ခ်ယ္လ္ဆီး အသင္း ဟာ ယေန႕ည မွာ ဝက္စ္ဟမ္း အသင္း နဲ႕ လန္ဒန္ ဒါဘီ ပြဲစဥ္ တပြဲ ကစား ရမွာ ျဖစ္ျပီး ထို ပြဲစဥ္ ကို အႏိုင္ ရရွိပါက အဆင့္ ၃ ေနရာ အထိ တက္လွမ္း ႏိုင္မွာ ျဖစ္လို႕ ခ်ယ္လ္ဆီး အတြက္ အရမ္း အေရးၾကီး တဲ့ ပြဲစဥ္ ျဖစ္လာ ႏိုင္ပါတယ္ ။ မေန႕ည က အာဆင္နယ္ အသင္း ရဲ႕ ရႈံးပြဲ အေပၚမွာလည္း ခ်ယ္လ္ဆီး တို႕ အခြင့္ေကာင္း ယူဖို႕ လိုေနပါတယ္ ။

ခ်ယ္လ္ဆီး အသင္း နဲ႕ ယေန႕ည မွာ ရင္ဆိုင္ ရမယ့္ ဝက္စ္ဟမ္း အသင္း ဟာ ကစားကြက္ ေကာင္းေကာင္း ပံုေဖာ္ ကစား ႏိုင္တဲ့ အသင္း ျဖစ္တာေၾကာင့္ မွတ္တမ္း အစဥ္အလာ အရ အိမ္ကြင္း မွာ အသာ ရေလ့ ရွိတယ္ ဆိုေပမယ့္ သတိျပဳျပီး ကစားသြားဖို႕ လိုေနပါတယ္ ။ ခ်ယ္လ္ဆီး နည္းျပ ဆာရီ ကေတာ့ ဝက္စ္ဟမ္း အသင္း မွာ ေျခစြမ္းျပ ေနတဲ့ ခ်ယ္လ္ဆီး အကယ္ဒမီ ထြက္ ကစားသမား ေဟာင္း ဒီကလန္ ရိုက္စ္ ကို အထူး ခ်ီးက်ဴး ေျပာၾကား လိုက္ပါတယ္ ။

ရိုက္စ္ ဟာ ခ်ယ္လ္ဆီး အကယ္ဒမီ ထြက္ ကစားသမား တဦး ျဖစ္ေပမယ့္ ခ်ယ္လ္ဆီး အသင္း မွ ထုတ္ပယ္ ခံလိုက္ရသူ ျဖစ္ျပီး ယခု အခါ မွာ ဝက္စ္ဟမ္း အသင္း နဲ႕ အတူ ေျခစြမ္းျပ ကစား ေနသလို အသင္း ရဲ႕ ပထမ ပြဲထြက္ခြင့္ ေနရာ တေနရာ ကို ဆုပ္ကိုင္ ထားႏိုင္ခဲ့ျပီ ျဖစ္ပါတယ္ ။ အသက္ ၂၀ အရြယ္သာ ရွိေသးတဲ့ ရိုက္စ္ ဟာ ျပီးခဲ့တဲ့ ယူရို ၂၀၂၀ ေျခစစ္ပြဲစဥ္ ေတြ အတြက္ အဂၤလန္ လက္ေရြးစင္ အသင္း မွာ ေရြးခ်ယ္ ခံခဲ့ ရသူ ျဖစ္ပါတယ္ ။

ရိုက္စ္ နဲ႕ ပတ္သက္ျပီး ဆာရီ က ” ကြ်န္ေတာ့ အျမင္မွာေတာ့ သူဟာ ကစားသမားေကာင္း တေယာက္ ျဖစ္ပါတယ္ ။ ခံစစ္ပိုင္း မွာ အရမ္း ကြ်မ္းက်င္ တဲ့သူ ျဖစ္ျပီး ေဘာလံုး တားယူ ႏိုင္စြမ္း ေကာင္းတဲ့ ကစားသမား လည္း ျဖစ္ပါတယ္ ။ သူဟာ ကြင္းလယ္ အဖ်က္ အပိုင္းကို တာဝန္ယူ ထားသလို ခံစစ္နဲ႕ လည္း နီးနီးကပ္ကပ္ ကစားေလ့ ရွိတာေၾကာင့္ ကြ်န္ေတာ္ တို႕ အတြက္ ၾကီးမားတဲ့ ျပႆနာ ျဖစ္လာ ႏိုင္ပါတယ္ ။ ”

” ကြ်န္ေတာ္ တို႕နဲ႕ ပထမ အေက်ာ့ ကစား ခဲ့စဥ္တုန္း ကလည္း သူဟာ ကြ်န္ေတာ္ တို႕ အသင္းကို အခက္ေတြ႕ ေစခဲ့ပါတယ္ ။ အခုဆို သူဟာ တိုက္စစ္ပိုင္း ကို ကူညီတဲ့ ေနရာ မွာလည္း တိုးတက္ လာသလို ေနာက္ပိုင္း ပြဲစဥ္ ေတြမွာ သူ႕ရဲ႕ အံ့မခန္း ေျခစြမ္းေတြကို ေတြ႕ျမင္ ခဲ့ရပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ဆက္လက္ျပီး ဆာရီ က ယခုႏွစ္ ေဘာလံုး ရာသီ မွာမွ ရီးရဲလ္ မက္ဒရစ္ မွ ခ်ယ္လ္ဆီး သို႕ တရာသီ အငွား လာကစား ေနတဲ့ ကြင္းလယ္လူ ကိုဗာဆစ္ ကို အျပီးသတ္ ေခၚယူ သြားလိုျခင္း ရွိမရွိ နဲ႕ ပတ္သက္ျပီး အခုလိုပဲ ေျဖၾကား ခဲ့ပါတယ္ ။

ဆာရီ က ” ကိုဗာဆစ္ ဟာ အခု ကြ်န္ေတာ္ တို႕ အသင္း ကို အငွား လာကစား ေနပါတယ္ ။ ဒါေပမယ့္ ကြ်န္ေတာ္ ကေတာ့ သူနဲဲ႕ ေနာက္ တရာသီ မွာလည္း ဆက္ျပီး လက္တြဲ သြားခ်င္ပါတယ္ ။ ကြ်န္ေတာ္ တို႕ရဲ႕ ကြင္းလယ္ အထိုင္မွာ ေဂ်ာ္ဂ်င္ဟို တဦးတည္း ရွိတဲ့ အတြက္ေၾကာင့္ သူ႕ကို ကြ်န္ေတာ္ တို႕ လိုအပ္ ေနပါတယ္ ။ ”

” ကြ်န္ေတာ့ အျမင္မွာေတာ့ သူဟာ အရမ္း ေတာ္တဲ့ ကြင္းလယ္လူ တဦး ျဖစ္လာ ႏိုင္ပါတယ္ ။ သူဟာ ကြင္းလယ္ အဖ်က္ ကစားသမား မဟုတ္တာ မွန္ပါတယ္ ။ ဒါေပမယ့္ ခင္ဗ်ား တို႕ သိတဲ့ အတိုင္းပဲ ကြ်န္ေတာ္ ဟာ ကြင္းလယ္ အထိုင္ မွာ နည္းစနစ္ပိုင္း ပို ကြ်မ္းက်င္ တဲ့ ကစားသမား တေယာက္ ကို ကစား ေစခ်င္ပါတယ္ ။ ေနာက္ဆံုး ကစား ခဲ့တဲ့ ပြဲမွာဆို ေဂ်ာ္ဂ်င္ဟို ဟာ ေဘာလံုး ထိခ်က္ အၾကိမ္ ၁၆၁ ရွိခဲ့ပါတယ္ ။ ”

” ဒါေၾကာင့္မို႕ ကြင္းလယ္ အထိုင္မွာ အရည္အခ်င္း ျပည့္မွီ တဲ့ ကြင္းလယ္ ကစားသမား တဦး အလို ရွိပါတယ္ ။ ဂိုးဖန္တီးဖို႕ အတြက္ ကြင္းလယ္ ကစားသမား မ်ိဳး မဟုတ္ပဲ ကြင္းလယ္ ကေန ေဘာလံုး ျမန္ျမန္ ေရြ႕လ်ားဖို႕ အတြက္ ကြင္းလယ္လူ တေယာက္ လိုေနတာပါ ။ အဲ့ဒီ ေနရာမွာ ေနာက္ထပ္ ကြင္းလယ္လူ တဦး ဝယ္ဖို႔ မလိုပါဘူး ။ ကြ်န္ေတာ္ ကြင္းလယ္ အထိုင္ ကို ကိုဗာဆစ္ နဲ႕ စမ္းသပ္ ကစားၾကည့္ခ်င္ ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ယနေ့ညပွဲမှာ အထူး စောင့်ကြည့် ရမယ့် ဝက်စ်ဟမ်း ကြယ်ပွင့် ကစားသမား တဦး အကြောင်း ပြောကြား လိုက်တဲ့ #ဆာရီ

ချယ်လ်ဆီး အသင်း ဟာ ယနေ့ည မှာ ဝက်စ်ဟမ်း အသင်း နဲ့ လန်ဒန် ဒါဘီ ပွဲစဉ် တပွဲ ကစား ရမှာ ဖြစ်ပြီး ထို ပွဲစဉ် ကို အနိုင် ရရှိပါက အဆင့် ၃ နေရာ အထိ တက်လှမ်း နိုင်မှာ ဖြစ်လို့ ချယ်လ်ဆီး အတွက် အရမ်း အရေးကြီး တဲ့ ပွဲစဉ် ဖြစ်လာ နိုင်ပါတယ် ။ မနေ့ည က အာဆင်နယ် အသင်း ရဲ့ ရှုံးပွဲ အပေါ်မှာလည်း ချယ်လ်ဆီး တို့ အခွင့်ကောင်း ယူဖို့ လိုနေပါတယ် ။

ချယ်လ်ဆီး အသင်း နဲ့ ယနေ့ည မှာ ရင်ဆိုင် ရမယ့် ဝက်စ်ဟမ်း အသင်း ဟာ ကစားကွက် ကောင်းကောင်း ပုံဖော် ကစား နိုင်တဲ့ အသင်း ဖြစ်တာကြောင့် မှတ်တမ်း အစဉ်အလာ အရ အိမ်ကွင်း မှာ အသာ ရလေ့ ရှိတယ် ဆိုပေမယ့် သတိပြုပြီး ကစားသွားဖို့ လိုနေပါတယ် ။ ချယ်လ်ဆီး နည်းပြ ဆာရီ ကတော့ ဝက်စ်ဟမ်း အသင်း မှာ ခြေစွမ်းပြ နေတဲ့ ချယ်လ်ဆီး အကယ်ဒမီ ထွက် ကစားသမား ဟောင်း ဒီကလန် ရိုက်စ် ကို အထူး ချီးကျူး ပြောကြား လိုက်ပါတယ် ။

ရိုက်စ် ဟာ ချယ်လ်ဆီး အကယ်ဒမီ ထွက် ကစားသမား တဦး ဖြစ်ပေမယ့် ချယ်လ်ဆီး အသင်း မှ ထုတ်ပယ် ခံလိုက်ရသူ ဖြစ်ပြီး ယခု အခါ မှာ ဝက်စ်ဟမ်း အသင်း နဲ့ အတူ ခြေစွမ်းပြ ကစား နေသလို အသင်း ရဲ့ ပထမ ပွဲထွက်ခွင့် နေရာ တနေရာ ကို ဆုပ်ကိုင် ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ရိုက်စ် ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ် တွေ အတွက် အင်္ဂလန် လက်ရွေးစင် အသင်း မှာ ရွေးချယ် ခံခဲ့ ရသူ ဖြစ်ပါတယ် ။

ရိုက်စ် နဲ့ ပတ်သက်ပြီး ဆာရီ က ” ကျွန်တော့ အမြင်မှာတော့ သူဟာ ကစားသမားကောင်း တယောက် ဖြစ်ပါတယ် ။ ခံစစ်ပိုင်း မှာ အရမ်း ကျွမ်းကျင် တဲ့သူ ဖြစ်ပြီး ဘောလုံး တားယူ နိုင်စွမ်း ကောင်းတဲ့ ကစားသမား လည်း ဖြစ်ပါတယ် ။ သူဟာ ကွင်းလယ် အဖျက် အပိုင်းကို တာဝန်ယူ ထားသလို ခံစစ်နဲ့ လည်း နီးနီးကပ်ကပ် ကစားလေ့ ရှိတာကြောင့် ကျွန်တော် တို့ အတွက် ကြီးမားတဲ့ ပြဿနာ ဖြစ်လာ နိုင်ပါတယ် ။ ”

” ကျွန်တော် တို့နဲ့ ပထမ အကျော့ ကစား ခဲ့စဉ်တုန်း ကလည်း သူဟာ ကျွန်တော် တို့ အသင်းကို အခက်တွေ့ စေခဲ့ပါတယ် ။ အခုဆို သူဟာ တိုက်စစ်ပိုင်း ကို ကူညီတဲ့ နေရာ မှာလည်း တိုးတက် လာသလို နောက်ပိုင်း ပွဲစဉ် တွေမှာ သူ့ရဲ့ အံ့မခန်း ခြေစွမ်းတွေကို တွေ့မြင် ခဲ့ရပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး ဆာရီ က ယခုနှစ် ဘောလုံး ရာသီ မှာမှ ရီးရဲလ် မက်ဒရစ် မှ ချယ်လ်ဆီး သို့ တရာသီ အငှား လာကစား နေတဲ့ ကွင်းလယ်လူ ကိုဗာဆစ် ကို အပြီးသတ် ခေါ်ယူ သွားလိုခြင်း ရှိမရှိ နဲ့ ပတ်သက်ပြီး အခုလိုပဲ ဖြေကြား ခဲ့ပါတယ် ။

ဆာရီ က ” ကိုဗာဆစ် ဟာ အခု ကျွန်တော် တို့ အသင်း ကို အငှား လာကစား နေပါတယ် ။ ဒါပေမယ့် ကျွန်တော် ကတော့ သူနဲဲ့ နောက် တရာသီ မှာလည်း ဆက်ပြီး လက်တွဲ သွားချင်ပါတယ် ။ ကျွန်တော် တို့ရဲ့ ကွင်းလယ် အထိုင်မှာ ဂျော်ဂျင်ဟို တဦးတည်း ရှိတဲ့ အတွက်ကြောင့် သူ့ကို ကျွန်တော် တို့ လိုအပ် နေပါတယ် ။ ”

” ကျွန်တော့ အမြင်မှာတော့ သူဟာ အရမ်း တော်တဲ့ ကွင်းလယ်လူ တဦး ဖြစ်လာ နိုင်ပါတယ် ။ သူဟာ ကွင်းလယ် အဖျက် ကစားသမား မဟုတ်တာ မှန်ပါတယ် ။ ဒါပေမယ့် ခင်ဗျား တို့ သိတဲ့ အတိုင်းပဲ ကျွန်တော် ဟာ ကွင်းလယ် အထိုင် မှာ နည်းစနစ်ပိုင်း ပို ကျွမ်းကျင် တဲ့ ကစားသမား တယောက် ကို ကစား စေချင်ပါတယ် ။ နောက်ဆုံး ကစား ခဲ့တဲ့ ပွဲမှာဆို ဂျော်ဂျင်ဟို ဟာ ဘောလုံး ထိချက် အကြိမ် ၁၆၁ ရှိခဲ့ပါတယ် ။ ”

” ဒါကြောင့်မို့ ကွင်းလယ် အထိုင်မှာ အရည်အချင်း ပြည့်မှီ တဲ့ ကွင်းလယ် ကစားသမား တဦး အလို ရှိပါတယ် ။ ဂိုးဖန်တီးဖို့ အတွက် ကွင်းလယ် ကစားသမား မျိုး မဟုတ်ပဲ ကွင်းလယ် ကနေ ဘောလုံး မြန်မြန် ရွေ့လျားဖို့ အတွက် ကွင်းလယ်လူ တယောက် လိုနေတာပါ ။ အဲ့ဒီ နေရာမှာ နောက်ထပ် ကွင်းလယ်လူ တဦး ဝယ်ဖို့ မလိုပါဘူး ။ ကျွန်တော် ကွင်းလယ် အထိုင် ကို ကိုဗာဆစ် နဲ့ စမ်းသပ် ကစားကြည့်ချင် ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR