* အေစီမီလန် အသင်း ဟာ ချယ်လ်ဆီး အသင်း မှ ၄င်းတို့ အသင်း ထံသို့ တရာသီ အငှား နဲ့ ရောက်ရှိ နေတဲ့ ကွင်းလယ် အဖျက် ကစားသမား ဘာကာယိုကို ကို လာမယ့် ဘောလုံး ရာသီ မှာ ယူရို ၃၅ သန်း နဲ့ အပြီးသတ် ခေါ်ယူဖို့ ကြိုးစား နေကြောင်း Daily Express သတင်း က ဖော်ပြ ခဲ့ပါတယ် ။ ဘာကာယိုကို ရဲ့ လက်ရှိ စာချုပ် ဖျက်သိမ်းကြေး က ယူရို သန်း ၄၀ ကျော် ရှိနေပေမယ့် မီလန် ဖက်က ယူရို ၃၅ သန်း ဖြင့်သာ ခေါ်ယူချင် နေတာ ဖြစ်ပါတယ် ။

* ဝက်စ်ဟမ်း အသင်း နည်းပြ ပယ်လီဂရီနီ က ချယ်လ်ဆီး တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ ခြေစွမ်း နဲ့ အလားအလာ ကောင်းတဲ့ လူငယ် ကစားသမား ဖြစ်ပေမယ့် ပုံမှန် ကစားခွင့် မပေးနိုင်ရင် လက်လွှတ် လိုက်ရနိုင်ကြောင်း မနေ့က သတင်းစာ ရှင်းလင်းပွဲ မှာ သတိပေး ပြောကြား လိုက်ပါတယ် ။

* ဝုလ်ဗ် အသင်း ရဲ့ ကစားသမား ဟောင်း စတိဗ်ဘူးလ် က လက်ရှိ ဝုလ်ဗ် နည်းပြ နူနို ဆန်းတို ဟာ ချယ်လ်ဆီး အသင်း နည်းပြသစ် ရာထူး နဲ့ ထိုက်တန်မှု ရှိကြောင်း ၊ သို့ပေမယ့် လည်း ဆန်းတို ကသာ ချယ်လ်ဆီး ဖက်မှ ကမ်းလှမ်း လာမှု ကို ငြင်းဆန် လိုက်မယ် ဆိုရင် မိုက်မဲ ရာကျမှာ ဖြစ်ကြောင်း မနေ့က အင်တာဗျူး တခု မှာ ပြောကြား ခဲ့ပါတယ် ။

* ဝက်စ်ဟမ်း နည်းပြ ပယ်လ်ဂရီနီ က ချယ်လ်ဆီး နဲ့ ပွဲတိုင်ခင် ကွင်းလယ်လူ အန်ဂိုလို ကန်တေ ရဲ့ ခြေစွမ်း နဲ့ ရိုးသား ကြိုးစားမှု ကို အသိအမှတ်ပြု ချီးကျူး ခဲ့ပြီး ကန်တေ ဟာ ဝက်စ်ဟမ်း လူငယ် ကစားသမား တွေ စံနမူနာ ထားရမယ့် ကစားသမား ကောင်း ဖြစ်တဲ့ အတွက် အတုယူ သင့်ကြောင်း ပြောကြား ခဲ့ပါတယ် ။

* ချယ်လ်ဆီး နည်းပြ ဆာရီ က အသင်း ရဲ့ ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ် နဲ့ တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း တို့ဟာ လက်ကျန် ပွဲစဉ် တချို့ မှာ ပါဝင် ကစားခွင့် ရဖို့ ရှိနေတယ် လို့ အတည်ပြု ပြောကြား ခဲ့သလို ၄င်းတို့ရဲ့ ခြေစွမ်း တိုးတက်မှု တွေဟာလည်း အားရစရာ ရှိတယ် လို့ မနေ့က အင်တာဗျူး မှာ ပြောကြား ခဲ့ပါတယ် ။

* ဝက်စ်ဟမ်း တိုက်စစ်မှူး ဟောင်း အက်ရှ်တန် က ချယ်လ်ဆီး အသင်း ဟာ လာမယ့် ဘောလုံး ရာသီ မှာ အက်စတွန် ဗီလာ အသင်း သို့ အငှားချ ထားပြီး ခြေစွမ်း ပြနေတဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ကို ပြန်ပြီး အသုံးပြုသင့်ကြောင်း Daily Express နဲ့ အင်တာဗျူး မှာ တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။

* လီဗာပူး နောက်ခံလူ ဟောင်း ဂျေမီ ကာရေဂါ က လာမယ့် အပတ် မှာ ရင်ဆိုင် တွေ့ရမယ့် ချယ်လ်ဆီး အသင်း အပေါ် သတိပေး စကား ပြောကြား လိုက်ပြီး ၄င်းတို့ အသင်း ဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဆု ကို အရယူ မှာ ဖြစ်တဲ့ အတွက် အနိုင် ကစားမှာ ဖြစ်တယ် လို့ ကြုံးဝါး ပြောကြား လိုက်ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ် ဟာ နောက်ကျော ဒဏ်ရာ ကြောင့် လာမယ့် ဝက်စ်ဟမ်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကို လွဲချော် နိုင်တယ် လို့ Sky Sports က ဖော်ပြ လိုက်ပါတယ် ။

* မနေ့ည က ကစား သွားခဲ့တဲ့ ချယ်လ်ဆီး ယူ ၁၈ အသင်း နဲ့ လီဗာပူး ယူ ၁၈ အသင်း တို့ ယှဉ်ပြိုင် ကစား ခဲ့တဲ့ ပွဲစဉ် မှာ လီဗာပူး ယူ ၁၈ အသင်း က ၃ – ၂ နဲ့ အနိုင် ရရှိ ခဲ့ကြောင်း သိရပါတယ် ။ ချယ်လ်ဆီး ယူ ၁၈ အသင်း ဟာ အဖွင့်ဂိုး ၂ဂိုး အရင် ရရှိ ခဲ့ပေမယ့် လီဗာပူး ယူ ၁၈ အသင်း က နောက်မှ လိုက်ကစားပြီး အနိုင်ယူ ခဲ့တာ ဖြစ်ပါတယ် ။

* မနေ့ည က ပွဲစဉ် များ အပြီး ချယ်လ်ဆီး အငှား ကစားသမား များရဲ့ ခြေစွမ်းများ
မေဆင်မောင့်တ် ( ဒါဘီ ကောင်တီ ) ( ပွဲချိန်ပြည့် )
ဖီကာယို တိုမိုရီ ( ဒါဘီ ကောင်တီ ) ( ပွဲချိန်ပြည့် ) ( ဂိုးဖန်တီးမှု တကြိမ် )
ရိစ်ဂျိမ်းစ် ( ဝီဂန် ) ( ပွဲချိန်ပြည့် ) ( သွင်းဂိုး တဂိုး )
တော့ဒ်ကိန်း ( ဟူးလ်စီးတီး ) ( ပွဲချိန်ပြည့် )
လူးဝစ် ဘာကာ ( ရီးဒင်း ) ( ပွဲချိန်ပြည့် ) ( သွင်းဂိုး တဂိုး )
မတ် မီယေဇဂါ ( ရီးဒင်း ) ( ပွဲချိန်ပြည့် )
တမ်မီ အေဘရာဟမ် ( အက်စတွန်ဗီလာ ) ( ပွဲချိန်ပြည့် ) ( သွင်းဂိုး တဂိုး )
မိုက်ကယ် ဟက်တာ ( ရှက်ဖီးလ် ဝမ့်စ်ဒေး ) ( ပွဲချိန်ပြည့် )
ဘရတ်ဒ်လေ ကောလင်းစ် ( ဘာတန် ) ( ပွဲချိန်ပြည့် )
နေသန် ဘတ်စ်တာ ( ယိုဗီးလ်တောင်း ) ( ပွဲချိန်ပြည့် )
တီမို ဘာကာယိုကို ( အေစီမီလန် ) ( ပွဲချိန်ပြည့် ) ( ဂိုးဖန်တီးမှု တကြိမ် )
တိုမက်စ် ကာလက်စ် ( ဘရစ္စတိုးလ် စီးတီး ) ( ပွဲချိန်ပြည့် )
ဂျေးဒါဆေးလ်ဗား ( ဘရစ္စတိုးလ် စီးတီး ) ( မိနစ် ၆၀ ထိ ပါဝင် )
ကေစီ ပါလ်မာ ( ဘရစ္စတိုးလ် စီးတီး ) ( ၅၉ မိနစ် မှာ လူစားဝင် ) ( သွင်းဂိုးတဂိုး )
ထရီဗာ ချာလိုဘတ် ( အစ်ဆွစ်ခ်ျတောင်း ) ( ၇၅ မိနစ် မှာ လူစားဝင် )
ဂျေကော့ဘ် မတ်ဒေါ့စ် ( ချယ်လ်တင်ဟမ် ) ( ၅၉ မိနစ် မှာ လူစားဝင် )
မစ်ချီ ဘတ်ရှူဝါရီ ( ခရစ်စတယ် ပဲလေ့စ် ) ( ၆၅ မိနစ် အထိ ပါဝင် )
ကိုင်လီယန် ဟာဇတ် ( ဆာကဲလ် ဘရဂ် ) ( ၇၉ မိနစ် အထိ ပါဝင် )
အယ်လ်ဗာရို မိုရာတာ ( အက်သလက်တီကို ) ( ၅၉ မိနစ် မှာ လူစားဝင် )
ဗစ်တိုးရီးယန်း အန်ဘန် ( မတ်ဇ် ) ( ပါဝင်ခွင်မရ )

SPORTS MYANMAR