lampard

ခ်ယ္လ္ဆီး အသင္း ဟာ ျပီးခဲ့တဲ့ တနဂၤေႏြ ေန႕က ကစား သြားခဲ့တဲ့ အမွတ္ေပး ဇယားထိပ္ က လီဗာပူး အသင္း နဲ႕ ပြဲစဥ္ မွာ ေျခစြမ္းခ်င္း ယွဥ္ႏိုင္ ခဲ့ေပမယ့္ အဆံုးမွာ ၁ – ၂ နဲ႕ အေရးနိမ့္ ခဲ့ရျပီး ဒီႏွစ္ ေဘာလံုး ရာသီ အတြက္ အိမ္ကြင္း ႏိုင္ပြဲ ရွာေဖြဖို႕ ရုန္းကန္ ေနရပါတယ္ ။ သို႕ေပမယ့္ လည္း ကစားသမားသစ္ ေခၚယူခြင့္ မရွိတဲ့ အျပင္ လူငယ္ ကစားသမား အစုအဖြဲ႕ တသိုက္ နဲ႕ ဒီႏွစ္ ေဘာလံုး ရာသီ ကို ေက်ာ္ျဖတ္ ေနရတာေၾကာင့္ ဒီေလာက္ စြမ္းေဆာင္ ထားႏိုင္တာနဲ႕တင္ အေတာ္ေလး ေက်နပ္စရာ ျဖစ္ပါတယ္ ။

ဒီႏွစ္ ေဘာလံုး ရာသီ မွာ ခ်ယ္လ္ဆီး အသင္း အဖို႕ ဆုဖလား ေတြကို ပစ္မွတ္ ထားႏိုင္ဖို႕ ခက္ခဲ ႏိုင္ေပမယ့္ အျမင့္မားဆံုး ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရဖို႕ စြမ္းေဆာင္ ႏိုင္ခဲ့မယ္ ဆိုရင္ ဒါဟာ ဖရန္႕ လမ္းပတ္ နဲ႕ ခ်ယ္လ္ဆီး အသင္းတို႕ အတြက္ ၾကီးမားတဲ့ ေအာင္ျမင္မႈ တခု လို႕ ဆိုရမွာ ျဖစ္ပါတယ္ ။ Sky Sports ရဲ႕ ေဘာလံုးပြဲ ေဝဖန္ သံုးသပ္သူ ေပါလ္မာဆင္ ကေတာ့ ဒီႏွစ္ ေဘာလံုး ရာသီ အကုန္ မွာ ခ်ယ္လ္ဆီး အသင္း ရပ္တည္မႈ ကို အခုလိုပဲ ခန္႕မွန္း ေျပာဆို လိုက္ပါတယ္ ။

မာဆင္ က ” ကြ်န္ေတာ္ ဟာ ခ်ယ္လ္ဆီး အသင္း ပရိသတ္ တေယာက္ ဆိုတာ လူေတြ သိၾကပါတယ္ ။ ျပီးခဲ့တဲ့ တနဂၤေႏြ ေန႕က သူတို႕ရဲ႕ စြမ္းေဆာင္ရည္ နဲ႕ ကစားပံု ကို ကြ်န္ေတာ္ အေတာ္ေလး ေက်နပ္ အားရ မိပါတယ္ ။ ဒါေပမယ့္ ရလဒ္ပိုင္း ေတာ့ မဟုတ္ပါဘူး ။ တဖက္မွာ လည္း အဲ့ဒီ ပြဲဟာ ခ်ယ္လ္ဆီး အသင္း အဖို႕ အေပါင္း လကၡဏာ ေဆာင္တဲ့ အရာ မ်ားစြာ ရရွိခဲ့မွာ အေသအခ်ာ ပါပဲ ။ ”

” အခု လက္ရွိ ခ်ယ္လ္ဆီး အသင္း ရဲ႕ အေနအထား ၊ ကစားပံု နဲ႕ ၾကိဳးစားမႈ ေတြကို ၾကည့္မယ္ ဆိုရင္ သူတို႕ ဟာ ရာသီကုန္ မွာ အဆင့္ ၄ ေနရာ ကို ရရွိဖို႕ စိန္ေခၚ ႏိုင္မယ့္ ပံုပါပဲ ။ သူတို႕ ဟာ ၾကည့္ရႈ ရတဲ့ ပရိသတ္ ေတြရဲ႕ စိတ္ႏွလံုးသား ကို ဖမ္းစား ႏိုင္ခဲ့သလို ၊ ဖရန္႕ လမ္းပတ္ ကိုလည္း အေတာ္ေလး စိတ္ခ်မ္းသာ ေအာင္ ကစားျပ ႏိုင္ခဲ့ၾကပါတယ္ ။ ကြ်န္ေတာ္ ကေတာ့ ခ်ယ္လ္ဆီး နဲ႕ ပတ္သက္ျပီး လူေတြရဲ႕ ေမွ်ာ္မွန္းခ်က္ ပိုျပီး တိုးလာႏိုင္တယ္ လို႕ ထင္ပါတယ္ ။ ”

 

” လီဗာပူး နဲ႕ ပြဲက စြမ္းေဆာင္ရည္ ၊ ကစားပံု မ်ိဳးကို ေတာက္ေလွ်ာက္ ထိန္းထား ႏိုင္ျပီ ဆိုရင္ ခင္ဗ်ား တို႕ဟာ အဆင့္ ၄ အတြင္း ဝင္ဖို႕ ေမွ်ာ္လင့္ခ်က္ ထားလာေတာ့မွာ ျဖစ္ပါတယ္ ။ ဒါေပမယ့္ ကစားပံု ေကာင္းေနျပီး အရႈံး ရလဒ္ ေတြနဲ႕သာ ရင္ဆိုင္ ရမယ္ ဆိုရင္ေတာ့ ကိုယ့္ရဲ႕ ေမွ်ာ္မွန္းခ်က္ က ျပန္က် သြားႏိုင္ပါတယ္ ။ ျပီးခဲ့တဲ့ တနဂၤေႏြ ေန႕က ပြဲအရ ဆိုရင္ေတာ့ သူတို႕မွာ အနိမ့္အျမင့္ အတက္အက် မ်ိဳးစံု ေရာေထြး ေနတယ္ လို႕ ထင္မိပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

ထို႕အျပင္ ေပါလ္မာဆင္ က ခ်ယ္လ္ဆီး အသင္း ဟာ ဒီႏွစ္ ေဘာလံုး ရာသီ မွာ အျခား ပရီးမီးယားလိဂ္ ထိပ္သီး အသင္း ေတြလို ကစားသမားသစ္ ေခၚယူဖို႕ အတြက္ ေပါင္သန္း ၇၀ ၊ ၈၀ တို႕ အသံုးမျပဳ ႏိုင္သလို ၊ ဖရန္႕ လမ္းပတ္ ရဲ႕ စြမ္းေဆာင္ရည္ ကို ခ်ီးက်ဴး ခဲ့ျပီး သူသာ မရွိရင္ လက္ရွိ အခ်ိန္ မွာ ေျခစြမ္း ျပေနတဲ့ ေမဆင္ေမာင့္ ၊ တမ္မီ ေအဘရာဟမ္ ၊ ဖီကာယုိ တိုမိုရီ တုိ႕ဟာ အငွားခ်မယ့္ ကစားသမား စာရင္းထဲမွာ ပါသြားေလာက္ျပီ လို႕ သံုးသပ္ ေျပာဆို ခဲ့ပါတယ္ ။

မာဆင္ က ” လီဗာပူး နဲ႕ ပြဲက ေျခစြမ္း ကို ၾကည့္ရင္ ခ်ယ္လ္ဆီး အသင္း ဟာ ဒီရာသီ ထိပ္သီး ၆သင္း ထဲက အသင္း တခ်ိဳ႕ ထက္ ပိုျပီး အေျခအေန ေကာင္းတယ္ လို႕ ဆိုႏိုင္ပါတယ္ ။ သူတို႕ဟာ တျခား ထိပ္သီး အသင္း ေတြလို ေပါင္သန္း ၈၀ ၊ ၉၀ ၊ ၁၀၀ အထိ အသံုးျပဳျပၤီး ကစားသမားသစ္ ေတြကိုလည္း ေခၚယူခြင့္ မရွိေနခဲ့ပါဘူး ။ ဒါေၾကာင့္မို႕ လူငယ္ ကစားသမား ေတြကို အသင္း မွာ ေနရာ ျပန္ေပးဖို႕ က အသင္း ရဲ႕ အင္အား ကို ျဖည့္တင္းဖို႕ တခုတည္းေသာ နည္းလမ္း ျဖစ္ခဲ့ပါတယ္ ။ ”

” အကယ္၍ ဖရန္႕ သာ မန္ေနဂ်ာ မျဖစ္လာဘူး ဆိုရင္ ေမာင့္ ၊ ေအဘရာဟမ္ နဲ႕ တိုမိုရီ တို႕ဟာ ခ်ယ္လ္ဆီး အသင္း ရဲ႕ အငွား ကစားသမား စာရင္း မွာ ပါေနဦးမွာ ျဖစ္ပါတယ္ ။ ဖရန္႕ ဟာ အေတြ႕အၾကံဳရင့္ ကစားသမား ေတြကိုလည္း ကိုင္တြယ္ ရာမွာ ပါးနပ္မႈ ရွိသလို ၊ ကလပ္ အသင္း ရဲ႕ အက်ိဳး ကို ေရွ႕တန္းတင္ ႏိုင္တဲ့ မန္ေနဂ်ာေကာင္း တဦး ျဖစ္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

လီဗာပူး ကို အရေးနိမ့် ခဲ့ပြီးနောက် ရာသီကုန် မှာ ချယ်လ်ဆီး အသင်း ဘယ် အဆင့် မှာ ရပ်တည် နေမလဲ ဆိုတာ ခန့်မှန်း ပြောဆိုလိုက်တဲ့ #ပေါလ်မာဆင်

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က ကစား သွားခဲ့တဲ့ အမှတ်ပေး ဇယားထိပ် က လီဗာပူး အသင်း နဲ့ ပွဲစဉ် မှာ ခြေစွမ်းချင်း ယှဉ်နိုင် ခဲ့ပေမယ့် အဆုံးမှာ ၁ – ၂ နဲ့ အရေးနိမ့် ခဲ့ရပြီး ဒီနှစ် ဘောလုံး ရာသီ အတွက် အိမ်ကွင်း နိုင်ပွဲ ရှာဖွေဖို့ ရုန်းကန် နေရပါတယ် ။ သို့ပေမယ့် လည်း ကစားသမားသစ် ခေါ်ယူခွင့် မရှိတဲ့ အပြင် လူငယ် ကစားသမား အစုအဖွဲ့ တသိုက် နဲ့ ဒီနှစ် ဘောလုံး ရာသီ ကို ကျော်ဖြတ် နေရတာကြောင့် ဒီလောက် စွမ်းဆောင် ထားနိုင်တာနဲ့တင် အတော်လေး ကျေနပ်စရာ ဖြစ်ပါတယ် ။

ဒီနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း အဖို့ ဆုဖလား တွေကို ပစ်မှတ် ထားနိုင်ဖို့ ခက်ခဲ နိုင်ပေမယ့် အမြင့်မားဆုံး ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ စွမ်းဆောင် နိုင်ခဲ့မယ် ဆိုရင် ဒါဟာ ဖရန့် လမ်းပတ် နဲ့ ချယ်လ်ဆီး အသင်းတို့ အတွက် ကြီးမားတဲ့ အောင်မြင်မှု တခု လို့ ဆိုရမှာ ဖြစ်ပါတယ် ။ Sky Sports ရဲ့ ဘောလုံးပွဲ ဝေဖန် သုံးသပ်သူ ပေါလ်မာဆင် ကတော့ ဒီနှစ် ဘောလုံး ရာသီ အကုန် မှာ ချယ်လ်ဆီး အသင်း ရပ်တည်မှု ကို အခုလိုပဲ ခန့်မှန်း ပြောဆို လိုက်ပါတယ် ။

မာဆင် က ” ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း ပရိသတ် တယောက် ဆိုတာ လူတွေ သိကြပါတယ် ။ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က သူတို့ရဲ့ စွမ်းဆောင်ရည် နဲ့ ကစားပုံ ကို ကျွန်တော် အတော်လေး ကျေနပ် အားရ မိပါတယ် ။ ဒါပေမယ့် ရလဒ်ပိုင်း တော့ မဟုတ်ပါဘူး ။ တဖက်မှာ လည်း အဲ့ဒီ ပွဲဟာ ချယ်လ်ဆီး အသင်း အဖို့ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာ များစွာ ရရှိခဲ့မှာ အသေအချာ ပါပဲ ။ ”

” အခု လက်ရှိ ချယ်လ်ဆီး အသင်း ရဲ့ အနေအထား ၊ ကစားပုံ နဲ့ ကြိုးစားမှု တွေကို ကြည့်မယ် ဆိုရင် သူတို့ ဟာ ရာသီကုန် မှာ အဆင့် ၄ နေရာ ကို ရရှိဖို့ စိန်ခေါ် နိုင်မယ့် ပုံပါပဲ ။ သူတို့ ဟာ ကြည့်ရှု ရတဲ့ ပရိသတ် တွေရဲ့ စိတ်နှလုံးသား ကို ဖမ်းစား နိုင်ခဲ့သလို ၊ ဖရန့် လမ်းပတ် ကိုလည်း အတော်လေး စိတ်ချမ်းသာ အောင် ကစားပြ နိုင်ခဲ့ကြပါတယ် ။ ကျွန်တော် ကတော့ ချယ်လ်ဆီး နဲ့ ပတ်သက်ပြီး လူတွေရဲ့ မျှော်မှန်းချက် ပိုပြီး တိုးလာနိုင်တယ် လို့ ထင်ပါတယ် ။ ”

” လီဗာပူး နဲ့ ပွဲက စွမ်းဆောင်ရည် ၊ ကစားပုံ မျိုးကို တောက်လျှောက် ထိန်းထား နိုင်ပြီ ဆိုရင် ခင်ဗျား တို့ဟာ အဆင့် ၄ အတွင်း ဝင်ဖို့ မျှော်လင့်ချက် ထားလာတော့မှာ ဖြစ်ပါတယ် ။ ဒါပေမယ့် ကစားပုံ ကောင်းနေပြီး အရှုံး ရလဒ် တွေနဲ့သာ ရင်ဆိုင် ရမယ် ဆိုရင်တော့ ကိုယ့်ရဲ့ မျှော်မှန်းချက် က ပြန်ကျ သွားနိုင်ပါတယ် ။ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က ပွဲအရ ဆိုရင်တော့ သူတို့မှာ အနိမ့်အမြင့် အတက်အကျ မျိုးစုံ ရောထွေး နေတယ် လို့ ထင်မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ထို့အပြင် ပေါလ်မာဆင် က ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ အခြား ပရီးမီးယားလိဂ် ထိပ်သီး အသင်း တွေလို ကစားသမားသစ် ခေါ်ယူဖို့ အတွက် ပေါင်သန်း ရ၀ ၊ ၈၀ တို့ အသုံးမပြု နိုင်သလို ၊ ဖရန့် လမ်းပတ် ရဲ့ စွမ်းဆောင်ရည် ကို ချီးကျူး ခဲ့ပြီး သူသာ မရှိရင် လက်ရှိ အချိန် မှာ ခြေစွမ်း ပြနေတဲ့ မေဆင်မောင့် ၊ တမ်မီ အေဘရာဟမ် ၊ ဖီကာယို တိုမိုရီ တို့ဟာ အငှားချမယ့် ကစားသမား စာရင်းထဲမှာ ပါသွားလောက်ပြီ လို့ သုံးသပ် ပြောဆို ခဲ့ပါတယ် ။

မာဆင် က ” လီဗာပူး နဲ့ ပွဲက ခြေစွမ်း ကို ကြည့်ရင် ချယ်လ်ဆီး အသင်း ဟာ ဒီရာသီ ထိပ်သီး ၆သင်း ထဲက အသင်း တချို့ ထက် ပိုပြီး အခြေအနေ ကောင်းတယ် လို့ ဆိုနိုင်ပါတယ် ။ သူတို့ဟာ တခြား ထိပ်သီး အသင်း တွေလို ပေါင်သန်း ၈၀ ၊ ၉၀ ၊ ၁၀၀ အထိ အသုံးပြုင်္ပြီး ကစားသမားသစ် တွေကိုလည်း ခေါ်ယူခွင့် မရှိနေခဲ့ပါဘူး ။ ဒါကြောင့်မို့ လူငယ် ကစားသမား တွေကို အသင်း မှာ နေရာ ပြန်ပေးဖို့ က အသင်း ရဲ့ အင်အား ကို ဖြည့်တင်းဖို့ တခုတည်းသော နည်းလမ်း ဖြစ်ခဲ့ပါတယ် ။ ”

” အကယ်၍ ဖရန့် သာ မန်နေဂျာ မဖြစ်လာဘူး ဆိုရင် မောင့် ၊ အေဘရာဟမ် နဲ့ တိုမိုရီ တို့ဟာ ချယ်လ်ဆီး အသင်း ရဲ့ အငှား ကစားသမား စာရင်း မှာ ပါနေဦးမှာ ဖြစ်ပါတယ် ။ ဖရန့် ဟာ အတွေ့အကြုံရင့် ကစားသမား တွေကိုလည်း ကိုင်တွယ် ရာမှာ ပါးနပ်မှု ရှိသလို ၊ ကလပ် အသင်း ရဲ့ အကျိုး ကို ရှေ့တန်းတင် နိုင်တဲ့ မန်နေဂျာကောင်း တဦး ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR