lampard

ခ်ယ္လ္ဆီး အသင္း ဟာ ျပီးခဲ့တ့ဲ လီဗာပူး အသင္း ကို အိမ္ကြင္း စတမ္းဖို႕ဒ္ ဘရစ္ခ်္ မွာ လက္ခံ ကစား ခဲ့ရတဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ မွာ ပထမပိုင္း အတြင္း set-piece ေတြက ေပးခဲ့ရတဲ့ သြင္းဂိုး ၂ဂိုး နဲ႕ အတူ ၁ – ၂ ဆိုတဲ့ ရလဒ္ နဲ႕ အေရးနိမ့္ ခဲ့ျပီး အခု အခ်ိန္ အထိ ဒီႏွစ္ ေဘာလံုး ရာသီ အတြက္ ပထမဆံုး အိမ္ကြင္း ႏိုင္ပြဲ ရရွိဖို႕ ရုန္းကန္ ေနရဆဲ ျဖစ္ပါတယ္ ။

 

ထို ပြဲစဥ္ မွာ ခ်ယ္လ္ဆီး နည္းျပ ဖရန္႔ လမ္းပတ္ ဟာ ျပီးခဲ့တဲ့ ဗလင္စီယာ အသင္း နဲ႕ ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ ပြဲစဥ္ မွာ ဒဏ္ရာ ရခဲ့တဲ့ ၄င္းရဲ႕ အားထားရတဲ့ လူငယ္ ကြင္းလယ္ တိုက္စစ္ ကစားသမား ေမဆင္ေမာင့္ ကို ဘယ္ေတာင္ပံ ေနရာမွာ အရဲစြန္႔ အသံုးျပဳ ခဲ့ပါတယ္ ။ ညာဖက္ ေတာင္ပံ တိုက္စစ္ မွာေတာ့ အေတြ႕အၾကံဳ ပိုရင့္က်က္တဲ့ ဝီလီယံ ကို အသံုးျပဳ ခဲ့ပါတယ္ ။

သို႕ေပမယ့္ လည္း ဖရန္႕ လမ္းပတ္ ဟာ လ်င္ျမန္ ထက္ျမက္မႈ ရွိတဲ့ အျပင္ ၊ ဒီႏွစ္ ေဘာလံုး ရာသီ ဥေရာပ စူပါဖလား မွာပါ လီဗာပူး အသင္း ရဲ႕ ခံစစ္ ကို ဒုကၶ ေပးႏိုင္ ခဲ့တဲ့ အေမရိကန္ လက္ေရြးစင္ ေတာင္ပံ ကစားသမား ခရစ္စတီယန္ ပူလီဆစ္ ကို လံုးဝ အသံုးျပဳ ခဲ့ျခင္း မရွိခဲ့ပါဘူး ။ ဒါ့အျပင္ ပူလီဆစ္ ဟာ လီဗာပူး နဲ႕ ပရီးမီးယားလိဂ္ ပြဲ အပါအဝင္ ေနာက္ဆံုး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ္ ၃ပြဲဆက္ ပါဝင္ခြင့္ မရေသးပဲ ရွိေနပါတယ္ ။

ပြဲျပီး သတင္းစာ ရွင္းလင္းပြဲ မွာေတာ့ လမ္းပတ္ က ပူလီဆစ္ ဟာ လာမယ့္ ပြဲစဥ္ ေတြမွာ ေသခ်ာေပါက္ အခြင့္အေရး ရမွာ ျဖစ္ေၾကာင္း အတည္ျပဳ ေျပာဆို ခဲ့သလို ၊ နည္းစနစ္ပိုင္း အံဝင္မႈ တခ်ိဳ႕ နဲ႕ ၾကံ့ခိုင္မႈ ပိုတိုးတက္လာဖို႕ လိုအပ္ ေနေသးတာေၾကာင့္ အသံုးမျပဳ ခဲ့ရတာ ျဖစ္တယ္ လို႕ ေျဖရွင္း ခဲ့ပါတယ္ ။

Premier League Production အစီအစဥ္ မွာ ဝက္စ္ဟမ္း ကစားသမားေဟာင္း ဒြန္ ဟက္ခ်င္ဆန္ က လမ္းပတ္ ဟာ လတ္တေလာ မွာ အဆင္ေျပ ေနတဲ့ ၃ – ၄ – ၃ ကစားကြက္ ကို မသံုးခဲ့ပဲ ျပီးခဲ့တဲ့ ဥေရာပ စူပါဖလား က ခ်ဥ္းကပ္ ခဲ့တဲ့ နည္းဗ်ဴဟာ အတိုင္း လီဗာပူး နဲ႕ ပြဲမွာ ျပန္ျပီး အသံုးျပဳ ခဲ့တာ လက္ခံ လို႕ ရေပမယ့္ ပူလီဆစ္ လို အသင္း အတြက္ ထူးျခားမႈ တခုခု လုပ္ျပ ေပးႏိုင္မယ့္ ကစားသမားမ်ိဳး ခ်ယ္လ္ဆီး မွာ လိုအပ္ ေနခဲ့ေၾကာင္း သံုးသပ္ ေျပာဆို ခဲ့ပါတယ္ ။

ဟက္ခ်င္ဆန္ က ” ပထမပိုင္း ၄၅ မိနစ္ မွာေတာ့ လီဗာပူး အသင္း ဟာ ပိုေကာင္းတဲ့ အသင္း ျဖစ္ခဲ့ပါတယ္ ။ ဒါေပမယ့္ ခ်ယ္လ္ဆီး အသင္း က ဒုတိယပိုင္း နဲ႕ ပြဲျပီးတဲ့ အထိ ပိုေတာင့္တင္း တဲ့ အသင္း အေနနဲ႕ ကစားျပ သြားခဲ့ပါတယ္ ။ ပြဲ မစခင္ မွာ ခ်ယ္လ္ဆီး အသင္း ရဲ႕ ပြဲထြက္ အခင္းအက်င္း နဲ႕ နည္းဗ်ဴဟာ က ကြ်န္ေတာ့ ကို အနည္းငယ္ အံ့အား သင့္ေစ ခဲ့ပါတယ္ ။ line-up လည္း ထြက္လာေရာ ဖရန္႕ လမ္းပတ္ ဟာ ေနာက္တန္း ၅ေယာက္ အစား ၊ ၄ေယာက္ ပံုစံ ကို အသံုးျပဳ ခဲ့ပါတယ္ ။ ”

” ဒါနဲ႕ ပတ္သက္ျပီး ကြ်န္ေတာ္ ဖရန္႕ အေပၚ နားလည္ မိပါတယ္ ။ အစၥတန္ဘူလ္ မွာ တုန္းက သူတို႕ဟာ လီဗာပူး ကို ၄ – ၃ – ၃ ပံုစံ နဲ႕ အျပန္အလွန္ ကစား ျပႏိုင္ခဲ့ပါတယ္ ။ ဒီေန႕ ပြဲမွာလည္း သူတို႕ဟာ စူပါဖလား ကလိုပဲ အံ့ၾသစရာ ေကာင္းတဲ့ ပံုစံ ကို ဆက္လက္ ျပသ ႏိုင္ခဲ့ပါတယ္ ။ ကြာျခား သြားတာ တခု က ပူလီဆစ္ ကို ဖရန္႕ လမ္းပတ္ အသံုးမျပဳ ေတာ့တာပါ ။ ”

pulisic

” ဒါေၾကာင့္မို႕ လည္း ပြဲစ ကတည္းက ခ်ယ္လ္ဆီး အသင္း အတြက္ ထူးျခားမႈ တခုခု လုပ္ေပးႏိုင္မယ့္ကစားသမား တေယာက္ လိုေနခဲ့တယ္ လို႕ ကြ်န္ေတာ့ စိတ္က ခံစား ခဲ့ရပါတယ္ ။ ဒါေပမယ့္ ယတိျပတ္ၾကီး ဖရန္႕ ရဲ႕ ဆံုးျဖတ္ခ်က္ ကို ေဝဖန္ လို႕ေတာ့ မရပါဘူး ။ ဒုတိယပိုင္း မွာ သူ အသံုးျပဳ ခဲ့တဲ့ ကစားသမား အစုအဖြဲ႕ ရဲ႕ စြမ္းေဆာင္ရည္ က အေတာ္ေလး ေကာင္းခဲ့ျပီး သူတို႕ အဲ့ဒီပြဲ ကေန ေကာင္းမြန္တဲ့ အခ်က္ တခ်ိဳ႕ ကို ျပန္ျပီး သံုးသပ္ႏိုင္မယ္ လို႕ ကြ်န္ေတာ္ ထင္ပါတယ္ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

လီဗာပူး နဲ့မှာ လမ်းပတ် ဟာ ထူးခြားမှု တခုခု လုပ်ပြ နိုုင်မယ့် ကစားသမား တဦး ကို အသုံးပြုဖို့ ပျက်ကွက် ခဲ့တယ် လို့ ဝေဖန်လိုက်တဲ့ #ဟက်ချင်ဆန်

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ လီဗာပူး အသင်း ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစား ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ပထမပိုင်း အတွင်း set-piece တွေက ပေးခဲ့ရတဲ့ သွင်းဂိုး ၂ဂိုး နဲ့ အတူ ၁ – ၂ ဆိုတဲ့ ရလဒ် နဲ့ အရေးနိမ့် ခဲ့ပြီး အခု အချိန် အထိ ဒီနှစ် ဘောလုံး ရာသီ အတွက် ပထမဆုံး အိမ်ကွင်း နိုင်ပွဲ ရရှိဖို့ ရုန်းကန် နေရဆဲ ဖြစ်ပါတယ် ။

ထို ပွဲစဉ် မှာ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် ဟာ ပြီးခဲ့တဲ့ ဗလင်စီယာ အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ် မှာ ဒဏ်ရာ ရခဲ့တဲ့ ၄င်းရဲ့ အားထားရတဲ့ လူငယ် ကွင်းလယ် တိုက်စစ် ကစားသမား မေဆင်မောင့် ကို ဘယ်တောင်ပံ နေရာမှာ အရဲစွန့် အသုံးပြု ခဲ့ပါတယ် ။ ညာဖက် တောင်ပံ တိုက်စစ် မှာတော့ အတွေ့အကြုံ ပိုရင့်ကျက်တဲ့ ဝီလီယံ ကို အသုံးပြု ခဲ့ပါတယ် ။

သို့ပေမယ့် လည်း ဖရန့် လမ်းပတ် ဟာ လျင်မြန် ထက်မြက်မှု ရှိတဲ့ အပြင် ၊ ဒီနှစ် ဘောလုံး ရာသီ ဥရောပ စူပါဖလား မှာပါ လီဗာပူး အသင်း ရဲ့ ခံစစ် ကို ဒုက္ဓ ပေးနိုင် ခဲ့တဲ့ အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ခရစ်စတီယန် ပူလီဆစ် ကို လုံးဝ အသုံးပြု ခဲ့ခြင်း မရှိခဲ့ပါဘူး ။ ဒါ့အပြင် ပူလီဆစ် ဟာ လီဗာပူး နဲ့ ပရီးမီးယားလိဂ် ပွဲ အပါအဝင် နောက်ဆုံး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ၃ပွဲဆက် ပါဝင်ခွင့် မရသေးပဲ ရှိနေပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ လမ်းပတ် က ပူလီဆစ် ဟာ လာမယ့် ပွဲစဉ် တွေမှာ သေချာပေါက် အခွင့်အရေး ရမှာ ဖြစ်ကြောင်း အတည်ပြု ပြောဆို ခဲ့သလို ၊ နည်းစနစ်ပိုင်း အံဝင်မှု တချို့ နဲ့ ကြံ့ခိုင်မှု ပိုတိုးတက်လာဖို့ လိုအပ် နေသေးတာကြောင့် အသုံးမပြု ခဲ့ရတာ ဖြစ်တယ် လို့ ဖြေရှင်း ခဲ့ပါတယ် ။

Premier League Production အစီအစဉ် မှာ ဝက်စ်ဟမ်း ကစားသမားဟောင်း ဒွန် ဟက်ချင်ဆန် က လမ်းပတ် ဟာ လတ်တလော မှာ အဆင်ပြေ နေတဲ့ ၃ – ၄ – ၃ ကစားကွက် ကို မသုံးခဲ့ပဲ ပြီးခဲ့တဲ့ ဥရောပ စူပါဖလား က ချဉ်းကပ် ခဲ့တဲ့ နည်းဗျူဟာ အတိုင်း လီဗာပူး နဲ့ ပွဲမှာ ပြန်ပြီး အသုံးပြု ခဲ့တာ လက်ခံ လို့ ရပေမယ့် ပူလီဆစ် လို အသင်း အတွက် ထူးခြားမှု တခုခု လုပ်ပြ ပေးနိုင်မယ့် ကစားသမားမျိုး ချယ်လ်ဆီး မှာ လိုအပ် နေခဲ့ကြောင်း သုံးသပ် ပြောဆို ခဲ့ပါတယ် ။

ဟက်ချင်ဆန် က ” ပထမပိုင်း ၄၅ မိနစ် မှာတော့ လီဗာပူး အသင်း ဟာ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် ချယ်လ်ဆီး အသင်း က ဒုတိယပိုင်း နဲ့ ပွဲပြီးတဲ့ အထိ ပိုတောင့်တင်း တဲ့ အသင်း အနေနဲ့ ကစားပြ သွားခဲ့ပါတယ် ။ ပွဲ မစခင် မှာ ချယ်လ်ဆီး အသင်း ရဲ့ ပွဲထွက် အခင်းအကျင်း နဲ့ နည်းဗျူဟာ က ကျွန်တော့ ကို အနည်းငယ် အံ့အား သင့်စေ ခဲ့ပါတယ် ။ line-up လည်း ထွက်လာရော ဖရန့် လမ်းပတ် ဟာ နောက်တန်း ၅ယောက် အစား ၊ ၄ယောက် ပုံစံ ကို အသုံးပြု ခဲ့ပါတယ် ။ ”

” ဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ဖရန့် အပေါ် နားလည် မိပါတယ် ။ အစ္စတန်ဘူလ် မှာ တုန်းက သူတို့ဟာ လီဗာပူး ကို ၄ – ၃ – ၃ ပုံစံ နဲ့ အပြန်အလှန် ကစား ပြနိုင်ခဲ့ပါတယ် ။ ဒီနေ့ ပွဲမှာလည်း သူတို့ဟာ စူပါဖလား ကလိုပဲ အံ့သြစရာ ကောင်းတဲ့ ပုံစံ ကို ဆက်လက် ပြသ နိုင်ခဲ့ပါတယ် ။ ကွာခြား သွားတာ တခု က ပူလီဆစ် ကို ဖရန့် လမ်းပတ် အသုံးမပြု တော့တာပါ ။ ”

” ဒါကြောင့်မို့ လည်း ပွဲစ ကတည်းက ချယ်လ်ဆီး အသင်း အတွက် ထူးခြားမှု တခုခု လုပ်ပေးနိုင်မယ့် ကစားသမား တယောက် လိုနေခဲ့တယ် လို့ ကျွန်တော့ စိတ်က ခံစား ခဲ့ရပါတယ် ။ ဒါပေမယ့် ယတိပြတ်ကြီး ဖရန့် ရဲ့ ဆုံးဖြတ်ချက် ကို ဝေဖန် လို့တော့ မရပါဘူး ။ ဒုတိယပိုင်း မှာ သူ အသုံးပြု ခဲ့တဲ့ ကစားသမား အစုအဖွဲ့ ရဲ့ စွမ်းဆောင်ရည် က အတော်လေး ကောင်းခဲ့ပြီး သူတို့ အဲ့ဒီပွဲ ကနေ ကောင်းမွန်တဲ့ အချက် တချို့ ကို ပြန်ပြီး သုံးသပ်နိုင်မယ် လို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR