messi The Best

ယမန္ ေန႔ ညပိုင္းမွာ က်င္းပခဲ႔တဲ႕ FIFA’S THE BEST အေကာင္းဆံုး ဆုေပးပြဲ အခမ္းအနားမွာ ေတာ့ အမ်ိဳးသားအေကာင္းဆံုးေဘာလံုးသမားဆုကို ဘာစီလိုနာ တိုက္စစ္မွဴး မက္ဆီက ဆြတ္ခူးသြားခဲ႕ပါတယ္။ဒီရာသီ အစပိုင္းပြဲေတြကို ဒဏ္ရာေျကာင့္ လြဲေခ်ာ္ထားခဲ႔ရတဲ႔ သူ႔အတြက္ေတာ့ အနည္းငယ္ စိတ္သက္သာစရာျဖစ္သြားခဲ႔ပါတယ္။

မက္ဆီ မပါဝင္ႏိုင္ခ်ိန္ မွာ ဘာစီလိုနာ အသင္းက ရလဒ္ပိုင္း မတည္ျငိမ္မွဳေတြ ဆက္တိုက္ ျကံုေတြ႔ထားခဲ႔ရတာျဖစ္ျပီး ပြဲစဥ္ ၅အျပီးမွာ ရမွတ္ ၇မွတ္သာရရွိထားခဲ႔ေသးတာျဖစ္လို႔ အဆင့္၈ေနရာအထိ က်ေရာက္ေနပါတယ္။မက္ဆီဟာ အခုအပတ္ မွာကစားခဲ႔တဲ႔ ဂရန္နာဒါနဲ႔ ပြဲစဥ္ ဒုတိယပိုင္းမွာလူစားဝင္ေရာက္ခဲ႔ေပမယ္႔ ရာႏွုန္းျပည့္ ျကံ့ခိုင္မွဳမရွိထားေသးတာေျကာင့္ ရွံုးပြဲကေနကယ္တင္ေပးႏိုင္ျခင္း မရွိခဲ႔တာ ျဖစ္ပါတယ္။

ပြဲေတြနဲ႕ ေဝးကြာေနခဲ႔တာျကာျပီျဖစ္လို႔ လည္း အဆင္မေျပမွဳအခ်ိဳ႔ ရွိေနတယိလို႔ မက္ဆီက ဝန္ခံခဲ႕ပါတယ္။ သူအခုဆြတ္ခူး ခဲ႕တဲ႔ THE BEST ဆုကလည္း သူ႔အတြက္ ဘယ္ေလာက္ အထိ အေရးပါတယ္ဆိုတာကို ထုတ္ေျပာသြားခဲ႔ပါတယ္။

messi

ဆုေပးပြဲ အခမ္းအနားအတြင္း အင္တာဗ်ဴးတခုမွာ မက္ဆီက – ” က်ြန္ေတာ္ဟာ ပြဲေတြ နဲ႔ ေဝးကြာ ေနခဲ႔တာ ၂လ ေလာက္ရွိခဲ႔ ပါတယ္။က်ြန္ေတာ့္ကိုယ္က်ြန္ေတာ္ သတိျပဳမိတာကေတာ့ ပင္ပန္ႏြမ္းနယ္သလိုျဖစ္ေနျပီးေလးလံေနလို႔ ရစ္သမ္ေပ်ာက္ ေနခဲ႔ပါတယ္။ဒဏ္ရာအေျခအေနက ဘယ္ေလာက္အထိ ျပင္းထန္ခဲ႔တယ္ဆိုတာကို လည္း အသင္းဘက္က က်ြန္ေတာ့္ကို ေျပာဆိုထားခဲ႔ပါတယ္ ” လို႕ေျပာသြားခဲ႔ပါတယ္။

ဘာစီလိုနာ အသင္း ဟာ သူမပါဝင္ႏိုင္ခ်ိန္မွာ အေျခအေနဆိုးေနခဲ႕တာ ျဖစ္ျပီး အခုခ်ိန္မွာေတာ့ အသင္းကို ႏိုင္ပြဲေတြဆီကို ျပန္ေရာက္ဖို႔ ကူညီေပးသြားေတာ့မွာျဖစ္တယ္လို႕ လည္း သူက ထုတ္ေျပာသြားခဲ႕ပါတယ္။ဒီအေျကာင္းကို မက္ဆီက –

” က်ြန္ေတာ္တို႔ဟာ ဒီရာသီကို ဆိုးဆိုးရြားရြား ပံုစံနဲ႔ စတင္ခဲ႔ျကျပီး ကစားကြက္ ေကာ အခြင့္အေရးေတြပါ ဖန္တီးႏိုင္ဖို႔ ရုန္းကန္ခဲ႕ရပါတယ္။ဒါေပမယ့္ လည္း အခုမွ ရာသီအစပိုင္းပဲ ရွိေနေသးတာျဖစ္လို႔ ျပန္ျပီး တုန္႔ျပန္သြားရေတာ့မွာျဖစ္ပါတယ္။

ေနာက္ထပ္တိုးတက္စရာအမ်ားျကီးရွိေနတာျဖစ္ျပီးအခ်ိိန္ထပ္မရေတာ့ဘူးဆိုတာကို သတိျပဳဖို႕လိုပါတယ္။ဒါဟာ အသင္းလိုက္နဲ႔ ပတ္သက္တဲ႔ အရာတခုျဖစ္ပါတယ္။က်ြန္ေတာ္တို႔ တိုးတက္ေကာင္းမြန္လာလိမ့္မယ္ဆိုတဲ႕ အေပၚကိုလည္း သံသယေတာင္ ရွိမေနပါဘူး ” လို႕ေျပာသြားခဲ႔တာျဖစ္ပါတယ္။

သူမပါဝင္ႏိုင္ခ်ိန္မွာ ပြဲကစားခြင့္ေတြရရွိေနျပီး ေျခစြမ္းျပသေနခဲ႔တဲ႔ အသက္ ၁၆ႏွစ္အရြယ္ ျကယ္ပြင့္ေလး ဖာတီ နဲ႔ ပတ္သက္ျပီး မက္ဆီက- ” ေလ့က်င့္ေရးကြင္းမွာ ပထမဆံုးျမင္ေတြ႔လိုက္ကတည္းက သူ႔ရဲ႕ ေျခစြမ္းက က်ြန္ေတာ့္ကို ေက်နပ္အားရေစခဲ႔တာျဖစ္ပါတယ္။

အဲ႔ဒီေနာက္မွာေတာ့သူဟာက်ြန္ေတာ္တို႔ နဲ႔ အတူပြဲေတြကစားေနခဲ႔တာျဖစ္ပါတယ္။သူဟာ အရည္အေသြးေကာင္းပိုင္ဆိုင္ထားတဲ့ျကယ္ပြင့္တဦးျဖစ္ပါတယ္။ဒါေပမယ့္ သူ႔ကို ျဖည္းျဖည္းခ်င္း သြားခိုင္းဖို႔ လိုျပီး ဖိအားေတြ မျဖစ္ေစဖို႔ လိုပါတယ္။

သူ႔ရဲ႕ တိုးတက္ေကာင္းမြန္မွဳကို တားဆီးကာကြယ္မယ့္အရာေတြကေန လည္း သူ႔ကို မျဖစ္မေနကယ္တင္ကူညီျပီး ျဖည္းျဖည္းဆက္သြားေစရမွာျဖစ္ပါတယ္။သူဟာ ျကီးက်ယ္ေကာင္းမြန္တဲ႔ ကစားသမား တဦးျဖစ္လာဖို႔ လိုအပ္ခ်က္ေတြ ရွိထားပါတယ္ ” လို႔ ခ်ီးက်ဴးသြားခဲ႔ပါတယ္။

messi Barcelona-vs-Villarreal-

လက္ရွိခ်န္ပီယံ ဘာစီလိုနာအသင္းဟာယေန႕ ည မွာေတာ့ လာလီဂါ ပြဲစဥ္၆ အျဖစ္ ဗီလာရီးရဲလ္ အသင္းကို ဘာေနဗ်ဴးမွာ ဧည့္ခံသြားရမွာျဖစ္ျပီး လာမယ့္စေန ေန႔မွာ လည္း ဂီတာေဖး အသင္းကို အေဝးကြင္းမွာ သြားေရာက္ ရင္ဆိုင္ရဦးမွာျဖစ္ပါတယ္။

SPORT MYANMAR

Unicode

ပွဲမကစားရတာကြာနေပြီဖြစ်လို့ ဘယ်လိုခံစားနေခဲ့ရတယ်ဆိုတာထုတ်ပြောလိုက်တဲ့ #မက်ဆီ
=================================

ယမန် နေ့ ညပိုင်းမှာ ကျင်းပခဲ့တဲ့ FIFA’S THE BEST အကောင်းဆုံး ဆုပေးပွဲ အခမ်းအနားမှာ တော့ အမျိုးသားအကောင်းဆုံးဘောလုံးသမားဆုကို ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ဆွတ်ခူးသွားခဲ့ပါတယ်။ဒီရာသီ အစပိုင်းပွဲတွေကို ဒဏ်ရာကြောင့် လွဲချော်ထားခဲ့ရတဲ့ သူ့အတွက်တော့ အနည်းငယ် စိတ်သက်သာစရာဖြစ်သွားခဲ့ပါတယ်။

မက်ဆီ မပါဝင်နိုင်ချိန် မှာ ဘာစီလိုနာ အသင်းက ရလဒ်ပိုင်း မတည်ငြိမ်မှုတွေ ဆက်တိုက် ကြုံတွေ့ထားခဲ့ရတာဖြစ်ပြီး ပွဲစဉ် ၅အပြီးမှာ ရမှတ် ရမှတ်သာရရှိထားခဲ့သေးတာဖြစ်လို့ အဆင့်၈နေရာအထိ ကျရောက်နေပါတယ်။မက်ဆီဟာ အခုအပတ် မှာကစားခဲ့တဲ့ ဂရန်နာဒါနဲ့ ပွဲစဉ် ဒုတိယပိုင်းမှာလူစားဝင်ရောက်ခဲ့ပေမယ့် ရာနှုန်းပြည့် ကြံ့ခိုင်မှုမရှိထားသေးတာကြောင့် ရှံုးပွဲကနေကယ်တင်ပေးနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

ပွဲတွေနဲ့ ဝေးကွာနေခဲ့တာကြာပြီဖြစ်လို့ လည်း အဆင်မပြေမှုအချို့ ရှိနေတယိလို့ မက်ဆီက ဝန်ခံခဲ့ပါတယ်။ သူအခုဆွတ်ခူး ခဲ့တဲ့ THE BEST ဆုကလည်း သူ့အတွက် ဘယ်လောက် အထိ အရေးပါတယ်ဆိုတာကို ထုတ်ပြောသွားခဲ့ပါတယ်။

ဆုပေးပွဲ အခမ်းအနားအတွင်း အင်တာဗျူးတခုမှာ မက်ဆီက – ” ကျွန်တော်ဟာ ပွဲတွေ နဲ့ ဝေးကွာ နေခဲ့တာ ၂လ လောက်ရှိခဲ့ ပါတယ်။ကျွန်တော့်ကိုယ်ကျွန်တော် သတိပြုမိတာကတော့ ပင်ပန်နွမ်းနယ်သလိုဖြစ်နေပြီးလေးလံနေလို့ ရစ်သမ်ပျောက် နေခဲ့ပါတယ်။ဒဏ်ရာအခြေအနေက ဘယ်လောက်အထိ ပြင်းထန်ခဲ့တယ်ဆိုတာကို လည်း အသင်းဘက်က ကျွန်တော့်ကို ပြောဆိုထားခဲ့ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ဘာစီလိုနာ အသင်း ဟာ သူမပါဝင်နိုင်ချိန်မှာ အခြေအနေဆိုးနေခဲ့တာ ဖြစ်ပြီး အခုချိန်မှာတော့ အသင်းကို နိုင်ပွဲတွေဆီကို ပြန်ရောက်ဖို့ ကူညီပေးသွားတော့မှာဖြစ်တယ်လို့ လည်း သူက ထုတ်ပြောသွားခဲ့ပါတယ်။ဒီအကြောင်းကို မက်ဆီက –

” ကျွန်တော်တို့ဟာ ဒီရာသီကို ဆိုးဆိုးရွားရွား ပုံစံနဲ့ စတင်ခဲ့ကြပြီး ကစားကွက် ကော အခွင့်အရေးတွေပါ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ဒါပေမယ့် လည်း အခုမှ ရာသီအစပိုင်းပဲ ရှိနေသေးတာဖြစ်လို့ ပြန်ပြီး တုန့်ပြန်သွားရတော့မှာဖြစ်ပါတယ်။

နောက်ထပ်တိုးတက်စရာအများကြီးရှိနေတာဖြစ်ပြီးအချိိန်ထပ်မရတော့ဘူးဆိုတာကို သတိပြုဖို့လိုပါတယ်။ဒါဟာ အသင်းလိုက်နဲ့ ပတ်သက်တဲ့ အရာတခုဖြစ်ပါတယ်။ကျွန်တော်တို့ တိုးတက်ကောင်းမွန်လာလိမ့်မယ်ဆိုတဲ့ အပေါ်ကိုလည်း သံသယတောင် ရှိမနေပါဘူး ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

သူမပါဝင်နိုင်ချိန်မှာ ပွဲကစားခွင့်တွေရရှိနေပြီး ခြေစွမ်းပြသနေခဲ့တဲ့ အသက် ၁၆နှစ်အရွယ် ကြယ်ပွင့်လေး ဖာတီ နဲ့ ပတ်သက်ပြီး မက်ဆီက- ” လေ့ကျင့်ရေးကွင်းမှာ ပထမဆုံးမြင်တွေ့လိုက်ကတည်းက သူ့ရဲ့ ခြေစွမ်းက ကျွန်တော့်ကို ကျေနပ်အားရစေခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့သူဟာကျွန်တော်တို့ နဲ့ အတူပွဲတွေကစားနေခဲ့တာဖြစ်ပါတယ်။သူဟာ အရည်အသွေးကောင်းပိုင်ဆိုင်ထားတဲ့ကြယ်ပွင့်တဦးဖြစ်ပါတယ်။ဒါပေမယ့် သူ့ကို ဖြည်းဖြည်းချင်း သွားခိုင်းဖို့ လိုပြီး ဖိအားတွေ မဖြစ်စေဖို့ လိုပါတယ်။

သူ့ရဲ့ တိုးတက်ကောင်းမွန်မှုကို တားဆီးကာကွယ်မယ့်အရာတွေကနေ လည်း သူ့ကို မဖြစ်မနေကယ်တင်ကူညီပြီး ဖြည်းဖြည်းဆက်သွားစေရမှာဖြစ်ပါတယ်။သူဟာ ကြီးကျယ်ကောင်းမွန်တဲ့ ကစားသမား တဦးဖြစ်လာဖို့ လိုအပ်ချက်တွေ ရှိထားပါတယ် ” လို့ ချီးကျူးသွားခဲ့ပါတယ်။

လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းဟာယနေ့ ည မှာတော့ လာလီဂါ ပွဲစဉ်၆ အဖြစ် ဗီလာရီးရဲလ် အသင်းကို ဘာနေဗျူးမှာ ဧည့်ခံသွားရမှာဖြစ်ပြီး လာမယ့်စနေ နေ့မှာ လည်း ဂီတာဖေး အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

SPORT MYANMAR