mata

မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ ကြင္းလယ္ ဖန္တီးရွင္ ကစားသမား ျဖစ္သူ ဟြမ္ မာတာ က နည္းျပ ေဟာင္း ေဒးဗစ္ မိုယက္စ္ နဲ့ ပတ္သက္ လို့ စိတ္ မေကာင္း ျဖစ္မိ ေၾကာင္း ၊ သူဟာ ျဖစ္နုိင္ေျခ မရွိတဲ့ ဆာ အဲလက္စ္ ဖာဂူဆန္ ရဲ့ ေနရာ ကို ဆက္ခံ ဖုိ႔ အတြက္ စမ္းသပ္မွဳ ေက်ာ္ျဖတ္ ခဲ့ရ ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

မန္ခ်က္စတာ ယူနုိက္တက္ အသင္း မွ ဂႏၶဝင္ နည္းျပ ျဖစ္သူ ဆာ အဲလက္စ္ ဖာဂူဆန္ အနားယူ သြားတဲ့ ေနာက္ သူတုိ႔ ဟာ အဲဗာတန္ အသင္း ရဲ့ နည္းျပ ျဖစ္သူ ေဒးဗစ္ မိုယက္စ္ ကို 6 နွစ္ စာခ်ဳပ္ နဲ့ အသင္း ကို ဦးေဆာင္ နည္းျပ ေစဖုိ႔ အတြက္ ေခၚယူ ခဲ့ၾက ပါတယ္ ။

ဒါေပမယ့္ မိုယက္စ္ ဟာ ယူနုိက္တက္ မွာ 27 နွစ္ေလာက္ နည္းျပ ျပီး ေအာင္ျမင္ မွဳ မ်ားစြာ ရယူ ဆြတ္ခူး နုိင္ ခဲ့တဲ့ ဆာ အဲလက္စ္ ဖာဂူဆန္ ရဲ့ ေျခရာ ကို မဆက္ခံ နုိင္ခဲ့ပဲ 10 လသာ နည္းျပ နုိင္ ခဲ့တဲ့ ေနာက္ ယူနုိက္တက္ အသင္း မွ အထုတ္ပယ္ ခံခဲ့ လိုက္ရ ပါတယ္ ။

ferguson

” ဆာ အဲလက္စ္ ဖာဂူဆန္ လို ပုဂၢိဳလ္ မ်ိဳးရဲ့ ေနရာ ကို ဆက္ခံ နုိင္ဖုိ႔ ဆုိတာ တစ္ကယ့္ ကို ခက္ခဲ လွတဲ့ ပုစၧာ တစ္ခု ဆုိတာ ေသခ်ာ လြန္းလွ ပါတယ္ ။ သူဟာ ေဘာလံုး သမိုင္း ရဲ့ ေအာင္ျမင္ မွဳ အရိွဆံုး နည္းျပ တစ္ေယာက္ ေလ ။ အခ်က္ အလက္ ေတြ အရ ေျပာရမယ္ ဆုိရင္ ဒါဟာ လံုးဝ မျဖစ္ နိုင္တဲ့ အရာ တစ္ခု ပါပဲ ”

” စိတ္ပ်က္ဖြယ္ ေကာင္းတဲ့ ပြဲစဥ္ အခ်ိဳ့ ကို ပိုင္ဆိုင္ ခဲ့ရတဲ့ ေနာက္ အသင္း ဖက္က သူနဲ့ လမ္းခြဲ ဖုိ႔ ဆံုးျဖတ္ ခဲ့လိုက္ ပါတယ္ ။ အဲ့တာ ျပီးေတာ့ ရာသီ အကုန္ အထိ အသင္း ကို ဦးေဆာင္ ဖုိ့ ရိုင္ယန္ ဂစ္ကို ေရြးခ်ယ္ ခဲ့လိုက္ ၾက ပါတယ္ ။ ထုိ့အတူ မိုယက္စ္ ရဲ့ တစ္ေခတ္က အရမ္း အရမ္း ကိုပဲ အခ်ိန္ နည္းပါး သြားခဲ့ ရ ပါတယ္ ”

” ခ်ဲလ္ဆီး မွာ ဗီလာ ဘုိအာ့စ္ ရွိေန တုန္းက လိုေပါ့ ။ သူဟာ စြမ္းနုိင္ သမ်ွ အေကာင္းဆံုး ၾကဳိးစား ခဲ့ ပါတယ္ ။ သူဟာ ဆံုးျဖတ္ခ်က္ ခိုင္မာ တဲ့ နည္းျပ တစ္ဦး ပါပဲ ။ ဒါေပမယ့္ က်ြန္ေတာ္ တုိ့ေတြ မျပနုိင္ ၊ ရလဒ္ ေကာင္းေတြ မရွာေဖြ နုိင္ ခဲ့တဲ့ ဒဏ္ကို သူဟာ ခံခဲ့ ရ ပါတယ္ ”

” ေနာက္ဆံုး သူဟာ က်ြန္ေတာ္ တုိ့ကုိ ႏွဳတ္ဆက္ ပြဲ လုပ္တဲ့ အခါ မွာေတာင္ လူၾကီး လူေကာင္း ဆန္စြာ ရွိေန ခဲ့ျပီး အဆင့္ အတန္း ရွိရွိ GoodBye လို့ ႏွဳတ္ဆက္ ခဲ့ ပါတယ္ ။ ဒါ့အျပင္ အားလံုး ကို လက္ဆြဲ ႏွဳတ္ဆက္ ၊ မ်က္လံုး ေတြကို အေသအခ်ာ စိုက္ၾကည့္ ျပီး ‘ မင္းတုိ႔ ကံေကာင္း ၾက ပါေစ ‘ လို့ေတာင္ ဆုေတာင္း ေပးခဲ့ ပါတယ္ ”

” က်ြန္ေတာ္ ဟာ ေနာက္ တစ္ၾကိမ္ အျဖစ္ အသင္း မွ နည္းျပ တစ္ဦး ထြက္ခြာ သြားတဲ့ အေပၚ ဝမ္းနည္း စိတ္ ျဖစ္ေပၚ ခဲ့ရ ပါတယ္ ။ ဒီလို ဆံုးျဖတ္ခ်က္ မ်ိဳး အသင္း ဖက္က ခ်မွတ္ လိုက္တဲ့ အခါတုိင္း က်ြန္ေတာ္ ဟာ ကစားသမား တစ္ဦး အေန နဲ့ တာဝန္ ရွိတဲ့ သူ ျဖစ္တယ္ လို့ ခံစား ခဲ့ရ ပါတယ္ ” လို့ မာတာ က ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ယူနုိက္တက္ ဆီ ေဒးဗစ္ မိုယက္စ္ ေရာက္ရွိ လာ ခဲ့တဲ့ ေနာက္ ဟြမ္ မာတာ ဟာ သူ့ရဲ့ ဒုတိယ ေျမာက္ ကစားသမား ေခၚယူ မွဳ ျဖစ္ခဲ့ ရ ပါတယ္ ။ စပိန္ သား မာတာ ဟာ ခ်ဲလ္ဆီး ကေန ေပါင္ 37.1 သန္း နဲ့ ယူနုိက္တက္ အသင္း ဆီ ေရာက္ရွိ လာခဲ့ သူပဲ ျဖစ္ ပါတယ္ ။

မာတာ ဟာ ယူနုိက္တက္ မွာ နည္းျပ ေလးဦး လက္ေအာက္ ကစား ထားခဲ့ ျပီး အဆုိပါ ကာလ အတြင္း FA ဖလား ၊ လိဂ္ ဖလား ၊ ကြန္ျမဴနီ ဒိုင္း နဲ့ ယူရို ပါလိဂ္ ဖလား တုိ့ကို ရယူ ဆြတ္ခူး ထားနုိင္ ခဲ့ ပါတယ္ ။

#Sports_Myanmar

Unicode

ဆာ အဲလက်စ် ခြေရာကို အပြည့်အဝ ဆက်ခံ နိုင်ခွင့် မရှိခဲ့ သူက ဘယ်သူလဲ ဆိုတာ ဖွင့်ဟ လိုက်တဲ့ #ဟွမ်မာတာ

==============

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ဖန်တီးရှင် ကစားသမား ဖြစ်သူ ဟွမ် မာတာ က နည်းပြ ဟောင်း ဒေးဗစ် မိုယက်စ် နဲ့ ပတ်သက် လို့ စိတ် မကောင်း ဖြစ်မိ ကြောင်း ၊ သူဟာ ဖြစ်နိုင်ခြေ မရှိတဲ့ ဆာ အဲလက်စ် ဖာဂူဆန် ရဲ့ နေရာ ကို ဆက်ခံ ဖို့ အတွက် စမ်းသပ်မှု ကျော်ဖြတ် ခဲ့ရ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း မှ ဂန္ဓဝင် နည်းပြ ဖြစ်သူ ဆာ အဲလက်စ် ဖာဂူဆန် အနားယူ သွားတဲ့ နောက် သူတို့ ဟာ အဲဗာတန် အသင်း ရဲ့ နည်းပြ ဖြစ်သူ ဒေးဗစ် မိုယက်စ် ကို 6 နှစ် စာချုပ် နဲ့ အသင်း ကို ဦးဆောင် နည်းပြ စေဖို့ အတွက် ခေါ်ယူ ခဲ့ကြ ပါတယ် ။

ဒါပေမယ့် မိုယက်စ် ဟာ ယူနိုက်တက် မှာ 27 နှစ်လောက် နည်းပြ ပြီး အောင်မြင် မှု များစွာ ရယူ ဆွတ်ခူး နိုင် ခဲ့တဲ့ ဆာ အဲလက်စ် ဖာဂူဆန် ရဲ့ ခြေရာ ကို မဆက်ခံ နိုင်ခဲ့ပဲ 10 လသာ နည်းပြ နိုင် ခဲ့တဲ့ နောက် ယူနိုက်တက် အသင်း မှ အထုတ်ပယ် ခံခဲ့ လိုက်ရ ပါတယ် ။

” ဆာ အဲလက်စ် ဖာဂူဆန် လို ပုဂ္ဂိုလ် မျိုးရဲ့ နေရာ ကို ဆက်ခံ နိုင်ဖို့ ဆိုတာ တစ်ကယ့် ကို ခက်ခဲ လှတဲ့ ပုစ္ဆာ တစ်ခု ဆိုတာ သေချာ လွန်းလှ ပါတယ် ။ သူဟာ ဘောလုံး သမိုင်း ရဲ့ အောင်မြင် မှု အရှိဆုံး နည်းပြ တစ်ယောက် လေ ။ အချက် အလက် တွေ အရ ပြောရမယ် ဆိုရင် ဒါဟာ လုံးဝ မဖြစ် နိုင်တဲ့ အရာ တစ်ခု ပါပဲ ”

” စိတ်ပျက်ဖွယ် ကောင်းတဲ့ ပွဲစဉ် အချို့ ကို ပိုင်ဆိုင် ခဲ့ရတဲ့ နောက် အသင်း ဖက်က သူနဲ့ လမ်းခွဲ ဖို့ ဆုံးဖြတ် ခဲ့လိုက် ပါတယ် ။ အဲ့တာ ပြီးတော့ ရာသီ အကုန် အထိ အသင်း ကို ဦးဆောင် ဖို့ ရိုင်ယန် ဂစ်ကို ရွေးချယ် ခဲ့လိုက် ကြ ပါတယ် ။ ထို့အတူ မိုယက်စ် ရဲ့ တစ်ခေတ်က အရမ်း အရမ်း ကိုပဲ အချိန် နည်းပါး သွားခဲ့ ရ ပါတယ် ”

” ချဲလ်ဆီး မှာ ဗီလာ ဘိုအာ့စ် ရှိနေ တုန်းက လိုပေါ့ ။ သူဟာ စွမ်းနိုင် သမျှ အကောင်းဆုံး ကြိုးစား ခဲ့ ပါတယ် ။ သူဟာ ဆုံးဖြတ်ချက် ခိုင်မာ တဲ့ နည်းပြ တစ်ဦး ပါပဲ ။ ဒါပေမယ့် ကျွန်တော် တို့တွေ မပြနိုင် ၊ ရလဒ် ကောင်းတွေ မရှာဖွေ နိုင် ခဲ့တဲ့ ဒဏ်ကို သူဟာ ခံခဲ့ ရ ပါတယ် ”

” နောက်ဆုံး သူဟာ ကျွန်တော် တို့ကို နှုတ်ဆက် ပွဲ လုပ်တဲ့ အခါ မှာတောင် လူကြီး လူကောင်း ဆန်စွာ ရှိနေ ခဲ့ပြီး အဆင့် အတန်း ရှိရှိ GoodBye လို့ နှုတ်ဆက် ခဲ့ ပါတယ် ။ ဒါ့အပြင် အားလုံး ကို လက်ဆွဲ နှုတ်ဆက် ၊ မျက်လုံး တွေကို အသေအချာ စိုက်ကြည့် ပြီး ‘ မင်းတို့ ကံကောင်း ကြ ပါစေ ‘ လို့တောင် ဆုတောင်း ပေးခဲ့ ပါတယ် ”

” ကျွန်တော် ဟာ နောက် တစ်ကြိမ် အဖြစ် အသင်း မှ နည်းပြ တစ်ဦး ထွက်ခွာ သွားတဲ့ အပေါ် ဝမ်းနည်း စိတ် ဖြစ်ပေါ် ခဲ့ရ ပါတယ် ။ ဒီလို ဆုံးဖြတ်ချက် မျိုး အသင်း ဖက်က ချမှတ် လိုက်တဲ့ အခါတိုင်း ကျွန်တော် ဟာ ကစားသမား တစ်ဦး အနေ နဲ့ တာဝန် ရှိတဲ့ သူ ဖြစ်တယ် လို့ ခံစား ခဲ့ရ ပါတယ် ” လို့ မာတာ က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် ဆီ ဒေးဗစ် မိုယက်စ် ရောက်ရှိ လာ ခဲ့တဲ့ နောက် ဟွမ် မာတာ ဟာ သူ့ရဲ့ ဒုတိယ မြောက် ကစားသမား ခေါ်ယူ မှု ဖြစ်ခဲ့ ရ ပါတယ် ။ စပိန် သား မာတာ ဟာ ချဲလ်ဆီး ကနေ ပေါင် 37.1 သန်း နဲ့ ယူနိုက်တက် အသင်း ဆီ ရောက်ရှိ လာခဲ့ သူပဲ ဖြစ် ပါတယ် ။

မာတာ ဟာ ယူနိုက်တက် မှာ နည်းပြ လေးဦး လက်အောက် ကစား ထားခဲ့ ပြီး အဆိုပါ ကာလ အတွင်း FA ဖလား ၊ လိဂ် ဖလား ၊ ကွန်မြူနီ ဒိုင်း နဲ့ ယူရို ပါလိဂ် ဖလား တို့ကို ရယူ ဆွတ်ခူး ထားနိုင် ခဲ့ ပါတယ် ။

#Sports_Myanmar