rashford 2019

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူး ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ ဘယ် နေရာ မှာ အကောင်းဆုံး ကစား ပေးနိုင် မလဲ ဆိုတာ နဲ့ ပတ်သက် လို့ ဝေဖန် သုံးသပ် မှုတွေ များစွာ ထွက်ပေါ် ခဲ့ပါ သေးတယ် ။ အခုတော့ ယူနိုက်တက် နည်းပြ ဟောင်း ဟိုဆေး မော်ရင်ဟို က ရပ်ရှ်ဖို့ ဟာ အထောင် တိုက်စစ် ကစားသမား တစ်ဦး အဖြစ် လုံလောက် တဲ့ ဂိုးတွေ မသွင်းယူ နိုင်ခဲ့ ဘူးလို့ ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ ဟာ အသင်း မှာ ကစား နေ ခဲ့တဲ့ ကာလတွေ အတွင်း တောင်ပံ တိုက်စစ် နေရာ နဲ့ အထောင် တိုက်စစ် နေရာ တွေမှာ အလျင်း သင့် သလို ကစား နေခဲ့ ရသူ တစ်ဦး ပဲ ဖြစ် ပါတယ် ။

ဒီ ရာသီ အတွင်း မှာတော့ သူဟာ ဆိုးလ်ရှား လက်အောက် အထောင် တိုက်စစ် ကစားသမား အဖြစ် အမြဲ ပါဝင် ကစား ခဲ့ရ ပေမယ့် ကစား ခွင့် ရရှိ ထား ခဲ့တဲ့ ပွဲစဉ် 7 ပွဲမှာ 3 ဂိုးသာ သွင်းယူ ပေးထား နိုင် ခဲ့ပြီး တိုက်စစ်မှူး တစ်ဦး အတွက် လုံလောက် တဲ့ ဂိုး အရည် အတွက် ပျောက်ဆုံး နေခဲ့ ရ ပါတယ် ။

ထို့အတူ ယူနိုက်တက် လို အသင်း ရဲ့ တိုက်စစ် မှာ ကစား နေတဲ့ ကစားသမား တစ်ဦး ရဲ့ ဂိုးသွင်း နှုန်းဟာ ကျဆင်း နေတဲ့ အတွက် ဝေဖန် မှုတွေ များစွာ ရှိနေ ခဲ့ ပါတယ် ။ အခုတော့ ဝက်စ်ဟမ်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် အပြီး ယူနိုက်တက် နည်းပြ ဟောင်း ဟိုဆေး မော်ရင်ဟို ကလည်း အင်္ဂလန် လက်ရွေးစင် ရဲ့ ဂိုးသွင်း နှုန်း အပေါ် သံသယ ဝင်နေ ခဲ့ ပါတယ် ။

” သူ ( ရပ်ရှ်ဖို့ ) ဟာ ဘယ်တုန်း ကမှ နံပါတ် 9 ကစားသမား တစ်ယောက် မဟုတ် ခဲ့ဘူး ဆိုတဲ့ စကား မျိုး ကျွန်တော် ပြောကြား သွားမှာ တော့ မဟုတ် ပါဘူး ။ အကယ်လို့ ပြိုင်ဖက် အသင်း သားတွေသာ လက်တွေ့ ဆန်တဲ့ သူတွေ မဟုတ် ကြဘူး ၊ နေရာ လွတ်တွေ ပေးကြ မယ် ဆိုရင် ရပ်ရှ်ဖို့ ဟာ အကူး အပြောင်း နေရာ တွေ ကစား ရာမှာ အရမ်း အန္တရာယ် ပေးနိုင် တဲ့ နံပါတ် 9 တစ်ဦး ဖြစ်လာ နိုင်ပါတယ် ”

” ဒါပေမယ့် အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဆိုတာ ပြိုင်ဖက် တွေက သာမန် အတိုင်း အိုးလ် ထရပ်ဖို့ဒ် ဆီ လာပြီး ဘက်စ် တစ်ထပ် ပိတ် ကစား ၊ ဘက်စ် နှစ်ထပ် ပိတ် ကစား ခံနေ ရတဲ့ အသင်း ပါ ။ အဲ့ဒီလို ပိတ်ဆော့ တဲ့ အသင်း မျိုးနဲ့ ရင်ဆိုင် ရခြင်း က သူဟာ ဂိုးပေါက် ကို ခြိမ်းခြောက် နိုင်ခြင်း မရှိ တဲ့ ကစားသမား ဖြစ်သွား တက် ပါတယ် ”

” သူဟာ အဆုံးသတ် ပိုင်နိုင် သေချာ လွန်းတဲ့ အထောင် တိုက်စစ် ကစားသမား တစ်ဦး တော့ မဟုတ် ပါဘူး ။ သူဟာ ပုံမှန် တိုက်စစ်မှူး တွေလို ဂိုးတွေ များစွာ သွင်းယူ နိုင်တဲ့ သူလည်း မဟုတ် ပါဘူး ။ ဒါ့ကြောင့် သူ့ရဲ့ အနေအထား အရ ဆိုရင် ခင်ဗျား ဟာ သူ့ ဆီက တစ် ရာသီ 10 – 12 လောက်ပဲ မျှော်လင့် ထားသင့် ပါတယ် ”

” သူဟာ ပရော်ဖက်ရှင်နယ် ကစားသမား တစ်ဦး ပါ ။ သူဟာ အသင်း အတွက် အလုပ် ကြိုးစား သူ ဖြစ် သလို ခံစစ် ကစားပုံ အမြင် ကနေ ခင်ဗျား သူ့ကို ဘာတွေ လုပ်စေ ချင် သလဲ ၊ ဘာတွေ လုပ်ဆောင် ရမလဲ ဆိုတာ ကို သူဟာ ကောင်းကောင်း သိရှိ နားလည် တက်သူ ပဲ ဖြစ် ပါတယ် ”

” သူဟာ တောင်ပံ တိုက်စစ် ကစား တဲ့ အခါ မှာ တစ်ကယ့် ကို ကောင်းမွန် တဲ့သူ တစ်ဦး ပါပဲ ။ နံပါတ် 9 ကစားသမား ထက်တောင် တစ်ခါတလေ ပိုကောင်း နေတက် ပါတယ် ။ ဒါပေမယ့် ပြသနာ က သူ့ကိုယ် သူ နံပါတ် 9 လို့ ခံစား နေရ ပြီး အသင်း နဲ့ မန်နေဂျာ ကလည်း သူ့ကို နံပါတ် 9 အဖြစ် မြင်နေ ကြခြင်း ပါပဲ ” လို့ မော်ရင်ဟို က ပြောကြား ခဲ့ရာ ရွိုင်ကိန်း က အဆိုပါ မှတ်ချက် ပေးမှု အပေါ် …

Roy-Keane-Sky-Sports

” ရပ်ရှ်ဖို့ နဲ့ ပတ်သက် လို့ ပြောတာ တွေကို သဘောတူ ပါတယ် ။ သူ့ အပေါ် မှာ အပါတ်စဉ် မှီခို နေလို့ မရ နိုင် ပါဘူး ။ သူဟာ အဲ့ဒီလို တိုက်စစ် ကစားသမား မျိုး မဟုတ် ပါဘူး ။ သူဟာ အဲ့ဒီ လို ရုပ်ပိုင်း ဆိုင်ရာ ကိုလည်း မပိုင်ဆိုင် ထား ပါဘူး ” လို့ ရွိုင်ကိန်း က ထောက်ခံ စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar