man Utd

လီဗာပူး အသင္း ရဲ့ ကစားသမား ေဟာင္း ျဖစ္သူ ဂေရမီ ေဆာင္းနက္စ္ က ပရီးမီးယား လိဂ္ ျပိဳင္ပြဲ စတင္ ကတည္းက အဆုိးရြားဆံုး မန္ခ်က္စတာ ယူနိုက္တက္ အသင္း လို႔ ေခါင္းစဥ္ တပ္ရင္း ျပဳိင္ဖက္ အသင္း ေဟာင္းကို လူသိ ရွင္းၾကား ရွဳတ္ခ် သြားခဲ့ လိုက္ ပါတယ္ ။

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ မေန့ ညက လန္ဒန္ ကြင္းမွာ ဝက္စ္ဟမ္း အသင္း နဲ့ ရင္ဆုိင္ ကစား ခဲ့ ရျပီး ယာမိုလန္ကို ၊ ခရက္စ္ဝဲလ္ တုိ့ရဲ့ သြင္းဂုိး ေတြနဲ့ အတူ 2 – 0 ဆုိတဲ့ ရလဒ္ နဲ့ စိတ္ပ်က္ဖြယ္ ရွံဳးနိမ့္ သြားခဲ့ ရ ပါတယ္ ။

အခုေတာ့ ယူနုိက္တက္ အသင္း ဟာ ပရီးမီးယား လိဂ္ ပြဲစဥ္ 6 ပြဲ ကစား ျပီးတဲ့ အခ်ိန္ 2 ပြဲနုိင္ ၊ 2 ပြဲ သေရ ၊ 2 ပြဲ ရွံဳး ရလဒ္ ၊ ရဂိုး 8 ဂိုး ၊ ေပးဂိုး 6 ဂိုး နဲ့ အတူ ရမွတ္ 8 မွတ္သာ ရွာေဖြ နုိင္ခဲ့ တာေၾကာင့္ အမွတ္ေပး ဇယား အဆင့္ 6 ေနရာ မွာသာ ရပ္တည္ နုိင္ခဲ့ ပါတယ္ ။

အခုေတာ့ ဂေရမီ ေဆာင္းနက္စ္ ကလည္း ယူနုိက္တက္ အသင္း ဟာ ဆာ အဲလပ္စ္ မရွိ ေတာ့တဲ့ ေနာက္ ရလဒ္ ဆိုးရြား ခဲ့ ေပမယ့္ လက္ရွိ အသင္း က အားလံုး နဲ့ ယွဥ္ၾကည့္ ရင္ အဆုုိးရြားဆံုး အစုအဖြဲ့ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ပရီးမီးယား လိဂ္ ျပိဳင္ပြဲ စတင္ ကတည္းက က်ြန္ေတာ္ တုိ့ ျမင္ေတြ့ ခဲ့ ၾကတဲ့ မန္ခ်က္စတာ ယူနုိက္တက္ အသင္းေတြ ထဲမွာ လက္ရွိ အသင္း က တစ္ကယ့္ ကို အဆုိးရြား ဆံုး အစု အဖြဲ့ တစ္ခု ပါပဲ ”

” လက္ရွိ မန္ခ်က္စတာ ယူနုိက္တက္ အသင္း က တစ္ကယ့္ ကို ဆုိးရြား လွတဲ့ အခက္အခဲ ေတြၾကား ေရာက္ရွိ ေန သလို ပါပဲ ။ ဒီ ျပသနာ က ဟိုေဆး မသြားခင္ ၊ ဖာဂီ အနားယူ ခဲ့တဲ့ အခ်ိန္ ကတည္းက ကာလ ၾကာရွည္စြာ ရွိေန ခဲ့ရ ပါတယ္ ”

” က်ြန္ေတာ္ မန္ေနဂ်ာ ေတြကို အျပစ္တင္ ေနတာ မဟုတ္ ပါဘူး ။ သူတုိ႔ ေဘာလံုး နဲ့ ပတ္သက္ လို့ ခ်မွတ္ ေန ၾကတဲ့ ဆံုးျဖတ္ခ်က္ ေတြ အေၾကာင္း ေျပာခ်င္တာ ပါ ။ သူတုိ႔ ေတြက တစ္ကယ့္ ကို စိတ္ပ်က္ဖြယ္ ေကာင္းတဲ့ ဆံုးျဖတ္ခ်က္ ေတြကို ခ်မွတ္ ခဲ့ၾက ပါတယ္ ”

” ပထမဂိုး ေပးလိုက္ ရတဲ့ အခ်ိန္ မွာ ယူနုိက္တက္ ကြင္းလယ္ ကစားသမား ေတြနဲ့ ခံစစ္ ကစားသမား ေတြက သူတုိ႔ ေနရာ ယူ မွန္ခဲ့တယ္ ၊ ငါတို႔ အလုပ္ ကို လုပ္နုိင္ ခဲ့ၾကတယ္ လို့ ေတြးေတာ ေနၾက ပံု ပါပဲ ”

” နုိဘယ္ ေဘာလံုး လက္ခံ ရရွိ သြားတယ္ ၊ ဒါဆို သူ့ဆီ ကို သြား ၊ ေျပးလမ္း ေတြကို ပိတ္ဆုိ႔ ျပီး ေရွ့ဆက္ မတက္ နုိင္ေအာင္ ဖိအား ေတြ ေပးၾက ရမယ္ ေလ ။ သူ ေဘာလံုး ျဖတ္တင္ လို့ မရ နုိင္ေအာင္ ၾကိဳးစား ရမယ္ ေလ ။ အခုေတာ့ ျပိဳင္ဖက္ က အခြင့္အေရး ရရွိ သြားခဲ့ ပါတယ္ ”

” အကယ္လို႔ အသင္း ရဲ့ ဧရိယာ အစပ္ နားမွာ ရွိေန တဲ့ ခံစစ္ ကစားသမား တစ္ဦး တစ္ေယာက္ အေန နဲ့ ျပိဳင္ဖက္ ရွိ ေနတဲ့ ေနရာ ဆီ သြားျပီး ရင္ဆုိင္ ေတြ့လိုက္ မယ္ ဆုိရင္ သူ့ အတြက္ လည္း ေဘာလံုး ေပး ပို့ရ ပိုျပီး ခက္ခဲ သြားမွာ ပါ ”

” ျပီးေတာ့ ယာမိုလန္ကို ရဲ့ ကန္ခ်က္ ကလည္း သြား စရာ ေနရာ တစ္ခု ပဲ ရွိ ပါတယ္ ။ ဂိုး သမာ ရဲ့ ညာဖက္ အျခမ္း ေပါ့ ။ ဒါဟာ ခက္ခဲ တဲ့ အရာ တစ္ခု ျဖစ္ေပမယ့္ ဂိုး သမား အေန နဲ့ ျပိဳင္ဖက္ ရဲ့ ခႏၶာကုိယ္ လွဳပ္ရွားမွဳ ေတြကို ေစာင့္ၾကည့္ ေလ့လာ ေနရမွာ ပါ ။ ျပီးေတာ့ ဘယ္ဆီ ကန္မလဲ ဆုိတာ ၾကိဳတင္ ခန့္မွန္း ရ ပါ့မယ္ ”

Graeme Souness

” ဒီပြဲ မွာေတာ့ ယူနုိက္တက္ ဟာ ျပိဳင္ဖက္ အသင္း ျပဳသမ်ွ နုေန ခဲ့ရ ပါတယ္ ။ သူတုိ့ အသင္း မွာ လံုေလာက္ တဲ့ ကစား အား မရွိ ခဲ့ သလို ကြင္းလယ္ ဟာလည္း ခြန္အား ကင္းမဲ့ ေနခဲ့ ပါတယ္ ။ ရပ္ရွ္ဖို႔ ဟာလည္ ဒဏ္ရာ ရသြား ပါျပီ ။ ဒါဟာ သူတုိ့ အတြက္ စုိးရိမ္ စရာ အေန အထား တစ္ခု ပါပဲ ” လို့ ေဆာင္းနက္စ္ က ဆုိသြား ခဲ့လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

မန်ချက်စတာ ယူနိုက်တက် အသင်း အပေါ် အကြီးအကျယ် ဝေဖန် ထိုးနှက် လိုက်တဲ့ လီဗာပူး ကစားသမား ဟောင်း

==================

လီဗာပူး အသင်း ရဲ့ ကစားသမား ဟောင်း ဖြစ်သူ ဂရေမီ ဆောင်းနက်စ် က ပရီးမီးယား လိဂ် ပြိုင်ပွဲ စတင် ကတည်းက အဆိုးရွားဆုံး မန်ချက်စတာ ယူနိုက်တက် အသင်း လို့ ခေါင်းစဉ် တပ်ရင်း ပြိုင်ဖက် အသင်း ဟောင်းကို လူသိ ရှင်းကြား ရှုတ်ချ သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက လန်ဒန် ကွင်းမှာ ဝက်စ်ဟမ်း အသင်း နဲ့ ရင်ဆိုင် ကစား ခဲ့ ရပြီး ယာမိုလန်ကို ၊ ခရက်စ်ဝဲလ် တို့ရဲ့ သွင်းဂိုး တွေနဲ့ အတူ 2 – 0 ဆိုတဲ့ ရလဒ် နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့် သွားခဲ့ ရ ပါတယ် ။

အခုတော့ ယူနိုက်တက် အသင်း ဟာ ပရီးမီးယား လိဂ် ပွဲစဉ် 6 ပွဲ ကစား ပြီးတဲ့ အချိန် 2 ပွဲနိုင် ၊ 2 ပွဲ သရေ ၊ 2 ပွဲ ရှံုး ရလဒ် ၊ ရဂိုး 8 ဂိုး ၊ ပေးဂိုး 6 ဂိုး နဲ့ အတူ ရမှတ် 8 မှတ်သာ ရှာဖွေ နိုင်ခဲ့ တာကြောင့် အမှတ်ပေး ဇယား အဆင့် 6 နေရာ မှာသာ ရပ်တည် နိုင်ခဲ့ ပါတယ် ။

အခုတော့ ဂရေမီ ဆောင်းနက်စ် ကလည်း ယူနိုက်တက် အသင်း ဟာ ဆာ အဲလပ်စ် မရှိ တော့တဲ့ နောက် ရလဒ် ဆိုးရွား ခဲ့ ပေမယ့် လက်ရှိ အသင်း က အားလုံး နဲ့ ယှဉ်ကြည့် ရင် အဆုုိးရွားဆုံး အစုအဖွဲ့ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ပရီးမီးယား လိဂ် ပြိုင်ပွဲ စတင် ကတည်းက ကျွန်တော် တို့ မြင်တွေ့ ခဲ့ ကြတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတွေ ထဲမှာ လက်ရှိ အသင်း က တစ်ကယ့် ကို အဆိုးရွား ဆုံး အစု အဖွဲ့ တစ်ခု ပါပဲ ”

” လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း က တစ်ကယ့် ကို ဆိုးရွား လှတဲ့ အခက်အခဲ တွေကြား ရောက်ရှိ နေ သလို ပါပဲ ။ ဒီ ပြသနာ က ဟိုဆေး မသွားခင် ၊ ဖာဂီ အနားယူ ခဲ့တဲ့ အချိန် ကတည်းက ကာလ ကြာရှည်စွာ ရှိနေ ခဲ့ရ ပါတယ် ”

” ကျွန်တော် မန်နေဂျာ တွေကို အပြစ်တင် နေတာ မဟုတ် ပါဘူး ။ သူတို့ ဘောလုံး နဲ့ ပတ်သက် လို့ ချမှတ် နေ ကြတဲ့ ဆုံးဖြတ်ချက် တွေ အကြောင်း ပြောချင်တာ ပါ ။ သူတို့ တွေက တစ်ကယ့် ကို စိတ်ပျက်ဖွယ် ကောင်းတဲ့ ဆုံးဖြတ်ချက် တွေကို ချမှတ် ခဲ့ကြ ပါတယ် ”

” ပထမဂိုး ပေးလိုက် ရတဲ့ အချိန် မှာ ယူနိုက်တက် ကွင်းလယ် ကစားသမား တွေနဲ့ ခံစစ် ကစားသမား တွေက သူတို့ နေရာ ယူ မှန်ခဲ့တယ် ၊ ငါတို့ အလုပ် ကို လုပ်နိုင် ခဲ့ကြတယ် လို့ တွေးတော နေကြ ပုံ ပါပဲ ”

” နိုဘယ် ဘောလုံး လက်ခံ ရရှိ သွားတယ် ၊ ဒါဆို သူ့ဆီ ကို သွား ၊ ပြေးလမ်း တွေကို ပိတ်ဆို့ ပြီး ရှေ့ဆက် မတက် နိုင်အောင် ဖိအား တွေ ပေးကြ ရမယ် လေ ။ သူ ဘောလုံး ဖြတ်တင် လို့ မရ နိုင်အောင် ကြိုးစား ရမယ် လေ ။ အခုတော့ ပြိုင်ဖက် က အခွင့်အရေး ရရှိ သွားခဲ့ ပါတယ် ”

” အကယ်လို့ အသင်း ရဲ့ ဧရိယာ အစပ် နားမှာ ရှိနေ တဲ့ ခံစစ် ကစားသမား တစ်ဦး တစ်ယောက် အနေ နဲ့ ပြိုင်ဖက် ရှိ နေတဲ့ နေရာ ဆီ သွားပြီး ရင်ဆိုင် တွေ့လိုက် မယ် ဆိုရင် သူ့ အတွက် လည်း ဘောလုံး ပေး ပို့ရ ပိုပြီး ခက်ခဲ သွားမှာ ပါ ”

” ပြီးတော့ ယာမိုလန်ကို ရဲ့ ကန်ချက် ကလည်း သွား စရာ နေရာ တစ်ခု ပဲ ရှိ ပါတယ် ။ ဂိုး သမာ ရဲ့ ညာဖက် အခြမ်း ပေါ့ ။ ဒါဟာ ခက်ခဲ တဲ့ အရာ တစ်ခု ဖြစ်ပေမယ့် ဂိုး သမား အနေ နဲ့ ပြိုင်ဖက် ရဲ့ ခန္ဓာကိုယ် လှုပ်ရှားမှု တွေကို စောင့်ကြည့် လေ့လာ နေရမှာ ပါ ။ ပြီးတော့ ဘယ်ဆီ ကန်မလဲ ဆိုတာ ကြိုတင် ခန့်မှန်း ရ ပါ့မယ် ”

” ဒီပွဲ မှာတော့ ယူနိုက်တက် ဟာ ပြိုင်ဖက် အသင်း ပြုသမျှ နုနေ ခဲ့ရ ပါတယ် ။ သူတို့ အသင်း မှာ လုံလောက် တဲ့ ကစား အား မရှိ ခဲ့ သလို ကွင်းလယ် ဟာလည်း ခွန်အား ကင်းမဲ့ နေခဲ့ ပါတယ် ။ ရပ်ရှ်ဖို့ ဟာလည် ဒဏ်ရာ ရသွား ပါပြီ ။ ဒါဟာ သူတို့ အတွက် စိုးရိမ် စရာ အနေ အထား တစ်ခု ပါပဲ ” လို့ ဆောင်းနက်စ် က ဆိုသွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar