Pe Pe

အမ္းမရိတ္မွာ ကစားခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အာဆင္နယ္ အသင္းက အက္စတြန္ဗီလာ အသင္းကို ၃-၂ ဂိုးနဲ႔ အႏိုင္ရခဲ႔ပါတယ္။အာဆင္နယ္တို႔ဟာေနာက္ဆံုုးပရီးမီးယားလိဂ္ ၃ပြဲဆက္ တိုက္ႏိုင္ပြဲေပ်ာက္အျပီး မွာ ျပန္လည္ရွာေတြ႕ခဲ႔တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ တန္းတက္ အက္စတြန္ဗီလာ အသင္းရဲ႕ မထင္မွတ္ထားတဲ႔ တုန္႔ျပန္ပံု ေတြ ေျကာင့္အခက္ေတြ႕ခဲ႔ရျပီး အသည္းအသန္ ကစားခဲ႔ရတာျဖစ္ပါတယ္။ဒီပြဲမွာ ဧည့္သည္ အက္စတြန္ဗီလာ အသင္းက ဦးေဆာင္ဂိုးသြင္းယူခဲ႔တာျဖစ္ျပီး အာဆင္နယ္အတြက္ေခ်ပဂိုးကေတာ့ ပီပီက ပင္နယ္တီကေန တဆင့္သြင္းယူေပးခဲ႔တာ ျဖစ္ပါတယ္။

ပံုမွန္ အားျဖင့္ အာဆင္နယ္အသင္းရဲ႕ ပင္နယ္တီေတြကို တိုက္စစ္မွဴး အူဘာမီယန္က ဒိုင္ခံ သြင္းယူေလ့ရွိတာျဖစ္ေပမယ့္ ဒီပြဲမွာေတာ့ အသင္းေဖာ္ပီပီကို ေပးကန္ခဲ႔တာျဖစ္ပါတယ္။လိုင္လီ ကေနေျပာင္းလာခ႔ဲအျပီး ေျခစြမ္းေကာင္းရဖို႔ ရုန္းကန္ေနရတဲ႔ ပီပီအတြက္ေတာ့ အာဆင္္နယ္ကစားသမားဘဝ အဖြင့္ဂိုးကို အခုမွရရွိခဲ႔တာ ျဖစ္ပါတယ္။

ပီပီကို ပင္နယ္တီ ေပးကန္ခဲ႔တာဟာ မိမိရဲ႕ ေစခိုင္းထားမွဳေျကာင့္ မဟုတ္ပဲ အူဘာမီယန္ ကိုယ္တိုင္ရဲ႔ ပြဲအတြင္းဆံုးျဖတ္ခ်က္သာျဖစ္တယ္ လို႔ နည္းျပျကီးအမ္မရီက ဆိုပါတယ္။ပီပီရဲ႕ဂိုးေျကာင့္ အာဆင္နယ္အသင္းေခ်ပဂိုးရခဲ႔ေပမယ့္ ခ်က္ခ်င္းဆိုသလို ဗီလာအသင္းက ဦးေဆာင္ဂိုးထပ္သြင္းသြားခဲ႔လို႔ အာဆင္နယ္အသင္းရုန္းကန္ခဲ႔ရေသးတာျဖစ္ပါတယ္။

ဒါေပမယ့္ ပြဲျပီးခါနီးမွာ ခ်န္ဘာနဲ႔ အူဘာမီယန္ တို႔က ဂိုးေတြ ထပ္မံသြင္းယူေပးခဲ႔ လို႔ အခုလို ၃မွတ္ျပည့္ရခဲ႔တာျဖစ္ပါတယ္။အာဆင္နယ္ပရိသတ္ေတြကေတာ့ သူတို႔အသင္းရခဲ႔တဲ႔ပင္နယ္တီကို ပီပီ ကန္သြင္းခဲ႔ လို႕ အံ့အားသင့္ေနခဲ႔ျကတာျဖစ္ပါတယ္။

ဒီကိစၥ နဲ႔ ပတ္သက္ျပီး ပြဲအျပီး အင္တာဗ်ဴးတခုမွာေတာ့ နည္းျပျကီး အူႏိုင္းအမ္မရီက – ” ဒီေန႔ ပြဲမွာေတာ့ အူဘာမီယန္က အေရးျကီးတဲ႔ ဆံုးျဖတ္ခ်က္ တခုကို ခ်မွတ္ခဲ႔ပါတယ္။သူဟာ နီကိုလက္စ္ ပီပီကို ပင္နယ္တီ ေပးကန္ ဖို႔ ဆံုးျဖတ္ခဲ႔တာျဖစ္ပါတယ္ ” လို႔ေျပာျပသြားခဲ႔ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ေတာင္ပံကစားသမား မိတ္လန္းႏိုင္းစ္ဟာ ပြဲခ်ိန္၄၁ မိနစ္ အေရာက္မွာ ၂ဝါ၁နီ နဲ႔ ထုတ္ပယ္ခံခဲ႔ရလို႔ ဒုတိယပိုင္း တပိုင္းလံုးကို ဆယ္ေယာက္တည္းနဲ႔ ကစားခဲ႕ရတာျဖစ္ပါတယ္။ဒါေပမယ့္ လည္း အေကာင္းဆံုး ျကုိးစားမွဳနဲ႔ အတူ အႏိုင္ကစားသြားခဲ႔တဲ႔ အသင္းသားေတြကို နည္းျပျကီး အမ္မရီက ခ်ီးက်ဴးစကားဆိုသြားခဲ႔ပါတယ္။

အမ္မရီက ဆက္လက္ျပီး – ” ၁၁ ေယာက္ ၁၁ ေယာက္ အေနအထားမွာတုန္းက က က်ြန္ေတာ္တို႔ ဟာပြဲကို လိုခ်င္သလို မထိန္းခ်ဳပ္ႏိုင္ခဲ႔ပါဘူး။ဘာေျကာင့္လည္းဆိုေတာ့ က်ြန္ေတာ္တို႔ဟာ ကြင္းလယ္မွာပဲ ေဘာလံုးေတြပ်က္ေနခဲ႔ရလို႔ျဖစ္ပါတယ္။

တိုက္စစ္ ကေန ခံစစ္ အကူးအေျပာင္းမွာ လည္းသူတို႕ အသင္းကို အခြင့္အေရးေတြ ေပးသလိုျဖစ္ခဲ႔ပါတယ္။တိုက္စစ္ျပန္ဆင္ႏိုင္ျပီးသူတို႔ရဲ႕ ဂိုးဧရိယာထဲအထိေဘာလံုးေရာက္ခ်ိန္မွာေတာ့ က်ြန္ေတာ္တို႔ အေျခအေန လံုးဝမဆိုးရြားခဲ႔တာျဖစ္ပါတယ္။

ဂိုးေတြ သြင္းယူႏိုင္ဖို႔ အခြင့္အေရးေတြကို လည္း ဖန္တီးသြားႏိုင္ခဲ႔ ပါတယ္။သူတို႔ရဲ႕ ဦးေဆာင္ဂိုးအျပီးမွာ က်ြန္ေတာ္တို႔ ပြဲကို တည္တည္ျငိမ္ျငိမ္ထိန္းခ်ဳပ္ျပီး တိုးတက္ေအာင္ကစားႏိုင္ခဲ႔ေပမယ့္ အနီကတ္ေျကာင့္ စိတ္ကူးေတြေျပာင္းသြားခဲ႔ရပါတယ္။

ဒုတိယပိုင္း မွာေတာ့ က်ြန္ေတာ္တို႔ ဟာေခါင္းသံုးျပီးသာမကပဲ ႏွလံုးသားနဲ႔ ပါ ျကိုစားကစားသြားခဲ႔ရပါတယ္။စြန္႔စားမွဳေတြယူျပီး လုပ္ေဆာင္ဖို႔အတြက္လည္း ပရိသတ္ေတြရဲ႕ တြန္းအားေတြလိုအပ္ခဲ႔ပါတယ္။အသင္းရဲ႕ ျကိုးစားအားထုတ္မွဳနဲ႔ စိတ္ဓာတ္ကေတာ့ တကယ့္ကို အံ့အားသင့္ေလာက္ေအာင္ေကာင္းပါတယ္္။

က်ြန္ေတာ္တို႕ အေနနဲ႔ ဒီလို အေနအထားနဲ႔ ဆက္လုပ္ေဆာင္ဖို႔ လိုေနျပီး တိုးတက္ဖို႔ လိုအပ္တဲ႔ အရာေတြကိုလည္းတိုးတက္ေအာင္လုပ္သြားရမွာျဖစ္ပါတယ္” လို႔ေျပာသြားခဲ႔ပါတယ္။ခ်ဲဆီးလ္နဲ႕ လီဗာပူးတို႔ ထိပ္တိုက္ေတြ႔ ေနခ်ိန္၊ စပါး နဲ႔ ယူႏိုက္တက္ တို႔ရွံုးပြဲေတြ ျကံုေတြ႕ထားခ်ိန္မွာ အႏိုင္ရလဒ္ကို ျပန္ရယူႏိုင္ခဲ႔တာေျကာင့္ လည္း အာဆင္နယ္အသင္း အမွတ္ေပးဇယား အဆင့္ ၄ေနရာအထိ တက္လွမ္းသြားႏိုင္ခဲ႕ပါတယ္။

SPORTS MYANMAR

Unicode

ဗီလာနဲ့ ပွဲစဉ်မှာရခဲ့တဲ့ပင်နယ်တီကို ပီပီဘာကြောင့် ယူကန်ခဲ့တယ်ဆိုတာပြောပြ လိုက်တဲ့ #အူနိုင်းအမ်မရီ
====================================

အမ်းမရိတ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ် အသင်းက အက်စတွန်ဗီလာ အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။အာဆင်နယ်တို့ဟာနောက်ဆုုံးပရီးမီးယားလိဂ် ၃ပွဲဆက် တိုက်နိုင်ပွဲပျောက်အပြီး မှာ ပြန်လည်ရှာတွေ့ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် တန်းတက် အက်စတွန်ဗီလာ အသင်းရဲ့ မထင်မှတ်ထားတဲ့ တုန့်ပြန်ပုံ တွေ ကြောင့်အခက်တွေ့ခဲ့ရပြီး အသည်းအသန် ကစားခဲ့ရတာဖြစ်ပါတယ်။ဒီပွဲမှာ ဧည့်သည် အက်စတွန်ဗီလာ အသင်းက ဦးဆောင်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး အာဆင်နယ်အတွက်ချေပဂိုးကတော့ ပီပီက ပင်နယ်တီကနေ တဆင့်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပုံမှန် အားဖြင့် အာဆင်နယ်အသင်းရဲ့ ပင်နယ်တီတွေကို တိုက်စစ်မှူး အူဘာမီယန်က ဒိုင်ခံ သွင်းယူလေ့ရှိတာဖြစ်ပေမယ့် ဒီပွဲမှာတော့ အသင်းဖော်ပီပီကို ပေးကန်ခဲ့တာဖြစ်ပါတယ်။လိုင်လီ ကနေပြောင်းလာခဲ့အပြီး ခြေစွမ်းကောင်းရဖို့ ရုန်းကန်နေရတဲ့ ပီပီအတွက်တော့ အာဆင််နယ်ကစားသမားဘဝ အဖွင့်ဂိုးကို အခုမှရရှိခဲ့တာ ဖြစ်ပါတယ်။

ပီပီကို ပင်နယ်တီ ပေးကန်ခဲ့တာဟာ မိမိရဲ့ စေခိုင်းထားမှုကြောင့် မဟုတ်ပဲ အူဘာမီယန် ကိုယ်တိုင်ရဲ့ ပွဲအတွင်းဆုံးဖြတ်ချက်သာဖြစ်တယ် လို့ နည်းပြကြီးအမ်မရီက ဆိုပါတယ်။ပီပီရဲ့ဂိုးကြောင့် အာဆင်နယ်အသင်းချေပဂိုးရခဲ့ပေမယ့် ချက်ချင်းဆိုသလို ဗီလာအသင်းက ဦးဆောင်ဂိုးထပ်သွင်းသွားခဲ့လို့ အာဆင်နယ်
အသင်းရုန်းကန်ခဲ့ရသေးတာဖြစ်ပါတယ်။

ဒါပေမယ့် ပွဲပြီးခါနီးမှာ ချန်ဘာနဲ့ အူဘာမီယန် တို့က ဂိုးတွေ ထပ်မံသွင်းယူပေးခဲ့ လို့ အခုလို ၃မှတ်ပြည့်ရခဲ့တာဖြစ်ပါတယ်။အာဆင်နယ်ပရိသတ်တွေကတော့ သူတို့အသင်းရခဲ့တဲ့ပင်နယ်တီကို ပီပီ ကန်သွင်းခဲ့ လို့ အံ့အားသင့်နေခဲ့ကြတာဖြစ်ပါတယ်။

ဒီကိစ္စ နဲ့ ပတ်သက်ပြီး ပွဲအပြီး အင်တာဗျူးတခုမှာတော့ နည်းပြကြီး အူနိုင်းအမ်မရီက – ” ဒီနေ့ ပွဲမှာတော့ အူဘာမီယန်က အရေးကြီးတဲ့ ဆုံးဖြတ်ချက် တခုကို ချမှတ်ခဲ့ပါတယ်။သူဟာ နီကိုလက်စ် ပီပီကို ပင်နယ်တီ ပေးကန် ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ် ” လို့ပြောပြသွားခဲ့
ပါတယ်။

အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမား မိတ်လန်းနိုင်းစ်ဟာ ပွဲချိန်၄၁ မိနစ် အရောက်မှာ ၂ဝါ၁နီ နဲ့ ထုတ်ပယ်ခံခဲ့ရလို့ ဒုတိယပိုင်း တပိုင်းလုံးကို ဆယ်ယောက်တည်းနဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် လည်း အကောင်းဆုံး ကြိုးစားမှုနဲ့ အတူ အနိုင်ကစားသွားခဲ့တဲ့ အသင်းသားတွေကို နည်းပြကြီး အမ်မရီက ချီးကျူးစကားဆိုသွားခဲ့ပါတယ်။

အမ်မရီက ဆက်လက်ပြီး – ” ၁၁ ယောက် ၁၁ ယောက် အနေအထားမှာတုန်းက က ကျွန်တော်တို့ ဟာပွဲကို လိုချင်သလို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ဟာ ကွင်းလယ်မှာပဲ ဘောလုံးတွေပျက်နေခဲ့ရလို့ဖြစ်ပါတယ်။

တိုက်စစ် ကနေ ခံစစ် အကူးအပြောင်းမှာ လည်းသူတို့ အသင်းကို အခွင့်အရေးတွေ ပေးသလိုဖြစ်ခဲ့ပါတယ်။တိုက်စစ်ပြန်ဆင်နိုင်ပြီးသူတို့ရဲ့ ဂိုးဧရိယာထဲအထိဘောလုံးရောက်ချိန်မှာတော့ ကျွန်တော်တို့ အခြေအနေ လုံးဝမဆိုးရွားခဲ့တာဖြစ်ပါတယ်။

ဂိုးတွေ သွင်းယူနိုင်ဖို့ အခွင့်အရေးတွေကို လည်း ဖန်တီးသွားနိုင်ခဲ့ ပါတယ်။သူတို့ရဲ့ ဦးဆောင်ဂိုးအပြီးမှာ ကျွန်တော်တို့ ပွဲကို တည်တည်ငြိမ်ငြိမ်ထိန်းချုပ်ပြီး တိုးတက်အောင်ကစားနိုင်ခဲ့ပေမယ့် အနီကတ်ကြောင့် စိတ်ကူးတွေပြောင်းသွားခဲ့ရပါတယ်။

ဒုတိယပိုင်း မှာတော့ ကျွန်တော်တို့ ဟာခေါင်းသုံးပြီးသာမကပဲ နှလုံးသားနဲ့ ပါ ကြိုစားကစားသွားခဲ့ရပါတယ်။စွန့်စားမှုတွေယူပြီး လုပ်ဆောင်ဖို့အတွက်လည်း ပရိသတ်တွေရဲ့ တွန်းအားတွေလိုအပ်ခဲ့ပါတယ်။အသင်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်ကတော့ တကယ့်ကို အံ့အားသင့်လောက်အောင်ကောင်းပါတယ််။

ကျွန်တော်တို့ အနေနဲ့ ဒီလို အနေအထားနဲ့ ဆက်လုပ်ဆောင်ဖို့ လိုနေပြီး တိုးတက်ဖို့ လိုအပ်တဲ့ အရာတွေကိုလည်းတိုးတက်အောင်လုပ်သွားရမှာဖြစ်ပါတယ်” လို့ပြောသွားခဲ့ပါတယ်။ချဲဆီးလ်နဲ့ လီဗာပူးတို့ ထိပ်တိုက်တွေ့ နေချိန်၊ စပါး နဲ့ ယူနိုက်တက် တို့ရှံုးပွဲတွေ ကြံုတွေ့ထားချိန်မှာ အနိုင်ရလဒ်ကို ပြန်ရယူနိုင်ခဲ့တာကြောင့် လည်း အာဆင်နယ်အသင်း အမှတ်ပေးဇယား အဆင့် ၄နေရာအထိ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

SPORTS MYANMAR