မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ နည္းျပ ျဖစ္သူ အိုလီ ဂန္နား ဆုိးလ္ရွား က ၾကာသပေတး နံနက္ 1:30 အခ်ိန္ မွာ ရိုခ်္ဒါေလ အသင္းနဲ့ ကစား ရမယ့္ ကာရာေဘာင္ ဖလား Round 3 ပြဲစဥ္ မတုိင္မီ ျပဳလုပ္ ခဲ့တဲ့ အသင္း ဝက္ဘ္ဆုိက္ နဲ့ အင္တာဗ်ဴး မွာ ပရိသတ္ ေတြဆီ သတင္းေကာင္း တစ္ခု ပို့သြား ခဲ့လိုက္ ပါတယ္ ။

အဲ့တာ ကေတာ့ အသင္းရဲ့ အားထား ရတဲ့ ကြင္းလယ္ ကစား သမား ျဖစ္သူ ေပါလ္ ေပါ့ဂ္ဘာ ဟာ အသင္း အသင္း နဲ့ အတူ ေလ့က်င့္ေရး ျပဳလုပ္ ေနျပီ ျဖစ္ေၾကာင္း ၊ သူဟာ အဆုိပါ ပြဲစဥ္ မွာ ပါဝင္ နုိင္ေျခ ရွိေၾကာင္း ဆုိးလ္ရွား က ေျပာၾကား ခဲ့တာ ပဲ ျဖစ္ ပါတယ္ ။

ေပါ့ဂ္ဘာ ဟာ ယူနုိက္တက္ တုိ႔ ၾသဂုတ္ လ 31 ရက္ ေန့က ေဆာက္သမ္တန္ အသင္း နဲ့ တစ္ဖက္ တစ္ဂိုး စီ သေရ ရလဒ္ ထြက္ေပၚ ခဲ့တဲ့ ပြဲစဥ္ တုန္းက ဒဏ္ရာ ျပသနာ ၾကံဳေတြ့ ခံစား ခဲ့ရ သူပဲ ျဖစ္ ပါတယ္ ။

အဲ့ဒီ ေနာက္ သူဟာ ယူနုိက္တက္ တုိ႔ လက္စတာ စီးတီး ၊ အက္စတာနာ ( ယူရုိ ပါလိဂ္ ) ၊ ဝက္စ္ဟမ္း အသင္း တုိ့နဲ့ ကစား ခဲ့ ရတဲ့ ပြဲစဥ္ ေတြကို ဒဏ္ရာ ျပသနာ ေၾကာင့္ ဆက္တုိက္ ကစား ခြင့္ လြဲေခ်ာ္ ခဲ့ရ ပါတယ္ ။

အဆုိပါ ကာလ အတြင္း မွာေတာ့ ေပါ့ဂ္ဘာ မပါဝင္ နုိင္ ခဲ့တဲ့ ယူနုိက္တက္ အသင္း ရဲ့ ကြင္းလယ္ ပိုင္းဟာ ေဝဖန္ မွဳေတြ မ်ားစြာ ခံခဲ့ ရပါ ေသးတယ္ ။ အထူး သျဖင့္ ကြင္းလယ္ ပိုင္း မွ လံုေလာက္ တဲ့ ဖန္တီး မွဳေတြ မျပဳလုပ္ နုိင္ ခဲ့တဲ့ အတြက္ တုိက္စစ္ မွာ ဂိုးေတြ ရရွိ နုိင္ဖုိ့ အထူး ရုန္းကန္ ခဲ့ရ ပါတယ္ ။

ဒါေပမယ့္ အခုေတာ့ သူ့ရဲ့ ၾကံ့ခိုင္ မွေတြ ဟာ ျပန္လည္ ေကာင္းမြန္ လာျပီ ျဖစ္တဲ့ အတြက္ ရုိခ်္ဒါေလ အသင္း နဲ့ ကစား ရမယ့္ ပြဲစဥ္ မွာ သူဟာ ပြဲ ကစား ခ်ိန္ ရရွိ နုိင္ေၾကာင္း ၊ အာဆင္နယ္ နဲ့ ကစား ရမယ့္ ပြဲစဥ္ မွာေတာ့ ေသခ်ာေပါက္ ျပန္လည္ ပါဝင္ နိုင္ လိမ့္မယ္ လို့ ဆုိးလ္ရွား က အသင္း ရဲ့ ဝက္ဘ္ဆုိက္ မွ တစ္ဆင့္ ပရိသတ္ ေတြဆီ သတင္း ေကာင္း ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” ရုိခ်္ဒါေလ အသင္း နဲ့ ကစား ရမယ့္ ကာရာေဘာင္ ပြဲစဥ္ မွာ သူ ( ေပါ့ဂ္ဘာ ) ဟာ ပြဲ ကစား ခ်ိန္ ရရွိ ေကာင္း ရရွိ နုိင္ပါ လိမ့္မယ္ ။ ေသခ်ာ တာ တစ္ခု ကေတာ့ သူဟာ အာဆင္နယ္ အသင္း နဲ့ ကစား ရမယ့္ ပြဲစဥ္ အတြက္ အသင့္ ျဖစ္ေန ပါျပီ ”

” သူဟာ အခုမွ အသင္း နဲ့ ေလ့က်င့္ေရး အစီအစဥ္ ေတြကို စတင္ ျပဳလုပ္ နုိင္ခဲ့ တာပါ ။ ဒါ့ေၾကာင့္ သူ ဒီပြဲ မွာ ပါဝင္ နုိင္ဖုိ႔ က်ြန္ေတာ္ တို႔ ေမ်ွာ္လင့္ ေနၾက ပါတယ္ ။ ဒါ့ေပမယ့္ က်ြန္ေတာ္ တုိ႔ အသင္း ရဲ့ ပြဲထြက္ ကစားသမား စာရင္း ဟာ အရမ္းၾကီး ေတာ့ ေျပာင္းလဲ သြား ဦးမွာ ေတာ့ မဟုတ္ေသး ပါဘူး ”

” တစ္ခါတရံ မွာေတာ့ အဲ့တာ ဟာ က်ြန္ေတာ္ တုိ့ အတြက္ အကူအညီ ေတြ ျဖစ္ေစ ပါတယ္ ” လုိ႔ ဆုိးလ္ရွား က အသင္း ရဲ့ ဝက္ဘ္ဆုိက္ မွ တစ္ဆင့္ ပရိသတ္ ေတြဆီ မက္ေဆ့ ပို႔သြား ခဲ့လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ယူနိုက်တက် ပရိသတ်တွေ အတွက် သတင်းကောင်း ယူဆောင် လာတဲ့ #ဆိုးလ်ရှား

==============

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား က ကြာသပတေး နံနက် 1:30 အချိန် မှာ ရိုချ်ဒါလေ အသင်းနဲ့ ကစား ရမယ့် ကာရာဘောင် ဖလား Round 3 ပွဲစဉ် မတိုင်မီ ပြုလုပ် ခဲ့တဲ့ အသင်း ဝက်ဘ်ဆိုက် နဲ့ အင်တာဗျူး မှာ ပရိသတ် တွေဆီ သတင်းကောင်း တစ်ခု ပို့သွား ခဲ့လိုက် ပါတယ် ။

အဲ့တာ ကတော့ အသင်းရဲ့ အားထား ရတဲ့ ကွင်းလယ် ကစား သမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ ဟာ အသင်း အသင်း နဲ့ အတူ လေ့ကျင့်ရေး ပြုလုပ် နေပြီ ဖြစ်ကြောင်း ၊ သူဟာ အဆိုပါ ပွဲစဉ် မှာ ပါဝင် နိုင်ခြေ ရှိကြောင်း ဆိုးလ်ရှား က ပြောကြား ခဲ့တာ ပဲ ဖြစ် ပါတယ် ။

ပေါ့ဂ်ဘာ ဟာ ယူနိုက်တက် တို့ သြဂုတ် လ 31 ရက် နေ့က ဆောက်သမ်တန် အသင်း နဲ့ တစ်ဖက် တစ်ဂိုး စီ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ ပွဲစဉ် တုန်းက ဒဏ်ရာ ပြသနာ ကြုံတွေ့ ခံစား ခဲ့ရ သူပဲ ဖြစ် ပါတယ် ။

အဲ့ဒီ နောက် သူဟာ ယူနိုက်တက် တို့ လက်စတာ စီးတီး ၊ အက်စတာနာ ( ယူရို ပါလိဂ် ) ၊ ဝက်စ်ဟမ်း အသင်း တို့နဲ့ ကစား ခဲ့ ရတဲ့ ပွဲစဉ် တွေကို ဒဏ်ရာ ပြသနာ ကြောင့် ဆက်တိုက် ကစား ခွင့် လွဲချော် ခဲ့ရ ပါတယ် ။

အဆိုပါ ကာလ အတွင်း မှာတော့ ပေါ့ဂ်ဘာ မပါဝင် နိုင် ခဲ့တဲ့ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ပိုင်းဟာ ဝေဖန် မှုတွေ များစွာ ခံခဲ့ ရပါ သေးတယ် ။ အထူး သဖြင့် ကွင်းလယ် ပိုင်း မှ လုံလောက် တဲ့ ဖန်တီး မှုတွေ မပြုလုပ် နိုင် ခဲ့တဲ့ အတွက် တိုက်စစ် မှာ ဂိုးတွေ ရရှိ နိုင်ဖို့ အထူး ရုန်းကန် ခဲ့ရ ပါတယ် ။

ဒါပေမယ့် အခုတော့ သူ့ရဲ့ ကြံ့ခိုင် မှတွေ ဟာ ပြန်လည် ကောင်းမွန် လာပြီ ဖြစ်တဲ့ အတွက် ရိုချ်ဒါလေ အသင်း နဲ့ ကစား ရမယ့် ပွဲစဉ် မှာ သူဟာ ပွဲ ကစား ချိန် ရရှိ နိုင်ကြောင်း ၊ အာဆင်နယ် နဲ့ ကစား ရမယ့် ပွဲစဉ် မှာတော့ သေချာပေါက် ပြန်လည် ပါဝင် နိုင် လိမ့်မယ် လို့ ဆိုးလ်ရှား က အသင်း ရဲ့ ဝက်ဘ်ဆိုက် မှ တစ်ဆင့် ပရိသတ် တွေဆီ သတင်း ကောင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ရိုချ်ဒါလေ အသင်း နဲ့ ကစား ရမယ့် ကာရာဘောင် ပွဲစဉ် မှာ သူ ( ပေါ့ဂ်ဘာ ) ဟာ ပွဲ ကစား ချိန် ရရှိ ကောင်း ရရှိ နိုင်ပါ လိမ့်မယ် ။ သေချာ တာ တစ်ခု ကတော့ သူဟာ အာဆင်နယ် အသင်း နဲ့ ကစား ရမယ့် ပွဲစဉ် အတွက် အသင့် ဖြစ်နေ ပါပြီ ”

” သူဟာ အခုမှ အသင်း နဲ့ လေ့ကျင့်ရေး အစီအစဉ် တွေကို စတင် ပြုလုပ် နိုင်ခဲ့ တာပါ ။ ဒါ့ကြောင့် သူ ဒီပွဲ မှာ ပါဝင် နိုင်ဖို့ ကျွန်တော် တို့ မျှော်လင့် နေကြ ပါတယ် ။ ဒါ့ပေမယ့် ကျွန်တော် တို့ အသင်း ရဲ့ ပွဲထွက် ကစားသမား စာရင်း ဟာ အရမ်းကြီး တော့ ပြောင်းလဲ သွား ဦးမှာ တော့ မဟုတ်သေး ပါဘူး ”

” တစ်ခါတရံ မှာတော့ အဲ့တာ ဟာ ကျွန်တော် တို့ အတွက် အကူအညီ တွေ ဖြစ်စေ ပါတယ် ” လို့ ဆိုးလ်ရှား က အသင်း ရဲ့ ဝက်ဘ်ဆိုက် မှ တစ်ဆင့် ပရိသတ် တွေဆီ မက်ဆေ့ ပို့သွား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar