ဂရာနာဒါ 2 – 0 ဘာစီလိုနာ
အေတီကို 0 – 0 ဆဲလ်တာ ဗီဂို
(2) ရီးယဲ မက်ဒရစ် ( 11 မှတ် )
(8) ဘာစီလိုနာ ( 7 မှတ် )
ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှူး ဆွာရက်ဇ် ကတော့ ဒါဟာ စိုးရိမ်ဖွယ် ကောင်းတဲ့ အနေအထား တစ်ရပ် ဖြစ်ကြောင်း ၊ လက်ကျန် ရာသီ ဟာ ခက်ခဲ တော့မှာ ဖြစ်ကြောင်း ပြောကြား ခဲ့လိုက် ပါတယ် ။
အဆိုပါ ရှုံးပွဲ အပြီး မှာတော့ ဘာစီလိုနာ အသင်း နည်းပြ ဗယ်လ်ဗာဒီ က အနေအထား တွေက စိုးရိမ်ဖွယ် ကောင်း နေပြီ ဖြစ်ကြောင်း ၊ ဒီ အတွက် သူဟာ တာဝန် ရှိကြောင်း ၊ ဘာကာ ဟာ အနိုင် ရလဒ် နဲ့ မထိုက်တန် ခဲ့ကြောင်း ဝန်ခံ စကား ပြောသွား ခဲ့ ပါတယ် ။
ဘာကာ တို့ ဂရာနာဒါ ကို ရှုံးနိမ့် ခဲ့ခြင်း အပေါ် စပိန် သတင်းစာ တိုင်းက ‘ ပျက်ကပ် ဆိုက်ပြီ ‘ လို့ ကိုယ်စီ ရေးသား ဖော်ပြ ခဲ့ကြ ပါတယ် ။
ရီးယဲ မက်ဒရစ် ကို ရှုံးနိမ့် ခဲ့တဲ့ နောက် ဆီဗီလား အသင်း ရဲ့ နည်းပြ လိုပတ်တီဂွီ က သူတို့ အသင်း ဟာ ဒီ ပြိုင်ပွဲ မှာ အဆုံး အစွန် အထိ ဆက်လက် တိုက်ပွဲ ဝင်သွား ကြမှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ဆီဗီလား အား ကစား ဒါရိုက်တာ မွန်ချီ ကတော့ ရီးယဲ ဟာ တစ်ကယ့် ကို ကောင်းမွန် ခဲ့ပြီး PSG ကို ရှုံးနိမ့် ခဲ့တဲ့ အသင်း မျိုး နဲ့ လုံးဝ မတူညီ ခဲ့ဘူး လို့ မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။
ရီးယဲ မက်ဒရစ် ပရိသတ် တွေ ကတော့ PSG တုန်းက ရှုံးပွဲ ကို မေ့ပျောက် ခဲ့ ကြပြီး အခု အတိုင်း ဆက်လက် ကြိုးစား အားထုတ် ကြဖို့ အသင်းသား တွေကို အားပေး စကား ဆိုခဲ့ ကြ ပါတယ် ။
#Sports_Myanmar
Unicode
ရီးယဲ တစ်သင်းသာ ရလဒ် ကောင်းမွန် ခဲ့တဲ့ ဘာကာ ၊ အေတီကို နဲ့ ရီးယဲ မက်ဒရစ် သတင်းတိုများ
================
ဒီတစ်ပါတ် ပွဲစဉ် ရလဒ်များ …
ဂရာနာဒါ 2 – 0 ဘာစီလိုနာ
အေတီကို 0 – 0 ဆဲလ်တာ ဗီဂုုိ
ဆီဗီလား 0 – 1 ရီးယဲ မက်ဒရစ်
အမှတ်ပေး ဇယား ရပ်တည်မှု
(2) ရီးယဲ မက်ဒရစ် ( 11 မှတ် )
(6) အက်သလက်တီကို မက်ဒရစ် ( 10 မှတ် )
(8) ဘာစီလိုနာ ( 7 မှတ် )
ဂရာနာဒါ ကို ရှုံးနိမ့် ခဲ့တဲ့ နောက် ဘာစီလိုနာ အသင်း ဟာ အဓိက ပြိုင်ပွဲ တွေရဲ့ အဝေးကွင်း ပွဲစဉ် တွေမှာ ဧပြီလ ကတည်းက နိုင်ပွဲ မရရှိ သေးတဲ့ မှတ်တမ်းဆိုး တစ်ရပ် ကို ဆက်လက် ပိုင်ဆိုင် ခဲ့ရ ပါတယ် ။
ယခင် တုန်းက တော့ ရလဒ် ဆိုးရွား ခဲ့ ပေမယ့် မက်ဆီ ပါဝင် လာတဲ့ အခါ ပြသနာ တွေ ပြေလည် သွားနိုင် လိမ့်မယ် လို့ ပရိသတ် တွေ မျှော်လင့် ခဲ့ကြ ပါ သေးတယ် ။ ဒါပေမယ့် မက်ဆီ လူစားဝင် ကစား ပေးခဲ့တဲ့ အချိန် မှာတောင် ဘာကာ တို့ အခုလို ရလဒ် ဆိုးရွား ခဲ့တဲ့ နောက် ဗယ်လ်ဗာဒီ OUT ဆိုတဲ့ လေသံ တွေလည်း တစ်စ ထက် တစ်စ ပိုမို ကျယ်လောင် လာခဲ့ ရ ပါပြီ ။
ဘာစီလုုိနာ အသင်းရဲ့ တိုက်စစ်မှူး ဆွာရက်ဇ် ကတော့ ဒါဟာ စိုးရိမ်ဖွယ် ကောင်းတဲ့ အနေအထား တစ်ရပ် ဖြစ်ကြောင်း ၊ လက်ကျန် ရာသီ ဟာ ခက်ခဲ တော့မှာ ဖြစ်ကြောင်း ပြောကြား ခဲ့လိုက် ပါတယ် ။
မက်ဆီ ဟာ အသင်း အတွက် ပါဝင် ခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက် မှု တစ်ကြိမ် ပြုလုပ် ထားခဲ့ ပေမယ့် ဂရစ်ဇ်မန်း ကတော့ အသင်း သစ် အတွက် ကစား ပေးခဲ့တဲ့ အဝေးကွင်း ပွဲစဉ် လေးပွဲ မှာ ဂိုးပေါက် ခြိမ်းခြောက် မှု မလုပ်ထား နုုိင်ခဲ့ ပါဘူး ။ အခုတော့ ဘာကာ မှာ ဂရစ်ဇ်မန်း လည်း ဖိအား တွေအောက် ကျရောက် ခဲ့ရ ပါပြီ ။
ဘာစီလိုနာ ပရိသတ် တစ်ဦး ကတော့ လူမှု ကွန်ယက် အပေါ် မှာ ‘ ကျွန်တော့် ရဲ့ နေ့စဉ် လုပ်ရ တဲ့ ပုံမှန် အလုပ် က အိပ် ၊ စား ၊ ဗယ်လ်ဗာဒီ OUT လို့ ထပ်ခါ ထပ်ခါ ပြောနေရုံပဲ ရှိနေ တော့တယ် ‘ လို့ ဒေါသ ထွက်တဲ့ အီမိုဂျီ နဲ့ အတူ ဖော်ပြ သွားခဲ့ လိုက် ပါတယ် ။
အဆိုပါ ရှံုးပွဲ အပြီး မှာတော့ ဘာစီလိုနာ အသင်း နည်းပြ ဗယ်လ်ဗာဒီ က အနေအထား တွေက စိုးရိမ်ဖွယ် ကောင်း နေပြီ ဖြစ်ကြောင်း ၊ ဒီ အတွက် သူဟာ တာဝန် ရှိကြောင်း ၊ ဘာကာ ဟာ အနိုင် ရလဒ် နဲ့ မထိုက်တန် ခဲ့ကြောင်း ဝန်ခံ စကား ပြောသွား ခဲ့ ပါတယ် ။
အဆိုပါ ပွဲစဉ် အပြီး ဥမင် ထဲကို ဝင်ရောက် သွားတဲ့ အခါ မှာ ဒေါသ ထွက်နေ ခဲ့တဲ့ မက်ဆီ က ‘ လုပ်ကြဟ ၊ လုပ်ကြ ၊ ဒီလိုဆို အလုပ် မဖြစ် နိုင်ဘူး ။ မင်းတို့ တွေ ပိုပြီး အာရုံ စိုက်ဖို့ လိုအပ် နေပြီ ‘ လို့ လေးလေးနက်နက် ပြောကြား သွားခဲ့ ပါတယ် ။
ဘာကာ တို့ ဂရာနာဒါ ကို ရှံုးနိမ့် ခဲ့ခြင်း အပေါ် စပိန် သတင်းစာ တိုင်းက ‘ ပျက်ကပ် ဆိုက်ပြီ ‘ လို့ ကိုယ်စီ ရေးသား ဖော်ပြ ခဲ့ကြ ပါတယ် ။
ဘာစီလိုနာ အသင်း ရဲ့ ဒါရိုက်တာ တစ်ဦး ဖြစ်တဲ့ ဂွီလီယမ် အမော် က ဗယ်လ်ဗာဒီ ရဲ့ ရာထူး ဟာ အန္တရာယ် ကြားထဲ ရောက်ရှိ နေခြင်း မရှိ ပါဘူး လို့ နည်းပြ ဖက်မှ ကာကွယ် သွားခဲ့ လိုက် ပါတယ် ။
စပိန် လက်ရွေးစင် အသင်း မှ အလိုရှိ နေပေမယ့် အန်းဆု ဖာတီ ရဲ့ ဖခင် ဖြစ်သူ က သား ဖြစ်သူ ကို ပေါ်တူဂီ လက်ရွေးစင် အသင်း နဲ့ ပူးပေါင်း စေလို နေတယ် လို့ သိရှိ ရ ပါတယ် ။
ဗယ်လ်ဗာဒီ ရဲ့ သတင်းတွေ ကျယ်လောင် လာတဲ့ အချိန် ဘာစီလိုနာ ဂန္ဓဝင် ဇာဗီ က အသင်း ဟောင်းကို ကိုင်တွယ် ဖို့ ဆိုတာ ပြသနာ မရှိ ကြောင်း ၊ မက်ဆီ နဲ ဆွာရက်ဇ် တို့ ဘာကို နှစ်သက် ကြ သလဲ ဆိုတာ သူ သိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ဒါ့အပြင် ဘာစီလိုနာ မှ ထွက်ခွာ ဖို့ ဆိုတာ အရမ်း ခက်ခဲ ခဲ့ သလို ပြန်လာ ဖို့လည်း အရမ်း ကို ခက်ခဲ လိမ့်မယ် လို့ ယုံကြည် ကြောင်း ဇာဗီ က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ဂရာနာဒါ ကို ရှုံးနိမ့် ခဲ့တဲ့ နောက် ဘာစီလိုနာ အသင်း ရဲ့ ကွင်းလယ် ကစားသမား ဖြစ်တဲ့ ဖရန်ကီ ဒီဂျောင် တစ်ဦး တည်းသာ အဝေးကွင်း ဆီ လိုက်ပါ အားပေး ခဲ့တဲ့ ပရိသတ် တွေကို တောင်းပန် စကား ဆို ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။
နောက် တစ်ပါတ် ဗီလာ ရီးယဲ ၊ ဂီတာဖေး အသင်း တွေ ကိုသာ အနိုင် ရရှိ အောင် မလုပ် နိုင် ခဲ့ရင် ဗယ်လ်ဗာဒီ ထုတ်ပယ် ခံရ လိမ့်မယ် လို့ သတင်းတွေ ကြီးလာ ခဲ့ ပါတယ် ။
တာစတီဂျန် ကတော့ ဖီဖာ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို မက်ဆီ ကိုသာ ရရှိ စေချင် ကြောင်း သူ့ရဲ့ ဆန္ဒ တွေကို ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
အတ္တလန္တာ အသင်း ရဲ့ တိုက်စစ်မှူး ဂျိုးဆပ် မာတီနက်ဇ် ဟာ မက်ဆီ ရဲ့ 21 ပွဲဆက် ဂိုးသွင်း နိုင်မှု စံချိန် ကို လိုက်မီ လိုချင် ခဲ့ ပေမယ့် 15 ပွဲ နဲ့သာ ရပ်တန့် သွားခဲ့ ရ ပါတယ် ။
ဂျာမနီ လက်ရွေးစင် နည်းပြ ဂျိုအာချင်လို ကတော့ နောက် တစ်ပွဲ မှာ တာစတီဂျန် ကို ပွဲထွက် ကစား စေဖို့ ရှိ နေတယ် လို့ သိရှိ ရ ပါတယ် ။
ရီးယဲ မက်ဒရစ် အသင်း ကတော့ ပြိုင်ဖက် တွေ ရလဒ် ဆိုးရွား နေတဲ့ အချိန် အမှတ်ပေး ဖလား ပြိုင်ပွဲ မှာ နိုင်ပွဲ ရယူ နိုင်ခဲ့ ပြီး အမှတ်ပေး ဇယား ထိပ်ပိုင်း နေရာ ကို တက်လှမ်း သွားနိုင် ခဲ့ ပါပြီ ။
အသင်း အတွက် တစ်လုံး တည်းသော အနိုင်ဂိုး သွင်းယူ ခဲ့တဲ့ ဘန်ဇီးမား ကတော့ အသင်း အတွက် နောက်ဆုံး ကစား ပေးခဲ့တဲ့ လာလီဂါ ပြိုင်ပွဲ 5 ပွဲမှာ 5 ဂိုး အထိ သွင်းယူ ထားနိုင် ခဲ့ ပါပြီ ။ သူဟာ ဒီ ရာသီ ရီးယဲ စုစုပေါင်း သွင်းဂိုး ရဲ့ တစ်ဝက် တိတိကို ဒိုင်ခံ သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။
စပိန် သတင်းစာ တွေ ကတော့ ဒီ တစ်ပါတ် ကော့တွိုက်စ် Clean Sheet ရယူ နိုင်ခဲ့ မှုကို Breaking သတင်း အဖြစ် ဖော်ပြ ခဲ့ကြ ပါတယ် ။ ကော့တွိုက်စ် ဟာ ဖေဖော်ဝါရီ လ ကနေ အခု အထိ Clean Sheet မရရှိ ခဲ့တာ 15 ပွဲ ဆက်နေ ခဲ့ သူပဲ ဖြစ်ပါတယ် ။
ရီးယဲ မက်ဒရစ် အသင်း ခေါင်းဆောင် ရာမို့စ် ကတော့ အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား နှစ်ဦး ဖြစ်ကြတဲ့ ဟာဇက် နဲ့ ဘေးလ် တို့ဟာ ပြိုင်ဖက် ခံစစ် ကစားသမား တွေကို အိအ်မက် ဆိုးတွေ ပေးနိုင် ခဲ့ကြ တယ်လို့ ချီးကျူး သွားခဲ့ လိုက် ပါတယ် ။
ရာမို့စ် ပြန်လည် ကစား ပေးနိုင် ခဲ့မှု နဲ့ ရီးယဲ အတွက် သတင်း ကောင်း တစ်ခု က သူတို့ ဟာ အဆိုပါ ပွဲစဉ် မှာ ဆီဗီလား ကို ဂိုးပေါက် ခြိမ်းခြောက် မှု တစ်ကြိမ် မှ မပေးခဲ့ ရခြင်း ပါပဲ ။
ရီးယဲ မက်ဒရစ် ကို ရှံုးနိမ့် ခဲ့တဲ့ နောက် ဆီဗီလား အသင်း ရဲ့ နည်းပြ လိုပတ်တီဂွီ က သူတို့ အသင်း ဟာ ဒီ ပြိုင်ပွဲ မှာ အဆုံး အစွန် အထိ ဆက်လက် တိုက်ပွဲ ဝင်သွား ကြမှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။
သူတို့ အသင်း ဟာ ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ကို ကစား ခဲ့ ရတဲ့ နောက် ဆီဗီလား နဲ့ ပွဲစဉ် ကို အကောင်းဆုံး စိတ်ဓါတ် နဲ့ ဝင်ရောက် ကစား နိုင်ခဲ့ ကြောင့် ရာမို့စ် က အသင်းဖော် တွေကို ချီးကျူး သွားခဲ့ လိုက် ပါတယ် ။
‘ ကျွန်တော် တို့ အကြီး အကျယ် စိတ် ကျေနပ် ခဲ့ရ ပါတယ် ‘ လို့ ဆီဗီလား နဲ့ နိုင်ပွဲ အပြီး မှာ ရီးယဲ မက်ဒရစ် နည်းပြ ဖြစ်သူ ဇီဒန်း က နိုင်ပွဲ နဲ့ ပတ်သက် လို့ ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
အဆိုပါ နိုင်ပွဲ နဲ့ အတူ ရီးယဲ မက်ဒရစ် အသင်း ရဲ့ ဝါရင့် နောက်ခံလူ ရာမို့စ် ဟာ အသင်း အတွက် ပြိုင်ပွဲစုံ နိုင်ပွဲ 400 ရယူ နိုင်ခဲ့ ပြီပဲ ဖြစ် ပါတယ် ။ ဒါ့အပြင် အဆိုပါ ပွဲစဉ် က ကွင်းလယ်လူ ကာဆီမီရို ဟာ ရီးယဲ အတွက် ကစား ပေးတာ 200 မြောက် ပွဲစဉ် ဖြစ်ခဲ့ ရ ပါတယ် ။
ရီးယဲ မက်ဒရစ် အသင်း ရဲ့ ကစားသမား သစ် ဟာဇက် ဟာ အသင်း ရဲ့ တိုက်စစ် အတွက် သာမက ခံစစ် အတွက် ပါ အကျိုး ပြု ပေးနိုင် ခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာ သူဟာ ခံစစ် အတော် လေး ဆင်း ကစား ခဲ့ပြီး ဘောလုံး 8 ကြိမ် အထိ ရယူ နိုင်ခဲ့ ပါတယ် ။ ဒါဟာ ကွင်းလယ် ခံစစ် ကစားသမား ဖြစ်သူ ကာဆီမီရို ၊ ခံစစ် ကစားသမား ဖြစ်သူ ကာဗာဂျယ် တို့နဲ့ တူညီ တဲ့ အရည် အတွက် ဖြစ်ခဲ့ ရ ပါတယ် ။
ဆီဗီလား အား ကစား ဒါရိုက်တာ မွန်ချီ ကတော့ ရီးယဲ ဟာ တစ်ကယ့် ကို ကောင်းမွန် ခဲ့ပြီး PSG ကို ရှံုးနိမ့် ခဲ့တဲ့ အသင်း မျိုး နဲ့ လုံးဝ မတူညီ ခဲ့ဘူး လို့ မှတ်ချက် ပေးသွား ခဲ့လိုက် ပါတယ် ။
ရီးယဲ မက်ဒရစ် ပရိသတ် တွေ ကတော့ PSG တုန်းက ရှံုးပွဲ ကို မေ့ပျောက် ခဲ့ ကြပြီး အခု အတိုင်း ဆက်လက် ကြိုးစား အားထုတ် ကြဖို့ အသင်းသား တွေကို အားပေး စကား ဆိုခဲ့ ကြ ပါတယ် ။
ရီးယဲ မက်ဒရစ် အသင်း ဟာ မန်စီးတီး အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ စတာလင်း ကို စောင့်ကြည့် နေပြီး လာမယ့် နွေ မှာ ခေါ်ယူ သွားဖို့ လုပ်ဆောင် နေတယ် လို့ သတင်း ထွက်ပေါ် လာပါတယ် ။
ရီးယဲ မက်ဒရစ် အသင်း ခေါင်းဆောင် ဟောင်း ကာဆီးလပ်စ် က တော့ ဇီဒန်း ရီးယဲ နည်းပြ ရာထူး အတွက် အသင့်တော်ဆုံး ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူး သွားခဲ့ လိုက် ပါတယ် ။
ဆယ်လ်တာ ဗီဂို နဲ့ ပွဲစဉ် မှာ အေတီကို ဟာ ဂိုးပေါက် ခြိမ်းခြောက် မှု အကြိမ် 20 အထိ ပြုလုပ် ထားခဲ့ ပေမယ့် ဂိုး မရရှိ ခဲ့ ပါဘူး ။ ဒါဟာ ဒီ ရာသီ လာလီဂါ မှာ ဂိုးပေါက် ခြိမ်းခြောက် မှု အများဆုံး ပြုလုပ် ခဲ့ပြီး ဂိုး မရရှိ တဲ့ ပွဲစဉ် အဖြစ် မှတ်တမ်းဝင် သွားခဲ့ ပါတယ် ။
အဆိုပါ ပွဲစဉ် အပြီး မှာတော့ အေတီကို နည်းပြ ဆီမြွန်နီ က ဘယ် ကစားသမား ကိုမှ ပွဲချိန် ပြည့် ပါဝင် ကစား ပေး ရမယ် ဆိုပြီး စာချုပ် ချုပ်ဆို ထားခြင်း မရှိကြောင်း ဂျွာအို ဖဲလစ် ကို လူစား လဲခဲ့ ရတဲ့ အပေါ် ဖြေရှင်း သွားခဲ့ လိုက် ပါတယ် ။
ဒါ့အပြင် ကြားရက် ထဲ ဂျူဗင်တပ် အသင်း နဲ့ ပွဲကောင်း ကစား ခဲ့ရ ပေမယ့် အသင်း ဟာ ဒုတိယ ပိုင်း မှာလည်း ဂိုးတွေ ရရှိ နိုင်ဖို့ အတွက် ဆက်လက် ကြိုးစား အားထုတ် နိုင်ခဲ့ ကြောင်း ဆီမြွန်နီ က ကစားသမား တွေကို ချီးကျူး သွားခဲ့ လိုက် ပါတယ် ။
ဒါ့အပြင် ခြေစွမ်း ကောင်းပြ ဂိုးတွေ မသွင်းယူ နိုင် သေးတဲ့ တိုက်စစ် မှူး ကော်စတာ အပေါ် ယုံကြည် မှု အပြည့် ရှိကြောင်း ဆီမြွန်နီ က ကာကွယ် စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ပွဲစဉ် အတွင်း ပရိသတ် ဆီမှ ရေဗူး တောင်းသောက် ခဲ့တဲ့ ထရစ်ပီးယား ရဲ့ အပြု အမူ အပေါ် အေတီကို ပရိသတ် တွေက ကျေနပ် နှစ်သက် နေ ကြတယ် လို့ သိရှိ ရ ပါတယ် ။
အေတီကို ဟာ ပွဲစဉ် 6 ပွဲ ကစား ထားတဲ့ အချိန် မှာ 7 ဂိုး မျှသာ သွင်းယူ ထားနိုင် ခဲ့ပါ သေးတယ် ။ အေတီကို ရဲ့ တိုက်စစ် ဟာ ပိုမို တိုးတက် လာဖို့ လိုအပ် နေပါ ပြီ ။ ထို့ အတူ ဖဲလစ် နဲ့ ကော်စတာ တို့လည်း တိုက်စစ် ပါတနာ အဖြစ် ဒီထက် ပိုမို ပူးပေါင်း ကစား နိုင်ဖို့ လိုအပ် နေပါတယ် ။
#Sports_Myanmar