ယာဂန္ကေလာ့က ေတာ့တင္ဟမ္ နဲ႕ ပြဲမွာ ဖာဘင္ညိဳ ကုိ ပြဲထြက္ ကစားသမား စာရင္း ကေန ခ်န္လွပ္ ထားခဲ့တဲ့ အေၾကာင္းရင္း ကုိ ရွင္းျပလိုက္ျပီး ဘရာဇီး လက္ေရြးစင္ ဟာ ယေန႕ည ေဆာက္သမ္တန္ အသင္းနဲ႕ ပြဲစဥ္မွာေတာ့ လီဗာပူး ရဲ႕ ပြဲထြက္ ကစားသမား စာရင္းမွာ ျပန္လည္ ပါ၀င္ လာဖို႕ ရွိေနပါတယ္။

စပါး နဲ႕ပြဲမွာ လီဗာပူး မန္ေနဂ်ာ အေနနဲ႕ ေပါင္သန္း ၄၀ တန္ ကစားသမား ဖာဘင္ညိဳ ကုိ ေက်ာ္ကာ ဟန္ဒါဆန္ ၊ ၀ိုင္နယ္ဒန္ နဲ႕ မီနာ တုိ႕ကို ေရြးခ်ယ္ လိုက္ခ်ိန္မွာ လူေတာ္ေတာ္ မ်ားမ်ား ဒီလုိ ေရြးခ်ယ္မွဳ ကို အံ့ၾသ ေနၾကပါတယ္။ ဖာဘင္ညိဳ လူစားမ၀င္မီ လီဗာပူး ကြင္းလယ္ဟာ ေတာ့တင္ဟမ္ရဲ႕ လႊမ္းမိုးမွဳ ကို ခံေနရျပီး ေခ်ပဂုိး အျပင္ အႏုိင္ဂုိးပါ ေပးရဖို႕ အတြက္ နီးစပ္ ေနခဲ့ျပီး ဘရာဇီး ကြင္းလယ္လူ ၀င္လာခ်ိန္မွသာ ကြင္းလယ္ ကစားကြက္ ျပန္လည္ အသာ ရခဲ့ျပီး အယ္ဒါ၀ီရယ္ ရဲ႕ own goal နဲ႕ပါ ႏုိင္ခဲ့ပါတယ္။

ဒါေပမယ့္ ကေလာ့က

ကေလာ့ က “ဖာဘင္ညိဳ ဟာ တစ္ေန႕မွာ ေလ့က်င့္ခန္း သိပ္မဆင္း ႏုိင္ခဲ့ ပါဘူး။ ႏုိင္ငံတကာ ပြဲစဥ္ေတြ ျပီးေနာက္ သူ႕ရဲ႕ တုန္႕ျပန္မွဳကို ေစာင့္ၾကည့္ဖို႕ အတြက္ အခ်ိန္ သိပ္မရ ခဲ့ပါဘူး။ သူဟာ ဘရာဇီး အတြက္ မကစား ခဲ့ရေပမယ့္လည္း ေလယာဥ္ အၾကာၾကီး စီးခဲ့ ရတဲ့ အျပင္ ေလ့က်င့္ခန္းေတြ အမ်ားၾကီး ဆင္းခ့ဲ ရပါတယ္။ ကိုယ္ဟာ ကစားခြင့္ မရတဲ့ အခါ အျခားသူေတြထက္ ပိုျပီး ေလ့က်င့္ခန္း ဆင္းရပါတယ္။ ဖာဘင္ညိဳ ဘယ္ေလာက္ေတာင္ ေလ့က်င့္ခန္း ဆင္းခဲ့ ရသလဲ ဆုိတာကို အလီဆြန္ နဲ႕ ဖာမီႏုိ တုိ႕ ေမးၾကည့္လိုက္ ပါဦး။

အျခား တစ္ဖက္မွာ ဆုိရင္လည္း ဟန္ဒါဆန္ ဟာ အေကာင္းဆံုး ေလ့က်င့္ခန္း ဆင္းခဲ့ ပါတယ္။ မီနာ လည္း ဒီလို ပါပဲ။ ၀ုိင္နယ္ဒန္ ဟာ ေလ့က်င့္ေရး အစီအစဥ္မွာ သိပ္အမ်ားၾကီး ပါ၀င္ ခဲ့ျခင္း မရွိ ေပမယ့္ ကၽြန္ေတာ္ သူ႕အေၾကာင္းကို သိထားျပီး ျဖစ္တာေၾကာင့္ သူေကာင္းေကာင္း လုပ္ႏုိင္မယ္လို႕ ေမွ်ာ္လင့္ ထားခ့ဲ ပါတယ္။

ဒါဟာ အေျခအေန အရပါ။ ျပိဳင္ဘက္ရဲ႕ အေနအထား အေပၚ မူတည္ျပီး ဒီေနရာမွာ ဘယ္သူ႕ကို အသံုးျပဳ ရမလဲ ဆုိတာနဲ႕လည္း ဆုိင္ပါတယ္။ ပြဲမတုိင္မီ ေတာ့တင္ဟမ္ တုိ႕ ဘယ္လို နည္းစနစ္ပိုင္း အသံုးျပဳ သြားမလဲ ဆုိတာကို မသိတာလဲ ပါပါတယ္။

ကၽြန္ေတာ္တုိ႕ဟာ ျပိဳင္ဘက္ရဲ႕ နည္းစနစ္ အေပၚ မွာ အလွ်င္အျမန္ အသားက်ေအာင္ လုပ္ႏုိင္မယ္လို႕ ထင္တဲ့ ကစားကြက္ကုိ ေရြးခ်ယ္ ခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႕ ဒီလို မလုပ္ ႏုိင္ခဲ့ပါဘူး။ ဒါဟာ ကြင္းလယ္ေၾကာင့္ပဲ မဟုတ္ပါဘူး။” လို႕ ဆုိသြား ပါတယ္။

စပါးနဲ႕ ပြဲအေပၚ ျပန္လည္ ဆန္းစစ္မွဳ ျပဳလုပ္ ခဲ့ျပီးေနာက္ ကေလာ့ က လီဗာပူး အသင္း ျပိဳင္ဘက္ရဲ႕ ထိန္းခ်ဳပ္မွဳေအာက္ ေရာက္သြား ခဲ့တာဟာ ကြင္းလယ္ရဲ႕ ျပသနာေၾကာင့္ မဟုတ္ဘူးလို႕ ယူဆ ေနပါတယ္။

ကေလာ့ က “ကၽြန္ေတာ္တုိ႕ရဲ႕ ၃ ဦးတြဲ တုိက္စစ္ဟာ ျပိဳင္ဘက္ ကစားသမား ၄ ဦး ကို ကာကြယ္ ကစား သလိုမ်ိဳး ကစား ခဲ့ပါတယ္။ ၅ ေယာက္ အတြက္ ဒီလို ကစားတဲ့အခါ ဒါဟာ က်န္တဲ့ ေနရာေတြမွာ ေနရာလြတ္ေတြ ျဖစ္ကုန္ ပါတယ္။ ကၽြန္ေတာ္တုိ႕ ျပိဳင္ဘက္ရဲ႕ နည္းစနစ္ အေျပာင္းအလဲ မွာ လွွ်င္ျမန္စြာ အသားမက် ခဲ့ပါဘူး။ ဒါဟာ သိပ္ေတာ့ မေကာင္းပါဘူး။ ဒါေပမယ့္ ဒီလို ျဖစ္ခဲ့ျပီး ပါျပီ။ ဒါဟာ ရွင္းလင္းခ်က္ တစ္ခုပါ။

ဘာေတြ ျဖစ္လာ ႏုိင္သလဲ ဆုိတာကို ခန္႕မွန္းျပီးမွ လူေရြးခ်ယ္ ရတာပါ။ ေလ့က်င့္ေရး ကြင္းမွာ တစ္စံုတစ္ရာကို ျမင္ခဲတယ္ ဆုိရင္ ဒါဟာ line-up အတြက္ ျဖစ္သြားတက္ ပါတယ္။’ လို႕ ဆုိသြားပါတယ္။

SM

Unicode

တော့တင်ဟမ်နဲ့ပွဲမှာ ဖာဘင်ညိုကို ပွဲထွက်လူစာရင်းမှာ မထည့်သွင်းခဲ့တဲ့ အကြောင်းရင်းမှန်ကို ရှင်းပြလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က တော့တင်ဟမ် နဲ့ ပွဲမှာ ဖာဘင်ညို ကို ပွဲထွက် ကစားသမား စာရင်း ကနေ ချန်လှပ် ထားခဲ့တဲ့ အကြောင်းရင်း ကို ရှင်းပြလိုက်ပြီး ဘရာဇီး လက်ရွေးစင် ဟာ ယနေ့ည ဆောက်သမ်တန် အသင်းနဲ့ ပွဲစဉ်မှာတော့ လီဗာပူး ရဲ့ ပွဲထွက် ကစားသမား စာရင်းမှာ ပြန်လည် ပါ၀င် လာဖို့ ရှိနေပါတယ်။

စပါး နဲ့ပွဲမှာ လီဗာပူး မန်နေဂျာ အနေနဲ့ ပေါင်သန်း ၄၀ တန် ကစားသမား ဖာဘင်ညို ကို ကျော်ကာ ဟန်ဒါဆန် ၊ ၀ိုင်နယ်ဒန် နဲ့ မီနာ တို့ကို ရွေးချယ် လိုက်ချိန်မှာ လူတော်တော် များများ ဒီလို ရွေးချယ်မှု ကို အံ့သြ နေကြပါတယ်။ ဖာဘင်ညို လူစားမဝင်မီ လီဗာပူး ကွင်းလယ်ဟာ တော့တင်ဟမ်ရဲ့ လွှမ်းမိုးမှု ကို ခံနေရပြီး ချေပဂိုး အပြင် အနိုင်ဂိုးပါ ပေးရဖို့ အတွက် နီးစပ် နေခဲ့ပြီး ဘရာဇီး ကွင်းလယ်လူ ၀င်လာချိန်မှသာ ကွင်းလယ် ကစားကွက် ပြန်လည် အသာ ရခဲ့ပြီး အယ်ဒါ၀ီရယ် ရဲ့ own goal နဲ့ပါ နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကလော့က

ကလော့ က “ဖာဘင်ညို ဟာ တစ်နေ့မှာ လေ့ကျင့်ခန်း သိပ်မဆင်း နိုင်ခဲ့ ပါဘူး။ နိုင်ငံတကာ ပွဲစဉ်တွေ ပြီးနောက် သူ့ရဲ့ တုန့်ပြန်မှုကို စောင့်ကြည့်ဖို့ အတွက် အချိန် သိပ်မရ ခဲ့ပါဘူး။ သူဟာ ဘရာဇီး အတွက် မကစား ခဲ့ရပေမယ့်လည်း လေယာဉ် အကြာကြီး စီးခဲ့ ရတဲ့ အပြင် လေ့ကျင့်ခန်းတွေ အများကြီး ဆင်းခဲ့ ရပါတယ်။ ကိုယ်ဟာ ကစားခွင့် မရတဲ့ အခါ အခြားသူတွေထက် ပိုပြီး လေ့ကျင့်ခန်း ဆင်းရပါတယ်။ ဖာဘင်ညို ဘယ်လောက်တောင် လေ့ကျင့်ခန်း ဆင်းခဲ့ ရသလဲ ဆိုတာကို အလီဆွန် နဲ့ ဖာမီနို တို့ မေးကြည့်လိုက် ပါဦး။

အခြား တစ်ဖက်မှာ ဆိုရင်လည်း ဟန်ဒါဆန် ဟာ အကောင်းဆုံး လေ့ကျင့်ခန်း ဆင်းခဲ့ ပါတယ်။ မီနာ လည်း ဒီလို ပါပဲ။ ၀ုိင်နယ်ဒန် ဟာ လေ့ကျင့်ရေး အစီအစဉ်မှာ သိပ်အများကြီး ပါ၀င် ခဲ့ခြင်း မရှိ ပေမယ့် ကျွန်တော် သူ့အကြောင်းကို သိထားပြီး ဖြစ်တာကြောင့် သူကောင်းကောင်း လုပ်နိုင်မယ်လို့ မျှော်လင့် ထားခဲ့ ပါတယ်။

ဒါဟာ အခြေအနေ အရပါ။ ပြိုင်ဘက်ရဲ့ အနေအထား အပေါ် မူတည်ပြီး ဒီနေရာမှာ ဘယ်သူ့ကို အသုံးပြု ရမလဲ ဆိုတာနဲ့လည်း ဆိုင်ပါတယ်။ ပွဲမတိုင်မီ တော့တင်ဟမ် တို့ ဘယ်လို နည်းစနစ်ပိုင်း အသုံးပြု သွားမလဲ ဆိုတာကို မသိတာလဲ ပါပါတယ်။

ကျွန်တော်တို့ဟာ ပြိုင်ဘက်ရဲ့ နည်းစနစ် အပေါ် မှာ အလျှင်အမြန် အသားကျအောင် လုပ်နိုင်မယ်လို့ ထင်တဲ့ ကစားကွက်ကို ရွေးချယ် ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီလို မလုပ် နိုင်ခဲ့ပါဘူး။ ဒါဟာ ကွင်းလယ်ကြောင့်ပဲ မဟုတ်ပါဘူး။” လို့ ဆိုသွား ပါတယ်။

စပါးနဲ့ ပွဲအပေါ် ပြန်လည် ဆန်းစစ်မှု ပြုလုပ် ခဲ့ပြီးနောက် ကလော့ က လီဗာပူး အသင်း ပြိုင်ဘက်ရဲ့ ထိန်းချုပ်မှုအောက် ရောက်သွား ခဲ့တာဟာ ကွင်းလယ်ရဲ့ ပြသနာကြောင့် မဟုတ်ဘူးလို့ ယူဆ နေပါတယ်။

ကလော့ က “ကျွန်တော်တို့ရဲ့ ၃ ဦးတွဲ တိုက်စစ်ဟာ ပြိုင်ဘက် ကစားသမား ၄ ဦး ကို ကာကွယ် ကစား သလိုမျိုး ကစား ခဲ့ပါတယ်။ ၅ ယောက် အတွက် ဒီလို ကစားတဲ့အခါ ဒါဟာ ကျန်တဲ့ နေရာတွေမှာ နေရာလွတ်တွေ ဖြစ်ကုန် ပါတယ်။ ကျွန်တော်တို့ ပြိုင်ဘက်ရဲ့ နည်းစနစ် အပြောင်းအလဲ မှာ လျှှင်မြန်စွာ အသားမကျ ခဲ့ပါဘူး။ ဒါဟာ သိပ်တော့ မကောင်းပါဘူး။ ဒါပေမယ့် ဒီလို ဖြစ်ခဲ့ပြီး ပါပြီ။ ဒါဟာ ရှင်းလင်းချက် တစ်ခုပါ။

ဘာတွေ ဖြစ်လာ နိုင်သလဲ ဆိုတာကို ခန့်မှန်းပြီးမှ လူရွေးချယ် ရတာပါ။ လေ့ကျင့်ရေး ကွင်းမှာ တစ်စုံတစ်ရာကို မြင်ခဲတယ် ဆိုရင် ဒါဟာ line-up အတွက် ဖြစ်သွားတက် ပါတယ်။’ လို့ ဆိုသွားပါတယ်။

SM