paul marson

​ေပါလ္​မာဆြန္​ က the Fifa Men’s Player of the Year ဆုကို ဘာစီလိုနာ စတား လီယြန္​နယ္​မက္​ဆီ ဆြတ္​ခူး သြားခဲ့တဲ့ အတြက္​ မ​ေပ်ာ္​မရႊင္​ ျဖစ္​​ေနၿပီး မီလန္​မွာ က်င္​းပခဲ့တဲ့ အဆိုပါ ပြဲမွာ လီ​ဗာပူး ​ေနာက္​ခံလူ ​ဗာဂ်ယ္​​ဗန္​ဒိုက္​ အ​ေနနဲ႔ အဆိုပါ ဆုနဲ႔ ဂုဏ္​ျပဳျခင္​း မခံရတာဟာ တကယ္​့ကို ဟာသ ျဖစ္​တယ္​လို႔ ဆိုသြားခဲ့ပါတယ္​။ ၿပီးခဲ့တဲ့ ရာသီက ဘာစီလိုနာ အသင္​းအတြက္​ စုစု​ေပါင္​း သြင္​းဂိုး ၅၁ ဂိုး သြင္​းယူ ခဲ့တဲ့ မက္ဆီဟာ ​ဗန္​ဒိုက္​ ၊ ​ခရစ္​စတီယာႏို​ေရာ္​နယ္​ဒို တို႔ကို ​ေက်ာ္​ကာ ဖီဖာက ခ်ီးျမႇင္​့ခဲ့တဲ့ တစ္​ႏွစ္​တာ အ​ေကာင္​းဆံုး အမ်ိဳးသား ​ေဘာလံုးသမားဆုကို ရ႐ွိသ​​ြား ခဲ့ၿပီး ကမာၻ့​အ​ေကာင္​းဆံုး ကစားသမား အျဖစ္​ လူကာမိုဒရစ္​ ​ေနရာမွာ အစားဝင္​ ခဲ့တာပါ။

ၿပီးခဲ့တဲ့ ​ေဘာလံုးရာသီက လီ​ဗာပူး ကို ခ်န္​ပီယံလိဂ္​ ဆုဖလား အျပင္​ နယ္​သာလန္​ အသင္​းကို ယူအီးအက္​​​ေအ Nations league ဖိုင္​နယ္​ ပို႔​ေဆာင္​ ​ေပးခဲ့တဲ့ ​ဗန္​ဒိုက္​ဟာ မၾကာ​ေသးမီက ဥ​ေရာပ အ​ေကာင္​းဆံုး ဆုနဲ႔ အ​ေကာင္းဆံုး ​ေနာက္​ခံလူ ဆု​ေတြ ရထား ခဲ့တာ​ေၾကာင္​့ ဒီဆုအတြက္​ ​ေရပန္​းစား ​ေနခဲ့တာ ျဖစ္​​ေပမယ္​့လည္​း တကယ္​တမ္​း​ေတာ့ မက္​ဆီကသာ ၂၀၁၉ ခုႏွစ္​အတြက္​ ဖီဖာတစ္​ႏွစ္​တာ အ​ေကာင္​းဆံုး ကစားသမား ျဖစ္သြား ခဲ့ပါတယ္​။

van dijk

အာဆင္​နယ္​ ကစားသမား​ေဟ​ာင္​း ​ေပါလ္​မာဆြန္​ က​ေတာ့ ဒီဆုအတြက္​ ​ဗန္​ဒိုက္​ ကို မ​ေရြးခ်ယ္​ ခဲ့တဲ့ အတြက္​ အလြန္​အမင္​း အံ့အားသင္​့ ​ေနၿပီး ကမာၻ့အ​ေကာင္​းဆံုး မန္​​ေနဂ်ာဆု ရ႐ွိ ခဲ့တဲ့ ယာဂန္​က​ေလာ့ ကို​ေတာ့ ခ်ီးက်ဴး သြားခဲ့ပါတယ္​။

ဖီဖာတစ္​ႏွစ္​တာ အ​ေကာင္​းဆံုး ကစားသမား ဆုနဲ႔ မက္​ဆီ ထိုက္​တန္​ သလား ဆုိတဲ့ ​ေမးခြန္​းကို မာဆြန္​ က `No. No ဒါဟာ လံုးဝကို ဟာသ ပါပဲ။ ဝမ္​းနည္​း ပါတယ္​။ ဒါဟာ ဟာသတစ္​ခုပါ။ မက္​ဆီဟာ ရာသီတုိင္​း သူလုပ္​ျပ ​ေနၾက အရာ​ေတြကို လုပ္​ျပ ​ခဲ့တာပါ။ သူဟာ ဘာစီလိုနာ ကုိ ​ေနာက္​တဆင္​့ကို ​သယ္​​ေဆာင္​ မသြား ႏိုင္​ခဲ့ပါဘူး။ သူဟာ ဒီအသင္​းကို ခ်န္​ပီယံလိဂ္​ ဖလား မဆြတ္​ခူး ​ေပးႏိုင္​ ခဲ့ပါဘူး။ ဒါဟာ ဘာစီလိုနာ အသင္​းရဲ႕ အ​ေျခအ​ေန ပါပဲ။ အလာ​ဗက္​စ္​နဲ႔ ပြဲမွာ သူ ဘယ္​​ေလာက္​ မ်ားမ်ား ရခဲ့လိုလဲ? ဖီဖာတစ္​ႏွစ္​တာ အ​ေကာင္​းဆံုး ကစားသမား ဆု ဆိုတာ စပယ္​႐ွယ္​ အရာ​ေတြ လုပ္​​ျပမွ ဆြတ္​ခူး ရမွာပါ။ ​ဗန္​ဒိုက္​ဟာ ဒီလို အရာ​ေတြ လုပ္​ျပ ခဲ့ပါတယ္​။ သူ လီ​ဗာပူး အသင္​းကို ခ်န္​ပီယံလိဂ္​ဖလား ရယူ ​ေပးခဲ့ပါတယ္​။

ဒါဟာ ဘာစီလိုနာ အသင္​း ဆြတ္​ခူး ခ်င္​တဲ့ အရာပါ။ ခင္​​ဗ်ား သူတို႔ကို ​ေမးၾကည္​့ပါဦး ။ လာလီဂါ အမွတ္​​ေပးဖလား ကို ယူခ်င္​လား ? ခ်န္​ပီယံလိဂ္​ ဖလားကို လိုခ်င္​လား? လို႔​ေပါ့။ သူတို႔ ​ေသခ်ာ​ေပါက္​ ခ်န္​ပီယံလိဂ္​ ဖလားကုိပဲ ​ေရြးခ်ယ္​ ပါလိမ္​့မယ္​။ ကြၽန္​​ေတာ္​့ အတြက္​ က​ေတာ့ ဒါဟာ လံုးဝ ဟာသ ပါပဲ။ တကယ္​့ကို ဟာသ ပါပဲ။ မက္​​ဆီ ဘာ့​ေၾကာင္​့ ဆြတ္​ခူး ခဲ့သလဲ ဆိုတာ ခင္​​ဗ်ားတို႔ သိၾကလား။ ဒါကို စတင္​ ​ေပးတဲ့ ၂၀၁၆ ခုႏွစ္​က စၿပီး ​ေရာ္​နယ္​ဒို ဟာ ပထမ ၂ႏွစ္​ကို ဆြတ္​ခူး ခဲ့ပါတယ္​။ အဲဒီ​ေနာက္​ မိုဒရစ္​ဟာ မႏွစ္​က ဆြတ္​ခူး ခဲ့ပါတယ္​။ ဒါ့​ေၾကာင္​့ သူတို႔ ဒါကို မက္​ဆီကို ​ေပးဖို႔ က်န္​​ေနပါ​တယ္​။

​ဗန္​ဒိုက္​ အ​ေနနဲ႔ ဒီထက္​ ပိုၿပီး ဘာလုပ္​ ျပရမွာလဲ? သူဟာ လီ​ဗာပူး ကို ခ်န္​ပီယံလိဂ္​ ဖလား အျပင္​ ​ေဟာ္​လန္​ကို ဥ​ေရာပ Nations league final ​ေတာင္​ ပို႔​ေပး ခဲ့ပါ​ေသးတယ္​။ ကြၽန္​​ေတာ္​ မယံုၾကည္​ ႏိုင္​ပါဘူး။ သူဟာ ဒီအသင္​း​ေတြကို ​ေနာက္​တဆင္​့ကို ပို႔​ေပး ခဲ့တာပါ။ မက္​ဆီဟာ မႏွစ္​က ဘာစီလိုနာ အသင္​းကို ​ေနာက္တဆင္​့ကို မပို႔​ေဆာင္​ ႏိုင္​ခဲ့ပါဘူး။ ​ေနာက္​ထပ္​ level တစ္​ခုကို သူ မ​ေခၚ​ေဆာင္​ ႏုိင္​ခဲ့ပါဘူး။ သူဟာ ႏွစ္​တုိုင္​း လုပ္​​ေနၾက အရာကိုပဲ လုပ္​ခဲ့တာပါ။ ​ဗန္​ဒိုက္​ဟာ လီ​​ဗာပူးကို အျခား level တစ္​ခုကို လံုးဝ ​ေရာက္​​ေစ ခဲ့ပါတယ္​။ အကယ္​၍ နည္​းျပဟာ တစ္​ႏွစ္​တာ အ​ေကာင္​းဆံုး မန္​​ေနဂ်ာ ကို ရခဲ့ၿပီ ဆုိရင္​ ဘာ့​ေၾကာင္​့ ကစားသမား က​ေကာ အ​ေကာင္​းဆံုး ကစားသမား မျဖစ္​ ခဲ့တာလဲ? ” လို႔ ​ေဝဖန္​ သြားပါတယ္​။

van dijk

​ဗန္​ဒိုက္​ အ​ေနနဲ႔ ၿပီးခဲ့တဲ့ ရာသီကလို စြမ္​း​ေဆာင္​ ႏိုင္​ခဲ့မယ္​ ဆိုရင္​​ေကာ လာမည္​့ ႏွစ္​မွာ ဆြတ္​ခူး ႏိုင္​မလား ဆိုတဲ့ ​ေမးခြန္​း ကို မာ​ဆြန္​က “ဒီဆုကို ဆြတ္​ခူး ႏိုင္​ဖို႔ အတြက္​ ဆိုတာ သူ႔အတြက္​ ခက္​ခဲမွာပါ။ မႏွစ္​က သူလုပ္​ျပ ခဲ့တာ​ေတြကုိ ၾကည္​့ရင္​ သူ ​ေနာက္​တဆင္​့ကို တက္​ႏိုင္​မွာလား? သူဒီထက္​ ပို​ေကာင္​း​ေအာင္​ ကစား ရမွာလား? ဒီ​ေကာင္​​ေလးဟာ သူ႔ရဲ႕ အျမင္​့ဆံုး အခ်ိန္​ ​ေရာက္​​ေနတာ ျဖစ္​​ေကာင္​း ျဖစ္​ႏိုင္​ပါတယ္​။ အကယ္​၍ သူ ဒီထက္​ပိုၿပီး စြမ္​း​ေဆာင္​ျပ မွသာ ဒီဆုကို ဆြတ္​ခူး ပါလိမ္​့မယ္​။ သူ ဒီဆုကို လံုးဝ ရခဲ့သင္​့ပါတယ္​။

အကယ္​၍ သူ ဒီရာသီ ပရီးမီးယားလိဂ္ ဖလား ဆြတ္​ခူးၿပီး ၊ ခ်န္​ပီယံလိဂ္​ဖလား မရ ခဲ့ဘူးဆိုရင္​ ဖီဖာက ​ေပးမွာလား? သူတို႔ ဒါကို ဂ႐ု ျပဴသြားမွာလား? သူတို႔ဟာ ကြၽန္​​ေတာ္​တို႔ လိဂ္​ကို ဂ႐ုမစိုက္​ပါဘူး။ တစ္​ႏွစ္​တာ အ​ေကာင္​းဆံုး အသင္​း ဆိုရင္​လည္​း သူတို႔ဟာ လာလီဂါ က လူ​ေတြကိုပဲ ​​ေရြးခ်ယ္​​ေလ့ ႐ွိပါတယ္​။ ဒီထဲမွာ ပရီးမီးယားလိဂ္ ကစားသမား မပါဝင္​ ခဲ့ပါဘူး။” လို႔ ​ေျပာသြားပါတယ္​။

SM

Unicode

`ဒါဟာ လုံးဝဟာသပဲ´ လို့ ဆိုလိုက်​ပြီး ဖီဖာတစ်​နှစ်​တာ အ​ကောင်​းဆုံး ကစားသမားဆုကို မက်​ဆီ မရသင်​့တဲ့ အ​ကြောင်​းကို ရှင်​းပြလိုက်​တဲ့ ​ပေါလ်​မာဆွန်​

​ပေါလ်​မာဆွန်​ က the Fifa Men’s Player of the Year ဆုကို ဘာစီလိုနာ စတား လီယွန်​နယ်​မက်​ဆီ ဆွတ်​ခူး သွားခဲ့တဲ့ အတွက်​ မ​ပျော်​မရွှင်​ ဖြစ်​​နေပြီး မီလန်​မှာ ကျင်​းပခဲ့တဲ့ အဆိုပါ ပွဲမှာ လီ​ဗာပူး ​နောက်​ခံလူ ​ဗာဂျယ်​​ဗန်​ဒိုက်​ အ​နေနဲ့ အဆိုပါ ဆုနဲ့ ဂုဏ်​ပြုခြင်​း မခံရတာဟာ တကယ်​့ကို ဟာသ ဖြစ်​တယ်​လို့ ဆိုသွားခဲ့ပါတယ်​။ ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာ အသင်​းအတွက်​ စုစု​ပေါင်​း သွင်​းဂိုး ၅၁ ဂိုး သွင်​းယူ ခဲ့တဲ့ မက်ဆီဟာ ​ဗန်​ဒိုက်​ ၊ ​ခရစ်​စတီယာနို​ရော်​နယ်​ဒို တို့ကို ​ကျော်​ကာ ဖီဖာက ချီးမြှင်​့ခဲ့တဲ့ တစ်​နှစ်​တာ အ​ကောင်​းဆုံး အမျိုးသား ​ဘောလုံးသမားဆုကို ရရှိသ​​ွား ခဲ့ပြီး ကမ္ဘာ့​အ​ကောင်​းဆုံး ကစားသမား အဖြစ်​ လူကာမိုဒရစ်​ ​နေရာမှာ အစားဝင်​ ခဲ့တာပါ။

ပြီးခဲ့တဲ့ ​ဘောလုံးရာသီက လီ​ဗာပူး ကို ချန်​ပီယံလိဂ်​ ဆုဖလား အပြင်​ နယ်​သာလန်​ အသင်​းကို ယူအီးအက်​​​အေ Nations league ဖိုင်​နယ်​ ပို့​ဆောင်​ ​ပေးခဲ့တဲ့ ​ဗန်​ဒိုက်​ဟာ မကြာ​သေးမီက ဥ​ရောပ အ​ကောင်​းဆုံး ဆုနဲ့ အ​ကောင်းဆုံး ​နောက်​ခံလူ ဆု​တွေ ရထား ခဲ့တာ​ကြောင်​့ ဒီဆုအတွက်​ ​ရေပန်​းစား ​နေခဲ့တာ ဖြစ်​​ပေမယ်​့လည်​း တကယ်​တမ်​း​တော့ မက်​ဆီကသာ ၂၀၁၉ ခုနှစ်​အတွက်​ ဖီဖာတစ်​နှစ်​တာ အ​ကောင်​းဆုံး ကစားသမား ဖြစ်သွား ခဲ့ပါတယ်​။

အာဆင်​နယ်​ ကစားသမား​ဟေ​ာင်​း ​ပေါလ်​မာဆွန်​ က​တော့ ဒီဆုအတွက်​ ​ဗန်​ဒိုက်​ ကို မ​ရွေးချယ်​ ခဲ့တဲ့ အတွက်​ အလွန်​အမင်​း အံ့အားသင်​့ ​နေပြီး ကမ္ဘာ့အ​ကောင်​းဆုံး မန်​​နေဂျာဆု ရရှိ ခဲ့တဲ့ ယာဂန်​က​လော့ ကို​တော့ ချီးကျူး သွားခဲ့ပါတယ်​။

ဖီဖာတစ်​နှစ်​တာ အ​ကောင်​းဆုံး ကစားသမား ဆုနဲ့ မက်​ဆီ ထိုက်​တန်​ သလား ဆိုတဲ့ ​မေးခွန်​းကို မာဆွန်​ က `No. No ဒါဟာ လုံးဝကို ဟာသ ပါပဲ။ ဝမ်​းနည်​း ပါတယ်​။ ဒါဟာ ဟာသတစ်​ခုပါ။ မက်​ဆီဟာ ရာသီတိုင်​း သူလုပ်​ပြ ​နေကြ အရာ​တွေကို လုပ်​ပြ ​ခဲ့တာပါ။ သူဟာ ဘာစီလိုနာ ကို ​နောက်​တဆင်​့ကို ​သယ်​​ဆောင်​ မသွား နိုင်​ခဲ့ပါဘူး။ သူဟာ ဒီအသင်​းကို ချန်​ပီယံလိဂ်​ ဖလား မဆွတ်​ခူး ​ပေးနိုင်​ ခဲ့ပါဘူး။ ဒါဟာ ဘာစီလိုနာ အသင်​းရဲ့ အ​ခြေအ​နေ ပါပဲ။ အလာ​ဗက်​စ်​နဲ့ ပွဲမှာ သူ ဘယ်​​လောက်​ များများ ရခဲ့လိုလဲ? ဖီဖာတစ်​နှစ်​တာ အ​ကောင်​းဆုံး ကစားသမား ဆု ဆိုတာ စပယ်​ရှယ်​ အရာ​တွေ လုပ်​​ပြမှ ဆွတ်​ခူး ရမှာပါ။ ​ဗန်​ဒိုက်​ဟာ ဒီလို အရာ​တွေ လုပ်​ပြ ခဲ့ပါတယ်​။ သူ လီ​ဗာပူး အသင်​းကို ချန်​ပီယံလိဂ်​ဖလား ရယူ ​ပေးခဲ့ပါတယ်​။

ဒါဟာ ဘာစီလိုနာ အသင်​း ဆွတ်​ခူး ချင်​တဲ့ အရာပါ။ ခင်​​ဗျား သူတို့ကို ​မေးကြည်​့ပါဦး ။ လာလီဂါ အမှတ်​​ပေးဖလား ကို ယူချင်​လား ? ချန်​ပီယံလိဂ်​ ဖလားကို လိုချင်​လား? လို့​ပေါ့။ သူတို့ ​သေချာ​ပေါက်​ ချန်​ပီယံလိဂ်​ ဖလားကိုပဲ ​ရွေးချယ်​ ပါလိမ်​့မယ်​။ ကျွန်​​တော်​့ အတွက်​ က​တော့ ဒါဟာ လုံးဝ ဟာသ ပါပဲ။ တကယ်​့ကို ဟာသ ပါပဲ။ မက်​​ဆီ ဘာ့​ကြောင်​့ ဆွတ်​ခူး ခဲ့သလဲ ဆိုတာ ခင်​​ဗျားတို့ သိကြလား။ ဒါကို စတင်​ ​ပေးတဲ့ ၂၀၁၆ ခုနှစ်​က စပြီး ​ရော်​နယ်​ဒို ဟာ ပထမ ၂နှစ်​ကို ဆွတ်​ခူး ခဲ့ပါတယ်​။ အဲဒီ​နောက်​ မိုဒရစ်​ဟာ မနှစ်​က ဆွတ်​ခူး ခဲ့ပါတယ်​။ ဒါ့​ကြောင်​့ သူတို့ ဒါကို မက်​ဆီကို ​ပေးဖို့ ကျန်​​နေပါ​တယ်​။

​ဗန်​ဒိုက်​ အ​နေနဲ့ ဒီထက်​ ပိုပြီး ဘာလုပ်​ ပြရမှာလဲ? သူဟာ လီ​ဗာပူး ကို ချန်​ပီယံလိဂ်​ ဖလား အပြင်​ ​ဟော်​လန်​ကို ဥ​ရောပ Nations league final ​တောင်​ ပို့​ပေး ခဲ့ပါ​သေးတယ်​။ ကျွန်​​တော်​ မယုံကြည်​ နိုင်​ပါဘူး။ သူဟာ ဒီအသင်​း​တွေကို ​နောက်​တဆင်​့ကို ပို့​ပေး ခဲ့တာပါ။ မက်​ဆီဟာ မနှစ်​က ဘာစီလိုနာ အသင်​းကို ​နောက်တဆင်​့ကို မပို့​ဆောင်​ နိုင်​ခဲ့ပါဘူး။ ​နောက်​ထပ်​ level တစ်​ခုကို သူ မ​ခေါ်​ဆောင်​ နိုင်​ခဲ့ပါဘူး။ သူဟာ နှစ်​တိုုင်​း လုပ်​​နေကြ အရာကိုပဲ လုပ်​ခဲ့တာပါ။ ​ဗန်​ဒိုက်​ဟာ လီ​​ဗာပူးကို အခြား level တစ်​ခုကို လုံးဝ ​ရောက်​​စေ ခဲ့ပါတယ်​။ အကယ်​၍ နည်​းပြဟာ တစ်​နှစ်​တာ အ​ကောင်​းဆုံး မန်​​နေဂျာ ကို ရခဲ့ပြီ ဆိုရင်​ ဘာ့​ကြောင်​့ ကစားသမား က​ကော အ​ကောင်​းဆုံး ကစားသမား မဖြစ်​ ခဲ့တာလဲ? ” လို့ ​ဝေဖန်​ သွားပါတယ်​။

​ဗန်​ဒိုက်​ အ​နေနဲ့ ပြီးခဲ့တဲ့ ရာသီကလို စွမ်​း​ဆောင်​ နိုင်​ခဲ့မယ်​ ဆိုရင်​​ကော လာမည်​့ နှစ်​မှာ ဆွတ်​ခူး နိုင်​မလား ဆိုတဲ့ ​မေးခွန်​း ကို မာ​ဆွန်​က “ဒီဆုကို ဆွတ်​ခူး နိုင်​ဖို့ အတွက်​ ဆိုတာ သူ့အတွက်​ ခက်​ခဲမှာပါ။ မနှစ်​က သူလုပ်​ပြ ခဲ့တာ​တွေကို ကြည်​့ရင်​ သူ ​နောက်​တဆင်​့ကို တက်​နိုင်​မှာလား? သူဒီထက်​ ပို​ကောင်​း​အောင်​ ကစား ရမှာလား? ဒီ​ကောင်​​လေးဟာ သူ့ရဲ့ အမြင်​့ဆုံး အချိန်​ ​ရောက်​​နေတာ ဖြစ်​​ကောင်​း ဖြစ်​နိုင်​ပါတယ်​။ အကယ်​၍ သူ ဒီထက်​ပိုပြီး စွမ်​း​ဆောင်​ပြ မှသာ ဒီဆုကို ဆွတ်​ခူး ပါလိမ်​့မယ်​။ သူ ဒီဆုကို လုံးဝ ရခဲ့သင်​့ပါတယ်​။

အကယ်​၍ သူ ဒီရာသီ ပရီးမီးယားလိဂ် ဖလား ဆွတ်​ခူးပြီး ၊ ချန်​ပီယံလိဂ်​ဖလား မရ ခဲ့ဘူးဆိုရင်​ ဖီဖာက ​ပေးမှာလား? သူတို့ ဒါကို ဂရု ပြူသွားမှာလား? သူတို့ဟာ ကျွန်​​တော်​တို့ လိဂ်​ကို ဂရုမစိုက်​ပါဘူး။ တစ်​နှစ်​တာ အ​ကောင်​းဆုံး အသင်​း ဆိုရင်​လည်​း သူတို့ဟာ လာလီဂါ က လူ​တွေကိုပဲ ​​ရွေးချယ်​​လေ့ ရှိပါတယ်​။ ဒီထဲမှာ ပရီးမီးယားလိဂ် ကစားသမား မပါဝင်​ ခဲ့ပါဘူး။” လို့ ​ပြောသွားပါတယ်​။

SM