Alan Shearer

ပရီးမီးယားလိဂ္ရဲ႕ ဝါရင့္ ကစားသမား ေဟာင္းျကီး တဦးျဖစ္တဲ႔ အလန္ရွီးယားက အက္စတြန္ဗီလာ အသင္းကိုအႏိုင္ရခဲ႔တဲ႔ ပြဲစဥ္က အာဆင္နယ္ကြင္းလယ္ ျကယ္ပြင့္ေလး ဂြမ္ဒူဇီ ရဲ႕ ရဲစြမ္းသတၲိ ရွိမွဳနဲ႔ နည္းျပျကီး အမ္မရီရဲ႕ လူစားထိုး မွန္ကန္ မွဳေတြကို ခ်ီးက်ဴးေျပာဆုိလိုက္ပါတယ္။

အမ္းမရိတ္မွာ ကစားခဲ႔တဲ႔ ဒီပြဲမွာ တန္းတက္ အက္စတြန္ဗီလာ အသင္းက ဦးေဆာင္ဂိုး သြင္းယူခဲ႔တာ ျဖစ္ျပီး မိတ္လန္းႏိုင္းစ္လည္း ၂ဝါ၁ နီ နဲ႔ ထုတ္ပယ္ျခင္း ခံခဲ႔ရ လို႔ ပထမပိုင္း အျပီးမွာ အိမ္ရွင္ အာဆင္နယ္ အသင္းတဂိုး ရွံုးေနခဲ႔သလို ကစားသမားတဦး ပါေလ်ာ့နည္း ေနခဲ႔ရတာျဖစ္ပါတယ္။

Ainsley Maitland-Niles vs villa 2019

ဒုတိယပိုင္း ျပန္စျပီး မျကာခင္မွာ ပဲ ဂြမ္ဒူဇီရဲ႕ တကုိယ္ေတာ္ေဘာလံုးဆြဲယူေျပးဝင္မွဳကေန ပင္နယ္တီရခဲ႔ျပီး ပီပီက အဆံုးသတ္ ကန္သြင္းခဲ႔လို႕ ေခ်ပဂိုးျပန္ရခဲ႔ပါတယ္။ဒါေပမယ့္ ခ်က္ခ်င္းဆိုသလိုပဲ အက္စတြန္ဗီလာ အသင္းက ဦးေဆာင္ဂိုးထပ္သြင္းခဲ႔လို႔ ေနာက္ကေန ျပန္ကစားခဲ႔ရတာျဖစ္ပါတယ္။

ဒါေပမယ့္ လည္း ပြဲျပီးခါနီးမွာ ခ်န္ဘာ နဲ႔ အူဘာမီယန္ တို႕က ဂိုးေတြထပ္သြင္းယူေပးခဲ႔ လို႔ အာဆင္နယ္အသင္း အံ့မခန္းႏိုင္ပြဲတပြဲကို ရရွိသြားခဲ႔တာျဖစ္ပါတယ္။ BBC ရဲ႕ ေဘာလံုးပြဲ ေဝဖန္သံုးသပ္သူ တဦးျဖစ္တဲ႔ အလန္ရွီးယားကေတာ့အာဆင္နယ္ကြင္းလယ္ကို ေမာင္းႏွင္ေပးသြားခဲ႔တဲ႔ ကြင္းလယ္ျကယ္ပြင့္ေလး ဂြမ္ဒူဇီကို ‘ဖိုက္တာ’ တဦးလို႔ ခ်ီးက်ဴးညႊန္းဆိုသြားခဲ႔ပါတယ္။

Aubameyang Arsenal-FC-v-Aston-Villa-Premier-League

 

ဒါ့အျပင္ တေယာက္ေလ်ာ့သြားခ်ိန္မွာဆာကာကို ထုတ္ျပီး ခ်န္ဘာကို လူစားလဲခဲ႔မွဳ၊ အႏိုင္ဂိုးလိုအပ္လာခ်ိန္မွာ ဆီဘယ္ေလာ့စ္ နဲ႔ ရွာကာတို႔ကို ထုတ္ျပီး ေတာ္ရဲယား နဲ႕ ဝီေလာ့ခ္တို႔ကို ထည့္သြင္းခဲ႔တဲ႔ နည္းျပအမ္မရီ ရဲ႕ လူစားထုိးမွန္ကန္မွဳေတြကိုလည္းအလန္ရွီးယားက အသိအမွတ္ျပဳသြားခဲ႔ပါတယ္။

BBC ရဲ႕ Match of the day အစီအစဥ္မွာ အလန္ရွီးယားက – ” အာဆင္နယ္ အသင္းရဲ႕ စိတ္ေနသေဘာထားနဲ႔ ကုိယ္ရည္ကိုယ္ေသြး အေျပာင္းအလဲ ဟာဒုတိယပိုင္းမွာ တကယ့္ကို အံံမခန္းပါပဲ။ဆာကာထြက္သြားျပီး ခ်န္ဘာဝင္ေရာက္လာခ်ိန္မွာတိုက္စစ္ကစားပံုအတြက္ ပံုေကာင္းသြားခဲ႕ပါတယ္။အဟုန္နဲ႔ ပိုျပီး ကစားသြားႏိုင္ခဲ႔သလို ရည္ရြယ္ခ်က္ကို ေရာက္ရွိသြားခဲ႔ျကပါတယ္” လို႔ခ်ီးက်ဴးသြားခဲ႔တာျဖစ္ပါတယ္။ငယ္ငယ္ရြယ္ရြယ္နဲ႔ အေျကာက္အလန္႔ မရွိကစားသြားခဲ႔တဲ႔ ကြင္းလယ္ျကယ္ပြင့္ေလး ဂြမ္ဒူဇီကို ေတာ့ ဖိုက္တာတေယာက္အျဖစ္ ဥပမာေပး သြားခ႔ဲပါတယ္။

Matteo Guendouzi

 

ကြင္းအတြင္းမွာ ေဘာလံုး ထိခ်က္အမ်ားဆံုးနဲ႕ ေအာင္ျမင္တဲ႔ေဘာလံုးေပးပို႔မွဳအမ်ားဆံုးျပဳလုပ္ႏိုင္ခဲ႔တဲ႔ ဂြမ္ဒူဇီအေပၚအလန္ရွီးယားက – ” အာဆင္နယ္ရဲ႕ အလွည့္အေျပာင္းကသူ႔ဆီကေနစတင္ခဲ႔တာျဖစ္ပါတယ္။သူ႔ရဲ႕ ေျခစြမ္းကတကယ္ကို ခန္းနားခဲ႔တာျဖစ္ပါတယ္။

အာဆင္နယ္ အသင္း ဖိုက္တာ တေယာက္ လိုအပ္ေနခ်ိန္မွာ သူက မားမားမတ္မတ္ ထြက္ေပၚခဲ႔တာျဖစ္ပါတယ္။က်ြန္ေတာ္တို႔ဟာ သူတို႔အသင္းရဲ႕ အေစာပိုင္း စရိုက္လကၡဏာ အေပၚ ေမးခြန္းထုတ္ေဝဖန္ထားခဲ႔ျကတာျဖစ္ပါတယ္။ဒါေျကာင့္ လည္း သူတို႕ ေကာင္းေကာင္း ကစားႏိုင္ ခ်ိန္မွာေတာ့ ခ်ီးက်ဴးရမွာျဖစ္ပါတယ္။နည္းျပျကီး အမ္မရီရဲ႕ လူစားထိုးမွဳ ေတြကလည္း လံုးဝကို ျပီးျပည့္စံုျပီးတကယ္ အလုပ္ျဖစ္ခဲ့ ပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

Matteo Guendouzi Premier-League-Arsenal-v-Aston-Villa

အာဆင္နယ္ အသင္းဟာ ဒီပြဲအႏိုင္ေျကာင့္အဆင့္ ၄ေနရာအထိတက္လွမ္းသြားႏိုင္ခဲ႔ပါတယ္။သူတို႔ဟာျကားရက္အတြင္းမွာ ေနာ္တင္ဟမ္ေဖာရက္စ္အသင္းနဲ႔ ကရာေဘာင္ဖလားပြဲစဥ္ဆင္ႏႊဲရမွာျဖစ္ျပီး လာမယ့္အပတ္မွာေတာ့ ယူႏိုက္တက္ အသင္းကို အိုးထရက္ဖို႔ဒ္မွာ သြားေရာက္ရင္ဆိုင္ရမွာျဖစ္ပါတယ္။

SPORT MYANMAR

Unicode

တဂိုးရှုံးတယောက်လျော့အနေအထားပနေ အာဆင်နယ်အသင်းပြန်လာနိုင်ခဲ့မှုမှာ ဖိုက်တာကျခဲ့တဲ့ကစားသမားကို ချီးကျူးလိုက်တဲ့ #အလန်ရှီးယား
==================================

ပရီးမီးယားလိဂ်ရဲ့ ဝါရင့် ကစားသမား ဟောင်းကြီး တဦးဖြစ်တဲ့ အလန်ရှီးယားက အက်စတွန်ဗီလာ အသင်းကိုအနိုင်ရခဲ့တဲ့ ပွဲစဉ်က အာဆင်နယ်ကွင်းလယ် ကြယ်ပွင့်လေး ဂွမ်ဒူဇီ ရဲ့ ရဲစွမ်းသတ္တိ ရှိမှုနဲ့ နည်းပြကြီး အမ်မရီရဲ့ လူစားထိုး မှန်ကန် မှုတွေကို ချီးကျူးပြောဆိုလိုက်ပါတယ်။

အမ်းမရိတ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ တန်းတက် အက်စတွန်ဗီလာ အသင်းက ဦးဆောင်ဂိုး သွင်းယူခဲ့တာ ဖြစ်ပြီး မိတ်လန်းနိုင်းစ်လည်း ၂ဝါ၁ နီ နဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရ လို့ ပထမပိုင်း အပြီးမှာ အိမ်ရှင် အာဆင်နယ် အသင်းတဂိုး ရှံုးနေခဲ့သလို ကစားသမားတဦး ပါလျော့နည်း နေခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး မကြာခင်မှာ ပဲ ဂွမ်ဒူဇီရဲ့ တကိုယ်တော်ဘောလုံးဆွဲယူပြေးဝင်မှုကနေ ပင်နယ်တီရခဲ့ပြီး ပီပီက အဆုံးသတ် ကန်သွင်းခဲ့လို့ ချေပဂိုးပြန်ရခဲ့ပါတယ်။ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ အက်စတွန်ဗီလာ အသင်းက ဦးဆောင်ဂိုးထပ်သွင်းခဲ့လို့ နောက်ကနေ ပြန်ကစားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် လည်း ပွဲပြီးခါနီးမှာ ချန်ဘာ နဲ့ အူဘာမီယန် တို့က ဂိုးတွေထပ်သွင်းယူပေးခဲ့ လို့ အာဆင်နယ်အသင်း အံ့မခန်းနိုင်ပွဲတပွဲကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ BBC ရဲ့ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူ တဦးဖြစ်တဲ့ အလန်ရှီးယားကတော့အာဆင်နယ်ကွင်းလယ်ကို မောင်းနှင်ပေးသွားခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့်လေး ဂွမ်ဒူဇီကို ‘ဖိုက်တာ’ တဦးလို့ ချီးကျူးညွှန်းဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် တယောက်လျော့သွားချိန်မှာဆာကာကို ထုတ်ပြီး ချန်ဘာကို လူစားလဲခဲ့မှု၊ အနိုင်ဂိုးလိုအပ်လာချိန်မှာ ဆီဘယ်လော့စ် နဲ့ ရှာကာတို့ကို ထုတ်ပြီး တော်ရဲယား နဲ့ ဝီလော့ခ်တို့ကို ထည့်သွင်းခဲ့တဲ့ နည်းပြအမ်မရီ ရဲ့ လူစားထိုးမှန်ကန်မှုတွေကိုလည်းအလန်ရှီးယားက အသိအမှတ်ပြုသွားခဲ့ပါတယ်။

BBC ရဲ့ Match of the day အစီအစဉ်မှာ အလန်ရှီးယားက – ” အာဆင်နယ် အသင်းရဲ့ စိတ်နေသဘောထားနဲ့ ကိုယ်ရည်ကိုယ်သွေး အပြောင်းအလဲ ဟာဒုတိယပိုင်းမှာ တကယ့်ကို အံံမခန်းပါပဲ။ဆာကာထွက်သွားပြီး ချန်ဘာဝင်ရောက်လာချိန်မှာတိုက်စစ်ကစားပုံအတွက် ပုံကောင်းသွားခဲ့ပါတယ်။အဟုန်နဲ့ ပိုပြီး ကစားသွားနိုင်ခဲ့သလို ရည်ရွယ်ချက်ကို ရောက်ရှိသွားခဲ့ကြပါတယ်” လို့ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ အကြောက်အလန့် မရှိကစားသွားခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့်လေး ဂွမ်ဒူဇီကို တော့ ဖိုက်တာတယောက်အဖြစ် ဥပမာပေး သွားခဲ့ပါတယ်။

ကွင်းအတွင်းမှာ ဘောလုံး ထိချက်အများဆုံးနဲ့ အောင်မြင်တဲ့ဘောလုံးပေးပို့မှုအများဆုံးပြုလုပ်နိုင်ခဲ့တဲ့ ဂွမ်ဒူဇီအပေါ်အလန်ရှီးယားက – ” အာဆင်နယ်ရဲ့ အလှည့်အပြောင်းကသူ့ဆီကနေစတင်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ ခြေစွမ်းကတကယ်ကို ခန်းနားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်း ဖိုက်တာ တယောက် လိုအပ်နေချိန်မှာ သူက မားမားမတ်မတ် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ဟာ သူတို့အသင်းရဲ့ အစောပိုင်း စရိုက်လက္ခဏာ အပေါ် မေးခွန်းထုတ်ဝေဖန်ထားခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့် လည်း သူတို့ ကောင်းကောင်း ကစားနိုင် ချိန်မှာတော့ ချီးကျူးရမှာဖြစ်ပါတယ်။နည်းပြကြီး အမ်မရီရဲ့ လူစားထိုးမှု တွေကလည်း လုံးဝကို ပြီးပြည့်စုံပြီးတကယ် အလုပ်ဖြစ်ခဲ့ ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ဒီပွဲအနိုင်ကြောင့်အဆင့် ၄နေရာအထိတက်လှမ်းသွားနိုင်ခဲ့ပါတယ်။သူတို့ဟာကြားရက်အတွင်းမှာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ကရာဘောင်ဖလားပွဲစဉ်ဆင်နွှဲရမှာဖြစ်ပြီး လာမယ့်အပတ်မှာတော့ ယူနိုက်တက် အသင်းကို အိုးထရက်ဖို့ဒ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

SPORT MYANMAR