အီတလီႏိုင္ငံမီလန္ ျမိဳ႔မွာက်င္းပသြားခဲ႔တဲ႔ FIFA’S THE BEST ဆုေပးပြဲ အခမ္းအနားျကီးမွာ အမ်ိဳးသားအေကာင္းဆံုး ေဘာလံုး သမားဆုကို ဘာစီလိုနာ တိုက္စစ္ မွဴးမက္ဆီက ဆြတ္ခူးသြားခဲ႔ပါတယ္။ဒီအာဂ်င္းတီးနား သားျကီးအတြက္ ေတာ့အဆိုပါဆုကို ၆ျကိမ္ေျမာက္အျဖစ္ရရွိခဲ့တာျဖစ္ပါတယ္။

မက္ဆီ ဟာဒီဆုကို ရရွိဖုိ႔ လီဗာပူး ခံစစ္ေက်ာက္ေဆာင္ ဗန္ဒိုက္ နဲ႔ အစဥ္အလာျပိဳင္ဘက္ ေရာ္နယ္ဒို တို႔ကို ေက်ာ္ျဖတ္ခဲ႕ရတာျဖစ္ပါတယ္။ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ဟာ မူလက ၅ျကိမ္စီနဲ႔အမ်ားဆံုးအျဖစ္ ရွိေနခဲ႔ေပမယ့္ အခုခ်ိန္မွာေတာ့ မက္ဆီက အမ်ားဆံုးအျဖစ္စံခ်ိန္တင္သြားခဲ႔တာလည္းျဖစ္ပါတယ္။

 

မက္ဆီဟာ ျပီးခဲ႔တဲ႕ ရာသီမွာ ဘာစီလိုနာအသင္းအတြက္ ျပိဳင္ပြဲစံု ၅၈ပြဲကစား၅၄ဂိုးအထိသြင္းယူေပးႏိုင္ခဲ႔သူျဖစ္ျပီးလာလီဂါ ခ်န္ပီယံဆုနဲ႔ ဥေရာပေရႊဖိနပ္ ဆုေတြကို ဆြတ္ခူးႏိုင္ခဲ႔သူျဖစ္ပါတယ္။ဒါေပမယ့္ ကိုပါအေမရိက ဖလားျပိဳင္ပြဲမွာေတာ့ ႏိုင္ငံအသင္းနဲ႔ အေျခအေနမေကာင္းခဲ႕ပဲ တတိယဆုနဲ႔သာ ေက်နပ္ထားခဲ႔ရတာျဖစ္ပါတယ္။

ဒါေပမယ့္ ကလပ္ အသင္းအတြက္ အံ့မခန္း စြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ႔လို႔ ၂၀၁၅ ခုႏွစ္ေနာက္ပိုင္း ဖီဖာအေကာင္းဆံုးကစားသမားဆုကိုျပန္ရခဲ႔ျဖစ္ပါတယ္။မက္ဆီ ဒီဆုကို ရသြားခဲ့ေပမယ့္ ဥေရာပအေကာင္းဆံုး ဆုရွင္ဗန္ဒိုက္ကေတာ့ စိတ္လံုးဝပ်က္ေနျခင္းမရွိတာျဖစ္ပါတယ္။

ဗန္ဒိုက္ဟာ ဒီဆုအတြက္ မဲေပးရာမွာေတာင္ ဆန္ကာတင္စာရင္းမွာ ျပိဳင္ဘက္ ျဖစ္လာႏိုင္တဲ႔ မက္ဆီကို အသင္းေဖာ္ေတြျဖစ္တဲ႔ ဆာလတ္ နဲ႔ မာေနးတို႔ကိုေက်ာ္ျပီး ထိပ္ဆံုးကေန ဦးစားေပးခဲ႔ေသးတယ္လို႕သိရပါတယ္။ဒါ့အျပင္သူနဲ႔ မက္ဆီတို႔ဟာ ခိုင္းႏွိဳင္းလို႔ရတဲ႔ ကစားသမားမ်ိဳးေတြ မဟုတ္ေသးဘူးလို႔ လည္း ဝန္ခံသြားခဲ႕ပါတယ္။

van dijk

သတင္းေထာက္ေတြနဲ႔ အင္တာဗ်ဴးမွာ ဗန္ဒိုက္က- ” ဒီဆုအတြက္ မဲေပးတဲ႔ သူေတြ ဟာ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ျပီးမွ လုပ္ထားခဲ႔တာျဖစ္လုိ႔လည္း ရလဒ္ကို လက္သင့္ခံရမွာျဖစ္ပါတယ္။ဒါ့အျပင္ မက္ဆီ နဲ႔ က်ြန္ေတာ့္ကို လည္း ခိုင္းႏွိဳင္းုျပီး ႏွိဳင္းယွဥ္လို႔ မရႏိုင္ပါဘူး။သူနဲ႔က်ြန္ေတာ္ကလံုးဝ အကြာျကီးပဲရွိပါေသးတယ္။က်ြန္ေတာ္ ဒီေနရာမွာ ရွိေနရတာနဲ႔တင္ပဲ ေက်နပ္ဂုဏ္ယူေနပါျပီ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

ျပီးခဲ႔တဲ႔ရာသီမွာ လီဗာပူးနဲ႔ အတူ ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးခဲ႔ျပီး ေဟာ္လန္နဲ႔ အတူ UEFA NATIONS LEAGUEျပိဳင္ပြဲမွာ ဒုတိယဆု ရရွိခဲ႔တဲ႔ ဗန္ဒိုက္ ဟာ အေကာင္းဆံုး ကစားသမားဆုနဲ႕ လြဲေခ်ာ္ခဲ႔ေပမယ့္ FIFA World best XI အသင္းမွာပါဝင္ခဲ႔ပါတယ္။

 

ဒီဆုကို မက္ဆီရသြားတဲ႕ အေပၚ စိတ္ပ်က္မိလားလို႔ ေမးျမန္းရာမွာေတာ့ ဗန္ဒိုက္က – ” စိတ္ပ်က္လို႔ မျဖစ္ႏိုင္တဲ႔ ကိစၥျဖစ္ပါတယ္။ ျပီးခဲ႔ဲတဲ႕ ႏွစ္အတြင္း က်ြန္ေတာ္ တို႔ ျကိုးစားျပီး အေကာင္းဆံုး လုပ္ေဆာင္မွဳေတြ ျပဳလုပ္ထားခဲ႕ရတာျဖစ္ပါတယ္။

ဒါေျကာင့္ ဒီေနရာကုိ ေရာက္လာခြင့္ရျပီး တႏွစ္တာ အေကာင္းဆံုး အသင္းမာ ပါဝင္ခြင့္ ရတာနဲ႔ တင္ ေပ်ာ္ရႊင္ေက်နပ္ေနပါျပီ။ဒီေန႔ မွာ ကံဆိိုးလို႔ ဆုနဲ႔ လြဲေခ်ာ္ခဲ႔ရတယ္ဆိုေပမယ့္ လည္း က်ြန္ေတာ္စိတ္ေတာ့ လံုးဝမပ်က္ခဲ႔ပါဘူး ” လို႔ေျပာသြားခဲ႔တာ ျဖစ္ပါတယ္။

SPORT MYANMAR

Unicode

FIFA’S THE BEST ဆုကို မက်ဆီရရှိသွားခဲ့တဲ့ အပေါ် မှတ်ချက်ပေးလိုက်တဲ့#ဗန်ဒိုက်
==================================

အီတလီနိုင်ငံမီလန် မြို့မှာကျင်းပသွားခဲ့တဲ့ FIFA’S THE BEST ဆုပေးပွဲ အခမ်းအနားကြီးမှာ အမျိုးသားအကောင်းဆုံး ဘောလုံး သမားဆုကို ဘာစီလိုနာ တိုက်စစ် မှူးမက်ဆီက ဆွတ်ခူးသွားခဲ့ပါတယ်။ဒီအာဂျင်းတီးနား သားကြီးအတွက် တော့အဆိုပါဆုကို ၆ကြိမ်မြောက်အဖြစ်ရရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဟာဒီဆုကို ရရှိဖို့ လီဗာပူး ခံစစ်ကျောက်ဆောင် ဗန်ဒိုက် နဲ့ အစဉ်အလာပြိုင်ဘက် ရော်နယ်ဒို တို့ကို ကျော်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ မူလက ၅ကြိမ်စီနဲ့အများဆုံးအဖြစ် ရှိနေခဲ့ပေမယ့် အခုချိန်မှာတော့ မက်ဆီက အများဆုံးအဖြစ်စံချိန်တင်သွားခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ ရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၅၈ပွဲကစား၅၄ဂိုးအထိသွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီးလာလီဂါ ချန်ပီယံဆုနဲ့ ဥရောပရွှေဖိနပ် ဆုတွေကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ဒါပေမယ့် ကိုပါအမေရိက ဖလားပြိုင်ပွဲမှာတော့ နိုင်ငံအသင်းနဲ့ အခြေအနေမကောင်းခဲ့ပဲ တတိယဆုနဲ့သာ ကျေနပ်ထားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ကလပ် အသင်းအတွက် အံ့မခန်း စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့လို့ ၂၀၁၅ ခုနှစ်နောက်ပိုင်း ဖီဖာအကောင်းဆုံးကစားသမားဆုကိုပြန်ရခဲ့ဖြစ်ပါတယ်။မက်ဆီ ဒီဆုကို ရသွားခဲ့ပေမယ့် ဥရောပအကောင်းဆုံး ဆုရှင်ဗန်ဒိုက်ကတော့ စိတ်လုံးဝပျက်နေခြင်းမရှိတာဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ ဒီဆုအတွက် မဲပေးရာမှာတောင် ဆန်ကာတင်စာရင်းမှာ ပြိုင်ဘက် ဖြစ်လာနိုင်တဲ့ မက်ဆီကို အသင်းဖော်တွေဖြစ်တဲ့ ဆာလတ် နဲ့ မာနေးတို့ကိုကျော်ပြီး ထိပ်ဆုံးကနေ ဦးစားပေးခဲ့သေးတယ်လို့သိရပါတယ်။ဒါ့အပြင်သူနဲ့ မက်ဆီတို့ဟာ ခိုင်းနှိုင်းလို့ရတဲ့ ကစားသမားမျိုးတွေ မဟုတ်သေးဘူးလို့ လည်း ဝန်ခံသွားခဲ့ပါတယ်။

သတင်းထောက်တွေနဲ့ အင်တာဗျူးမှာ ဗန်ဒိုက်က- ” ဒီဆုအတွက် မဲပေးတဲ့ သူတွေ ဟာ ဆုံးဖြတ်ချက်တွေ ချမှတ်ပြီးမှ လုပ်ထားခဲ့တာဖြစ်လို့လည်း ရလဒ်ကို လက်သင့်ခံရမှာဖြစ်ပါတယ်။ဒါ့အပြင် မက်ဆီ နဲ့ ကျွန်တော့်ကို လည်း ခိုင်းနှိုင်းုပြီး နှိုင်းယှဉ်လို့ မရနိုင်ပါဘူး။သူနဲ့ကျွန်တော်ကလုံးဝ အကွာကြီးပဲရှိပါသေးတယ်။ကျွန်တော် ဒီနေရာမှာ ရှိနေရတာနဲ့တင်ပဲ ကျေနပ်ဂုဏ်ယူနေပါပြီ ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးနဲ့ အတူ ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့ပြီး ဟော်လန်နဲ့ အတူ UEFA NATIONS LEAGUEပြိုင်ပွဲမှာ ဒုတိယဆု ရရှိခဲ့တဲ့ ဗန်ဒိုက် ဟာ အကောင်းဆုံး ကစားသမားဆုနဲ့ လွဲချော်ခဲ့ပေမယ့် FIFA World best XI အသင်းမှာပါဝင်ခဲ့ပါတယ်။

ဒီဆုကို မက်ဆီရသွားတဲ့ အပေါ် စိတ်ပျက်မိလားလို့ မေးမြန်းရာမှာတော့ ဗန်ဒိုက်က – ” စိတ်ပျက်လို့ မဖြစ်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ပြီးခဲဲ့တဲ့ နှစ်အတွင်း ကျွန်တော် တို့ ကြိုးစားပြီး အကောင်းဆုံး လုပ်ဆောင်မှုတွေ ပြုလုပ်ထားခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် ဒီနေရာကို ရောက်လာခွင့်ရပြီး တနှစ်တာ အကောင်းဆုံး အသင်းမာ ပါဝင်ခွင့် ရတာနဲ့ တင် ပျော်ရွှင်ကျေနပ်နေပါပြီ။ဒီနေ့ မှာ ကံဆိိုးလို့ ဆုနဲ့ လွဲချော်ခဲ့ရတယ်ဆိုပေမယ့် လည်း ကျွန်တော်စိတ်တော့ လုံးဝမပျက်ခဲ့ပါဘူး ” လို့ပြောသွားခဲ့တာ ဖြစ်ပါတယ်။

SPORT MYANMAR