rednapp

ပရီးမီးယား လိဂ္ ျပိဳင္ပြဲ တစ္ေလ်ာက္ အေတြ့ အၾကံဳ ေကာင္းေတြ မ်ားစြာ ပိုင္ဆုိင္ ထားခဲ့ တဲ့ ဝက္စ္ဟမ္း နဲ့ ေတာ့တင္ဟမ္ ေဟာ့ စပါး အသင္း တုိ့ရဲ့ နည္းျပ ေဟာင္း ဟယ္ရီ ရက္ဒ္နပ္ က လက္ရွိ ယူနုိက္တက္ အသင္း ရဲ့ နည္းျပ ျဖစ္သူ အိုလီ ဂန္နား ဆုိးလ္ရွား က တစ္ကယ့္ ကို ခက္ခဲ တဲ့ အလုပ္ တစ္ခု ကို ပိုင္ဆိုင္ ေနျပီ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

man utd

 

ဒါ့အျပင္ လက္ရွိ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ေကာင္းပါတယ္ လို့ ေျပာလို့ ရမယ့္ ေနရာ တစ္ခု ရဲ့ အနီး အနား မွာေတာင္ မရွိ ေၾကာင္း ၊ ဒါဟာ ပရီးမီးယား လိဂ္ ျပိဳင္ပြဲ တစ္ေလ်ာက္ အဆုိးရြားဆံုး မန္ခ်က္စတာ ယူနုိက္တက္ အသင္း ျဖစ္ေၾကာင္း ၊ အေကာင္းဆံုး ျပန္လာ နုိင္ဖုိ႔ အခ်ိန္ အမ်ားၾကီး ေပး ရမွာ ျဖစ္ေၾကာင္း ရက္ဒ္နပ္ က ေျပာၾကား သြားခဲ့ ပါတယ္ ။

ယူနုိက္တက္ ဟာ နည္းျပ ေဟာင္း ဆာ အဲလပ္စ္ ဖာဂူဆန္ ေခတ္ တုန္းက အမွတ္ေပး ဖလား 13 ၾကိမ္ ထိ ဆြတ္ခူး ထားနုိင္ ခဲ့ျပီး ဥေရာပ ျပိဳင္ပြဲ မွာလည္း ဆု ဖလား ေတြကို အျမဲတမ္း လိုပဲ ျခိမ္းေျခာက္ နုိင္တဲ့ အင္အား အၾကီးဆံုး အဂၤလိပ္ ကလပ္ အသင္း တစ္ခု ျဖစ္ခဲ့ ရ ပါတယ္ ။

ဒါေပမယ့္ ဖာဂူဆန္ မရွိ ေတာ့တဲ့ ေနာက္ပိုင္း မွာေတာ့ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဟာ ရလဒ္ေတြ ဆက္တိုက္ ဆိုသလို ဆုိးရြား ခဲ့ သလို ျပီးခဲ့တဲ့ ေဘာလံုး ရာသီ တုန္းက လည္း အမွတ္ေပး ဇယား အဆင့္ 6 ေနရာ မွာသာ ရပ္တည္ နုိင္ခဲ့ျပီး ယူရို ပါလိဂ္ ျပိဳင္ပြဲ မွာ ကစား ေနခဲ့ ရ ပါတယ္ ။

 

အခုေတာ့ ဖာဂူဆန္ လက္ထက္ တုန္းက ယူနုိက္တက္ ကို ျပိဳင္ဖက္ အသင္း အျဖစ္ ရင္ဆုိင္ ဖူးတဲ့ ဟယ္ရီ ရက္ဒ္နက္ က လက္ရွိ နည္းျပ ဆုိးလ္ရွား လက္ေအာက္ မွာ ယူနုိက္တက္ ဟာ အေတာ္ေလး က်ဆင္း ေနျပီ ျဖစ္ေၾကာင္း ၊ အသင္း ကို ေနရာ မွန္ဆီ ေခၚလာ နုိင္ေရး အတြက္ ဆုိးလ္ရွား အေန နဲ့ အထူး ၾကိဳးစား အားထုတ္ ဖုိ့ လုိအပ္ ေၾကာင္း ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ဒါဟာ မန္ခ်က္စတာ ယူနုိက္တက္ အသင္း အတြက္ ခရီး အရွည္ၾကီး တစ္ခုကို ေလွ်ာက္လွမ္း ရမယ့္ အခ်ိန္ ပါပဲ ။ လက္ရွိ အသင္း က လံုေလာက္စြာ ေကာင္းမြန္တယ္ ဆုိတာ ရဲ့ အနီး တစ္ဝိုက္ မွာေတာင္ ရွိ မေန ပါဘူး ။ ခင္ဗ်ား တုိ့ အိုလီ နဲ့ နည္းျပ ေတြကို ေဝဖန္ နုိင္ ပါတယ္ ။ ဒါေပမယ့္ သူတုိ့ အသင္း မွာ ရွိ ေနတဲ့ ကစားသမား အစု အဖြဲ့ က သူတုိ႔ ကုိ အခု ေနရာ ေရာက္ရွိ ေစသူ ေတြ ပါပဲ ”

” ခင္ဗ်ား ဟာ ဝက္စ္ဟမ္း နဲ့ ပြဲစဥ္ တုန္းက မန္ခ်က္စတာ ယူနုိက္တက္ အသင္း ကို ၾကည့္ျပီး ‘ တစ္ကယ့္ သာမန္ အသင္း တစ္သင္း ပဲကြာ ‘ လို႔ ေတြးေတာ ေနပါ လိမ့္မယ္ ။ သူတုိ့ ထက္ ပိုျပီး ဝက္စ္ဟမ္း ကေတာင္ ပို ေကာင္းမြန္ တဲ့ အသင္း လို႔ ထင္မွတ္ ခံခဲ ရ ပါတယ္ ။ ယူနုိက္တက္ က အဲ့ဒီ လို အေနအထား ကို ေရာက္ရွိ ေနပါျပီ ။ သူတုိ႔ အတြက္ စိုးရိမ္မိ ပါတယ္ ”

” လာမယ့္ တစ္ႏွစ္ ၊ နွစ္ႏွစ္ အတြင္း သူတုိ႔ ေတြသာ ကစား သမား ေကာင္း ေလး ၊ ငါးေယာက္ ေလာက္ကို မေခၚဘူး ဆုိရင္ ဒီဒဏ္ ကို ပရိသတ္ ေတြက ဆက္လက္ ခံစား ၾကရ ဦးမွာပါ ။ သူတုိ႔ အေန အထား က အဲ့ဒီလို ျဖစ္ေန ခဲ့ ပါျပီ ။ သူတုိ႔ ေတြက လံုေလာက္စြာ မေကာင္းမြန္ ၾကေတာ့ ပါဘူး ”

” ဖာဂီ တုန္းက ဆုိရင္ ပရီးမီးယား လိဂ္ ျပိဳင္ပြဲ မွာ တစ္ၾကိမ္ မွ ဆုိးရြား တဲ့ အသင္း ကို မပိုင္ဆုိင္ ခဲ့ရ ပါဘူး ။ သူ ကိုင္တြယ္ ခဲ့တဲ့ အသင္း တုိင္းက အံ့ခ်ီးဖြယ္ ေတြခ်ည္း ပါပဲ ။ ဒါ့ေၾကာင့္ အခု အသင္း က သာမန္ အသင္း တစ္ခု လို ျဖစ္ေန ရတာ ပါ ။ အခု ေတာ့ မန္ေနဂ်ာ က အရင္ အေမြ အႏွစ္ ေတြကို ျပန္လည္ ပိုင္ဆုိင္ နုိင္ဖုိ႔ အထူး ၾကိဳးစား ရပါ ေတာ့မယ္ ”

” မန္ခ်က္စတာ ယူနုိက္တက္ အသင္း မွာ ၾကီးက်ယ္ ခမ္းနား တဲ့ ရိုးရာ တစ္ခု ရွိေန ခဲ့ျပီး စပါယ္ရွယ္ ေဘာလံုး အသင္း တစ္သင္း အျဖစ္ ရပ္တည္ နုိင္ခဲ့ ပါတယ္ ။ သူတုိ႔ ေတြက ကမ႓႓ာ့ အေကာင္းဆံုး အသင္း တစ္သင္း ျဖစ္ခဲ့ ရ ပါတယ္ ။ ဒါ့ေၾကာင့္ လူေခၚတဲ့ အခါ ကစားသမား ေကာင္းေတြ လာၾက မွာပါ ။ ဒါေပမယ့္ သူတုိ႔ ေတြဟာ ကစားသမား ေခၚယူ မွဳ ေကာင္းေကာင္း မလုပ္ နုိင္ခဲ့ ၾက ပါဘူး ”

” သူတုိ့ လက္ရွိ ပိုင္ဆုိင္ ေနတဲ့ ကစားသမား အစု အဖြဲ နဲ့ ဆုိရင္ ဆက္လက္ ရုန္းကန္ ေနရ ဦးမွာ ပါပဲ ။ က်ြန္ေတာ္ ကေတာ့ ထိပ္သီး ေလးသင္း အေၾကာင္း မေတြး ပါဘူး ။ ဒီ ပံုစံ အတုိင္း သာဆုိ သူတုိ႔ ဆက္လက္ ဂရုတစိုက္ မကစား ၾကဘူး ဆုိရင္ သူတုိ့ ေတြက ထိပ္သီး 6 သင္း ျပင္ပ ကုိေတာင္ ေရာက္ရွိ နုိင္ ပါတယ္ ”

” ဒီ ေဘာလံုး ရာသီ မွာ လက္စတာ မဟုတ္ရင္ ဝက္စ္ဟမ္း အသင္း က ထိပ္သီး 6 သင္း စာရင္း ထဲကို ဝင္ေရာက္ လာနုိင္ ပါတယ္ ။ အဲ့ဒီ အခ်ိန္ မွာ တစ္သင္းသင္း ကေတာ့ ေနရာ ဖယ္ေပး ရပါ လိမ့္မယ္ ” လို့ ဟယ္ရီ ရက္ဒ္နပ္ က သံုးသပ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

လက်ရှိ ယူနိုက်တက် အသင်း အပေါ် ဟယ်ရီ ရက်ဒ်နပ်က ဘယ်လို ထင်မြင်နေပြီလဲ ??

=================

ပရီးမီးယား လိဂ် ပြိုင်ပွဲ တစ်လျောက် အတွေ့ အကြုံ ကောင်းတွေ များစွာ ပိုင်ဆိုင် ထားခဲ့ တဲ့ ဝက်စ်ဟမ်း နဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း တို့ရဲ့ နည်းပြ ဟောင်း ဟယ်ရီ ရက်ဒ်နပ် က လက်ရှိ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က တစ်ကယ့် ကို ခက်ခဲ တဲ့ အလုပ် တစ်ခု ကို ပိုင်ဆိုင် နေပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ကောင်းပါတယ် လို့ ပြောလို့ ရမယ့် နေရာ တစ်ခု ရဲ့ အနီး အနား မှာတောင် မရှိ ကြောင်း ၊ ဒါဟာ ပရီးမီးယား လိဂ် ပြိုင်ပွဲ တစ်လျောက် အဆိုးရွားဆုံး မန်ချက်စတာ ယူနိုက်တက် အသင်း ဖြစ်ကြောင်း ၊ အကောင်းဆုံး ပြန်လာ နိုင်ဖို့ အချိန် အများကြီး ပေး ရမှာ ဖြစ်ကြောင်း ရက်ဒ်နပ် က ပြောကြား သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ နည်းပြ ဟောင်း ဆာ အဲလပ်စ် ဖာဂူဆန် ခေတ် တုန်းက အမှတ်ပေး ဖလား 13 ကြိမ် ထိ ဆွတ်ခူး ထားနိုင် ခဲ့ပြီး ဥရောပ ပြိုင်ပွဲ မှာလည်း ဆု ဖလား တွေကို အမြဲတမ်း လိုပဲ ခြိမ်းခြောက် နိုင်တဲ့ အင်အား အကြီးဆုံး အင်္ဂလိပ် ကလပ် အသင်း တစ်ခု ဖြစ်ခဲ့ ရ ပါတယ် ။

ဒါပေမယ့် ဖာဂူဆန် မရှိ တော့တဲ့ နောက်ပိုင်း မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ရလဒ်တွေ ဆက်တိုက် ဆိုသလို ဆိုးရွား ခဲ့ သလို ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက လည်း အမှတ်ပေး ဇယား အဆင့် 6 နေရာ မှာသာ ရပ်တည် နိုင်ခဲ့ပြီး ယူရို ပါလိဂ် ပြိုင်ပွဲ မှာ ကစား နေခဲ့ ရ ပါတယ် ။

အခုတော့ ဖာဂူဆန် လက်ထက် တုန်းက ယူနိုက်တက် ကို ပြိုင်ဖက် အသင်း အဖြစ် ရင်ဆိုင် ဖူးတဲ့ ဟယ်ရီ ရက်ဒ်နက် က လက်ရှိ နည်းပြ ဆိုးလ်ရှား လက်အောက် မှာ ယူနိုက်တက် ဟာ အတော်လေး ကျဆင်း နေပြီ ဖြစ်ကြောင်း ၊ အသင်း ကို နေရာ မှန်ဆီ ခေါ်လာ နိုင်ရေး အတွက် ဆိုးလ်ရှား အနေ နဲ့ အထူး ကြိုးစား အားထုတ် ဖို့ လိုအပ် ကြောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဒါဟာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ခရီး အရှည်ကြီး တစ်ခုကို လျှောက်လှမ်း ရမယ့် အချိန် ပါပဲ ။ လက်ရှိ အသင်း က လုံလောက်စွာ ကောင်းမွန်တယ် ဆိုတာ ရဲ့ အနီး တစ်ဝိုက် မှာတောင် ရှိ မနေ ပါဘူး ။ ခင်ဗျား တို့ အိုလီ နဲ့ နည်းပြ တွေကို ဝေဖန် နိုင် ပါတယ် ။ ဒါပေမယ့် သူတို့ အသင်း မှာ ရှိ နေတဲ့ ကစားသမား အစု အဖွဲ့ က သူတို့ ကို အခု နေရာ ရောက်ရှိ စေသူ တွေ ပါပဲ ”

” ခင်ဗျား ဟာ ဝက်စ်ဟမ်း နဲ့ ပွဲစဉ် တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း ကို ကြည့်ပြီး ‘ တစ်ကယ့် သာမန် အသင်း တစ်သင်း ပဲကွာ ‘ လို့ တွေးတော နေပါ လိမ့်မယ် ။ သူတို့ ထက် ပိုပြီး ဝက်စ်ဟမ်း ကတောင် ပို ကောင်းမွန် တဲ့ အသင်း လို့ ထင်မှတ် ခံခဲ ရ ပါတယ် ။ ယူနိုက်တက် က အဲ့ဒီ လို အနေအထား ကို ရောက်ရှိ နေပါပြီ ။ သူတို့ အတွက် စိုးရိမ်မိ ပါတယ် ”

” လာမယ့် တစ်နှစ် ၊ နှစ်နှစ် အတွင်း သူတို့ တွေသာ ကစား သမား ကောင်း လေး ၊ ငါးယောက် လောက်ကို မခေါ်ဘူး ဆိုရင် ဒီဒဏ် ကို ပရိသတ် တွေက ဆက်လက် ခံစား ကြရ ဦးမှာပါ ။ သူတို့ အနေ အထား က အဲ့ဒီလို ဖြစ်နေ ခဲ့ ပါပြီ ။ သူတို့ တွေက လုံလောက်စွာ မကောင်းမွန် ကြတော့ ပါဘူး ”

” ဖာဂီ တုန်းက ဆိုရင် ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ တစ်ကြိမ် မှ ဆိုးရွား တဲ့ အသင်း ကို မပိုင်ဆိုင် ခဲ့ရ ပါဘူး ။ သူ ကိုင်တွယ် ခဲ့တဲ့ အသင်း တိုင်းက အံ့ချီးဖွယ် တွေချည်း ပါပဲ ။ ဒါ့ကြောင့် အခု အသင်း က သာမန် အသင်း တစ်ခု လို ဖြစ်နေ ရတာ ပါ ။ အခု တော့ မန်နေဂျာ က အရင် အမွေ အနှစ် တွေကို ပြန်လည် ပိုင်ဆိုင် နိုင်ဖို့ အထူး ကြိုးစား ရပါ တော့မယ် ”

” မန်ချက်စတာ ယူနိုက်တက် အသင်း မှာ ကြီးကျယ် ခမ်းနား တဲ့ ရိုးရာ တစ်ခု ရှိနေ ခဲ့ပြီး စပါယ်ရှယ် ဘောလုံး အသင်း တစ်သင်း အဖြစ် ရပ်တည် နိုင်ခဲ့ ပါတယ် ။ သူတို့ တွေက ကမ႓႓ာ့ အကောင်းဆုံး အသင်း တစ်သင်း ဖြစ်ခဲ့ ရ ပါတယ် ။ ဒါ့ကြောင့် လူခေါ်တဲ့ အခါ ကစားသမား ကောင်းတွေ လာကြ မှာပါ ။ ဒါပေမယ့် သူတို့ တွေဟာ ကစားသမား ခေါ်ယူ မှု ကောင်းကောင်း မလုပ် နိုင်ခဲ့ ကြ ပါဘူး ”

” သူတို့ လက်ရှိ ပိုင်ဆိုင် နေတဲ့ ကစားသမား အစု အဖွဲ နဲ့ ဆိုရင် ဆက်လက် ရုန်းကန် နေရ ဦးမှာ ပါပဲ ။ ကျွန်တော် ကတော့ ထိပ်သီး လေးသင်း အကြောင်း မတွေး ပါဘူး ။ ဒီ ပုံစံ အတိုင်း သာဆို သူတို့ ဆက်လက် ဂရုတစိုက် မကစား ကြဘူး ဆိုရင် သူတို့ တွေက ထိပ်သီး 6 သင်း ပြင်ပ ကိုတောင် ရောက်ရှိ နိုင် ပါတယ် ”

” ဒီ ဘောလုံး ရာသီ မှာ လက်စတာ မဟုတ်ရင် ဝက်စ်ဟမ်း အသင်း က ထိပ်သီး 6 သင်း စာရင်း ထဲကို ဝင်ရောက် လာနိုင် ပါတယ် ။ အဲ့ဒီ အချိန် မှာ တစ်သင်းသင်း ကတော့ နေရာ ဖယ်ပေး ရပါ လိမ့်မယ် ” လို့ ဟယ်ရီ ရက်ဒ်နပ် က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar