ချဲလ်ဆီး နဲ့ မန်ချက် စတာ ယူနိုက်တက် အသင်း တို့ မှာ နည်းပြ အဖြစ် လုပ်ဆောင် ခဲ့တဲ့ ပေါ်တူဂီ သား နည်းပြကြီး မော်ရင်ဟို ဟာ ယမန်နေ့ ညက Sky Sports သတင်း ဌာန ရဲ့ ဘောပွဲ တင်ဆက်မှု မှာ ပါဝင် အသုံးတော် ခံ သွားခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် ၊ ချဲလ်ဆီး – လီဗာပူး ပွဲစဉ် တွေ ကို သုံးသပ် တင်ဆက် ပေးသွား ခဲ့ ပါတယ် ။ တိုက်ဆိုင် စွာပဲ မော်ရင်ဟို ရဲ့ အသင်း ဟောင်း ၂ သင်း စလုံး ဟာ တနင်္ဂနွေနေ့ ပွဲစဉ် တွေ မှာ အရှုံးရလဒ်တွေ နဲ့ ရင်ဆိုင် ခဲ့ကြရ ပါတယ် ။

စတမ်း ဖိုဒ့် ဘရစ် မှာ ကစား ခဲ့တဲ့ ချဲလ်ဆီး – လီဗာပူး ပွဲစဉ် အပြီး မှာတော့ မော်ရင်ဟို ဟာ သူ့ရဲ့ အသင်း ဟောင်း နဲ့ ပတ်သက်ပြီး ပရိသတ် တွေ ကို သတိပေး စကား ပြောဆို သွားခဲ့ ပါတယ် ။ မော်ရင်ဟို က ချဲလ်ဆီး ဟာ အရင်တုန်းက လို အသင်းကြီး တစ်သင်း ရဲ့ အဆင့်မျိုး မှာ ရှိနေမှာ မဟုတ်တော့ တဲ့ အတွက် ဒါကို ပြင်ဆင် ထားကြ ဖို့ ပြောဆို ခဲ့တာ ဖြစ် ပါတယ် ။

mourinho 2019

ဖရန့် လမ်းပတ် ရဲ့ အသင်း ဟာ ဒုတိယပိုင်း မှာ လီဗာပူး ဘက်ကို ဖိအားပေး ကစား နိုင်ခဲ့ပြီး ၂ – ၁ ရလဒ် ကို သရေ အဖြစ် ပြောင်းလဲ နိုင်မယ့် အလား အလာ တွေ ရှိခဲ့ ပါတယ် ။ ဒါပေမယ့် ပွဲ အပြီး မှာတော့ ဒီရာသီ ဒုတိယ မြောက် ရှုံးပွဲ ကို ပွဲစဉ် ၆ အပြီး မှာ ရရှိ သွားခဲ့ ပြီး ထိပ်ဆုံး က လီဗာပူး နဲ့ ၁၀ မှတ် အထိ ကွာဟ သွားခဲ့ ရပြီ ဖြစ် ပါတယ် ။

လမ်းပတ် ရဲ့ လူငယ် အခြေပြု အသင်း အပေါ် အားရ ကျေနပ် သဘောကျ သူတွေ ရှိနေ ခဲ့ ပေမယ့် မော်ရင်ဟို က တော့ သူ့ရဲ့ အသင်း ဟောင်း ဟာ အရင် ကလို အသင်းကြီး တစ်သင်းမျိုး မဟုတ်တော့ ဘူးလို့ ပြောဆို ခဲ့ပြီး ပရိသတ်တွေ အနေနဲ့ ရှုံးပွဲ တွေ နဲ့ အသားကျ နိုင်ဖို့ လိုအပ် ကြောင်း လည်း သတိပေး ပြောဆို သွားခဲ့ ပါတယ်

“ချဲလ်ဆီး ပရိသတ် တွေ အနေနဲ့ ရှုံးပွဲ တွေ နဲ့ အသားကျ နေဦး မှာ မဟုတ်ပါဘူး ။ ဒီ ပွဲ ရလဒ် ကို လက်ခံ ခဲ့တယ် ဆိုတာ က ကစားပုံ ကောင်းတယ် ၊ ကစား သမားတွေ ကလည်း အစွမ်းကုန် ကြိုးစား ခဲ့ကြ လို့ပါ ။ ဒါကို အသိ အမှတ် ပြုပေး တဲ့ အနေနဲ့ ရှုံးပွဲ ကို လက်ခံ ပေးခဲ့ ကြတာပါ”

“ဒါပေမယ့် အသင်းကြီး တစ်သင်း ဟာ အသင်းကြီး တစ်သင်း မဟုတ်တော့တဲ့ အချိန် မှာ ပရိသတ်တွေ အနေနဲ့ ဒါကို ခံနိုင်ရည် ရှိနေ ဖို့ ၊ လက်ခံ နိုင်ဖို့ လိုအပ် ပါတယ် ။ အခု လီဗာပူး နဲ့ ၁၀ မှတ် ကွာနေ ပါပြီ ။ ၆ ပွဲ မြောက် မှာ ပဲ ချဲလ်ဆီး ကို ချန်ပီယံ ပြိုင်ပွဲ ကနေ ထုတ်လိုက် လို့ ရ နေပါပြီ” လို့ မော်ရင်ဟို က ပြောဆို ခဲ့ ပါတယ် ။

လမ်းပတ် ဟာ အပြောင်း အရွှေ့ ပြုလုပ် ခွင့် ပိတ်ပင် ခံထား ရတဲ့ ချဲလ်ဆိး ကို ကိုင်တွယ် ခဲ့တာ ဖြစ်ပြီး အငှားချ ရာကနေ ပြန်ရောက် လာတဲ့ လူငယ် တွေ ကို အခြေပြု ကာ အသင်း ကို ပြန်လည် တည်ဆောက် နေခဲ့တာ ဖြစ် ပါတယ် ။ လမ်းပတ် လက်ထက် မှာ အသင်းရဲ့ ကစားပုံ သွက်လက် ကောင်းမွန် ခဲ့ ပေမယ့် အခု အချိန် အထိ တော့ အိမ်ကွင်း စတမ်းဖိုဒ့် ဘရစ် မှာ နိုင်ပွဲ မရယူနိုင် သေးပါဘူး ။

ချဲလ်ဆိး ဟာ ကြားရက် မှာ ကာရာဘောင် ဖလားပွဲ အဖြစ် ဂရင်ဘီ အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာ ဖြစ်ပြီး လာမယ့် စနေနေ့ မှာ တော့ ပရီးမီး ယားလိဂ် ပွဲစဉ် ၇ အဖြစ် ဘရိုက်တန် အသင်း ကို အိမ်ကွင်း မှာပဲ လက်ခံ ကစား ရမှာ ဖြစ်တာ ကြောင့် လမ်းပတ် အနေနဲ့ ပထမဆုံး အိမ်ကွင်း နိုင်ပွဲ ကို ဒီပွဲစဉ်တွေ မှာ ရှာတွေ့ နိုင် ဖို့ ကြိုးစား ရတော့ မှာ ဖြစ် ပါတယ် ။

SPORTS MYANMAR