နေရာအထိ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

SM