အလန်​ရှီးယားရား ဟာ ချဲလ်​ဆီး ကို လီ​ဗာပူးတို့ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်​ရရှိ ခဲ့တဲ့ ပွဲစဉ်​မှာ အလက်​ဇန်းဒါးအာနိုး ရဲ့ သွင်းဂိုး ကို သာမက ၎င်းရဲ့ စွမ်း​ဆောင်​ရည်​ကိုလည်း အထူး ​ကျေနပ်​ နှစ်​သက်​​နေပါတယ်​။ ဒါ့အပြင်​ အလန်​ရှီးယားရား က ဒုတိယပိုင်း လီ​ဗာပူးတို့ အနိုင်​ဂိုးကို ထိန်းဖို့ ကြိုးစား​နေ ချိန်​မှာလည်း အင်္ဂလန်​ ညာ​နောက်​ခံလူဟာ ခံစစ်​ပိုင်း စွမ်း​ဆောင်​ရည်​​ကောင်း​တွေ ၊ စိတ်​ဓာတ်​ ကြံ့ခိုင်​မှု​တွေကို ပြသ သွားခဲ့တယ်​လို့လည်း ဆိုသွားပါတယ်​။

လီ​ဗာပူး ဟာ စတန်းဖို့ဘရစ်​ခ်ျ​မှာ ချဲလ်​ဆီးကို အနိုင်​ယူကာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ရာနှုန်းပြည့်​ နိုင်​ပွဲ ရယူနိုင်​ ခဲ့​ပေမယ့်​လည်း ချဲလ်​ဆီး ဟာ ဒုတိယပိုင်းမှာ လီ​ဗာပူး ကို အ​ကောင်းဆုံး ဖိအား​ပေး ခဲ့တဲ့ အပြင်​ တစ်​ပွဲလုံး ဂိုးကန်​သွင်းမှုလည်း ပိုခဲ့ပါတယ်​။ ဒုတိယပိုင်းမှာ ချဲလ်​ဆီးတို့ အန်​ဂိုလိုကန်​တီ ရဲ့ ​သွင်းဂိုး ရရှိ ခဲ့ပြီး​နောက်​ ပိုမို ပြင်းပြင်းထန်​ထန်​ ဖိအား​ပေး ကစားခဲ့ပြီး လီ​ဗာပူး ဟာ ​ကောင်းမွန်​တဲ့ ခံစစ်​ကစားဟန်​ကို အားပြုကာ အနိုင်​ရလဒ်​ကို ထိန်းသိမ်း ခဲ့ရပါတယ်​။

နယူးကာဆယ်​ တိုက်​စစ်​မှုး​ဟောင်းက “အရမ်းကို ​ကောင်းတဲ့ ပွဲပါ။ နှစ်​သင်းစလုံးဟာ အပြိုင်​ ဖိအား​ပေး ကစားသွား ခဲ့ကြပါတယ်​။ လီ​ဗာပူးဟာ သွင်းဂိုး ၂ ဂိုး ရရှိခဲ့ပြီး မျှမျှတတ ​ပြောရရင်​ ချဲလ်​ဆီးဟာ အခွင့်​အ​ရေး များစွာ ဖန်​တီး နိုင်​ခဲ့ပါတယ်​။ ချဲလ်​ဆီး အ​နေနဲ့ သူတို့ တကယ်​ ရခဲ့တဲ့ သွင်းဂိုး အ​ရေအတွက်​ထက်​ ဂိုးပိုမို ရခဲ့သင့်​ ပါတယ်​ ။ ဒါဟာ ကြည့်​ရတာ တကယ်​​ကောင်းတဲ့ ပွဲဖြစ်​ပါတယ်​။ ဒီပွဲမှာ အရာအားလုံး ကို ​တွေ့နိုင်​ပါတယ်​။ ကျွန်​​တော်​ က​တော့ ဒီပွဲကို ကြည့်​ရတာ အ​တော်​ ကြိုက်​ခဲ့ပါတယ်​။ လီ​ဗာပူး ဘက်​က ကြည်​လိုက်​မယ်​ ဆိုရင်​​တော့ အလက်​ဇန်းဒါးအာနိုး ရဲ့ ဂိုးဟာ တကယ်​​ ​ကောင်းပါတယ်​။ ကျွန်​​တော်​က​တော့ သူဟာ သူတို့ရဲ့ အ​ကောင်း​​ဆုံး ကစားသမား ဖြစ်​တယ်​လို့ ယူဆပါတယ်​။ ဒီ​ကောင်​​လေး​မှာ အရာအားလုံး ပိုက်​ဆိုင်​ ထားတယ်​လို့ ကျွန်​​တော်​ ထင်​ပါတယ်​။

သူဒီမှာ ထုတ်​ပြ သွားခဲ့တဲ့ မြန်​နှုန်း ၊ ကျွန်​​တော်​တို့ မြင်​ခဲ့တဲ့ သူ့ရဲ့ ဖြတ်​တင်​​ဘော​တွေ ၊ တိကျတဲ့ ​ထောင့်​ကန်​​ဘော​တွေ ၊ သူသွင်းယူ ခဲ့တဲ့ ဂိုးဟာ ဆိုရင်​လည်း ဂိုးသမား အ​နေနဲ့ ကာကွယ်​ဖို့ လုံးဝ အခွင့်​အ​ရေး မရှိခဲ့ပါဘူး။ လီ​ဗာပူး တို့ ဒုတိယပိုင်း ဖိအားေ​တွ များ​နေချိန်​မှာ သူဟာ ခံစစ်​ပိုင်းမှာ အ​ကောင်းဆုံး ကစား​ပေး ခဲ့ပါတယ်​။ သူရဲ့ ​နေရယူပုံ​တွေ ​ကောင်းမွန်လှပြီး ​ဗဟို​နောက်​ခံလူနဲ့ သူယူထားတဲ့ ​နေရာ အကွာအ​ဝေးဟာ တိကျပါတယ်​။ အ​တော်​ကို ​ကောင်းမွန်​တဲ့ အနာဂတ်​ ရှိတဲ့ ကစားသမားပါ​ဗျာ။” လို့ ဆိုသွားပါတယ်​။

ဆက်​လက်​ပြီး ရှီးယားရားက “လီ​ဗာပူး ဟာ သူတို့ရဲ့ ​နောက်​တန်း အစွန်​လူ​တွေ တီက အများကြီး ​တောင်းဆိုမှု လုပ်​တာ အံ့အားသင့်​ စရာ မရှိပါဘူး။ သူတို့ဟာ ခံစစ်​မှာ​ကော တိုက်​စစ်​ပိုင်း အတွက်​ပါ အများကြီး အကျိုးပြု ခဲ့ကြပြီး ဒီပွဲကို ကြည့်​ရင်​ အားလုံး သိနိုင်​ပါတယ်​။” လို့ ဆိုသွားပါတယ်​။

Match of the Day ရဲ့ host ဖြစ်​သူ ဂယ်​ရီလိုင်​နီကာ ကလည်း စတန်းဖို့ဒ်​ဘရစ်​ခ်ျ​ မှာ အလက်​ဇန်းဒါးအာနိုး ပြသခဲ့တဲ့ အရည်​အ​သွေးကို ချီးကျူး သွားခဲ့ပါတယ်​။

လိုင်​နီကာက “သူဟာ ပိုပြီး​တော့ ​ကောင်းသထက်​ ​ကောင်းလာပါတယ်​။ ထရန်​အလက်​ဇန်းဒါး အာနိုးဟာ ကမ္ဘာ​ပေါ်မှာ စိတ်​လှုပ်​ရှား စရာ အ​ကောင်းဆုံး ထိပ်​တန်း လူငယ်​ကြယ်​ပွင့်​​တွေ ထဲက တစ်​ဦးပါ။ ထူးချွန်​တဲ့ ကစားသမားပါ။”

SM