chel vs liv2019

ျပီးခဲ့တဲ့ တနဂၤေႏြ႕ ည က ကစား သြားခဲ့တဲ့ ပရီးမီးယားလိဂ္ Big match ပြဲစဥ္ တပြဲ ျဖစ္တဲ့ ခ်ယ္လ္ဆီး – လီဗာပူး ပြဲစဥ္ မွာ ဧည့္သည္ လီဗာပူး အသင္း ဟာ အေဝးကြင္း မွာ ခ်ယ္လ္ဆီး အသင္း ကို ၁ – ၂ နဲ႕ အႏိုင္ ရကာ ဒီႏွစ္ ေဘာလံုး ရာသီ ရာႏႈန္းျပည့္ ႏိုင္ပြဲ ကို ဆက္ထိန္း ထားႏိုင္ ခဲ့ျပီး ဒုတိယ ေနရာ က မန္စီးတီး အသင္း ကို ရမွတ္ ၅မွတ္ ဆက္ျပီး ျဖတ္ထား ႏိုင္ဆဲ ျဖစ္ပါတယ္ ။

ထို ပြဲစဥ္ မွာ လီဗာပူး အသင္း ရရွိ ခဲ့တဲ့ အဖြင့္ဂိုး ဟာ အရမ္း လွပ ေျပာင္ေျမာက္တဲ့ ေနာက္ခံလူ အလက္ဇန္းဒါး အာႏိုး ရဲ႕ ဖရီးကစ္ ဂိုး မွ ရရွိ ခဲ့တာ ျဖစ္ေပမယ့္ ခ်ယ္လ္ဆီး နဲ႕ မန္ခ်က္စတာ ယူႏိုက္တက္ အသင္း နည္းျပ ေဟာင္း ဟိုေဆး ေမာ္ရင္ဟို ကေတာ့ အာႏိုးရဲ႕ ကန္ခ်က္ ကို ေရွ႕ကေန ေနရာယူ ကာကြယ္ဖို႕ ပ်က္ကြက္ ခဲ့တဲ့ ခ်ယ္လ္ဆီး အသင္း ကြင္းလယ္လူ မတ္တီယို ကိုဗာဆစ္ နဲ႕ ဂိုးသမား ကီပါ တို႕ကို အခုလို ေဝဖန္ ေျပာဆို ခဲ့ပါတယ္ ။

Sky Sports ရဲ႕ ပြဲျပီး သံုးသပ္ခ်က္ အစီအစဥ္ မွာ ေမာ္ရင္ဟို က ” ေသခ်ာ ပိတ္ထားတဲ့ ခံစစ္ တံတိုင္း ကို ေက်ာ္ျဖတ္ျပီး သြင္းယူ ခဲ့တဲ့ ဖရီးကစ္ တိုင္းဟာ အရမ္း ေသသပ္ လွပျပီး မယံုႏိုင္စရာ ေကာင္းတဲ့ ကန္ခ်က္ လို႕ ဆိုရမွာပါ ။ ဘာေၾကာင့္လဲ ဆိုေတာ့ ခံစစ္ တံတိုင္း ကို ေက်ာ္ျဖတ္ ႏိုင္ဖို႕ အတြက္ အေသးစိတ္ က်တဲ့ အကြာအေဝး တခု ကို ခ်ိန္ျပီး ကန္ရတ့ဲ အတြက္ေၾကာင့္ပါ ။ ”

” ပံုမွန္အားျဖင့္ ခံစစ္ တံတိုင္း ကို ေက်ာ္ျပီး ဖရီးကစ္ ဝင္ေအာင္ ကန္သြင္းဖို႕ ဆိုတာ မျဖစ္ႏိုင္တာ က မ်ားပါတယ္ ။ ေဘာလံုး က ဘားေပၚ က ေက်ာ္တက္ သြားတာေတြကိုပဲ ေတြ႕ရေလ့ ရွိပါတယ္ ။ ကြ်န္ေတာ္ ကေတာ့ ခ်ယ္လ္ဆီး အသင္း ခံစစ္ အေနနဲ႕ အာႏိုး ရဲ႕ ဖရီးကစ္ ဂိုး ကို ကာကြယ္ ႏိုင္ခဲ့သင့္တယ္ လို႕ ယူဆ ပါတယ္ ။ ဂိုးသမား ဟာ အာႏိုး ကန္သြင္း ခဲ့တဲ့ ဘယ္ဖက္ျခမ္း မွာ ေနရာ နည္းနည္း ပိုယူ ခဲ့သင့္တယ္ လို႕ ကြ်န္ေတာ္ ထင္ပါတယ္ ။ ”

mourinho 2019

 

” သူ႕ အေနနဲ႕ ခံစစ္ တံတိုင္း ကို ေဘာလံုး ေက်ာ္ျပီး ေရာက္လာမွာကို မစိုးရိမ္ သင့္ပါဘူး ။ အကယ္၍ ေက်ာ္ျပီး ေရာက္လာမယ္ ဆိုရင္ေတာင္ အရမ္း ျမန္မယ့္ ကန္ခ်က္ ျဖစ္လာမွာ မဟုတ္ပါဘူး ။ အရွိန္ နည္းနည္း နဲ႕ လာမွာ ျဖစ္တာေၾကာင့္ တုန္႕ျပန္မႈအား ေကာင္းရင္ ကာကြယ္ ႏိုင္ပါလိမ့္မယ္ ။ ေနာက္ျပီး ခံစစ္ တံတိုင္း အတြက္ တာဝန္မယူ ထားတဲ့ ကစားသမား ေတြ ဟာလည္း အာႏိုး ကန္မယ့္ အျခမ္း ကို နည္းနည္းပါးပါး ဂရုစိုက္ သင့္တယ္ လို႕ ထင္ပါတယ္ ။ ”

” သူတို႕ အေနနဲ႕ ဖရီးကစ္ ကန္ခ်က္ ဟာ ခံစစ္ တံတိုင္း ကို မေက်ာ္ပဲ တျခား လမ္းေၾကာင္း ကေန လာႏိုင္တယ္ ဆိုတာကို သတိျပဳ ခဲ့သင့္ပါတယ္ ။ ေဂ်ာ္ဂ်င္ဟို နဲ႕ ကိုဗာဆစ္ တို႕ ၂ေယာက္လံုး ဒီ ဖရီးကစ္ ကို ပိတ္ျပီး ကာကြယ္ ရမွာပါ ။ ဒီလို အေနအထား မ်ိဳးမွာ ဂြ်န္တယ္ရီ ၊ ေဂ်မီ ကာေရဂါ တို႕ ဆိုရင္ သူတို႕ရဲ႕ ရင္ဘတ္ နဲ႕ ဒါမွမဟုတ္ မ်က္ႏွာ ၊ ၾကံဳသလို အေနအထား ေတြနဲ႕ ကာကြယ္ သြားမွာပါ ။ ”

” ဒါေပမယ့္ ေဘာလံုး လမ္းေၾကာင္း ေျပာင္းလာႏိုင္တယ္ ဆိုတဲ့ အခ်က္ ကို ထည့္သြင္း စဥ္းစားဖို႕ ကာကြယ္ဖို႕ အသင့္ ျဖစ္ေနရမွာပါ ။ ပြဲၾကီးပြဲေကာင္း ေတြမွာ ဒီလိုမ်ိဳး အေသးအဖြဲ႕ ေတြကို ဂရုမစိုက္ မိလို႕ ေပးဆပ္ လိုက္ရတာေတြ အမ်ားၾကီး ရွိပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ ထို႕အျပင္ မန္ခ်က္စတာ ယူႏိုက္တက္ ကြင္းလယ္လူေဟာင္း ရြိဳင္ကိန္း ကလည္း ေမာ္ရင္ဟို ရဲ႕ သံုးသပ္ခ်က္ အေပၚ ေထာက္ခံ ေျပာဆို ခဲ့ကာ အာႏိုးရဲ႕ ကန္ခ်က္ ကိုလည္း ခ်ီးက်ဴး ေျပာဆို ခဲ့ပါတယ္ ။

ရြိဳင္ကိန္း က ” ဒီ အေနအထားမ်ိဳး က ခ်ယ္လ္ဆီး ခံစစ္ ကို ေဝဖန္စရာ ျဖစ္ခ်င္ ျဖစ္သြား ႏိုင္ပါတယ္ ။ ဒါေပမယ့္ ခင္ဗ်ား အေနနဲ႕ အရမ္း ေကာင္းတဲ့ ကန္ခ်က္ ကို ခ်ီးက်ဴး ရမွာပါ ။ အာႏိုး ရဲ႕ ကန္ခ်က္ က အားပါ ျပင္းထန္မႈ ရွိပါတယ္ ။ အကယ္၍ ဂိုးေပါက္တည့္တာနဲ႕ ဘယ္လိုပဲ ျဖစ္ျဖစ္ ဂိုးသမား အေနနဲ႕ ဒါကို ရပ္တန္႕ဖို႕ ခက္ခဲ သြားပါျပီ ။ ဒါေပမယ့္ လီဗာပူး ဖက္က ေဘာလံုး ကို စတင္ ေရြ႕လ်ားတာနဲ႕ ခင္ဗ်ား ဟာ ခ်ယ္လ္ဆီး အသင္းသား ေတြရဲ႕ လ်င္ျမန္တဲ့ တုန္႕ျပန္မႈ တခ်ိဳ႕ ကိုေတာ့ လိုခ်င္မိမွာပါပဲ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

အာနိုး ရဲ့ ဖရီးကစ် ဂိုး ကို ကာကွယ်ဖို့ ပျက်ကွက် ခဲ့တဲ့ ချယ်လ်ဆီး ကစားသမား ၂ဦး အပေါ် ဝေဖန် ပြောဆိုလိုက်တဲ့ #မော်ရင်ဟို

ပြီးခဲ့တဲ့ တနင်္ဂနွေ့ ည က ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် Big match ပွဲစဉ် တပွဲ ဖြစ်တဲ့ ချယ်လ်ဆီး – လီဗာပူး ပွဲစဉ် မှာ ဧည့်သည် လီဗာပူး အသင်း ဟာ အဝေးကွင်း မှာ ချယ်လ်ဆီး အသင်း ကို ၁ – ၂ နဲ့ အနိုင် ရကာ ဒီနှစ် ဘောလုံး ရာသီ ရာနှုန်းပြည့် နိုင်ပွဲ ကို ဆက်ထိန်း ထားနိုင် ခဲ့ပြီး ဒုတိယ နေရာ က မန်စီးတီး အသင်း ကို ရမှတ် ၅မှတ် ဆက်ပြီး ဖြတ်ထား နိုင်ဆဲ ဖြစ်ပါတယ် ။

ထို ပွဲစဉ် မှာ လီဗာပူး အသင်း ရရှိ ခဲ့တဲ့ အဖွင့်ဂိုး ဟာ အရမ်း လှပ ပြောင်မြောက်တဲ့ နောက်ခံလူ အလက်ဇန်းဒါး အာနိုး ရဲ့ ဖရီးကစ် ဂိုး မှ ရရှိ ခဲ့တာ ဖြစ်ပေမယ့် ချယ်လ်ဆီး နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ ဟောင်း ဟိုဆေး မော်ရင်ဟို ကတော့ အာနိုးရဲ့ ကန်ချက် ကို ရှေ့ကနေ နေရာယူ ကာကွယ်ဖို့ ပျက်ကွက် ခဲ့တဲ့ ချယ်လ်ဆီး အသင်း ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် နဲ့ ဂိုးသမား ကီပါ တို့ကို အခုလို ဝေဖန် ပြောဆို ခဲ့ပါတယ် ။

Sky Sports ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ် မှာ မော်ရင်ဟို က ” သေချာ ပိတ်ထားတဲ့ ခံစစ် တံတိုင်း ကို ကျော်ဖြတ်ပြီး သွင်းယူ ခဲ့တဲ့ ဖရီးကစ် တိုင်းဟာ အရမ်း သေသပ် လှပပြီး မယုံနိုင်စရာ ကောင်းတဲ့ ကန်ချက် လို့ ဆိုရမှာပါ ။ ဘာကြောင့်လဲ ဆိုတော့ ခံစစ် တံတိုင်း ကို ကျော်ဖြတ် နိုင်ဖို့ အတွက် အသေးစိတ် ကျတဲ့ အကွာအဝေး တခု ကို ချိန်ပြီး ကန်ရတဲ့ အတွက်ကြောင့်ပါ ။ ”

” ပုံမှန်အားဖြင့် ခံစစ် တံတိုင်း ကို ကျော်ပြီး ဖရီးကစ် ဝင်အောင် ကန်သွင်းဖို့ ဆိုတာ မဖြစ်နိုင်တာ က များပါတယ် ။ ဘောလုံး က ဘားပေါ် က ကျော်တက် သွားတာတွေကိုပဲ တွေ့ရလေ့ ရှိပါတယ် ။ ကျွန်တော် ကတော့ ချယ်လ်ဆီး အသင်း ခံစစ် အနေနဲ့ အာနိုး ရဲ့ ဖရီးကစ် ဂိုး ကို ကာကွယ် နိုင်ခဲ့သင့်တယ် လို့ ယူဆ ပါတယ် ။ ဂိုးသမား ဟာ အာနိုး ကန်သွင်း ခဲ့တဲ့ ဘယ်ဖက်ခြမ်း မှာ နေရာ နည်းနည်း ပိုယူ ခဲ့သင့်တယ် လို့ ကျွန်တော် ထင်ပါတယ် ။ ”

” သူ့ အနေနဲ့ ခံစစ် တံတိုင်း ကို ဘောလုံး ကျော်ပြီး ရောက်လာမှာကို မစိုးရိမ် သင့်ပါဘူး ။ အကယ်၍ ကျော်ပြီး ရောက်လာမယ် ဆိုရင်တောင် အရမ်း မြန်မယ့် ကန်ချက် ဖြစ်လာမှာ မဟုတ်ပါဘူး ။ အရှိန် နည်းနည်း နဲ့ လာမှာ ဖြစ်တာကြောင့် တုန့်ပြန်မှုအား ကောင်းရင် ကာကွယ် နိုင်ပါလိမ့်မယ် ။ နောက်ပြီး ခံစစ် တံတိုင်း အတွက် တာဝန်မယူ ထားတဲ့ ကစားသမား တွေ ဟာလည်း အာနိုး ကန်မယ့် အခြမ်း ကို နည်းနည်းပါးပါး ဂရုစိုက် သင့်တယ် လို့ ထင်ပါတယ် ။ ”

” သူတို့ အနေနဲ့ ဖရီးကစ် ကန်ချက် ဟာ ခံစစ် တံတိုင်း ကို မကျော်ပဲ တခြား လမ်းကြောင်း ကနေ လာနိုင်တယ် ဆိုတာကို သတိပြု ခဲ့သင့်ပါတယ် ။ ဂျော်ဂျင်ဟို နဲ့ ကိုဗာဆစ် တို့ ၂ယောက်လုံး ဒီ ဖရီးကစ် ကို ပိတ်ပြီး ကာကွယ် ရမှာပါ ။ ဒီလို အနေအထား မျိုးမှာ ဂျွန်တယ်ရီ ၊ ဂျေမီ ကာရေဂါ တို့ ဆိုရင် သူတို့ရဲ့ ရင်ဘတ် နဲ့ ဒါမှမဟုတ် မျက်နှာ ၊ ကြုံသလို အနေအထား တွေနဲ့ ကာကွယ် သွားမှာပါ ။ ”

” ဒါပေမယ့် ဘောလုံး လမ်းကြောင်း ပြောင်းလာနိုင်တယ် ဆိုတဲ့ အချက် ကို ထည့်သွင်း စဉ်းစားဖို့ ကာကွယ်ဖို့ အသင့် ဖြစ်နေရမှာပါ ။ ပွဲကြီးပွဲကောင်း တွေမှာ ဒီလိုမျိုး အသေးအဖွဲ့ တွေကို ဂရုမစိုက် မိလို့ ပေးဆပ် လိုက်ရတာတွေ အများကြီး ရှိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ထို့အပြင် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူဟောင်း ရွိုင်ကိန်း ကလည်း မော်ရင်ဟို ရဲ့ သုံးသပ်ချက် အပေါ် ထောက်ခံ ပြောဆို ခဲ့ကာ အာနိုးရဲ့ ကန်ချက် ကိုလည်း ချီးကျူး ပြောဆို ခဲ့ပါတယ် ။

ရွိုင်ကိန်း က ” ဒီ အနေအထားမျိုး က ချယ်လ်ဆီး ခံစစ် ကို ဝေဖန်စရာ ဖြစ်ချင် ဖြစ်သွား နိုင်ပါတယ် ။ ဒါပေမယ့် ခင်ဗျား အနေနဲ့ အရမ်း ကောင်းတဲ့ ကန်ချက် ကို ချီးကျူး ရမှာပါ ။ အာနိုး ရဲ့ ကန်ချက် က အားပါ ပြင်းထန်မှု ရှိပါတယ် ။ အကယ်၍ ဂိုးပေါက်တည့်တာနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ဂိုးသမား အနေနဲ့ ဒါကို ရပ်တန့်ဖို့ ခက်ခဲ သွားပါပြီ ။ ဒါပေမယ့် လီဗာပူး ဖက်က ဘောလုံး ကို စတင် ရွေ့လျားတာနဲ့ ခင်ဗျား ဟာ ချယ်လ်ဆီး အသင်းသား တွေရဲ့ လျင်မြန်တဲ့ တုန့်ပြန်မှု တချို့ ကိုတော့ လိုချင်မိမှာပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR