ေအဂ်က္ ကြင္းလယ္လူ ဖရန္ကီ ဒီေဂ်ာင္းက ယေန႕ည ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ မွာ ၎တုိ႕နဲ႕ ေတြ႕ဆံု ေတာ့မယ့္ ဂ်ဴဗင္တပ္ အသင္းဟာ ဥေရာပ ရဲ႕ ၃ ႏွစ္ဆက္ ခ်န္ပီယံ ရီးရဲယ္မက္ဒရစ္ အသင္းထက္ ပိုေကာင္းတယ္လုိ႕ ဆုိလိုက္ပါတယ္။ နယ္သာလန္ ကလပ္ဟာ ျပီးခဲ့တဲ့ ၁၆ သင္း ရွံဳးထြက္ အဆင့္ က ရီးရဲယ္မက္ဒရစ္ ကို အိမ္ကြင္းမွာ ၂ – ၁ နဲ႕ ရွံဳးနိမ့္ ခဲ့ေပမယ့္လည္း ဒုတိယ အေက်ာ့ ဘာေနဗ်ဴး မွာေတာ့ အံ့အားသင့္ဖြယ္ ၄ – ၁ နဲ႕ ျပန္လည္ အႏိုင္ယူကာ ႏွစ္ေက်ာ့ေပါင္း ၅ – ၃ နဲ႕ ကြာတားဖိုင္နယ္ ကို တက္လာ ခဲ့တာ ျဖစ္ပါတယ္။

ဒီေဂ်ာင္း က “ကၽြန္ေတာ္ ကေတာ့ ဂ်ဴဗင္တပ္ဟာ ရီးရဲယ္မက္ဒရစ္ ထက္ အနည္းငယ္ ပိုသာတယ္လို႕ မွတ္ခ်က္ ေပးပါတယ္။ ကၽြန္ေတာ့္ကုိ အထင္မလြဲ ပါနဲ႕။ ရီးရဲယ္မက္ဒရစ္ ဟာ ထိပ္တန္း ကလပ္ တစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီရာသီ မွာ သူတုိ႕ အသင္းရဲ႕ ေျခစြမ္းဟာ ခ်န္ပီယံလိဂ္ ဖလားကို ၃ ႏွစ္ဆက္တုိက္ ဆြတ္ခူး ႏုိင္ခဲ့တဲ့ အသင္းထက္ စာရင္ ေလ်ာ့နည္း ေနပါတယ္။

ဂ်ဴဗင္တပ္ဟာ ဒီရာသီ ခ်န္ပီယံလိဂ္ ဖလား အတြက္ ေရပန္း အစားဆံုး အသင္းေတြ ထဲက တစ္သင္း ျဖစ္ပါတယ္။ ကၽြန္ေတာ္တုိ႕ အသင္း သူတို႕နဲ႕ ရင္ဆုိင္တဲ့ အခါ ဘယ္လို ေျဖရွင္း သြားႏုိင္မလဲ ဆုိတာ အရမ္း သိခ်င္ပါတယ္။ ဒါဟာ အရမ္း ေကာင္းတဲ့ စိန္ေခၚမွု တစ္ခု ပါပဲ။ အကယ္၍ ကၽြန္ေတာ္တုိ႕ အေနနဲ႕ ပံုမွန္ ေျခစြမ္း အဆင့္အတန္း နဲ႕ ကစား ႏိုင္ခဲ့မယ္ ဆုိရင္ ကၽြန္ေတာ္တုိ႕ဟာ ဂ်ဴဗင္တပ္ အတြက္ ခက္ခဲ ေစမွာပါ။

ကၽြန္ေတာ္ ကေတာ့ ေရာ္နယ္ဒုိ အေနနဲ႕ သူ႕ရဲ႕ ဒဏ္ရာ ကေန သက္သာျပီး ကစား ႏုိင္မယ္လို႕ ေမွ်ာ္လင့္ ပါတယ္။ သူဟာ ထိပ္တန္း ကစားသမား တစ္ဦးပါ။ သူမပါရင္ ဂ်ဴဗင္တပ္ကုိ ကၽြန္ေတာ္တုိ႕ အႏုိင္ ရႏုိင္မယ့္ အခြင့္အေရး ပိုမ်ားမယ္ ဆုိတာေတာ့ အမွန္ပါပဲ။ ကၽြန္ေတာ္ ကေတာ့ သူနဲ႕ ရင္ဆုိင္ ကစား သြားခ်င္ျပီး အေကာင္းဆံုး ကစားသမားေတြကို အႏုိင္ယူ ခ်င္ပါတယ္။” လို႕ ဆုိသြား ပါတယ္။

ေအဂ်က္နည္းျပ အဲရစ္ တန္းဟက္ကေတာ့ ေအဂ်က္ အသင္းအေနနဲ႕ ဂ်ဴဗင္တပ္နဲ႕ ပြဲမွာ ကုိယ့္ရဲ႕ ကစားပံု အတုိင္း ကစားသြားဖို႕သာ အာရံုစိုက္ ထားရမယ္လို႕ ဆုိသြား ပါတယ္။

တန္းဟက္ က “ေအဂ်က္ အသင္းဟာ ဂ်ဴဗင္တပ္ နဲ႕ ပြဲမွာ အေကာင္းဆံုး ေပးဆပ္ ကစားသြား မွာပါ။ ကၽြန္ေတာ္တုိ႕ အေနနဲ႕ ဒီပြဲမွာ ကုိယ့္ရဲ႕ နည္းအတိုင္း ကစားသြားဖို႕ လိုပါတယ္။ အေရးၾကီးဆံုး အရာ ကေတာ့ ရလဒ္ ပါပဲ။ ကၽြန္ေတာ္တုိ႕ဟာ ဒီပြဲ အတြက္ပဲ ေတြးထား ပါတယ္။ ကၽြန္ေတာ္တုိ႕မွာ ေကာင္းမြန္တဲ့ ကြင္းလယ္ ရွိေနျပီး ေဘာလံုး ပုိင္ဆုိင္မွဳ ေကာင္းေကာင္းနဲ႕ ကစား ႏုိင္စြမ္းရွိပါတယ္။ ဒါေပမယ့္ ဒီလို ေဘာလံုး ပိုင္ဆုိင္မွု အသာ မရတဲ့ အခါမွာ ကၽြန္ေတာ္တုိ႕ အေနနဲ႕ ျဖစ္ႏုိင္သမွ် ျမန္ျမန္ ေဘာလံုးျပန္လည္ ရယူဖို႕ လိုအပ္ပါတယ္။ နည္းစနစ္ပိုင္းအရ ကၽြန္ေတာ္တုိ႕ အေတာ္ အင္အား ေကာင္းပါတယ္။ ကၽြန္ေတာ္တုိ႕ ကစားသမားေတြဟာ ကစားကြက္ မ်ိဳးစံုမွာ ကစား ႏုိင္ပါတယ္။

ဒီပြဲမွာ စီေရာ္နယ္ဒုိ ပါ၀င္ လာမယ္ ဆုိ၇င္ ကၽြန္ေတာ္တုိ႕ ေပ်ာ္ရႊင္ မိမွာပါ။ ဘာလုိ႕လဲ ဆုိေတာ့ ကၽြန္ေတာ္တုိ႕ဟာ အေကာင္းဆံုး ကစားသမားေတြ နဲ႕ ရင္ဆိုင္ခ်င္ ပါတယ္။ ခ်ီလီနီ မပါတဲ့ ဒဏ္ကုိေတာ့ သူတုိ႕ ခံရႏုိင္ပါတယ္။ ဘာလို႕လဲ ဆုိေတာ့ သူဟာ ဂ်ဴဗီ အတြက္ အေရးပါတဲ့ ကစားသမား တစ္ဦး ျဖစ္လို႕ပါပဲ။ ဒါေပမယ့္ အယ္လီဂရီ မွာ သူ႕ေနရာကို အစားထုိးဖို႕ အတြက္ ကစားသမားေတြ အမ်ားၾကီး ရွိပါတယ္။

ဂ်ဴဗင္တပ္ ဟာ နည္းဗ်ဴဟာ ေပါင္းစံုကုိ အသံုးျပဳႏုိ္င္တဲ့ အေတြ႕အၾကံဳရင္ အသင္းတစ္သင္းပါ။ သူတုိ႕ဟာ ကၽြန္ေတာ္တုိ႕ ျဖတ္ေက်ာ္ရမယ့္ အတားအဆီး တစ္ခုပါပဲ။ ဒါ့ေၾကာင့္ ကၽြန္ေတာ္တုိ႕ အေနနဲ႕ ပြဲကို ဖတ္ရွဳရာမွာ ပုိေကာင္း ေနရပါမယ္။” လို႕ ဆုိသြား ပါတယ္။

SM

Unicode

ဂျူဗင်တပ်နဲ့ ရီးရဲယ်မက်ဒရစ် အသင်းတို့ကို နှိုင်းယှဉ်သွားခဲ့တဲ့ အေဂျက်စတား ဒီဂျောင်း

အေဂျက် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်းက ယနေ့ည ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာ ၎င်းတို့နဲ့ တွေ့ဆုံ တော့မယ့် ဂျူဗင်တပ် အသင်းဟာ ဥရောပ ရဲ့ ၃ နှစ်ဆက် ချန်ပီယံ ရီးရဲယ်မက်ဒရစ် အသင်းထက် ပိုကောင်းတယ်လို့ ဆိုလိုက်ပါတယ်။ နယ်သာလန် ကလပ်ဟာ ပြီးခဲ့တဲ့ ၁၆ သင်း ရှုံးထွက် အဆင့် က ရီးရဲယ်မက်ဒရစ် ကို အိမ်ကွင်းမှာ ၂ – ၁ နဲ့ ရှံုးနိမ့် ခဲ့ပေမယ့်လည်း ဒုတိယ အကျော့ ဘာနေဗျူး မှာတော့ အံ့အားသင့်ဖွယ် ၄ – ၁ နဲ့ ပြန်လည် အနိုင်ယူကာ နှစ်ကျော့ပေါင်း ၅ – ၃ နဲ့ ကွာတားဖိုင်နယ် ကို တက်လာ ခဲ့တာ ဖြစ်ပါတယ်။

ဒီဂျောင်း က “ကျွန်တော် ကတော့ ဂျူဗင်တပ်ဟာ ရီးရဲယ်မက်ဒရစ် ထက် အနည်းငယ် ပိုသာတယ်လို့ မှတ်ချက် ပေးပါတယ်။ ကျွန်တော့်ကို အထင်မလွဲ ပါနဲ့။ ရီးရဲယ်မက်ဒရစ် ဟာ ထိပ်တန်း ကလပ် တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီ မှာ သူတို့ အသင်းရဲ့ ခြေစွမ်းဟာ ချန်ပီယံလိဂ် ဖလားကို ၃ နှစ်ဆက်တိုက် ဆွတ်ခူး နိုင်ခဲ့တဲ့ အသင်းထက် စာရင် လျော့နည်း နေပါတယ်။

ဂျူဗင်တပ်ဟာ ဒီရာသီ ချန်ပီယံလိဂ် ဖလား အတွက် ရေပန်း အစားဆုံး အသင်းတွေ ထဲက တစ်သင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အသင်း သူတို့နဲ့ ရင်ဆိုင်တဲ့ အခါ ဘယ်လို ဖြေရှင်း သွားနိုင်မလဲ ဆိုတာ အရမ်း သိချင်ပါတယ်။ ဒါဟာ အရမ်း ကောင်းတဲ့ စိန်ခေါ်မှု တစ်ခု ပါပဲ။ အကယ်၍ ကျွန်တော်တို့ အနေနဲ့ ပုံမှန် ခြေစွမ်း အဆင့်အတန်း နဲ့ ကစား နိုင်ခဲ့မယ် ဆိုရင် ကျွန်တော်တို့ဟာ ဂျူဗင်တပ် အတွက် ခက်ခဲ စေမှာပါ။

ကျွန်တော် ကတော့ ရော်နယ်ဒို အနေနဲ့ သူ့ရဲ့ ဒဏ်ရာ ကနေ သက်သာပြီး ကစား နိုင်မယ်လို့ မျှော်လင့် ပါတယ်။ သူဟာ ထိပ်တန်း ကစားသမား တစ်ဦးပါ။ သူမပါရင် ဂျူဗင်တပ်ကို ကျွန်တော်တို့ အနိုင် ရနိုင်မယ့် အခွင့်အရေး ပိုများမယ် ဆိုတာတော့ အမှန်ပါပဲ။ ကျွန်တော် ကတော့ သူနဲ့ ရင်ဆိုင် ကစား သွားချင်ပြီး အကောင်းဆုံး ကစားသမားတွေကို အနိုင်ယူ ချင်ပါတယ်။” လို့ ဆိုသွား ပါတယ်။

အေဂျက်နည်းပြ အဲရစ် တန်းဟက်ကတော့ အေဂျက် အသင်းအနေနဲ့ ဂျူဗင်တပ်နဲ့ ပွဲမှာ ကိုယ့်ရဲ့ ကစားပုံ အတိုင်း ကစားသွားဖို့သာ အာရုံစိုက် ထားရမယ်လို့ ဆိုသွား ပါတယ်။

တန်းဟက် က “အေဂျက် အသင်းဟာ ဂျူဗင်တပ် နဲ့ ပွဲမှာ အကောင်းဆုံး ပေးဆပ် ကစားသွား မှာပါ။ ကျွန်တော်တို့ အနေနဲ့ ဒီပွဲမှာ ကိုယ့်ရဲ့ နည်းအတိုင်း ကစားသွားဖို့ လိုပါတယ်။ အရေးကြီးဆုံး အရာ ကတော့ ရလဒ် ပါပဲ။ ကျွန်တော်တို့ဟာ ဒီပွဲ အတွက်ပဲ တွေးထား ပါတယ်။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ကွင်းလယ် ရှိနေပြီး ဘောလုံး ပိုင်ဆိုင်မှု ကောင်းကောင်းနဲ့ ကစား နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် ဒီလို ဘောလုံး ပိုင်ဆိုင်မှု အသာ မရတဲ့ အခါမှာ ကျွန်တော်တို့ အနေနဲ့ ဖြစ်နိုင်သမျှ မြန်မြန် ဘောလုံးပြန်လည် ရယူဖို့ လိုအပ်ပါတယ်။ နည်းစနစ်ပိုင်းအရ ကျွန်တော်တို့ အတော် အင်အား ကောင်းပါတယ်။ ကျွန်တော်တို့ ကစားသမားတွေဟာ ကစားကွက် မျိုးစုံမှာ ကစား နိုင်ပါတယ်။

ဒီပွဲမှာ စီရော်နယ်ဒို ပါ၀င် လာမယ် ဆို၇င် ကျွန်တော်တို့ ပျော်ရွှင် မိမှာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ဟာ အကောင်းဆုံး ကစားသမားတွေ နဲ့ ရင်ဆိုင်ချင် ပါတယ်။ ချီလီနီ မပါတဲ့ ဒဏ်ကိုတော့ သူတို့ ခံရနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူဟာ ဂျူဗီ အတွက် အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်လို့ပါပဲ။ ဒါပေမယ့် အယ်လီဂရီ မှာ သူ့နေရာကို အစားထိုးဖို့ အတွက် ကစားသမားတွေ အများကြီး ရှိပါတယ်။

ဂျူဗင်တပ် ဟာ နည်းဗျူဟာ ပေါင်းစုံကို အသုံးပြုနို်င်တဲ့ အတွေ့အကြံုရင် အသင်းတစ်သင်းပါ။ သူတို့ဟာ ကျွန်တော်တို့ ဖြတ်ကျော်ရမယ့် အတားအဆီး တစ်ခုပါပဲ။ ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ ပွဲကို ဖတ်ရှုရာမှာ ပိုကောင်း နေရပါမယ်။” လို့ ဆိုသွား ပါတယ်။

SM