xhaka

တနဂၤေႏြေန႔မွာ ကစားခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ မွာ အာဆင္နယ္ အသင္းက အက္စတြန္ဗီလာ အသင္းကို ၃-၂ ဂိုးနဲ႔ အႏိုင္ရခဲ႔ပါတယ္။ဒီပြဲမွာ အာဆင္နယ္အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ႔တဲ႕ ကြင္းလယ္ကစားသမားရွာကာ ကေတာ့ ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ေအာ္ဟစ္ မွဳေတြကိုခံခဲ႔ရပါတယ္။

xhaka

အာဆင္နယ္ အသင္းဟာ ေနာက္ဆံုးပရီးမီးယားလိဂ္ ၃ပြဲဆက္ ႏိုင္ပြဲေပ်ာက္ထားခဲ႔တာ ျဖစ္ျပီးအခုပြဲမွာ လည္း တန္းတက္ အက္စတြန္ဗီလာ အသင္း ရဲ႕ဦးေဆာင္ဂိုးေျကာင့္ ရုန္းကန္ခဲ႔ရေသးတာျဖစ္ပါတယ္။ဒါ့အျပင္ ခံစစ္အစြန္ ကစားသမား မိတ္လန္းႏိုင္းစ္ပါ ထုတ္ပယ္ခံခဲ႔ရလို႕ ရွံုးပြဲတပြဲကိုေတာင္ဦးတည္ခဲ႔ရေသးတာျဖစ္ပါတယ္။

ဒါေပမယ့္ လည္း ဒုတိယပိုင္းစတင္ျပီး မျကာခင္မွာ ရခဲ႔တဲ႔ ပင္နယ္တီကေန ပီပီက ေခ်ပေပးခဲ႔လို႕ အာဆင္နယ္အသင္းေခ်ပဂိုးျပန္ရခဲ႕ပါတယ္။ခ်က္ခ်င္းဆ်ုသလိုပဲ ဝက္စ္ေလက အက္စတြန္ဗီလာ အသင္းအတြက္ ဦးေဆာင္ထပ္သြင္းခဲ႔လို႕ ေနာက္ကေန ထပ္ျပီး လိုက္ကစားခဲ႕ရျပန္ပါတယ္။

ဒါေပမယ့္ ဝီေလာ့ခ္၊ ေတာ္ရဲယား တို႔ဝင္ေရာက္လာအျပီးမွာ ကစားပံုေကာင္းသြားခဲ႔တဲ႔ အာဆင္နယ္ အသင္း ပြဲခ်ိန္ မိနစ္ ၈၀ အေက်ာ္မွာ ခ်န္ဘာ၊ အူဘာမီယန္ တို႔ရဲ႕ သြင္းဂိုး၂ဂိုးဆက္တိုက္ရခဲ႔လို႕ အဖိုးတန္၃မွတ္ရရွိသြားခဲ႔တာျဖစိပါတယ္။

ဒီပြဲမွာ ဝီေလာ့ခ္နဲ႔ လူစားလဲဖို႔ ကြင္းအတြင္း ကေန ထြက္လာခဲ႔တဲ႔ ရွာကာ ကို အာဆင္နယ္ပရိသတ္ေတြက ဆူဆူပူပူနဲ႔ ေလွာင္ေျပာင္သြားခဲ႔ျပီး ဒီဆြစ္ဇာလန္သားရဲ႕ ေျခစြမ္းက်ဆင္းေနမွဳကို ေအာ္ဟစ္ေဝဖန္ခဲ႔ျကပါတယ္။ဒါေပမယ့္ နည္းျပ အမ္မရီကေတာ့ သူ႔ရဲ႕ အစီအစဥ္ေတြထဲမွာ ရွာကာက အေတာ္ေလး အေရးပါေနဦးမွာျဖစ္တယ္လို႔ ေျပာဆိုသြားခဲ႔ပါတယ္။

ပြဲအျပီး မီဒီယာ ေတြ႔ဆံု ပြဲမွာ အမ္မရီက – ” အသင္းမွာ ရွိတဲ႔ ကစားသမား တိုင္းကို အားေပးျပီး အေထာက္အကူျဖစ္ေစဖို႔ ပရိသတ္ေတြကို က်ြန္ေတာ္တို႔ လိုအပ္ပါတယ္။ရွာကာဟာျကာသပေတးေန႔က ပြဲမွာ အေတာ္ေကာင္းေကာင္းကစားသြားႏိုင္ခဲ႔သလို ဝက္ဖို႕ဒ္နဲ႕ ပြဲစဥ္တုန္းကလည္းအတူတူပဲျဖစ္ပါတယ္။

ဒီေန႔ ပြဲမွာသူ႕ကို လူစားလဲခဲ႔တယ္ဆိုတာကလည္း ျကားရက္အတြင္းမွာသူ ပြဲခ်ိန္ ုပည့္ ကစားထားခဲ႔ ရလို႕ ျဖစ္ပါတယ္။က်ြန္ေတာ္ဟာ အနားရထားျပီး လန္းဆန္းေနတဲ့ ကစားသမားေတြကို ထည့္သြင္းခ်င္ခဲ႔တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ရွာကာ ဟာက်ြန္ေတာ္တို႔ အတြက္ အရမ္းအေရး ပါတဲ႕ ကစားသမားတဦး ျဖစ္ပါတယ္။ သူဟာ အသင္းအတြက္ တာဝန္ေက်ပြန္တဲ႕ ကစားသမားတဦးျဖစ္ျပီး တိုးတက္ေနတဲ႔ ကစားသမားလည္းျဖစ္ပါတယ္။သူ႔ကို အားေပးေထာက္ခံဖို႔ လူေတြကို က်ြန္ေတာ္ေတာင္းဆိုတာေတာ့ မဟုတ္ပါဘူး။

ဒါေပမယ့္ လည္း ပရိသတ္ေတြက သာသူ႔ကို အားေပးျကမယ္ ဆိုရင္သူဟာ သူ႔ရဲ႕ အေကာင္းဆံုး ပံုစံနဲ႔ အေကာင္းဆံုးအရာေတြကို ရရွိသြားမယ္ဆိုတာ က်ြန္ေတာ္က်ိန္းေသ ေျပာရဲပါတယ္။က်ြန္ေတာ္တို႔ဟာ ပေရာဖက္ရွင္နယ္ေတြျဖစ္ျပီး ရွာကာကလည္းအေတြ႔အျကံဳရွိတဲ႔ ကစားသမားျဖစ္ပါတယ္။

တခါတေလမွာ ေဝဖန္ျပစ္တင္မွဳေတြကိုက်ြန္ေတာ္တို႔ ခံရႏိုင္တယ္ဆိုတာကို လည္း နားလည္ပါတယ္။ဒါေပမယ့္ ရင့္က်က္မွဳ လိုျပီး ကိုယ့္အလုပ္ကိုယ္ ဆက္လုပ္ေနဖို႔ လိုပါတယ္။သူဟာက်ြန္ေတာ့္အတြက္အရမ္းအေရးပါတဲ႕ ကစားသမားတဦးျဖစ္ပါတယ္။

ဒါေျကာင့္လည္းသူ႔ကို အားေပးကူညီေပးသြားရပါလိမ့္မယ္။သူဘယ္အခ်ိန္မွာ ပါဝင္ ကစားျပီး ဘယ္အခ်ိန္ မွာ မကစားရဘူးဆိုတာကို လည္းဆံုးျဖတ္ေပးမွာျဖစ္ပါတယ္။သူရဲ႕ တာဝန္ေက်ပြန္မွဳနဲ႔ အျပဳအမူေတြဟာ ျကီးက်ယ္ေကာင္းမြန္တာေျကာင့္အသင္းအတြက္အေရးပါတဲ႔ ကစားသမားေကာင္းတဦးျဖစ္ပါတယ္ “လို႕ေျပာသြားခဲ႔တာျဖစ္ပါတယ္။

ေနာက္ပိုင္းပြဲစဥ္ေတြမွာ အာဆင္နယ္အသင္းကြင္းလယ္ရဲ႕ အဓိက ကစားသမားတဦးအျဖစ္ရွိလာေနျပီး အခုပြဲစဥ္မွာလည္း အေကာင္းဆံုး ျကုိးစားသြားခဲ႔တဲ႔ ဂြမ္ဒူဇီအေပၚ အမ္မရီက- ” သူဟာပြဲေတြ မွာ ပါဝင္ခြင့္မရရင္ စိတ္ဆိုးေဒါသထြက္တတ္တဲ႕ ကစားသမားတဦး ျဖစ္ပါတယ္။

ဒါေပမယ့္ က်ြန္ေတာ္ကဒါကိုျကိုက္ပါတယ္။သူတို႔လုိ ကစားသမားေတြဟာ ပါဝင္ခြင့္သာရမယ္ဆိုရင္ လိုခ်င္တာကို ေပးစြမ္းလိမ့္မယ္ဆိုတာကိုသိလို႕ျဖစ္ပါတယ္။သူနဲ႔ ပတ္သက္ျပီးက်ြန္ေတာ္အေလာတျကီးျဖစ္မေနပါဘူး။သူဟာ အမိန္႔ နာခံျပီး လိုက္နာတတ္ပါတယ္။တိုးတက္ေကာင္းမြန္လာေနတဲ႔ကစားသမားျဖစ္ျပီး က်ြန္ေတာ္တို႔ အသင္းနဲ႔ အတူျကီးျပင္းေနသူျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

SPORT MYANMAR

Unicode

ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်မှုကို ခံနေခဲ့ရတဲ့ ရှာကာ ဟာ အာဆင်နယ်အတွက် ဘယ်လောက်အထိအရေးပါ တယ်ဆိုတာပြောပြလိုက်တဲ့ #အမ်မရီ
===================================

တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မှာ အာဆင်နယ် အသင်းက အက်စတွန်ဗီလာ အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒီပွဲမှာ အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ကွင်းလယ်ကစားသမားရှာကာ ကတော့ ပရိသတ်တွေရဲ့ လှောင်ပြောင်အော်ဟစ် မှုတွေကိုခံခဲ့ရပါတယ်။

အာဆင်နယ် အသင်းဟာ နောက်ဆုံးပရီးမီးယားလိဂ် ၃ပွဲဆက် နိုင်ပွဲပျောက်ထားခဲ့တာ ဖြစ်ပြီးအခုပွဲမှာ လည်း တန်းတက် အက်စတွန်ဗီလာ အသင်း ရဲ့ဦးဆောင်ဂိုးကြောင့် ရုန်းကန်ခဲ့ရသေးတာဖြစ်ပါတယ်။ဒါ့အပြင် ခံစစ်အစွန် ကစားသမား မိတ်လန်းနိုင်းစ်ပါ ထုတ်ပယ်ခံခဲ့ရလို့ ရှုံးပွဲတပွဲကိုတောင်ဦးတည်ခဲ့ရသေးတာဖြစ်ပါတယ်။

ဒါပေမယ့် လည်း ဒုတိယပိုင်းစတင်ပြီး မကြာခင်မှာ ရခဲ့တဲ့ ပင်နယ်တီကနေ ပီပီက ချေပပေးခဲ့လို့ အာဆင်နယ်အသင်းချေပဂိုးပြန်ရခဲ့ပါတယ်။ချက်ချင်းဆျုသလိုပဲ ဝက်စ်လေက အက်စတွန်ဗီလာ အသင်းအတွက် ဦးဆောင်ထပ်သွင်းခဲ့လို့ နောက်ကနေ ထပ်ပြီး လိုက်ကစားခဲ့ရပြန်ပါတယ်။

ဒါပေမယ့် ဝီလော့ခ်၊ တော်ရဲယား တို့ဝင်ရောက်လာအပြီးမှာ ကစားပုံကောင်းသွားခဲ့တဲ့ အာဆင်နယ် အသင်း ပွဲချိန် မိနစ် ၈၀ အကျော်မှာ ချန်ဘာ၊ အူဘာမီယန် တို့ရဲ့ သွင်းဂိုး၂ဂိုးဆက်တိုက်ရခဲ့လို့ အဖိုးတန်၃မှတ်ရရှိသွားခဲ့တာဖြစိပါတယ်။

ဒီပွဲမှာ ဝီလော့ခ်နဲ့ လူစားလဲဖို့ ကွင်းအတွင်း ကနေ ထွက်လာခဲ့တဲ့ ရှာကာ ကို အာဆင်နယ်ပရိသတ်တွေက ဆူဆူပူပူနဲ့ လှောင်ပြောင်သွားခဲ့ပြီး ဒီဆွစ်ဇာလန်သားရဲ့ ခြေစွမ်းကျဆင်းနေမှုကို အော်ဟစ်ဝေဖန်ခဲ့ကြပါတယ်။ဒါပေမယ့် နည်းပြ အမ်မရီကတော့ သူ့ရဲ့ အစီအစဉ်တွေထဲမှာ ရှာကာက အတော်လေး အရေးပါနေဦးမှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ပွဲအပြီး မီဒီယာ တွေ့ဆုံ ပွဲမှာ အမ်မရီက – ” အသင်းမှာ ရှိတဲ့ ကစားသမား တိုင်းကို အားပေးပြီး အထောက်အကူဖြစ်စေဖို့ ပရိသတ်တွေကို ကျွန်တော်တို့ လိုအပ်ပါတယ်။ရှာကာဟာကြာသပတေးနေ့က ပွဲမှာ အတော်ကောင်းကောင်းကစားသွားနိုင်ခဲ့သလို ဝက်ဖို့ဒ်နဲ့ ပွဲစဉ်တုန်းကလည်းအတူတူပဲဖြစ်ပါတယ်။

ဒီနေ့ ပွဲမှာသူ့ကို လူစားလဲခဲ့တယ်ဆိုတာကလည်း ကြားရက်အတွင်းမှာသူ ပွဲချိန် ုပည့် ကစားထားခဲ့ ရလို့ ဖြစ်ပါတယ်။ကျွန်တော်ဟာ အနားရထားပြီး လန်းဆန်းနေတဲ့ ကစားသမားတွေကို ထည့်သွင်းချင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ရှာကာ ဟာကျွန်တော်တို့ အတွက် အရမ်းအရေး ပါတဲ့ ကစားသမားတဦး ဖြစ်ပါတယ်။ သူဟာ အသင်းအတွက် တာဝန်ကျေပွန်တဲ့ ကစားသမားတဦးဖြစ်ပြီး တိုးတက်နေတဲ့ ကစားသမားလည်းဖြစ်ပါတယ်။သူ့ကို အားပေးထောက်ခံဖို့ လူတွေကို ကျွန်တော်တောင်းဆိုတာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် လည်း ပရိသတ်တွေက သာသူ့ကို အားပေးကြမယ် ဆိုရင်သူဟာ သူ့ရဲ့ အကောင်းဆုံး ပုံစံနဲ့ အကောင်းဆုံးအရာတွေကို ရရှိသွားမယ်ဆိုတာ ကျွန်တော်ကျိန်းသေ ပြောရဲပါတယ်။ကျွန်တော်တို့ဟာ ပရောဖက်ရှင်နယ်တွေဖြစ်ပြီး ရှာကာကလည်းအတွေ့အကြံုရှိတဲ့ ကစားသမားဖြစ်ပါတယ်။

တခါတလေမှာ ဝေဖန်ပြစ်တင်မှုတွေကိုကျွန်တော်တို့ ခံရနိုင်တယ်ဆိုတာကို လည်း နားလည်ပါတယ်။ဒါပေမယ့် ရင့်ကျက်မှု လိုပြီး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေဖို့ လိုပါတယ်။သူဟာကျွန်တော့်အတွက်အရမ်းအရေးပါတဲ့ ကစားသမားတဦးဖြစ်ပါတယ်။

ဒါကြောင့်လည်းသူ့ကို အားပေးကူညီပေးသွားရပါလိမ့်မယ်။သူဘယ်အချိန်မှာ ပါဝင် ကစားပြီး ဘယ်အချိန် မှာ မကစားရဘူးဆိုတာကို လည်းဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။သူရဲ့ တာဝန်ကျေပွန်မှုနဲ့ အပြုအမူတွေဟာ ကြီးကျယ်ကောင်းမွန်တာကြောင့်အသင်းအတွက်အရေးပါတဲ့ ကစားသမားကောင်းတဦးဖြစ်ပါတယ် “လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းပွဲစဉ်တွေမှာ အာဆင်နယ်အသင်းကွင်းလယ်ရဲ့ အဓိက ကစားသမားတဦးအဖြစ်ရှိလာနေပြီး အခုပွဲစဉ်မှာလည်း အကောင်းဆုံး ကြိုးစားသွားခဲ့တဲ့ ဂွမ်ဒူဇီအပေါ် အမ်မရီက- ” သူဟာပွဲတွေ မှာ ပါဝင်ခွင့်မရရင် စိတ်ဆိုးဒေါသထွက်တတ်တဲ့ ကစားသမားတဦး ဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်တော်ကဒါကိုကြိုက်ပါတယ်။သူတို့လို ကစားသမားတွေဟာ ပါဝင်ခွင့်သာရမယ်ဆိုရင် လိုချင်တာကို ပေးစွမ်းလိမ့်မယ်ဆိုတာကိုသိလို့ဖြစ်ပါတယ်။သူနဲ့ ပတ်သက်ပြီးကျွန်တော်အလောတကြီးဖြစ်မနေပါဘူး။သူဟာ အမိန့် နာခံပြီး လိုက်နာတတ်ပါတယ်။တိုးတက်ကောင်းမွန်လာနေတဲ့ကစားသမားဖြစ်ပြီး ကျွန်တော်တို့ အသင်းနဲ့ အတူကြီးပြင်းနေသူဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

SPORT MYANMAR