kloop vs lampard 2019
liverpool vs chelsea 2019
emerson vs salah
kloop 2019
liv vs chelsea 2019
SM
Unicode
ချဲလ်​ဆီးနဲ့ပွဲမှာ လီ​ဗာပူးရဲ့ လိုအပ်​ချက်​ အချို့ကို ​ထောက်​ပြသွားခဲ့တဲ့ နည်​းပြ ယာဂန်​က​လော့
လီ​ဗာပူးဟာ ​မ​နေ့ညက စတန်​းဖို့ဒ်​ဘရစ်​ချ်​မှာ ချဲလ်​ဆီး အသင်​းကို ၂ဂိုး ၁ဂိုးနဲ့ အနိုင်​ယူကာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရာနှုန်​းပြည်​့ နိုင်​ပွဲကို ရယူ သွားနိုင်​ခဲ့​ပေမယ်​့ နည်​းပြ ယာဂန်​က​လော့ က​တော့ သူ့ရဲ့ အသင်​းဟာ တိုးတက်​ဖို့ လို​နေ​သေးတယ်​ ဆိုတာ ​ကောင်​း​ကောင်​း သိ​နေပါတယ်​။ လီ​ဗာပူးဟာ ပထမပိုင်​းမှာ အလက်​ဇန်​းဒါးအာနိုး ရဲ့ ဖရီးကစ်​ ၊ ​ရော်​ဘတ်​တိုဖာမီနို ရဲ့ ​ခေါင်​းတိုက်​ဂိုး ​တွေနဲ့ ချဲလ်​ဆီးကို ၂ ဂိုးပြတ်​နဲ့ ဦး​ဆောင်​ နိုင်​ခဲ့ပါတယ်​။
ဒုတိယပိုင်​းမှာ​တော့ လီ​ဗာပူးရဲ့ ကစားပုံ ​ကောင်​းမွန်​ခဲ့ခြင်​း မရှိခဲ့ဘဲ ကွင်​းလယ်​ပိုင်​းဟာ ပထမပိုင်​းကဲ့သို့ လွှမ်​းမိုး နိုင်​ခြင်​း မရှိ​တော့တဲ့ အပြင်​ တိုက်​စစ်​ပိုင်​း ကလည်​း ​ဘောလုံး အပျက်​များ​နေ ခဲ့ပါတယ်​။ ဒါ့​ကြောင်​့ ချဲလ်​ဆီး ဟာ လီ​ဗာပူး ကို ဖိအား​ပေး ကစား သွားခဲ့ပြီး လီ​ဗာပူး က​တော့ တန်​ပြန်​တိုက်​စစ်​​တွေသာ အားကိုး ကစားခဲ့ရကာ ကန်​တီရဲ့ သွင်​းဂိုး ပြီး​နောက်​ လီ​ဗာပူးဟာ အနိုင်​၃မှတ်​ကို ခက်​ခက်​ခဲခဲ ရယူ ခဲ့ရပါတယ်​။ ဒါ​ပေမယ်​့ က​လော့က​တော့ သူ့ရဲ့ ကစားသမား​တွေ အ​နေနဲ့ ချဲလ်​ဆီး အသင်​းနဲ့ ပွဲက ဒုတိယပိုင်​း ​ခြေစွမ်​းက​နေ ​လေ့လာသင်​ယူ သွားရမယ်​ ဆိုတာ ​ကောင်​း​ကောင်​း သိ​နေပြီး ​ပွဲပြီးဖို့ ​နောက်​ဆုံး နာရီဝက်​မှာ လီ​ဗာပူးရဲ့ ကစားပုံကို အားရခြင်​း မရှိ ဖြစ်​​နေပါတယ်​။
က​လော့က “ဆုံးဖြတ်​ချက်​ ချရာ​တွေမှာ အားနည်​း ခဲ့ပါတယ်​။ အထူးသဖြင်​့ အဆုံးအဖြတ်​ ဖြစ်​သွား နိုင်​တဲ့ အခိုက်​အတန်​ ့ ​တွေမှာ ကျွန်​​တော်​တို့ရဲ့ ​ဘောလုံး ​ပေးပို့မှု​တွေ ဖြစ်​ပါတယ်​။ လာမည်​့ တစ်​ပတ်​မှာ​တော့ ကျွန်​​တော်​တို့ ဒီလို မ​ပြောရ​တော့ဘူးလို့ ​မျှော်​လင်​့ မိပါတယ်​။ ဒါ​ပေမယ်​့ ​ဘောလုံး ပြန်​လည်​ ရယူ နိုင်​ခြင်​းဟာ ​ကောင်​းပါတယ်​။ ဒါ​ပေမယ်​့ ​ဘောလုံး ပြန်​လည်​ ရယူ နိုင်​ခဲ့တဲ့ အခါ ​နေရာလွတ်​​တွေ အတွက်​ မှန်​ကန်​တဲ့ ဆုံးဖြတ်​ချက်​ ချရမှာပါ။ ​ဘောလုံးကို မကြာခဏ ပြန်​လည်​ ရယူနိုင်​ခဲ့တာ ​ကောင်​းပါတယ်​။ ဒါ​ပေမယ်​့ ချဲလ်​ဆီးဟာ အရမ်​းကို ​ကောင်​းမွန်​တဲ့ အသင်​းတစ်​သင်​းပါ။ ဒါ့​ကြောင်​့ ဒီ​နေ့မှာ ကစားရတာ အရမ်​း ခက်​ခဲ ခဲ့ပါတယ်​။ ​ကောင်​​လေး​တွေ ဒီလို လုပ်​နိုင်​ခဲ့တာကို ကျွန်​​တော်​ ​ကျေနပ်​မိ ပါတယ်​။” လို့ ဆိုသွားပါတယ်​။
ဆက်​လက်​ပြီး က​လော့က “အရမ်​း​ကောင်​းတဲ့ အခိုက်​အတန်​ ့​တွေ အများကြီး ရှိခဲ့ပါတယ်​။ ချဲလ်​ဆီး ကလည်​း သူတို့ရဲ့ အခိုက်​အတန်​ ့​တွေ ရခဲ့ပါတယ်​။ ဘာလို့လဲဆို​တော့ သူတို့ဟာ အသင်​း​ကောင်​း ဖြစ်​လို့ပါ။ အရမ်​း​ကောင်​းတဲ့ ဂိုးနှစ်​ဂိုး ၊ အရမ်​း​ကောင်​းတဲ့ ဖိအား​ပေး ကစားမှု​တွေ လုပ်​နိုင်​ခဲ့ပြီး ကျွန်​​တော်​တို့ဟာ အရမ်​း​ကောင်​းတဲ့ ​နေရာမှာ ​ဘောလုံး ရယူ နိုင်​ခဲ့​ပေမယ်​့ ​ဘောလုံးကို အ​ကောင်​းဆုံး အသုံးအချ နိုင်​ခဲ့ပါဘူး။ ဒီလို အ​ခြေအ​နေဟာ ​ကောင်​းစွာ လုံ​လောက်​ခဲ့ပြီး ကျွန်​​တော်​တို့ အ​နေနဲ့ ဒီလို အ​ခြေ​အ​နေ​တွေမှာ ဒီထက်​ အခွင်​့အ​ရေး ပိုရသင်​့ခဲ့ပါတယ်​။
ပထမပိုင်​း အပြီးမှာ ကြီးကြီးမားမား အခွင်​့အ​ရေး နှစ်​ကြိမ်​ ရခဲ့ပြီး ကျွန်​​တော်​တို့ ၃ ဂိုး ၄ ဂိုး ဖြစ်​ခဲ့ သင်​့ပါတယ်​။ ဒါ​ပေမယ်​့ ကျွန်​​တော်​တို့ ဂိုးမသွင်​း နိုင်​ခဲ့ပါဘူး။ ဒါ့​ကြောင်​့ ပွဲဟာ မပြီ​း​သေးဘူး ဆိုတာ ရှင်​းပါတယ်​။ ချဲလ်​ဆီးဟာ တိုက်​စစ်​​ဆင်​ ကစားခဲ့ပြီး ကျွန်​​တော်​တို့ဟာ အနိုင်​ရလဒ်​ကို ကာကွယ်​ ခဲ့ရပါတယ်​။ ဒါဟာ ကိုယ်​လုပ်​ရမယ့်​ အလုပ်​ပါပဲ။ ဒါဟာ လာကစားရ ခက်​ခဲတဲ့ ​နေရာပါ။ ကျွန်​​တော်​တို့ ဒီမှာ နိုင်​ခဲ့တာ အနည်​းငယ်​ ကြာခဲ့ပါပြီ။ ဒါ့​ကြောင်​့ ဒါဟာ ကြီးမားတဲ့ နိုင်​ပွဲလို့ ခံစား မိပါတယ်​။” လို့ ​ပြောခဲ့ပါတယ်​။
အသင်​းသား​တွေရဲ့ စရိုက်​လက္ခဏာ နဲ့ ပက်​သက်​ပြီး က​လော့က “ရိုးရိုးသားသား ​ပြောရရင်​ အသင်​းရဲ့ စရိုက်​လက္ခဏာ ကို ကျွန်​​တော်​တို့ အံ့သြ​နေစရာ မလို​တော့ဘူးလို့ ထင်​ပါတယ်​။ ကျွန်​​တော်​တို့ဟာ အ​ကောင်​းဆုံး စရိုက်​လက္ခဏာကို ပိုင်​ဆိုင်​ထားတယ်​ ဆိုတာကို ​နေ့တိုင်​း ​ပြော​နေဖို့ မလိုပါဘူး။ ဒီလိုပဲ ဖြစ်​ပါတယ်​။ ကျွန်​​တော်​တို့ဟာ အရာအားလုံး အတွက်​ တိုက်​ပွဲဝင်​ သွားမယ်​ ဆိုတာ ကိုယ်​့ကိုယ်​ကို ​မျှော်​လင်​့ ထားပြီးသားပါ။ ကျွန်​​တော်​တို့ဟာ ကြီးကြယ်​တဲ့ လိဂ်​ပြိုင်​ပွဲမှာ အလုပ်​ကြီး လုပ်​စရာ ရှိပါတယ်​။
လူတိုင်​းက​တော့ ကျွန်​​တော်​တို့ဟာ ပထမ ၊ ဒုတိယ ရသင်​့တယ်​လို့ ​ပြောကြ​ပေမယ်​့ ကျွန်​​တော်​တို့ဟာ ဒီအတွက်​ အ​ကောင်​းဆုံး ကစား သွားဖို့ လိုပါတယ်​။ ကျွန်​​တော်​တို့ ဒီအရာ​တွေကို မစဉ်​းစား ပါဘူး။ ကျွန်​​တော်​တို့ နိုင်​ပွဲ​တွေ ရဖို့သာ စဉ်​းစားမှာပါ။ ဒါဟာ ကျွန်​​တော်​တို့ လုပ်​ခဲ့တဲ့ အရာပါ။ စရိုက်​လက္ခဏာ မရှိရင်​ ဘဝဟာ ခက်​ခဲပါတယ်​။ ဒါ​ပေမယ်​့ ​ဘောလုံးမှာ လုံးဝ မဖြစ်​နိုင်​ပါဘူး။ ဒါကို လုံးဝ သံသယ ဖြစ်​စရာ မရှိပါဘူး။ ​ကောင်​​လေး​တွေ အ​ကောင်​းဆုံး လုပ်​ခဲ့ပါတယ်​။ တိုက်​ပွဲဝင်​ ခဲ့ပါတယ်​။ အားလုံး တကယ်​ ​ကောင်​းပါတယ်​။ ဒီမှာ အနိုင်​ရဖို့ အခြား နည်​းလမ်​း ရှိတယ်​လို့ ကျွန်​​တော်​ မထင်​ပါဘူး။ ကျွန်​​တော်​ ခုနက ​ပြောခဲ့သလိုပဲ ကြီးမားတဲ့ နိုင်​ပွဲပါပဲ။” လို့ ဆိုသွားပါတယ်​။
SM