ဖီဖာ ရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုး ဆုေပး ပြဲ အခမ္း အနား ကေတာ့ ယမန္ေန႔ က ျပဳလုပ္ ၿပီးစီး သြားခဲ့ ပါၿပီ ။ အေကာင္းဆံုး သြင္းဂုိး ဆု ၊ နည္းျပ ဆု ၊ အမ်ဳိး သမီး ကစား သမား ဆုေတြ ကို ေပးအပ္ အၿပီး မွာေတာ့ အားလံုး စိတ္၀င္ စား ၾကတဲ့ အေကာင္းဆံုး အမ်ဳိးသား ကစား သမား ဆု ကို ေရာက္လာ ခဲ့ ပါတယ္ ။ ဆုေေပး ပြဲ မတုိင္ခင္ မွာ လီဗာပူး ခံစစ္မႈး ဗန္ဒိုက္ က ေရပန္းစား ခဲ့ ေပမယ့္ တကယ္တန္း ေၾကျငာခ်ိန္ မွာေတာ့ ဒုတိယ ေရပန္း အစားဆံုး ျဖစ္တဲ့ ဘာစီလုိနာ တုိက္စစ္မႈး မက္ဆီ က ဆြတ္ခူး ရရွိသြားခဲ့ ပါတယ္ ။

မဲ ရလဒ္ ေတြ ကို ထုတ္ျပန္ခ်ိန္ မွာေတာ့ မက္ဆီ ဟာ ဗန္ဒိုက္ ကို ၈ မွတ္ အသာ နဲ႔ ေက်ာ္ျဖတ္ ႏုိင္ခဲ့တာ ျဖစ္ၿပီး အာဂ်င္တုိင္းသား အတြက္ ပထမဆံုး FIFA The Best Award ျဖစ္ေစ ခဲ့ ပါတယ္ ။ ဆုေပးပြဲ အၿပီး မွာေတာ့ ဒီဆု ကို မက္ဆီ ရသင့္တယ္ ၊ ဗန္ဒုိက္ ရသင့္တယ္ ဆုိတဲ့ သံုးသပ္မႈ ေတြ အသီးသီး ေပၚထြက္ လာခဲ့ ပါေတာ့ တယ္ ။

ဒီ ဆု ကို မက္ဆီ တကယ္ပဲ ရသင့္ သလား . . . ။ စာေရးသူ အျမင္ ကို ေျပာရရင္ေတာ့ ရသင့္တယ္ လို႔ ေျပာႏုိင္ သလို မရသင့္ဘူး လု႔ိလည္း ေျပာလု႔ိ ရေန ျပန္ပါတယ္ ။ တစ္ဖက္ဖက္ ကို မျဖစ္မေန ေရြးပါ ဆုိရင္ေတာ့ ရသင့္တယ္ လု႔ိပဲ ဆုိရမွာပါ ။

ဒါေတြကို ျငင္းခုန္ဖို႔ အတြက္ ၿပီးခဲ့တဲ့ ေဘာလံုး ရာသီ ကို ျပန္သြား ၾကရေအာင္ . . . ။ မက္ဆီ ဟာ မႏွစ္ က ေဘာလံုး ရာသီ တစ္ေလ်ာက္ လံုး စပိန္ လာလီဂါ မွာ ေရာ ဥေရာပ ခ်န္ပီယံ လိဂ္ မွာပါ ေျခစြမ္းျပ နုိင္ ခဲ့ ပါတယ္ ။ ခ်န္ပီယံ လိဂ္ မွာ ဆိုရင္ အပတ္စဥ္ အေကာင္းဆံုး ကစား သမား ဆုကို မက္ဆီ ၊ မက္ဆီ ၊ မက္္ဆီ ၊ မက္ဆီ ကပဲ ရခဲ့တာပါ ။ မက္ဆီ ေျခမေပၚ ခဲ့တာက တစ္ပြဲ သာ ရွိခဲ့ၿပီး အဲ့ဒီ တစ္ပြဲ က ပဲ မက္ဆီ ကို ေရာ ဘာစီလုိနာ ကို ပါ ေပးဆပ္မႈ ႀကီးမား ေစခဲ့ တာပါ ။

အသင္း လုိက္ ေအာင္ျမင္မႈ မွာေတာ့ မက္ဆီ ရဲ႕ လာလီဂါ ခ်န္ပီယံ ဆု ဟာ ဗန္ဒိုက္ ရဲ႕ ခ်န္ပီယံ လိဂ္ ကို မယွဥ္ ႏုိင္ ပါဘူး ။ ႏုိင္ငံ အသင္း ဘက္ကို ျပန္ၾကည့္ရင္ လည္း မက္ဆီ ဟာ ကိုပါ အေမရိက မွာ ရွဳံးထြက္ အဆင့္ ကို သာ ေရာက္ခဲ့ ၿပီး ဗန္ဒိုက္ ကေတာ့ ဥေရာပ ေနးရွင္းလိဂ္ မွာ ဒုတိယ ရခဲ့ ပါတယ္ ။ ကိုပါ မွာ ဗိုလ္စြဲ ခဲ့တဲ့ ခ်န္ပီယံ လိဂ္ ခ်န္ပီယံ လီဗာပူး အသင္းသား ေတြ လည္း ရွိေန ျပန္ပါတယ္ ။ ဒါေၾကာင့္ အသင္းလုိက္ ေအာင္ျမင္မႈ မွာေတာ့ မက္ဆီ က ၿပဳိင္ဘက္ ေတြ ထက္ အမွတ္ နည္းေနခဲ့ ပါတယ္ ။

တစ္ဦးခ်င္း အရည္ အေသြး ကို ႏႈိင္းယွဥ္ တဲ့ အခါ မွာလည္း မက္ဆီ ဟာ ဗန္ဒိုက္ နဲ႔ သူမသာ ကိုယ္မသာ အေန အထား မွာသာ ရွိခဲ့ ပါတယ္ ။ မက္ဆီ က ေရႊဖိနပ္ေတြ အမ်ားႀကီး ယူထားတယ္ ဆုိေပမယ့္ ဒါဟာ ရိုနယ္ဒို ၊ မာေနး ၊ ဆာလာ တု႔ိ လုိ တိက္စစ္ သမားေတြ အေပၚ မွာသာ အားသာခ်က္ ျဖစ္ေစႏုိင္ ပါတယ္ ။

ဗန္ဒိုက္ ကေတာ့ ခံစစ္ သမား တစ္ေယာက္ ျဖစ္ေနတာ ေၾကာင့္ မက္ဆီ ရဲ႕ သြင္းဂုိးေတြ က ဗန္ဒိုက္ အေပၚ အသာ ရႏုိင္ မွာ မဟုတ္ပါဘူး ။ ဗန္ဒိုက္ ဟာ မက္ဆီ လုိ ဂုိးေတြ မသြင္းႏုိင္ ခဲ့သလို မက္ဆီ က လည္း ဗန္ဒိုက္ လို ခံစစ္ ေၾကာင္း ကို ဦးေဆာင္ ေပးႏုိင္တာမ်ဳိး မလုပ္ ႏုိင္ခဲ့ ပါဘူး ။ စကားကို ကပ္ၿပီး ေျပာၾကေၾကး ဆုိရင္ ဗန္ဒိုက္ ကေတာင္ ေရွ႕တက္ ဂုိးသြင္း ေပးခဲ့ၿပီး မက္ဆီက ေနာက္တန္း ကို ဆင္းဖ်က္တာမ်ဳိး မလုပ္ခဲ့ဘူး လု႔ိ ေတာင္ ေျပာလု႔ိ ရႏုိင္ ပါတယ္ ။

တစ္ဦးခ်င္း အေကာင္းဆံုး ဆု မွာလည္း ဗန္ဒိုက္ က ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး ဆု ရခဲ့ သလို မက္ဆီလည္း လာလီဂါ အေကာင္းဆံုး ဆု ရခဲ့ ပါတယ္ ။ ဒါေၾကာင့္ သူတို႔ ၂ ဦး ထိပ္တုိက္ေတြ႕ တဲ့ ပြဲ ကို ၾကည့္ၿပီး ပဲ ဘယ္သူက ပိုသာ တယ္ဆုိတာ ကို ဆံုးျဖတ္ ရေတာ့ မွာပါ ။

ဟုတ္ ပါတယ္ . . . ခ်န္ပီယံ လိဂ္ ဆီမီး ဖုိင္နယ္ ပါ ။ ပထမ အေက်ာ့ မွာ မက္ဆီ က ဗန္ဒိုက္ ဦးေဆာင္ တဲ့ လီဗာပူး ခံစစ္ ကို ေက်ာ္ျဖတ္ၿပီး ဘာစီလုိနာ အတြက္ ၂ ဂုိး သြင္းေပး ခဲ့ ပါတယ္ ။ ပထမဂုိး က အသင္းေဖာ္ ရဲ႕ ပါ၀င္ ပတ္သက္မႈ ရွိခဲ့တယ္ ဆုိရင္ေတာင္ ဒုတိယဂုိး ျဖစ္တဲ့ ဖရီးကစ္ ကေတာ့ မက္ဆီ ရဲ႕ တစ္ကိုယ္ေတာ္ အရည္ အေသြး သီးသန္႔ ဆုိတာ ဘယ္သူမွ ျငင္းႏုိင္ မွာ မဟုတ္ပါဘူး ။

ဒုတိယ အေက်ာ့ မွာေတာ့ ဗန္ဒိုက္ ရဲ႕ လီဗာပူး က မက္ဆီ ပါတဲ့ ဘာစီလုိနာ ကို ၄ ဂုိးျပတ္ သြင္းၿပီး ဖိုင္နယ္ တက္သြားခဲ့ ပါတယ္ ။ ဒါေပမယ့္ ဒီပြဲ မွာ ဗန္ဒိုက္ ထက္ ပုိၿပီး ေျခစြမ္း ျပခဲ့တဲ့ လီဗာပူး ကစား သမားေတြ အမ်ားႀကီး ရွိခဲ့ ပါတယ္ ။ ဘာစီလုိနာ တုိက္စစ္ ကို ဗန္ဒိုက္ တားဆီး ခဲ့တယ္ ဆုိတာ ထက္ ဂုိး သမား အဲလစ္ဆြန္ ဘက္ကာ လက္စြမ္း ျပခဲ့တယ္ ဆုိတာက ပိုၿပီး မွန္ခဲ့ မွာပါ ။ ေနာက္ၿပီး လီဗာပူး ရဲ႕ သြင္းဂုိး ၄ ဂုိး စလံုး မွာ ဗန္ဒိုက္ ပါ၀င္ ပတ္သက္ျခင္း မရွိခဲ့ ပါဘူး ။

ဒါေၾကာင့္ ထိပ္တုိက္ ေတြ႕ဆံုမႈ အရ ဆံုးျဖတ္မယ္ ဆိုရင္ေတာ့ မက္ဆီ က ဗန္ဒိုက္ ထက္ ႏွာတစ္ဖ်ား အသာ ရသြား တယ္ လို႔ ေျပာရမွာပါပဲ ။ ဒါဆုိရင္ ဘာျဖစ္လ႔ို ျငင္းခုန္မႈေတြ ျဖစ္ေနရတာလဲ . . . အေျဖက ေတာ့ လီဗာပူး က ဖုိင္နယ္ တက္သြားခဲ့တာ ေၾကာင့္ပါ ။ ဖုိင္နယ္ တက္သြားရံု မက ဗိုလ္ပါ စြဲသြားခဲ့တာ က မက္ဆီ ရဲ႕ အေကာင္းဆံုး ဆု အိပ္မက္ေတြ ကို အဟန္႔ အတား ျဖစ္လာ ေစခဲ့ ပါတယ္ ။

ေနာက္ထပ္ တစ္ခ်က္က မက္ဆီ ရဲ႕ ႏုိင္ငံ အသင္း ဘက္က ေအာင္ျမင္မႈ မရခဲ့တာ နဲ႔ ကိုပါ ဒယ္ေရး ဖိုင္နယ္ မွာ ရွဳံးခဲ့ရတာပါ ။ တကယ္လို႔ ဘာစီလုိနာ သာ ကိုပါ ဒယ္ေရး ဖိုင္နယ္ မွာ ႏုိင္ခဲ့ၿပီး မက္ဆီ ေျခစြမ္းျပ ႏုိင္ခဲ့ မယ္ ဆိုရင္ အခုလို အျငင္းအခုန္ေတြ သိပ္ျဖစ္ စရာ မရွိပါဘူး ။ အခု ကေတာ့ မက္ဆီ ေရာ ဗန္ဒိုက္ မွာပါ ကိုယ္စီ အားသာခ်က္ ေတြ ရွိေနတာ ေၾကာင့္ ဒီေလာက္ ျငင္းခုန္ ဖို႔ ျဖစ္လာ ခဲ့ရတာပါ ။

လီဗာပူး ရဲ႕ ခ်န္ပီယံ လိဂ္ ေအာင္ပြဲ ေၾကာင့္ပဲ မက္ဆီ ဟာ UEFA Player of the Year ဆုကို လက္လႊတ္ ခဲ့ရ ပါတယ္ ။ ဒါေပမယ့္ ဖီဖာ ရဲ႕ ဆုေပးပြဲ မွာ ေတာ့ ေအာင္ပြဲ ဆင္ႏုိင္ ခဲ့ၿပီး လာမယ့္ ေရႊေဘာလံုး ဆု ( Ballon D’or ) အတြက္ ဗန္ဒိုက္ နဲ႔ မက္ဆီ တု႔ိ အက်ိတ္ အနယ္ ျဖစ္လာခဲ့ ရၿပီ ျဖစ္ပါတယ္ ။

ေရႊေဘာလံုး ကို မက္ဆီ ရႏုိင္ မလား ဆုိတာကေတာ့ ေျပာဖို႔ ေစာေန ပါေသးတယ္ ။ ဒီႏွစ္ မွာ လီဗာပူး က ေတာ္ေတာ္ေလး ပံုစံ ေကာင္း ရေနၿပီး မက္ဆီ ရဲ႕ ဘာစီလုိနာ ကေတာ့ အေျခအေန ဆုိးေန ခဲ့ ပါတယ္ ။ ဘာပဲ ျဖစ္ျဖစ္ မက္ဆီ အတြက္ေတာ့ မႏွစ္က ရိုနယ္ဒို လုိ အျဖစ္ဆုိးမ်ဳိး နဲ႔ ႀကဳံရမယ့္ အေရး ကေန လြဲေခ်ာ္ သြားခဲ့ရ ပါၿပီ . . .

SPORTS MYANMAR

Unicode

လီယွန်နယ် မက်ဆီ ဟာ အကောင်းဆုံး ဆုနဲ့ ထိုက်တန်ခဲ့ရဲ့လား . . .

========================================

ဖီဖာ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဆုပေး ပွဲ အခမ်း အနား ကတော့ ယမန်နေ့ က ပြုလုပ် ပြီးစီး သွားခဲ့ ပါပြီ ။ အကောင်းဆုံး သွင်းဂိုး ဆု ၊ နည်းပြ ဆု ၊ အမျိုး သမီး ကစား သမား ဆုတွေ ကို ပေးအပ် အပြီး မှာတော့ အားလုံး စိတ်ဝင် စား ကြတဲ့ အကောင်းဆုံး အမျိုးသား ကစား သမား ဆု ကို ရောက်လာ ခဲ့ ပါတယ် ။ ဆုေပေး ပွဲ မတိုင်ခင် မှာ လီဗာပူး ခံစစ်မှုး ဗန်ဒိုက် က ရေပန်းစား ခဲ့ ပေမယ့် တကယ်တန်း ကြေငြာချိန် မှာတော့ ဒုတိယ ရေပန်း အစားဆုံး ဖြစ်တဲ့ ဘာစီလိုနာ တိုက်စစ်မှုး မက်ဆီ က ဆွတ်ခူး ရရှိသွားခဲ့ ပါတယ် ။

မဲ ရလဒ် တွေ ကို ထုတ်ပြန်ချိန် မှာတော့ မက်ဆီ ဟာ ဗန်ဒိုက် ကို ၈ မှတ် အသာ နဲ့ ကျော်ဖြတ် နိုင်ခဲ့တာ ဖြစ်ပြီး အာဂျင်တိုင်းသား အတွက် ပထမဆုံး FIFA The Best Award ဖြစ်စေ ခဲ့ ပါတယ် ။ ဆုပေးပွဲ အပြီး မှာတော့ ဒီဆု ကို မက်ဆီ ရသင့်တယ် ၊ ဗန်ဒိုက် ရသင့်တယ် ဆိုတဲ့ သုံးသပ်မှု တွေ အသီးသီး ပေါ်ထွက် လာခဲ့ ပါတော့ တယ် ။

ဒီ ဆု ကို မက်ဆီ တကယ်ပဲ ရသင့် သလား . . . ။ စာရေးသူ အမြင် ကို ပြောရရင်တော့ ရသင့်တယ် လို့ ပြောနိုင် သလို မရသင့်ဘူး လို့လည်း ပြောလို့ ရနေ ပြန်ပါတယ် ။ တစ်ဖက်ဖက် ကို မဖြစ်မနေ ရွေးပါ ဆိုရင်တော့ ရသင့်တယ် လို့ပဲ ဆိုရမှာပါ ။

ဒါတွေကို ငြင်းခုန်ဖို့ အတွက် ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကို ပြန်သွား ကြရအောင် . . . ။ မက်ဆီ ဟာ မနှစ် က ဘောလုံး ရာသီ တစ်လျောက် လုံး စပိန် လာလီဂါ မှာ ရော ဥရောပ ချန်ပီယံ လိဂ် မှာပါ ခြေစွမ်းပြ နိုင် ခဲ့ ပါတယ် ။ ချန်ပီယံ လိဂ် မှာ ဆိုရင် အပတ်စဉ် အကောင်းဆုံး ကစား သမား ဆုကို မက်ဆီ ၊ မက်ဆီ ၊ မက််ဆီ ၊ မက်ဆီ ကပဲ ရခဲ့တာပါ ။ မက်ဆီ ခြေမပေါ် ခဲ့တာက တစ်ပွဲ သာ ရှိခဲ့ပြီး အဲ့ဒီ တစ်ပွဲ က ပဲ မက်ဆီ ကို ရော ဘာစီလိုနာ ကို ပါ ပေးဆပ်မှု ကြီးမား စေခဲ့ တာပါ ။

အသင်း လိုက် အောင်မြင်မှု မှာတော့ မက်ဆီ ရဲ့ လာလီဂါ ချန်ပီယံ ဆု ဟာ ဗန်ဒိုက် ရဲ့ ချန်ပီယံ လိဂ် ကို မယှဉ် နိုင် ပါဘူး ။ နိုင်ငံ အသင်း ဘက်ကို ပြန်ကြည့်ရင် လည်း မက်ဆီ ဟာ ကိုပါ အမေရိက မှာ ရှုံးထွက် အဆင့် ကို သာ ရောက်ခဲ့ ပြီး ဗန်ဒိုက် ကတော့ ဥရောပ နေးရှင်းလိဂ် မှာ ဒုတိယ ရခဲ့ ပါတယ် ။ ကိုပါ မှာ ဗိုလ်စွဲ ခဲ့တဲ့ ချန်ပီယံ လိဂ် ချန်ပီယံ လီဗာပူး အသင်းသား တွေ လည်း ရှိနေ ပြန်ပါတယ် ။ ဒါကြောင့် အသင်းလိုက် အောင်မြင်မှု မှာတော့ မက်ဆီ က ပြိုင်ဘက် တွေ ထက် အမှတ် နည်းနေခဲ့ ပါတယ် ။

တစ်ဦးချင်း အရည် အသွေး ကို နှိုင်းယှဉ် တဲ့ အခါ မှာလည်း မက်ဆီ ဟာ ဗန်ဒိုက် နဲ့ သူမသာ ကိုယ်မသာ အနေ အထား မှာသာ ရှိခဲ့ ပါတယ် ။ မက်ဆီ က ရွှေဖိနပ်တွေ အများကြီး ယူထားတယ် ဆိုပေမယ့် ဒါဟာ ရိုနယ်ဒို ၊ မာနေး ၊ ဆာလာ တို့ လို တိက်စစ် သမားတွေ အပေါ် မှာသာ အားသာချက် ဖြစ်စေနိုင် ပါတယ် ။

ဗန်ဒိုက် ကတော့ ခံစစ် သမား တစ်ယောက် ဖြစ်နေတာ ကြောင့် မက်ဆီ ရဲ့ သွင်းဂိုးတွေ က ဗန်ဒိုက် အပေါ် အသာ ရနိုင် မှာ မဟုတ်ပါဘူး ။ ဗန်ဒိုက် ဟာ မက်ဆီ လို ဂိုးတွေ မသွင်းနိုင် ခဲ့သလို မက်ဆီ က လည်း ဗန်ဒိုက် လို ခံစစ် ကြောင်း ကို ဦးဆောင် ပေးနိုင်တာမျိုး မလုပ် နိုင်ခဲ့ ပါဘူး ။ စကားကို ကပ်ပြီး ပြောကြကြေး ဆိုရင် ဗန်ဒိုက် ကတောင် ရှေ့တက် ဂိုးသွင်း ပေးခဲ့ပြီး မက်ဆီက နောက်တန်း ကို ဆင်းဖျက်တာမျိုး မလုပ်ခဲ့ဘူး လို့ တောင် ပြောလို့ ရနိုင် ပါတယ် ။

တစ်ဦးချင်း အကောင်းဆုံး ဆု မှာလည်း ဗန်ဒိုက် က ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ဆု ရခဲ့ သလို မက်ဆီလည်း လာလီဂါ အကောင်းဆုံး ဆု ရခဲ့ ပါတယ် ။ ဒါကြောင့် သူတို့ ၂ ဦး ထိပ်တိုက်တွေ့ တဲ့ ပွဲ ကို ကြည့်ပြီး ပဲ ဘယ်သူက ပိုသာ တယ်ဆိုတာ ကို ဆုံးဖြတ် ရတော့ မှာပါ ။

ဟုတ် ပါတယ် . . . ချန်ပီယံ လိဂ် ဆီမီး ဖိုင်နယ် ပါ ။ ပထမ အကျော့ မှာ မက်ဆီ က ဗန်ဒိုက် ဦးဆောင် တဲ့ လီဗာပူး ခံစစ် ကို ကျော်ဖြတ်ပြီး ဘာစီလိုနာ အတွက် ၂ ဂိုး သွင်းပေး ခဲ့ ပါတယ် ။ ပထမဂိုး က အသင်းဖော် ရဲ့ ပါ၀င် ပတ်သက်မှု ရှိခဲ့တယ် ဆိုရင်တောင် ဒုတိယဂိုး ဖြစ်တဲ့ ဖရီးကစ် ကတော့ မက်ဆီ ရဲ့ တစ်ကိုယ်တော် အရည် အသွေး သီးသန့် ဆိုတာ ဘယ်သူမှ ငြင်းနိုင် မှာ မဟုတ်ပါဘူး ။

ဒုတိယ အကျော့ မှာတော့ ဗန်ဒိုက် ရဲ့ လီဗာပူး က မက်ဆီ ပါတဲ့ ဘာစီလိုနာ ကို ၄ ဂိုးပြတ် သွင်းပြီး ဖိုင်နယ် တက်သွားခဲ့ ပါတယ် ။ ဒါပေမယ့် ဒီပွဲ မှာ ဗန်ဒိုက် ထက် ပိုပြီး ခြေစွမ်း ပြခဲ့တဲ့ လီဗာပူး ကစား သမားတွေ အများကြီး ရှိခဲ့ ပါတယ် ။ ဘာစီလိုနာ တိုက်စစ် ကို ဗန်ဒိုက် တားဆီး ခဲ့တယ် ဆိုတာ ထက် ဂိုး သမား အဲလစ်ဆွန် ဘက်ကာ လက်စွမ်း ပြခဲ့တယ် ဆိုတာက ပိုပြီး မှန်ခဲ့ မှာပါ ။ နောက်ပြီး လီဗာပူး ရဲ့ သွင်းဂိုး ၄ ဂိုး စလုံး မှာ ဗန်ဒိုက် ပါ၀င် ပတ်သက်ခြင်း မရှိခဲ့ ပါဘူး ။

ဒါကြောင့် ထိပ်တိုက် တွေ့ဆုံမှု အရ ဆုံးဖြတ်မယ် ဆိုရင်တော့ မက်ဆီ က ဗန်ဒိုက် ထက် နှာတစ်ဖျား အသာ ရသွား တယ် လို့ ပြောရမှာပါပဲ ။ ဒါဆိုရင် ဘာဖြစ်လိ့ု ငြင်းခုန်မှုတွေ ဖြစ်နေရတာလဲ . . . အဖြေက တော့ လီဗာပူး က ဖိုင်နယ် တက်သွားခဲ့တာ ကြောင့်ပါ ။ ဖိုင်နယ် တက်သွားရုံ မက ဗိုလ်ပါ စွဲသွားခဲ့တာ က မက်ဆီ ရဲ့ အကောင်းဆုံး ဆု အိပ်မက်တွေ ကို အဟန့် အတား ဖြစ်လာ စေခဲ့ ပါတယ် ။

နောက်ထပ် တစ်ချက်က မက်ဆီ ရဲ့ နိုင်ငံ အသင်း ဘက်က အောင်မြင်မှု မရခဲ့တာ နဲ့ ကိုပါ ဒယ်ရေး ဖိုင်နယ် မှာ ရှုံးခဲ့ရတာပါ ။ တကယ်လို့ ဘာစီလိုနာ သာ ကိုပါ ဒယ်ရေး ဖိုင်နယ် မှာ နိုင်ခဲ့ပြီး မက်ဆီ ခြေစွမ်းပြ နိုင်ခဲ့ မယ် ဆိုရင် အခုလို အငြင်းအခုန်တွေ သိပ်ဖြစ် စရာ မရှိပါဘူး ။ အခု ကတော့ မက်ဆီ ရော ဗန်ဒိုက် မှာပါ ကိုယ်စီ အားသာချက် တွေ ရှိနေတာ ကြောင့် ဒီလောက် ငြင်းခုန် ဖို့ ဖြစ်လာ ခဲ့ရတာပါ ။

လီဗာပူး ရဲ့ ချန်ပီယံ လိဂ် အောင်ပွဲ ကြောင့်ပဲ မက်ဆီ ဟာ UEFA Player of the Year ဆုကို လက်လွှတ် ခဲ့ရ ပါတယ် ။ ဒါပေမယ့် ဖီဖာ ရဲ့ ဆုပေးပွဲ မှာ တော့ အောင်ပွဲ ဆင်နိုင် ခဲ့ပြီး လာမယ့် ရွှေဘောလုံး ဆု ( Ballon D’or ) အတွက် ဗန်ဒိုက် နဲ့ မက်ဆီ တို့ အကျိတ် အနယ် ဖြစ်လာခဲ့ ရပြီ ဖြစ်ပါတယ် ။

ရွှေဘောလုံး ကို မက်ဆီ ရနိုင် မလား ဆိုတာကတော့ ပြောဖို့ စောနေ ပါသေးတယ် ။ ဒီနှစ် မှာ လီဗာပူး က တော်တော်လေး ပုံစံ ကောင်း ရနေပြီး မက်ဆီ ရဲ့ ဘာစီလိုနာ ကတော့ အခြေအနေ ဆိုးနေ ခဲ့ ပါတယ် ။ ဘာပဲ ဖြစ်ဖြစ် မက်ဆီ အတွက်တော့ မနှစ်က ရိုနယ်ဒို လို အဖြစ်ဆိုးမျိုး နဲ့ ကြုံရမယ့် အရေး ကနေ လွဲချော် သွားခဲ့ရ ပါပြီ . . .

SPORTS MYANMAR