ခ်ယ္လ္ဆီး အသင္း ဟာ ျပီးခဲ့တ့ဲ လီဗာပူး အသင္း ကို အိမ္ကြင္း စတမ္းဖို႕ဒ္ ဘရစ္ခ်္ မွာ လက္ခံ ကစား ခဲ့ရတဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ မွာ ပထမပိုင္း အတြင္း set-piece ေတြက ေပးခဲ့ရတဲ့ သြင္းဂိုး ၂ဂိုး နဲ႕ အတူ ၁ – ၂ ဆိုတဲ့ ရလဒ္ နဲ႕ အေရးနိမ့္ ခဲ့ျပီး အခု အခ်ိန္ အထိ ဒီႏွစ္ ေဘာလံုး ရာသီ အတြက္ ပထမဆံုး အိမ္ကြင္း ႏိုင္ပြဲ ရရွိဖို႕ ရုန္းကန္ ေနရဆဲ ျဖစ္ပါတယ္ ။

firmino2019

တဖက္ မွာ ရလဒ္ အရ ခ်ယ္လ္ဆီး အသင္း ရႈံးနိမ့္ ခဲ့ေပမယ့္ စြမ္းေဆာင္ရည္ အရ ၾကည့္ရင္ေတာ့ ခ်ယ္လ္ဆီး အသင္း ဟာ လီဗာပူး ကို မႏိုင္ခဲ့ဘူး ဆိုရင္ေတာင္ သေရ ရလဒ္ ရႏိုင္ေလာက္တဲ အထိ အခြင့္အေရး ေတြ ဖန္တီး ႏိုင္ခဲ့ပါတယ္ ။ သို႕ေပမယ့္ လည္း ေဘာလံုး ရာသီ စတင္ ကတည္းက အဆံုးသတ္ ေသခ်ာမႈ နဲ႕ ခံစစ္ပိုင္း အတြက္ အာရုံစိုက္မႈ ေတြမွာ အားနည္းခ်က္ ေတြ ရွိေနခဲ့တာေၾကာင့္ ဒီ အခ်က္ ကပဲ ဒီရာသီ မွာ ခ်ယ္လ္ဆီး အသင္း ရသင့္တဲ့ ရမွတ္ ေတြကို ျပဳန္းတီး ေစခဲ့ပါတယ္ ။

သို႕ေပမယ့္ လည္း အေပါင္း လကၡဏာ ေဆာင္တဲ့ အခ်က္ ေတြလည္း ရွိေနျပန္ျပီး လမ္းပတ္ လက္ေအာက္ မွာ ခ်ယ္လ္ဆီး အသင္းသားတိုင္း ဟာ ဘယ္လို အေျခအေန ပဲ ေရာက္ေနပါေစ ၊ ခံယူခ်က္ အျပည့္ နဲ႕ ေပးဆပ္ ကစားဖို႕ အသင့္ ရွိေနတယ္ ဆိုတာကို လီဗာပူး နဲ႕ ပြဲစဥ္ မွာ ေတြ႕ျမင္ ခဲ့ရပါတယ္ ။ ထို႕အျပင္ လီဗာပူး လို တည္ျငိမ္မႈ ရွိတဲ့ အသင္း တသင္း ကို ကစားကြက္ ေကာင္းေကာင္း နဲဲ႕ သူဖြင့္ ကိုယ္ဖြင့္ ယွဥ္ေဆာ့ ျပႏိုင္ခဲ့တာ ဟာလည္း ေကာင္းတဲ့ အခ်က္ တခ်က္ ျဖစ္ပါတယ္ ။

ေနာက္ျပီး ထို ပြဲစဥ္ မွာ လီဗာပူး အသင္း ရဲ႕ အဓိက ေတာင္ပံ တိုက္စစ္ ကစားသမား မိုဟာမက္ ဆာလက္ တပြဲလံုးနီးပါး လႈပ္မရ ႏိုင္ေအာင္ ျဖစ္ခဲ့ရတဲ့ အထိကို ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ ခံစစ္မွဴး ဖီကာယို တိုမိုရီ ထိန္းခ်ဳပ္ ျပသြား ခဲ့ပါတယ္ ။ open play ကပဲ ျဖစ္ျဖစ္ ၊ တန္ျပန္ တိုက္စစ္ ကပဲ ျဖစ္ျဖစ္ ၊ ဆာလက္ အေနနဲ႕ တိုမိုရီ ကို ဘယ္လိုမွ ေက်ာ္ျဖတ္မရ ျဖစ္ခဲ့ပါတယ္ ။

ခ်ယ္လ္ဆီး အသင္း ရဲ႕ ေနာက္ခံလူေဟာင္း မာရီယို မယ္လ္ေခ်ာ့ က ဆာလက္ ကို ထိန္းခ်ဳပ္ ခဲ့တဲ့ တိုမိုရီ ကို အခုလိုပဲ ခ်ီးက်ဴး ေျပာဆို ခဲ့ပါတယ္ ။

salah vs tomori

Talksports နဲ႕ ေတြ႕ဆံုခန္း မွာ မယ္လ္ေခ်ာ့ က ” လီဗာပူး နဲ႕ ပြဲမွာ တိုမိုရီ ရဲ႕ စြမ္းေဆာင္ရည္ ကို ကြ်န္ေတာ္ ခ်ီးက်ဴး ခ်င္ပါတယ္ ။ ကြ်န္ေတာ္ ဟာ မိနစ္ ၉၀ အခ်ိန္ကုန္ခံျပီး ဒီ ခ်ာတိတ္ ရဲ႕ စြမ္းေဆာင္ရည္ ကို ၾကည့္ခဲ့ပါတယ္ ။ ဆာလက္ ကို သူ ထိန္းခ်ဳပ္ ျပသြားတာ အေတာ္ေလး ခ်ီးက်ဴးခ်င္စရာ ေကာင္းပါတယ္ ။ အဲ့ဒီပြဲမွာ ဆာလက္ ေျခစြမ္း ျပခဲ့တဲ့ အခိုက္အတန္႕ ဆိုတာ မရွိသေလာက္ပါပဲ ။ ”

” ကြ်န္ေတာ္ ဆို အဲ့ဒီ ပြဲမွာ ဆာလက္ ပါမွ ပါရဲ႕လား ဆိုတာေတာင္ ေတြးခဲ့ မိပါတယ္ ။ အဲ့ေလာက္ အထိ ကို တိုမိုရီ ဟာ ဆာလက္ ကို ထိန္းခ်ဳပ္ ျပႏိုင္ ခဲ့ပါတယ္ ။ ပြဲအတြင္း တခ်ိဳ႕ အခိုက္အတန္႕ ေတြမွာ တိုမိုရီ ဟာ ဆာလက္ နဲ႕ ယွဥ္ေျပး ရတဲ့ အခါတို႕ ၊ တဦးခ်င္း ထိပ္တိုက္ ေတြ႕ရတဲ့ အေနအထား ေတြ ရွိခဲ့ပါတယ္ ။ အဲ့ဒီမွာ ကြ်န္ေတာ္ ဟာ တိုမိုရီ တေယာက္ ဒီလို အေျခအေန ေတြကို ေက်ာ္မွ ေက်ာ္ႏိုင္ပါ့မလား လို႕ေတာင္ စိုးရိမ္ မိပါေသးတယ္ ။ ”

” ဒါေပမယ့္ သူဟာ ေအးေအးေဆးေဆး ပဲ ဆာလက္ ကို ထိန္းခ်ဳပ္ ျပခဲ့သလို ၊ ေဘာလံုး တားဆီး ယူတဲ့ အေနအထား ေတြကိုလည္း လုပ္ေဆာင္ ျပႏိုင္ ခဲ့ပါတယ္ ။ ေနာက္ျပီး အသင္း ရဲ႕ တိုက္စစ္ ကို တိက် တဲ့ ေပးပို႕မႈ ေတြ ထပ္ျပီး ျပဳလုပ္ ေပးျပန္ပါတယ္ ။ ဒီလို အၾကိ္တ္အနယ္ ရွိတဲ့ ပြဲၾကီးပြဲေကာင္း တပြဲ မွာ တိုမိုရီ ရဲ႕ ကစားပံု ကို ၾကည့္ရတာ အေတာ္ေလး ေက်နပ္စရာ ေကာင္းပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

တိုမိုရီ ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ မွာ ကတည္းက ဒါဘီ အသင္း မွာ အငွား ကစားျပီး တည္ျငိမ္တဲ့ ေျခစြမ္း ေတြ ျပသ ႏိုင္ခဲ့သလို ၊ တႏွစ္တာ အေကာင္းဆံုး ကစားသမားဆု ကိုလည္း ရရွိ ခဲ့ပါတယ္ ။ ဒီႏွစ္ ေဘာလံုး ရာသီ မွာေတာ့ တိုမိုရီ ဟာ ရွက္ဖီးလ္ ယူႏိုက္တက္ အသင္း နဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ မွာ စတင္ ပြဲထြက္ခြင့္ ရခဲ့ျပီး ေနာက္ပိုင္း ပြဲစဥ္ ေတြမွာလည္း အဓိက ခံစစ္မွဴး အေနနဲ႕ ေတာက္ေလွ်ာက္ ပါဝင္ခြင့္ ရခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

လီဗာပူး နဲ့ ပွဲမှာ ဆာလက် ကို တပွဲလုံး ထိန်းချုပ်ပြ သွားတဲ့ တိုမိုရီ ကို အထူး ချီးကျူး ပြောဆိုလိုက်တဲ့ #မယ်လ်ချော့

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ လီဗာပူး အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစား ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ပထမပိုင်း အတွင်း set-piece တွေက ပေးခဲ့ရတဲ့ သွင်းဂိုး ၂ဂိုး နဲ့ အတူ ၁ – ၂ ဆိုတဲ့ ရလဒ် နဲ့ အရေးနိမ့် ခဲ့ပြီး အခု အချိန် အထိ ဒီနှစ် ဘောလုံး ရာသီ အတွက် ပထမဆုံး အိမ်ကွင်း နိုင်ပွဲ ရရှိဖို့ ရုန်းကန် နေရဆဲ ဖြစ်ပါတယ် ။

တဖက် မှာ ရလဒ် အရ ချယ်လ်ဆီး အသင်း ရှုံးနိမ့် ခဲ့ပေမယ့် စွမ်းဆောင်ရည် အရ ကြည့်ရင်တော့ ချယ်လ်ဆီး အသင်း ဟာ လီဗာပူး ကို မနိုင်ခဲ့ဘူး ဆိုရင်တောင် သရေ ရလဒ် ရနိုင်လောက်တဲ အထိ အခွင့်အရေး တွေ ဖန်တီး နိုင်ခဲ့ပါတယ် ။ သို့ပေမယ့် လည်း ဘောလုံး ရာသီ စတင် ကတည်းက အဆုံးသတ် သေချာမှု နဲ့ ခံစစ်ပိုင်း အတွက် အာရုံစိုက်မှု တွေမှာ အားနည်းချက် တွေ ရှိနေခဲ့တာကြောင့် ဒီ အချက် ကပဲ ဒီရာသီ မှာ ချယ်လ်ဆီး အသင်း ရသင့်တဲ့ ရမှတ် တွေကို ပြုန်းတီး စေခဲ့ပါတယ် ။

သို့ပေမယ့် လည်း အပေါင်း လက္ခဏာ ဆောင်တဲ့ အချက် တွေလည်း ရှိနေပြန်ပြီး လမ်းပတ် လက်အောက် မှာ ချယ်လ်ဆီး အသင်းသားတိုင်း ဟာ ဘယ်လို အခြေအနေ ပဲ ရောက်နေပါစေ ၊ ခံယူချက် အပြည့် နဲ့ ပေးဆပ် ကစားဖို့ အသင့် ရှိနေတယ် ဆိုတာကို လီဗာပူး နဲ့ ပွဲစဉ် မှာ တွေ့မြင် ခဲ့ရပါတယ် ။ ထို့အပြင် လီဗာပူး လို တည်ငြိမ်မှု ရှိတဲ့ အသင်း တသင်း ကို ကစားကွက် ကောင်းကောင်း နဲဲ့ သူဖွင့် ကိုယ်ဖွင့် ယှဉ်ဆော့ ပြနိုင်ခဲ့တာ ဟာလည်း ကောင်းတဲ့ အချက် တချက် ဖြစ်ပါတယ် ။

နောက်ပြီး ထို ပွဲစဉ် မှာ လီဗာပူး အသင်း ရဲ့ အဓိက တောင်ပံ တိုက်စစ် ကစားသမား မိုဟာမက် ဆာလက် တပွဲလုံးနီးပါး လှုပ်မရ နိုင်အောင် ဖြစ်ခဲ့ရတဲ့ အထိကို ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ခံစစ်မှူး ဖီကာယို တိုမိုရီ ထိန်းချုပ် ပြသွား ခဲ့ပါတယ် ။ open play ကပဲ ဖြစ်ဖြစ် ၊ တန်ပြန် တိုက်စစ် ကပဲ ဖြစ်ဖြစ် ၊ ဆာလက် အနေနဲ့ တိုမိုရီ ကို ဘယ်လိုမှ ကျော်ဖြတ်မရ ဖြစ်ခဲ့ပါတယ် ။
ချယ်လ်ဆီး အသင်း ရဲ့ နောက်ခံလူဟောင်း မာရီယို မယ်လ်ချော့ က ဆာလက် ကို ထိန်းချုပ် ခဲ့တဲ့ တိုမိုရီ ကို အခုလိုပဲ ချီးကျူး ပြောဆို ခဲ့ပါတယ် ။

Talksports နဲ့ တွေ့ဆုံခန်း မှာ မယ်လ်ချော့ က ” လီဗာပူး နဲ့ ပွဲမှာ တိုမိုရီ ရဲ့ စွမ်းဆောင်ရည် ကို ကျွန်တော် ချီးကျူး ချင်ပါတယ် ။ ကျွန်တော် ဟာ မိနစ် ၉၀ အချိန်ကုန်ခံပြီး ဒီ ချာတိတ် ရဲ့ စွမ်းဆောင်ရည် ကို ကြည့်ခဲ့ပါတယ် ။ ဆာလက် ကို သူ ထိန်းချုပ် ပြသွားတာ အတော်လေး ချီးကျူးချင်စရာ ကောင်းပါတယ် ။ အဲ့ဒီပွဲမှာ ဆာလက် ခြေစွမ်း ပြခဲ့တဲ့ အခိုက်အတန့် ဆိုတာ မရှိသလောက်ပါပဲ ။ ”

” ကျွန်တော် ဆို အဲ့ဒီ ပွဲမှာ ဆာလက် ပါမှ ပါရဲ့လား ဆိုတာတောင် တွေးခဲ့ မိပါတယ် ။ အဲ့လောက် အထိ ကို တိုမိုရီ ဟာ ဆာလက် ကို ထိန်းချုပ် ပြနိုင် ခဲ့ပါတယ် ။ ပွဲအတွင်း တချို့ အခိုက်အတန့် တွေမှာ တိုမိုရီ ဟာ ဆာလက် နဲ့ ယှဉ်ပြေး ရတဲ့ အခါတို့ ၊ တဦးချင်း ထိပ်တိုက် တွေ့ရတဲ့ အနေအထား တွေ ရှိခဲ့ပါတယ် ။ အဲ့ဒီမှာ ကျွန်တော် ဟာ တိုမိုရီ တယောက် ဒီလို အခြေအနေ တွေကို ကျော်မှ ကျော်နိုင်ပါ့မလား လို့တောင် စိုးရိမ် မိပါသေးတယ် ။ ”

” ဒါပေမယ့် သူဟာ အေးအေးဆေးဆေး ပဲ ဆာလက် ကို ထိန်းချုပ် ပြခဲ့သလို ၊ ဘောလုံး တားဆီး ယူတဲ့ အနေအထား တွေကိုလည်း လုပ်ဆောင် ပြနိုင် ခဲ့ပါတယ် ။ နောက်ပြီး အသင်း ရဲ့ တိုက်စစ် ကို တိကျ တဲ့ ပေးပို့မှု တွေ ထပ်ပြီး ပြုလုပ် ပေးပြန်ပါတယ် ။ ဒီလို အကြိ်တ်အနယ် ရှိတဲ့ ပွဲကြီးပွဲကောင်း တပွဲ မှာ တိုမိုရီ ရဲ့ ကစားပုံ ကို ကြည့်ရတာ အတော်လေး ကျေနပ်စရာ ကောင်းပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

တိုမိုရီ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ ကတည်းက ဒါဘီ အသင်း မှာ အငှား ကစားပြီး တည်ငြိမ်တဲ့ ခြေစွမ်း တွေ ပြသ နိုင်ခဲ့သလို ၊ တနှစ်တာ အကောင်းဆုံး ကစားသမားဆု ကိုလည်း ရရှိ ခဲ့ပါတယ် ။ ဒီနှစ် ဘောလုံး ရာသီ မှာတော့ တိုမိုရီ ဟာ ရှက်ဖီးလ် ယူနိုက်တက် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ စတင် ပွဲထွက်ခွင့် ရခဲ့ပြီး နောက်ပိုင်း ပွဲစဉ် တွေမှာလည်း အဓိက ခံစစ်မှူး အနေနဲ့ တောက်လျှောက် ပါဝင်ခွင့် ရခဲ့ပါတယ် ။

SPORTS MYANMAR