


* အာဆင်နယ် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ငါးပွဲမှာ သုံးပွဲ အထိ ပေးဂိုး မရှိခဲ့ဘဲ အဲဗာတန် အသင်း နဲ့ ပွဲမှာ Clean-Sheet ရယူ နိုင်ခဲ့ပါက ၂၀၁၇ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံး အကြိမ် သုံးပွဲဆက် Clean-Sheet ရရှိ မှာလည်း ဖြစ်ပါတယ် ။

* အာဆင်နယ် အသင်း ကစားသမားဟောင်း ပေါလ်မာဆင် ယနေ့ ည မြန်မာစံတ်ာချိန် ၇ နာရီ ၃၅ မိနစ်မှာ ကစားမယ့် ပွဲမှာ အာဆင်နယ် အသင်းဟာ အဲဗာတန် အသင်းကို သုံးဂိုး တစ် ဂိုး နဲ့ ဂိုး ပြတ် အ နိုင် ရ သွား လိမ့် မယ် လို့ ခန့် မှန်း သွား ခဲ့ ပါတယ် ။




* အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ က ဥရောပမှာ အောင်မြင်မှု ရဖို့ ငွေကြေး အမြောက်အများ သုံးစွဲစရာ မလိုကြောင်း နဲ့ အကယ်ဒမီ အသင်းက လူ ငယ် က စား သ မား တွေ ရဲ့ ခြေ စွမ်းဟာလည်း အားရဖို့ ကောင်းတာကြောင့် နာမည်ကြီး ကစားသမားတွေကို ဈေးကြီးပေးပြီး ဝယ်စရာ မလိုကြောင်း ပြောကြား လိုက်ပါတယ် ။



SPORTS MYANMAR

Unicode

အဲဗာတန် အသင်း နဲ့ ပွဲမတိုင်မှီ အာဆင်နယ် သတင်းတိုများနှင့် ထူးခြားမှတ်တမ်းများ
=============================

* အာဆင်နယ် ယူ-၁၈ အသင်းဟာ ရီးဒင်း ယူ-၁၈ အသင်းကို ရှစ်ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိင် ရသွားခဲ့ပြီး ပရီးမီးယားလိဂ် ယူ-၁၈ ( တောင်ပိုင်း ) ချန်ပီယံဆုကို ရရှိဖို့ လက် တစ်ကမ်းအလိုကို ရောက် ရှိ လာ ပါ ပြီ ။ အာဆင်နယ် ယူ-၁၈ အသင်းအတွက် ဂိုးတွေကိုတော့ တိုက်စစ်မှူး ဘာလိုဂန် က လေးဂိုး ၊ အဇီဇ် ၊ ဂရင်းဝုဒ် ၊ ယန်းနက်စ် မူဆာ ၊ မက်စမစ်တို့က တစ်ဂိုးစီ သွင်းယူ ပေးခဲ့တာပါ ။

* အာဆင်နယ် အသင်းဟာ လိဂ်ပြိုင်ပွဲမှာ အဲဗာတန် အသင်းကို ၉၆ ပွဲ အထိ အနိုင် ရထားသလို ပရီးမီးယားလိဂ် ပြိုင်ပွဲ သမိုင်း တစ်လျှောက်မှာလည်း အဲဗာတန် အသင်းကို ၁၀၇ ဂိုး အ ထိ သွင်း ယူ ထား နိုင် ပါ တယ် ။

* အာဆင်နယ် အသင်းဟာ ယခုနှစ် ရာသီ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်တွေမှာ Clean-Sheet ရ ရှိ ထား ခြင်း မ ရှိ တဲ့ တစ်သင်းတည်းသော အသင်းလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ရှစ်ပွဲမှာ တစ်ပွဲသာ အနိင် ရထားပြီး သုံးပွဲသရေ ၊ လေးပွဲ ရှုံး နိမ့် ထားပါတယ် ။

* အာဆင်နယ် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ငါးပွဲမှာ သုံးပွဲ အထိ ပေးဂိုး မရှှိခဲ့ဘဲ အဲဗာတန် အသင်း နဲ့ ပွဲမှာ Clean-Sheet ရယူ နိုင်ခဲ့ပါက ၂၀၁၇ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံး အကြိမ် သုံးပွဲဆက် Clean-Sheet ရရှိ မှာလည်း ဖြစ်ပါတယ် ။

* အာဆင်နယ် အသင်း ကစားသမားဟောင်း ပေါလ်မာဆင် ယနေ့ ည မြန်မာစံတာ်ချိန် ရ နာရီ ၃၅ မိနစ်မှာ ကစားမယ့် ပွဲမှာ အာဆင်နယ် အသင်းဟာ အဲဗာတန် အသင်းကို သုံးဂိုး တစ် ဂိုး နဲ့ ဂိုး ပြတ် အ နိုင် ရ သွား လိမ့် မယ် လို့ ခန့် မှန်း သွား ခဲ့ ပါတယ် ။

* အဲဗာတန် အသင်း နဲ့ အာဆင်နယ် အသင်း ပွဲကို အင်္ဂလန် ဒိုင်လူကြီး ကီဗင်ဖရန့် က တာဝန်ယူ ကိုင်တွယ် သွားမှာပါ ။ ကီဗင်ဖရန့် ကိုင်တွယ်တဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ၁၀ ပွဲမှာ အာဆင်နယ် အသင်းဟာ ခြောက်ပွဲနိုင် ၊ ၂ ပွဲသရေ ၊ ၂ ပွဲ ရှုံး နိမ့် ထား ပါ တယ် ။

* ဘုန်းမောက် အသင်း နည်းပြ အက်ဒီဟိုဝီ က အာဆင်နယ် အသင်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ တောင်ပံ ကစားသမား ရိုင်ယန် ဖရေစာရဲ့ အနာဂတ်ဟာ အသင်းမှာ ဆက်ရှိဖို့ သိပ် မသေချာကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

* အာဆင်နယ် အသင်း ဂန္တဝင် ကစားသမားဟောင်း အီယန်ရိုက် က ဂိုး ဖန်တီးမှု အားကောင်းတဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ် လို ကစားသမားမျိုး နဲ့ တစ် သင်း တည်း မှာ တွဲ က စား ချင် ကြောင်း ဖွင့် ဟ ပြော ကြား သွား ခဲ့ ပါ တယ် ။

* အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ က ဥရောပမှာ အောင်မြင်မှု ရဖို့ ငွေကြေး အမြောက်အများ သုံးစွဲစရာ မလိုကြောင်း နဲ့ အကယ်ဒမီ အသင်းက လူ ငယ် က စား သ မား တွေ ရဲ့ ခြေ စွမ်းဟာလည်း အားရဖို့ ကောင်းတာကြောင့် နာမည်ကြီး ကစားသမားတွေကို စျေးကြီးပေးပြီး ဝယ်စရာ မလိုကြောင်း ပြောကြား လိုက်ပါတယ် ။

* အဲဗာတန် အသင်း နည်းပြ မာကို ဆေးလ်ဗား က အိမ်ကွင်း ဂွတ်ဒီဆင်ပါခ့် မှာ ပရိသတ်တွေ ရဲ့ အားပေးမှု နဲ့ အတူ အာဆင်နယ် အသင်း ဆီကနေ အနိုင် သုံး မှတ် ရယူ သွား မယ် လို့ ကြုံ း ဝါး သွား ခဲ့ ပါ တယ် ။ ပြီးခဲ့တဲ့ ရာသီ ဂွတ်ဒီဆင်ပါခ့် မှာ ယှဉ်ပြိုင် ကစားစဉ်တုန်းက အဲဗာတန် အသင်းဟာ အာဆင်နယ် အသင်းကို ငါးဂိုး နှစ်ဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့် ခဲ့ပါတယ် ။

* နည်းပြ အူနိုင်း အမ်မရီ ကတော့ အာဆင်နယ် အသင်းကို ချန်ပီယံဆုတွေကို စိန်ခေါ် နိုင်တဲ့ အသင်း တစ်သင်း အဖြစ် တည်ဆောက် ချင်ကြောင်း နဲ့ အာဆင်နယ် အသင်းထက် ငွေကြေး ပိုမို သုံးစွဲတဲ့ မန်စီးတီး ၊ ရီးရဲလ်မက်ဒရစ် အသင်းတွေကို ယှဉ်ပြိုင်နိုင်အောင် ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR