မန္ခ်က္စတာ ယူႏုိက္တက္ ဂႏၱ၀င္ ကစားသမားၾကီး ဂယ္ရီနဗီး က ဒီရာသီ PFA တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမား ဆု အတြက္ ျငင္းခုန္ေန စရာ မလိုဘူး လို႕ ဆုိလုိက္ျပီး အေၾကာင္းရင္း ကေတာ့ လီဗာပူး ေနာက္ခံလူ ဗာဂ်ယ္ဗန္ဒုိက္ ထက္ ဒီဆုနဲ႕ နီးစပ္တဲ့သူ တစ္ဦးမွ မရွိတာေၾကာင့္လုိ႕ ဆုိသြား ပါတယ္။

နယ္သာလန္ အသင္းေခါင္းေဆာင္ဟာ မေန႕ညက လီဗာပူး အသင္း ေဆာက္သမ္တန္ ကိ စိန္႕ေမရီ မွာ ၃ – ၁ နဲ႕ ႏုိင္ခဲ့တဲ့ ပြဲစဥ္မွာ အန္ဖီး ကလပ္ရဲ႕ အသင္းေခါင္းေဆာင္ အျဖစ္ တာ၀န္ယူ ခဲ့ျပီး လီဗာပူး ဟာ အဆုိပါ အႏုိင္ ရလဒ္ေၾကာင့္ ပရီးမီးယားလိဂ္ အမွတ္ေပး ဇယားရဲ႕ ထိပ္ဆံုး ေနရာကို ျပန္လည္ တက္လွမ္း သြားႏုိင္ ခဲ့ပါတယ္။

လီဗာပူး အသင္းဟာ ဒီပြဲစဥ္မွာ ရွိန္းေလာင္းရဲ႕ အဖြင့္ဂိုး ကုိ ခြင့္ျပဳ ခဲ့ရေပမယ့္လည္း ဒီရာသီ လိဂ္ျပိဳင္ပြဲ ရဲ႕ ခံစစ္ အေကာင္းဆံုး အသင္း အျဖစ္ ရပ္တည္ ေနဆဲ ျဖစ္ကာ ကေလာ့ ရဲ႕ အသင္းဟာ PL ၃၃ ပြဲမွာ ေပးဂိုး ၂၀ သာ ရွိထား ခဲ့ပါတယ္။ ဗန္ဒိုက္ဟာ ဒီရာသီ လီဗာပူး အသင္း ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ ကို တက္လွမ္း ႏုိ္င္ခဲ့ ရာမွာလည္း အဓိက က်တဲ့ ကစားသမား တစ္ဦး ျဖစ္ျပီး အန္ဖီး ကလပ္ဟာ လာမည့္ အဂၤါေန႕မွာေတာ့ ကြာတားဖိုင္နယ္ ပထမအေက်ာ့ အျဖစ္ ေပၚတုိ အသင္းကို အန္ဖီးမွာ လက္ခံ ကစား ရမွာ ျဖစ္ပါတယ္။

လီဗာပူး အသင္းဟာ လက္ရွိ အခ်ိန္မွာေတာ့ ခ်န္ပီယံလိဂ္ နဲ႕ ပရီးမီးယားလိဂ္ ဖလား လမ္းေၾကာင္းေတြ ေပၚမွာ ရွိေနကာ ရာသီကုန္္မွာ ဘယ္လို ရလဒ္ပဲ ထြက္ေပၚ လာသည္ ျဖစ္ေစ နဗီး ကေတာ့ ဗန္ဒိုက္ ဟာ တစ္ဦးခ်င္း ဆု အတြက္ သိမ္းပိုက္ဖို႕ ေသခ်ာေနျပီလို႕ ယူဆ ေနပါတယ္။

မႏွစ္က ဇန္န၀ါရီလ က လီဗာပူး အသင္း ကုိ ေပါင္ ၇၅ သန္း နဲ႕ ေျပာင္းလာ ခဲ့တဲ့ ဗန္ဒုိက္ နဲ႕ ပက္သက္ျပီး ေဆြးေႏြး ရာမွာ ဂယ္ရီနဗီး က “ လီဗာပူး အသင္းကို သူ႕ကို ေခၚယူ ခဲ့မွဳဟာ ကၽြန္ေတာ့္ကုိ အံ့ၾသျခင္း မျဖစ္ ေစခဲ့ဘဲ အံ့ၾသ ခဲ့ရတာကေတာ့ ေငြေၾကး ပမာဏ ပါပဲ။ မန္ခ်က္စတာ စီးတီး အသင္း ကုိင္းေ၀ၚကာ ကုိ စပါး ကေန ေပါင္ သန္း ၅၀ နဲ႕ ေခၚယူ ခဲ့တုန္းက ဒီအေျပာင္းအေရြ႕ဟာ ဗာဂ်ယ္ ဗန္ဒုိက္ လိုပဲ ကၽြန္ေတာ့္ကို ‘Wow’ ဆုိျပီး ျဖစ္ေစ ခဲ့ပါတယ္။

ဘာပဲ ျဖစ္ျဖစ္ ျပီးခဲ့တဲ့ ၁၂ လ ေက်ာ္ေလာက္ သူ႕ရဲ႕ စြမ္းေဆာင္ရည္ ကုိ ၾကည့့္ခဲ့ျပီးေနာက္ အားလံုးဟာ သူ႕နဲ႕ ထုိက္တန္တဲ့ ခ်ီးက်ဴးမွဳေတြ ေပးခဲ့ ၾကပါတယ္။ ရုိးရုိး သားသား ေျပာရရင္ ကၽြန္ေတာ္ လီဗာပူး အသင္း ကစားတာကို ၾကည့္လိုက္တဲ့ အခါတိုင္း… မာတစ္ မရွင္းထုတ္ ႏုိင္ခဲ့တာပဲ ျဖစ္ျဖစ္ ၊ ေနာက္တန္း အစြန္လူေတြ ေရွ႕မွာ က်န္ေန ခဲ့တာပဲ ျဖစ္ျဖစ္ အဲဒီအခ်ိန္မွာ ဗန္ဒုိက္ဟာ ေနာက္တန္း တစ္တန္း လံုးကို ကာဗာ လုပ္ေပး ထားသလို ပါပဲ။ သူဟာ အႏွိဳင္းမဲ့ ေနာက္ခံလူ တစ္ဦးပါ။

ဗာရန္း နဲ႕ ရာမုိ႕စ္ တုိ႕ဟာ ျပီးခဲ့တဲ့ ႏွစ္ေတြ အတြင္း ကမာၻ႕အေကာင္းဆံုး ဗဟုိ ေနာက္ခံလူေတြ အျဖစ္ သတ္မွတ္ ခံထား ရပါတယ္။ ဒါေပမယ့္ လာမည့္ ႏွစ္ေတြမွာ ဗန္ဒုိက္ဟာ ဒီေနရာကို တက္လာ ႏုိင္မယ္ ဆုိတာ သံသယ ျဖစ္စရာ မရွိပါဘူး။ သူဟာ ကမာၻ႕အေကာင္းဆံုး ေနာက္ခံလူ ျဖစ္လာ မွာပါ။ ကၽြန္ေတာ့္ အေနနဲ႕ ဒီေလာက္ ေကာင္းတဲ့ ဗဟုိ ေနာက္ခံလူမ်ိဳးကို မျမင္ ရတာ ေတာ္ေတာ့္ကို ၾကာေနပါျပီ။

Possession Play မွာ သူ႕ရဲ႕ ေဘာလံုး ျဖန္႕ေ၀မွဳ ေတြဟာ တကယ့္ကို ဟာသ ပါပဲ။ လံုး၀ မယံုၾကည္ ႏုိ္င္စရာပါ။ သူဟာ ကြင္းလယ္ ဗဟို ကစားသမား တစ္ဦးလို ေဘာလံုး ျဖန္႕ေ၀ ႏုိင္စြမ္း ရွိတဲ့သူ ျဖစ္ျပီး ကၽြန္ေတာ့္ အတြက္ ကေတာ့ သူဟာ အသင္းမွာ ဒဏ္ရာ လံုး၀ ရဖို႕ မျဖစ္ဘူးလို႕ လူတုိင္းေျပာမယ့္ ကစားသမား ျဖစ္ပါတယ္။ သူဟာ ကၽြန္ေတ္ာ ေရြးခ်ယ္တဲ့ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမား ဆုိတာ ၁၀၀% ပါပဲ။ သူ႕ကို အမွီလိုက္ ႏုိင္တဲ့သူ ဘယ္သူမွ မရွိပါဘူး။” လို႕ ဆုိသြား ပါတယ္။

SM

Unicode

ဒီရာသီ အကောင်းဆုံးကစားသမား ဆုအတွက် ငြင်းခုန်နေစရာ မလိုအပ်ဘဲ ဒီဆုနဲ့ ထိုက်တန်တဲ့သူ တစ်ဦးတည်းသာ ရှိတယ်လို့ ဆိုလိုက်တဲ့ ဂယ်ရီနဗီး

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကစားသမားကြီး ဂယ်ရီနဗီး က ဒီရာသီ PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု အတွက် ငြင်းခုန်နေ စရာ မလိုဘူး လို့ ဆိုလိုက်ပြီး အကြောင်းရင်း ကတော့ လီဗာပူး နောက်ခံလူ ဗာဂျယ်ဗန်ဒိုက် ထက် ဒီဆုနဲ့ နီးစပ်တဲ့သူ တစ်ဦးမှ မရှိတာကြောင့်လို့ ဆိုသွား ပါတယ်။

နယ်သာလန် အသင်းခေါင်းဆောင်ဟာ မနေ့ညက လီဗာပူး အသင်း ဆောက်သမ်တန် ကိ စိန့်မေရီ မှာ ၃ – ၁ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ အန်ဖီး ကလပ်ရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ခဲ့ပြီး လီဗာပူး ဟာ အဆိုပါ အနိုင် ရလဒ်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေး ဇယားရဲ့ ထိပ်ဆုံး နေရာကို ပြန်လည် တက်လှမ်း သွားနိုင် ခဲ့ပါတယ်။

လီဗာပူး အသင်းဟာ ဒီပွဲစဉ်မှာ ရှိန်းလောင်းရဲ့ အဖွင့်ဂိုး ကို ခွင့်ပြု ခဲ့ရပေမယ့်လည်း ဒီရာသီ လိဂ်ပြိုင်ပွဲ ရဲ့ ခံစစ် အကောင်းဆုံး အသင်း အဖြစ် ရပ်တည် နေဆဲ ဖြစ်ကာ ကလော့ ရဲ့ အသင်းဟာ PL ၃၃ ပွဲမှာ ပေးဂိုး ၂၀ သာ ရှိထား ခဲ့ပါတယ်။ ဗန်ဒိုက်ဟာ ဒီရာသီ လီဗာပူး အသင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ကို တက်လှမ်း နို်င်ခဲ့ ရာမှာလည်း အဓိက ကျတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး အန်ဖီး ကလပ်ဟာ လာမည့် အင်္ဂါနေ့မှာတော့ ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် ပေါ်တို အသင်းကို အန်ဖီးမှာ လက်ခံ ကစား ရမှာ ဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ လက်ရှိ အချိန်မှာတော့ ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ် ဖလား လမ်းကြောင်းတွေ ပေါ်မှာ ရှိနေကာ ရာသီကုန််မှာ ဘယ်လို ရလဒ်ပဲ ထွက်ပေါ် လာသည် ဖြစ်စေ နဗီး ကတော့ ဗန်ဒိုက် ဟာ တစ်ဦးချင်း ဆု အတွက် သိမ်းပိုက်ဖို့ သေချာနေပြီလို့ ယူဆ နေပါတယ်။

မနှစ်က ဇန်နဝါရီလ က လီဗာပူး အသင်း ကို ပေါင် ရ၅ သန်း နဲ့ ပြောင်းလာ ခဲ့တဲ့ ဗန်ဒိုက် နဲ့ ပက်သက်ပြီး ဆွေးနွေး ရာမှာ ဂယ်ရီနဗီး က “ လီဗာပူး အသင်းကို သူ့ကို ခေါ်ယူ ခဲ့မှုဟာ ကျွန်တော့်ကို အံ့သြခြင်း မဖြစ် စေခဲ့ဘဲ အံ့သြ ခဲ့ရတာကတော့ ငွေကြေး ပမာဏ ပါပဲ။ မန်ချက်စတာ စီးတီး အသင်း ကိုင်းဝေါ်ကာ ကို စပါး ကနေ ပေါင် သန်း ၅၀ နဲ့ ခေါ်ယူ ခဲ့တုန်းက ဒီအပြောင်းအရွေ့ဟာ ဗာဂျယ် ဗန်ဒိုက် လိုပဲ ကျွန်တော့်ကို ‘Wow’ ဆိုပြီး ဖြစ်စေ ခဲ့ပါတယ်။

ဘာပဲ ဖြစ်ဖြစ် ပြီးခဲ့တဲ့ ၁၂ လ ကျော်လောက် သူ့ရဲ့ စွမ်းဆောင်ရည် ကို ကြည့့်ခဲ့ပြီးနောက် အားလုံးဟာ သူ့နဲ့ ထိုက်တန်တဲ့ ချီးကျူးမှုတွေ ပေးခဲ့ ကြပါတယ်။ ရိုးရိုး သားသား ပြောရရင် ကျွန်တော် လီဗာပူး အသင်း ကစားတာကို ကြည့်လိုက်တဲ့ အခါတိုင်း… မာတစ် မရှင်းထုတ် နိုင်ခဲ့တာပဲ ဖြစ်ဖြစ် ၊ နောက်တန်း အစွန်လူတွေ ရှေ့မှာ ကျန်နေ ခဲ့တာပဲ ဖြစ်ဖြစ် အဲဒီအချိန်မှာ ဗန်ဒိုက်ဟာ နောက်တန်း တစ်တန်း လုံးကို ကာဗာ လုပ်ပေး ထားသလို ပါပဲ။ သူဟာ အနှိုင်းမဲ့ နောက်ခံလူ တစ်ဦးပါ။

ဗာရန်း နဲ့ ရာမို့စ် တို့ဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ကမ္ဘာ့အကောင်းဆုံး ဗဟို နောက်ခံလူတွေ အဖြစ် သတ်မှတ် ခံထား ရပါတယ်။ ဒါပေမယ့် လာမည့် နှစ်တွေမှာ ဗန်ဒိုက်ဟာ ဒီနေရာကို တက်လာ နိုင်မယ် ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ သူဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ ဖြစ်လာ မှာပါ။ ကျွန်တော့် အနေနဲ့ ဒီလောက် ကောင်းတဲ့ ဗဟို နောက်ခံလူမျိုးကို မမြင် ရတာ တော်တော့်ကို ကြာနေပါပြီ။

Possession Play မှာ သူ့ရဲ့ ဘောလုံး ဖြန့်ဝေမှု တွေဟာ တကယ့်ကို ဟာသ ပါပဲ။ လုံးဝ မယုံကြည် နို်င်စရာပါ။ သူဟာ ကွင်းလယ် ဗဟို ကစားသမား တစ်ဦးလို ဘောလုံး ဖြန့်ဝေ နိုင်စွမ်း ရှိတဲ့သူ ဖြစ်ပြီး ကျွန်တော့် အတွက် ကတော့ သူဟာ အသင်းမှာ ဒဏ်ရာ လုံးဝ ရဖို့ မဖြစ်ဘူးလို့ လူတိုင်းပြောမယ့် ကစားသမား ဖြစ်ပါတယ်။ သူဟာ ကျွန်တေ်ာ ရွေးချယ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆိုတာ ၁၀၀% ပါပဲ။ သူ့ကို အမှီလိုက် နိုင်တဲ့သူ ဘယ်သူမှ မရှိပါဘူး။” လို့ ဆိုသွား ပါတယ်။

SM