kloop
guordiola
SM
Unicode
မန်​စီးတီးတို့ ဝက်​ဖို့ဒ်​ ကို ၈ ဂိုးပြတ်​နဲ့ ​ချေမှုန်​းခဲ့တဲ့ အ​ပေါ် ယာဂန်​က​လော့ ဘယ်​လို မှတ်​ချက်​​ပေး သွားခဲ့သလဲ..
ချန်​ပီယံ မန်​ချက်​စတာစီးတီး အသင်​းဟာ ပြီးခဲ့တဲ့ တစ်​ပတ်​က ​နော့ဝှစ်​ကို အ​ဝေးကွင်​းမှာ အံ့အားသင်​့ဖွယ်​ ရှုံးနိမ်​့ခဲ့မှုကို အ​ကောင်​းဆုံး ပုံစံနဲ့ ပြန်​လည်​ ရုန်​းထွက်​ပြီး စ​နေ​နေ့က ဝက်​ဖို့ဒ်​ကို အီတီဟတ်​မှာ ၈ ဂိုးပြတ်​ ​ချေမှုန်​း ခဲ့ပါတယ်​။ လီ​ဗာပူး အသင်​းကလည်​း မ​နေ့ညက စတန်​းဖို့ဒ်​ဘရစ်​ချ်​မှာ ချဲလ်​ဆီးကို ၂ ဂိုး ၁ဂိုးနဲ့ အနိုင်​ယူကာ ၁၅ ပွဲဆက်​ ပရီးမီးယားလိဂ် နိုင်​ပွဲနဲ့အတူ ပြန်​လည်​ တုန်​့ပြန်​ ခဲ့ပြီး မန်​စီးတီး ကို ငါးမှတ်​ ပြန်​ဖြတ်​ကာ အမှတ်​​ပေးဇယားထိပ်​မှာ ဦး​ဆောင်​ ​နေပါတယ်​ ။
လီ​ဗာပူး နည်​းပြက “ကျွန်​​တော်​ သူတို့ရဲ့ သွင်​းဂိုး​တွေကို ကြည်​့ချင်​ ခဲ့ပါတယ်​။ ကျွန်​​တော်​ ​လေ့ကျင်​့​ရေးကွင်​း က​နေ ထွက်​လာခဲ့ ပြီး​နောက်​ ၂မိနစ်​ ၅၀ စက္ကန်​့​လောက်​ပဲ ကြည်​့လိုက်​ ရပါတယ်​ ။ သွင်​းဂိုး ရှစ်​ဂိုး ဘားတန်​းထိတာ ၂ကြိမ်​ ပါ။ ကျွန်​​တော်​ ဒီပွဲ အ​ကြောင်​း အပြည်​့အဝ နားလည်​ဖို့ အတွက်​ တစ်​ပွဲလုံး ပြန်​ကြည်​့ဖို့ လိုပါတယ်​။
ဝက်​ဖို့ဒ်​အတွက်​ က​တော့ ဒါဟာ ခက်​ခဲတဲ့ ​နေ့တစ်​​နေ့​ပါ။ ပြိုင်​ဘက်​ က စီးတီးသာ ဆိုရင်​ ကမ္ဘာ​ပေါ်မှာ ဘယ်​အသင်​း မဆို ဒီလိုပုံစံ ဖြစ်​နိုင်​ပါတယ်​။ ကျွန်​​တော်​တို့လည်​း လွန်​ခဲ့တဲ့ ၂၀၁၇ ခုနှစ်​က ဒီလို အ​ခြေအ​နေမျိုး ကြံု​တွေ့ ခဲ့ရပြီး မန်​စီးတီး ကို ၅ ဂိုးပြတ်​နဲ့ ရှံုးနိမ်​့ ခဲ့တယ်​လို့ ကျွန်​​တော်​ ထင်​ပါတယ်​။ ကိုယ်​့ဘက်​က ၁၀ ​ယောက်​တည်​းနဲ့ ကစား ရတဲ့ အခါ အဆိုးဆုံး ​နေရာဟာ မန်​ချက်​စတာစီးတီး ကွင်​းပဲ ဖြစ်​ပါတယ်​။ ဒါ​ပေမယ်​့ အဲဒီည က​တော့ ကျွန်​​တော်​ ​ကောင်​း​ကောင်​း အိပ်​​ပျော်​ ခဲ့ပါတယ်​။” လို့ ဆိုသွားပါတယ်​။
ဒီရာသီ ပရီးမီးယားလိဂ် title race ကလည်​း ပြီးခဲ့တဲ့ ရာသီ ကလိုပဲ လီ​ဗာပူး နဲ့ မန်​စီးတီး နှစ်​သင်​းသာ အဓိက အားပြိုင်​ သွားရမယ်​လို့ လူ​တော်​​တော်​များများ ယူဆ ထားခဲ့ ကြပါတယ်​။ မန်​စီးတီး နဲ့ လီ​ဗာပူး ဟာ ပြီးခဲ့တဲ့ ရာသီက ချန်​ပီယံဆု အတွက်​ ​နောက်​ဆုံး ပွဲစဉ်​ ၃၈ အထိ အဆုံးအဖြတ်​ ခံယူ ခဲ့ရပြီး ​နောက်​ဆုံး မှာ​တော့ ပက်​ဂွာဒီယိုလာရဲ့ အသင်​းဟာ ရမှတ်​ ၉၈ မှတ်​နဲ့ ယာဂန်​က​လော့ရဲ့ အသင်​းထက်​ တစ်​မှတ်​ အသာရကာ ​ဗိုလ်​စွဲ ခဲ့ပါတယ်​။
ယာဂန်​က​လော့ က “ပွဲမတိုင်​မီ ကတည်းက ထိပ်​ဆုံး ​နေရာအတွက်​ စီးတီးရဲ့
စိန်​​ခေါ်မှုကို ကျွန်​​တော်​တို့ သိပါတယ်​။ ကျွန်​​တော်​ အရင်​က ​ပြောခဲ့ဖူးသလိုပဲ သူတို့ဟာ ကမ္ဘာ့​အ​ကောင်​းဆုံး အသင်​းပါ။ ကျွန်​​တော်​ ဒီထက်​ ဘာ​ပြော နိုင်​မှာလဲ? ကျွန်​​တော်​ ပက်​ဂွာဒီယိုလာ အ​ပေါ် ဖိအား မ​ပေးချင်​ပါဘူး။ ဘယ်​လို လုပ်​လို့ ရမှာလဲ? သူတို့ဟာ အ​ကောင်​းဆုံး အချိန်​​တွေ ရှိခဲ့ပါတယ်​။ ကျွန်​​တော်​တို့လည်​း သိက်​မဆိုးပါဘူး။ ဒါ​ပေမယ်​့ ဒီလို ​ဘောလုံး ကစားပုံ က​တော့ ကမ္ဘာ​ပေါ်မှာ အသင်​း​တော်​​တော်​များများ သူတို့လို မကစား နိုင်​ပါဘူး။ ကျွန်​​တော်​တို့ ကလည်​း ကိုယ်​့ပုံစံနဲ့ ကိုယ်​ ကစားပြီး နိုင်​ပွဲ​တွေ ရယူဖို့ ကြိုးစား ရပါတယ်​ ။ အကယ်​၍ အခြား အသင်​းတစ်​သင်​းဟာ ကျွန်​​တော်​တို့ထက်​ ပို​ကောင်​း​နေတယ်​ ဆိုရင်​ သူတို့နဲ့ ရင်​​ဆိုင်​ရာမှာ ကျွန်​​တော်​တို့ အနည်​းဆုံး​တော့ သက်​​တောင်​့သက်​သာ မကစား နိုင်​​အောင်​ လုပ်​သွားမှာပါ။
​နောက်​ဆုံး မှာ​တော့ အမှတ်​ရဖို့ပဲ ကြိုးစား ကြတာပါပဲ။ ဒါဟာ ကျွန်​​တော်​တို့ ကြိုးစား ​နေတဲ့ အရာပါ။ နည်​းစနစ်​ပိုင်​းတို့ ဘာတို့ ပြိုင်​ဆိုင်​တယ်​ ဆိုတာ မရှိပါဘူး။ အားလုံးဟာ ရမှတ်​​တွေ အတွက်​ပါပဲ။ ကျွန်​​တော်​က​တော့ အမှတ်​​ပေးဖလား အတွက်​ ၂သင်​းသာ အဓိက ပြိုင်​ဆိုင်​ သွားရလိမ်​့မယ်​လို့ အခုထိ မမြင်​ ​သေးပါဘူး။ ဒီအချိန်​မှာ ကျွန်​​တော်​တို့ ဒါကို ​တွေးလို့ မ​ရ​​သေးပါဘူး။ ပွဲစဉ်​ ၆ ပဲ ရှိပါ​သေးတယ်​။ ချန်​ပီယံဆု အ​ကြောင်​း ​ပြောဖို့ ၃၂ပွဲ​တောင်​ ကျန်​​နေ ပါ​သေးတယ်​။ ဒါဟာ အရမ်​း ​စော​နေ ​သေးတယ်​လို့ ကျွန်​​တော်​ ​ပြောချင်​ပါတယ်​။” လို့ ဆိုသွားပါတယ်​။
SM