မန္ခ်က္စတာ ယူနိုက္တက္ အသင္း ဆီ ဟိုေဆး ေမာ္ရင္ဟို နည္းျပသစ္ အျဖစ္ ေရာက္ရွိ လာ ခဲ့တ့ဲ အခ်ိန္ မွာ သူ့ရဲ့ အနာဂတ္ နဲ့ ပတ္သက္လို႔ နီးစပ္ သူေတြ ျဖစ္ၾကတဲ့ မိသားစု နဲ့ သူငယ္ခ်င္း ေတြက စုုိးရိမ္ ခဲ့ ၾကေၾကာင္း ဟြမ္ မာတာ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။ ဒါေပမယ့္ သူ ကုိယ္တုိင္ ကေတာ့ နည္းျပ ေဟာင္းနဲ့ ပတ္သက္ လို့ ဘယ္လို စိုးရိမ္ မွဳမွ မျဖစ္ေပၚ ခဲ့ေၾကာင္း မာတာ က ဆက္လက္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ေမာ္ရင္ဟို ဆုိတာ ခ်ဲလ္ဆီး အသင္း ကို ကိုင္တြယ္ ခဲ့တဲ့ အခ်ိန္ တုန္းက စပိန္သား နဲ့ 6 လ မ်ွသာ အလုပ္ အတူ တြဲ လုပ္ ခဲ့တဲ့ ေနာက္ အသင္း ရဲ့ အေကာင္းဆံုး ကစားသမား ျဖစ္ေန ခဲ့တဲ့ ဟြမ္ မာတာ ကို လူးဝစ္ ဗန္ဟားလ္ ကိုင္တြယ္ ေနတဲ့ ျပိဳင္ဖက္ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဆီကို ေရာင္းထုတ္ ခဲ့သူ ပဲ ျဖစ္ပါတယ္ ။ မာတာ ဟာ ယူနုိက္တက္ ကို ေရာက္ရွိ ခဲ့တဲ့ေနာက္ 2016 FA ဖလား ဖုိင္နယ္ မွာ အသင္း အတြက္ အနုိင္ဂိုး သြင္းယူ ေပးထား နုိင္ခဲ့ သူပဲ ျဖစ္ပါတယ္ ။

ဒါ့ေၾကာင့္ မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဆီ ေမာ္ရင္ဟို ေရာက္ရွိ လာ ခဲ့တဲ့ အခ်ိန္ မွာ သူ့ရဲ့ ကစားပံု နဲ့ ကိုက္ညီ မွဳ မရွိ တဲ့ စပိန္ နုိင္ငံသား ကြင္းလယ္ ဖန္တီးရွင္ ကို ထပ္မံ ေရာင္းခ် လိမ့္မယ္ ဆုိတဲ့ ေကာလဟာလ သတင္း ေတြက အဆုိပါ အခ်ိန္ မွာ အရမ္း ကို ပ်ံ့လြင့္ ေနခဲ့ ပါတယ္ ။ ဒါေပမယ့္ ကစားသမား ကိုယ္တုိင္ ကေတာ့ ေျခစြမ္း ေတြနဲ့ သက္ေသ ျပနုိင္ ဖုိ႔သာ ေတြးေန ခဲ့ေၾကာင္း ဖြင့္ဟ သြားခဲ့ လိုက္ ပါတယ္ ။

” လူးဝစ္ ဗန္ဟားလ္ ထြက္ခြာ သြားတဲ့ အခ်ိန္ မွာ ဟိုေဆး ေမာ္ရင္ဟို ဟာ ယူနုိက္တက္ အသင္း ကို ေရာက္လာ လိမ့္မယ္ ဆုိတဲ့ ေကာလဟာလ သတင္း ေတြက အထူး ပ်ံ့လြင့္ ေနခဲ့ ပါတယ္ ။ အဆုိပါ သတင္း ထြက္ျပီး ရက္ပိုင္း အၾကာမွာ ေကာလဟာလ ေတြက အမွန္ ျဖစ္လာ ခဲ့ ပါတယ္ ။ ေမာ္ရင္ဟို ဟာ ေနာက္ တစ္ၾကိမ္ က်ြန္ေတာ့္ ရဲ့ နည္းျပ ျဖစ္ လာတာ ေပါ့ဗ်ာ ”

” ထုိ့အတူ က်ြန္ေတာ့္ ရဲ့ မိသားစု နဲ့ သူငယ္ခ်င္း န႔ဲ အျခားသူ ေတြက က်ြန္ေတာ့္ ရဲ့ အနာဂတ္ နဲ့ ပတ္သက္ လို့ သို့ေလာ သို့ေလာ အေတြး ေတြနဲ့ စိုးရိမ္ ေနခဲ့ ၾက ပါတယ္ ။ ဒါေပမယ့္ က်ြန္ေတာ္ ကေတာ့ အဲ့တာ ကို ရင္ဆုိင္ လိုက္ဖုိ႔ ၊ အေပါင္း လကၡဏာ ေဆာင္တဲ့ အေတြး ေတြနဲ့ အတူ ေရွဆက္ လွမ္း နုိင္ဖုိ႔ ကိုပဲ ေတြးေတာ ေနခဲ့ ပါတယ္ ”

” က်ြန္ေတာ္ ေမ်ွာ္လင့္ ထားခဲ့ သလို ပါပဲ ။ သတင္းစာ ရွင္းလင္း ပြဲ ေတြမွာ က်ြန္ေတာ္ ေမးခြန္းေတြ မ်ားစြာ အေမး ခံခဲ့ရ ပါတယ္ ။ က်ြန္ေတာ္ အသင္း မွာ ဆက္လက္ ရိွေန ေတာ့မွာ မဟုတ္ဘူး ၊ အသင္း ကေန ထြက္ခြာ ဖုိ့ သေဘာ တူညီမွဳ ရရွိ ခဲ့ျပီ ဆုိတဲ့ အေၾကာင္း ေတြေပါ့ ။ လူေတြ အေတာ္ မ်ားမ်ား ကလည္း အဲ့တာ က သတင္း အမွန္ ပဲလို့ ယံုၾကည္ ခဲ့ၾက ပါတယ္ ။ ျပီးေတာ့ အဆံုးသတ္ အေန နဲ့ က်ြန္ေတာ္ ထြက္ခြာ လိမ့္မယ္ လို့ အားလံုး က ေကာက္ခ်က္ ခ်ခဲ့ ၾက ပါတယ္ ”

” ဟုတ္ပါတယ္ ၊ ခ်ဲလ္ဆီး အသင္း မွာ တုန္းက က်ြန္ေတာ္ နဲ့ ဟုိေဆး တုိ႔ဟာ အတူတူ လက္တြဲ အလုပ္ လုပ္ခဲ့ ၾက ပါတယ္ ။ သူနဲ့ အတူ 6 လ ေလာက္ အလုပ္ လုပ္ခဲ့တဲ့ အခ်ိန္ မွာေတာ့ က်ြန္ေတာ့္ ရဲ့ အနာဂတ္ ဟာ မတူညီ တဲ့ အခ်ိဳး အေကြ့ တစ္ခုဆီ ေရာက္ရွိ ခဲ့ရ ပါတယ္ ။ ယူနုိက္တက္ အသင္း ဆီကို ေပါ့ ။ ဟုတ္ပါတယ္ ၊ သူနဲ႔ အတူ လက္တြဲ အလုပ္ လုပ္ခဲ့တဲ့ 6 လတာ အခ်ိန္ ကာလ အတြင္း မွာ က်ြန္ေတာ္ ေမ်ွာ္လင့္ ထား သေလာက္ မ ကစား ခဲ့ရ တဲ့ အတြက္ မေပ်ာ္ မ႐ႊင္ ျဖစ္ခဲ့ ရတာ ေတာ့ အမွန္ တရား တစ္ခု ပါပဲ ”

” ဒါေပမယ့္ က်ြန္ေတာ္ ဟာ ဟိုေဆး နဲ့ ဘယ္လို ပုဂၢိဳလ္ေရး ျပသနာ မ်ိဳးမွ ရွိ မေန ခဲ့ ပါဘူး ။ သဘာဝ တရား အတုိင္း ေျပာ ရမယ္ ဆုိရင္ လူေတြ က အရင္ ဇာတ္လမ္း တစ္ဖန္ ျပန္စတင္ လိမ့္မယ္ လို့ ေတြးေန ခဲ့ၾက ပါတယ္ ။ ဒါေပမယ့္ က်ြန္ေတာ္ က အဲ့တာ ျပန္ မျဖစ္ လာဖုိ႔ ေတြးေန ခဲ့ ပါတယ္ ။ အဲ့ဒီ အတြက္ က်ြန္ေတာ္ ဟာ ျဖစ္ခ်င္တာ ေတြ ၊ ပေရာ္ဖက္ရွင္နယ္ ပိုျပီး ဆန္ဖုိ႕ အပိုင္းေတြ ဖက္ ပိုျပီး အေလးထား အာရံု စိုက္ခဲ့ ပါတယ္ ။ အဲ့တာ ဆိုရင္ က်ြန္ေတာ္ ရွိေန သင့္တယ္ ဆုိတာ အခ်ိန္ က သက္ေသ ျပသြား လိမ့္မယ္ ေလ ”

” က်ြန္ေတာ့္ ကစားသမား ဘဝ တစ္ေလ်ွာက္ မွာလည္း အဲ့ဒီ လိုပဲ အျမဲ ေနထုိင္ ခဲ့ ပါတယ္ ။ ဒီအတြက္ လည္း က်ြန္ေတာ္ ဂုဏ္ယူ မိ ပါတယ္ ။ က်ြန္ေတာ္ ဟာ အသင္း နုိင္ေန သလား ၊ ရွံဳး ေနသလား ၊ က်ြန္ေတာ္ ပြဲ ကစား ခ်ိန္ေတြ မ်ားေန သလား ၊ နည္းပါး ေန သလား ဆုိတာ ေတြကို ေတြးျပီး လြယ္ကူ တဲ့ လမ္းစဥ္ ဘယ္တုန္း ကမွ မေရြးခ်ယ္ခဲ့ ပါဘူး ။ က်ြန္ေတာ္ ဟာ ဘယ္တုန္း ကမွ အလြယ္ တကူ လက္ေလ်ာ့ အရွံဳး မေပး တက္ခဲ့ ပါဘူူး ။ က်ြန္ေတာ္ သက္ေသ ျပနုိင္ ဖုိ႔ပဲ ေတြးေန ခဲ့သူ တစ္ဦး ပါ ” လို့ မာတာ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

မော်ရင်ဟို ယူနိုက်တက်ကို ရောက်ရှိ ခဲ့စဉ်တုန်းက သူ့ရဲ့ သတင်း တွေဟာ ဘယ်လောက် အထိ ရှုပ်ထွေး ခဲ့သလဲ ဆိုတာ ဖွင့်ဟ လိုက်တဲ့ #မာတာ

=================

မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ ဟိုဆေး မော်ရင်ဟို နည်းပြသစ် အဖြစ် ရောက်ရှိ လာ ခဲ့တဲ့ အချိန် မှာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ နီးစပ် သူတွေ ဖြစ်ကြတဲ့ မိသားစု နဲ့ သူငယ်ချင်း တွေက စုုိးရိမ် ခဲ့ ကြကြောင်း ဟွမ် မာတာ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။ ဒါပေမယ့် သူ ကိုယ်တိုင် ကတော့ နည်းပြ ဟောင်းနဲ့ ပတ်သက် လို့ ဘယ်လို စိုးရိမ် မှုမှ မဖြစ်ပေါ် ခဲ့ကြောင်း မာတာ က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မော်ရင်ဟို ဆိုတာ ချဲလ်ဆီး အသင်း ကို ကိုင်တွယ် ခဲ့တဲ့ အချိန် တုန်းက စပိန်သား နဲ့ 6 လ မျှသာ အလုပ် အတူ တွဲ လုပ် ခဲ့တဲ့ နောက် အသင်း ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်နေ ခဲ့တဲ့ ဟွမ် မာတာ ကို လူးဝစ် ဗန်ဟားလ် ကိုင်တွယ် နေတဲ့ ပြိုင်ဖက် မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ရောင်းထုတ် ခဲ့သူ ပဲ ဖြစ်ပါတယ် ။ မာတာ ဟာ ယူနိုက်တက် ကို ရောက်ရှိ ခဲ့တဲ့နောက် 2016 FA ဖလား ဖိုင်နယ် မှာ အသင်း အတွက် အနိုင်ဂိုး သွင်းယူ ပေးထား နိုင်ခဲ့ သူပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ မော်ရင်ဟို ရောက်ရှိ လာ ခဲ့တဲ့ အချိန် မှာ သူ့ရဲ့ ကစားပုံ နဲ့ ကိုက်ညီ မှု မရှိ တဲ့ စပိန် နိုင်ငံသား ကွင်းလယ် ဖန်တီးရှင် ကို ထပ်မံ ရောင်းချ လိမ့်မယ် ဆိုတဲ့ ကောလဟာလ သတင်း တွေက အဆိုပါ အချိန် မှာ အရမ်း ကို ပျံ့လွင့် နေခဲ့ ပါတယ် ။ ဒါပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ ခြေစွမ်း တွေနဲ့ သက်သေ ပြနိုင် ဖို့သာ တွေးနေ ခဲ့ကြောင်း ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

” လူးဝစ် ဗန်ဟားလ် ထွက်ခွာ သွားတဲ့ အချိန် မှာ ဟိုဆေး မော်ရင်ဟို ဟာ ယူနိုက်တက် အသင်း ကို ရောက်လာ လိမ့်မယ် ဆိုတဲ့ ကောလဟာလ သတင်း တွေက အထူး ပျံ့လွင့် နေခဲ့ ပါတယ် ။ အဆိုပါ သတင်း ထွက်ပြီး ရက်ပိုင်း အကြာမှာ ကောလဟာလ တွေက အမှန် ဖြစ်လာ ခဲ့ ပါတယ် ။ မော်ရင်ဟို ဟာ နောက် တစ်ကြိမ် ကျွန်တော့် ရဲ့ နည်းပြ ဖြစ် လာတာ ပေါ့ဗျာ ”

” ထို့အတူ ကျွန်တော့် ရဲ့ မိသားစု နဲ့ သူငယ်ချင်း နဲ့ အခြားသူ တွေက ကျွန်တော့် ရဲ့ အနာဂတ် နဲ့ ပတ်သက် လို့ သို့လော သို့လော အတွေး တွေနဲ့ စိုးရိမ် နေခဲ့ ကြ ပါတယ် ။ ဒါပေမယ့် ကျွန်တော် ကတော့ အဲ့တာ ကို ရင်ဆိုင် လိုက်ဖို့ ၊ အပေါင်း လက္ခဏာ ဆောင်တဲ့ အတွေး တွေနဲ့ အတူ ရှေဆက် လှမ်း နိုင်ဖို့ ကိုပဲ တွေးတော နေခဲ့ ပါတယ် ”

” ကျွန်တော် မျှော်လင့် ထားခဲ့ သလို ပါပဲ ။ သတင်းစာ ရှင်းလင်း ပွဲ တွေမှာ ကျွန်တော် မေးခွန်းတွေ များစွာ အမေး ခံခဲ့ရ ပါတယ် ။ ကျွန်တော် အသင်း မှာ ဆက်လက် ရှိနေ တော့မှာ မဟုတ်ဘူး ၊ အသင်း ကနေ ထွက်ခွာ ဖို့ သဘော တူညီမှု ရရှိ ခဲ့ပြီ ဆိုတဲ့ အကြောင်း တွေပေါ့ ။ လူတွေ အတော် များများ ကလည်း အဲ့တာ က သတင်း အမှန် ပဲလို့ ယုံကြည် ခဲ့ကြ ပါတယ် ။ ပြီးတော့ အဆုံးသတ် အနေ နဲ့ ကျွန်တော် ထွက်ခွာ လိမ့်မယ် လို့ အားလုံး က ကောက်ချက် ချခဲ့ ကြ ပါတယ် ”

” ဟုတ်ပါတယ် ၊ ချဲလ်ဆီး အသင်း မှာ တုန်းက ကျွန်တော် နဲ့ ဟိုဆေး တို့ဟာ အတူတူ လက်တွဲ အလုပ် လုပ်ခဲ့ ကြ ပါတယ် ။ သူနဲ့ အတူ 6 လ လောက် အလုပ် လုပ်ခဲ့တဲ့ အချိန် မှာတော့ ကျွန်တော့် ရဲ့ အနာဂတ် ဟာ မတူညီ တဲ့ အချိုး အကွေ့ တစ်ခုဆီ ရောက်ရှိ ခဲ့ရ ပါတယ် ။ ယူနိုက်တက် အသင်း ဆီကို ပေါ့ ။ ဟုတ်ပါတယ် ၊ သူနဲ့ အတူ လက်တွဲ အလုပ် လုပ်ခဲ့တဲ့ 6 လတာ အချိန် ကာလ အတွင်း မှာ ကျွန်တော် မျှော်လင့် ထား သလောက် မ ကစား ခဲ့ရ တဲ့ အတွက် မပျော် မရွှင် ဖြစ်ခဲ့ ရတာ တော့ အမှန် တရား တစ်ခု ပါပဲ ”

” ဒါပေမယ့် ကျွန်တော် ဟာ ဟိုဆေး နဲ့ ဘယ်လို ပုဂ္ဂိုလ်ရေး ပြသနာ မျိုးမှ ရှိ မနေ ခဲ့ ပါဘူး ။ သဘာဝ တရား အတိုင်း ပြော ရမယ် ဆိုရင် လူတွေ က အရင် ဇာတ်လမ်း တစ်ဖန် ပြန်စတင် လိမ့်မယ် လို့ တွေးနေ ခဲ့ကြ ပါတယ် ။ ဒါပေမယ့် ကျွန်တော် က အဲ့တာ ပြန် မဖြစ် လာဖို့ တွေးနေ ခဲ့ ပါတယ် ။ အဲ့ဒီ အတွက် ကျွန်တော် ဟာ ဖြစ်ချင်တာ တွေ ၊ ပရော်ဖက်ရှင်နယ် ပိုပြီး ဆန်ဖို့ အပိုင်းတွေ ဖက် ပိုပြီး အလေးထား အာရုံ စိုက်ခဲ့ ပါတယ် ။ အဲ့တာ ဆိုရင် ကျွန်တော် ရှိနေ သင့်တယ် ဆိုတာ အချိန် က သက်သေ ပြသွား လိမ့်မယ် လေ ”

” ကျွန်တော့် ကစားသမား ဘဝ တစ်လျှောက် မှာလည်း အဲ့ဒီ လိုပဲ အမြဲ နေထိုင် ခဲ့ ပါတယ် ။ ဒီအတွက် လည်း ကျွန်တော် ဂုဏ်ယူ မိ ပါတယ် ။ ကျွန်တော် ဟာ အသင်း နိုင်နေ သလား ၊ ရှုံး နေသလား ၊ ကျွန်တော် ပွဲ ကစား ချိန်တွေ များနေ သလား ၊ နည်းပါး နေ သလား ဆိုတာ တွေကို တွေးပြီး လွယ်ကူ တဲ့ လမ်းစဉ် ဘယ်တုန်း ကမှ မရွေးချယ်ခဲ့ ပါဘူး ။ ကျွန်တော် ဟာ ဘယ်တုန်း ကမှ အလွယ် တကူ လက်လျော့ အရှံုး မပေး တက်ခဲ့ ပါဘူူး ။ ကျွန်တော် သက်သေ ပြနိုင် ဖို့ပဲ တွေးနေ ခဲ့သူ တစ်ဦး ပါ ” လို့ မာတာ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar