ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ် ရဲ့ ပထမ အကျော့ ရဲ့ ပွဲ ၂ ပွဲ ကတော့ ပြီးဆုံး သွားခဲ့ပြီ ဖြစ် ပါတယ် ။ အခုအချိန် အထိတော့ ဘယ် အသင်းက ဗိုလ်စွဲ မယ် ဆိုတာ ကို ခန့်မှန်းလို့ မရနိုင် သေး ပါဘူး ။ လူတိုင်း လူတိုင်း ကတော့ ခန့်မှန်း မှု အသီးသီး ပြုလုပ် နေကြဆဲ ဖြစ် ပါတယ် ။ ဒီ အထဲ မှာတော့ ပရိသတ်တွေ ရှာဖွေ ဖော်ထုတ် ခဲ့တဲ့ Fan Theory တစ်ခု ဟာ ယနေ့ မှာ ဆိုရှယ် မီဒီယာတွေ အထက် မှာ ရေပန်း စားလာခဲ့ ပါတယ်

ဒီ သီအိုရီ ဟာ ၂၀၀၄ ခုနှစ် က စတင်ပြီး ချန်ပီယံလိဂ် မှာ ဗိုလ်စွဲခဲ့ တဲ့ အသင်းတွေ အပေါ် ဆန်းစစ် မှု ပြုလုပ် ထားတာ ဖြစ်ပြီး အံ့သြ စရာ ကောင်းတဲ့ ကောက်ချက် တစ်ခု ပေါ်ထွက် လာခဲ့ ပါတယ် ။ ပြီးခဲ့တဲ့ ၁၅ နှစ် အတွင်း ဗိုလ်စွဲ ခဲ့တဲ့ ချန်ပီယံ ၁၅ သင်း တွေကို အပိုင်း ခွဲခြား ကြည့်ရာမှာ တော့ အောက်ပါ အမျိုး အစား ၄ မျိုး ပေါ်ထွက် လာခဲ့ ပါတယ် ။ အဲ့ဒါတွေ ကတော့ –

၁ ။ ရိုနယ်ဒို ပါတဲ့ အသင်း

မန်ချက်စတာ ယူနိုက်တက် ( ၂၀၀၇-၀၈ ) ၊ ရီးရဲ မက်ဒရစ် ( ၂၀၁၃-၁၄ ၊ ၂၀၁၅-၁၆ ၊ ၂၀၁၆-၁၇ ၊ ၂၀၁၇-၁၈ ) အသင်းတွေ ဟာ ခရစ္စတီယာနို ရိုနယ်ဒို ပါဝင် ကစားခဲ့ တဲ့ အသင်းတွေ ဖြစ် ပါတယ် ။

၂ ။ မက်ဆီ ပါတဲ့ အသင်း

၂၀၀၅-၀၆ ၊ ၂၀၀၈-၀၉ ၊ ၂၀၁၀-၁၁ နဲ့ ၂၀၁၄-၁၅ ဘောလုံး ရာသီ ချန်ပီယံ လိဂ် မှာ ဗိုလ်စွဲခဲ့ တဲ့ ဘာစီလိုနာ အသင်း ဟာ လီယွန်နယ် မက်ဆီ ပါဝင် ကစား ခဲ့တဲ့ အသင်း တွေ ဖြစ် ခဲ့ ပါတယ် ။

၃ ။ UEFA ပြိုင်ပွဲတွေမှာ အောင်မြင်မှု ရရှိ ခဲ့တဲ့ ချန်ပီယံဟောင်း နည်းပြတို့ ဦးဆောင်လာတဲ့ အသင်းများ

ဒီ အမျိုးအစားမှာ တော့ UEFA က ကြီးမှုးကျင်းပ တဲ့ ချန်ပီယံ လိဂ် နဲ့ ယူရိုပါလိဂ် ( ယခင် UEFA Cup ) တို့မှာ ဗိုလ်စွဲ ခဲ့ဖူးတဲ့ နည်းပြ တွေ ပဲ့ကိုင် တဲ့ အသင်းတွေ ရဲ့ ချန်ပီယံ လိဂ် အောင်မြင်မှုတွေ ဖြစ် ပါတယ် ။ ဒီစာရင်းမှာ ပါဝင် ခဲ့ကြတဲ့ အသင်းတွေကတော့ –

ပေါ်တို ( ၂၀၀၃-၀၄ ) – နည်းပြ မော်ရင်ဟို ( UEFA Cup ချန်ပီယံ နည်းပြ )
လီဗာပူး ( ၂၀၀၄-၀၅ ) – နည်းပြ ဘင်နီတက် ( UEFA Cup ချန်ပီယံနည်းပြ )
အေစီမီလန် ( ၂၀၀၆-၀၇ ) – နည်းပြ အန်ဆယ်လော့တီ ( ချန်ပီယံ လိဂ် ချန်ပီယံ နည်းပြ )
အင်တာမီလန် ( ၂၀၀၉-၁၀ ) – နည်းပြ မော်ရင်ဟို ( ချန်ပီယံလိဂ် ချန်ပီယံ နည်းပြ )
ဘိုင်ယန်မြုးနစ် ( ၂၀၁၂-၁၃ ) – နည်းပြ ဂျက်ဟေးနက် ( ချန်ပီယံလိဂ် ချန်ပီယံ နည်းပြ ) တို့ ဖြစ်ကြ ပါတယ် ။

၎ ။ မကြာခင်ကမှာ ယူရိုပါလိဂ် ကို ရယူခဲ့ဖူးတဲ့ ပေါ်တူဂီ နည်းပြ နဲ့ ရာသီ ကို စတင်ခဲ့ပြီး ရလဒ် မကောင်းခဲ့တာ ကြောင့် နည်းပြ အတွေ့ အကြုံ နဲ့ အောင်မြင်မှု နည်းပါးသေးတဲ့ ကစားသမားဟောင်းနဲ့ အစားထိုး ခဲ့တဲ့ အင်္ဂလိပ် ကလပ်

ဒီ အမျိုး အစား ကတော့ ၂၀၁၂ ခုနှစ် တုန်းက အန်ဒရီ ဗီလပ်စ် ဘိုအာ့စ် ကို ထုတ်ပယ် ပြီး ယာယီ နည်းပြ ဒီမက်တီယို နဲ့ ခရီးဆက် ကာ ချန်ပီယံ လိဂ် ရယူခဲ့တဲ့ ချဲလ်ဆီး အသင်း ကို ရည်ညွှန်းထား တာ ဖြစ် ပါတယ် ။ ဘိုအာ့စ် ဟာ ပေါ်တို အသင်း နဲ့ ယူရိုပါလိဂ် ကို ရယူ အပြီးမှာ ချဲလ်ဆီး နည်းပြ ဖြစ်လာခဲ့ ပါတယ် ။ ဒါပေမယ့် ရလဒ်တွေ ဆိုးရွားခဲ့တာ ကြောင့် ရာသီ ၀က်မှာတင် ထုတ်ပယ်ခံခဲ့ရပြီး ချဲလ်ဆီး ကစား သမားဟောင်း ဒီမက်တီယို ကို ယာယီကိုင်တွယ် စေခဲ့ ပါတယ် ။

ဒီမက်တီယို ဟာ နည်းပြ ဘ၀ မှာ အတွေ့ အကြုံ နဲ့ အောင်မြင်မှု နည်းပါးသေးပေမယ့် ချဲလ်ဆီး ကို ချန်ပီယံလိဂ် မှာ ဗိုလ်စွဲ အောင် လမ်းညွှန် ပြသ ပေးနိုင် ခဲ့ ပါတယ် ။

လက်ရှိ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ရောက် အသင်းတွေ ထဲမှာ အထက်ပါ Fan Theory တွေ နဲ့ ကိုက်ညီ တဲ့ အသင်း ၄ သင်း ရှိနေခဲ့ ပါတယ် ။ ဒီ အသင်းတွေ က တော့ ဂျုဗင်တပ် ၊ ဘာစီလိုနာ ၊ မန်စီးတီး နဲ့ မန်ချက် စတာ ယူနိုက်တက် အသင်းတို့ ပဲ ဖြစ် ပါတယ် ။

ဂျုဗင်တပ် ဟာ ခရစ္စတီယာနို ရိုနယ်ဒို ပါဝင် တဲ့ အသင်း ဖြစ်ပြီး ဘာစီလိုနာ ကတော့ လီယွန်နယ် မက်ဆီ ပါဝင် တဲ့ အသင်း ဖြစ် ပါတယ် ။ ရိုနယ်ဒို နဲ့ မက်ဆီ တို့ ပါဝင်တဲ့ အသင်းတွေ ဟာ နောက်ဆုံး ၁၅ ကြိမ် မှာ ၉ ကြိမ် အထိ ဆုဖလား ရယူထားနိုင် ခဲ့ ပါတယ် ။

မန်ချက်စတာ စီးတီး ကတော့ တတိယ အမျိုးအစား မှာ ပါဝင် နေခဲ့တာ ဖြစ်ပြိး စီးတီး နည်းပြ ဂွာဒီယိုလာ ဟာ UEFA ရဲ့ ပြိုင်ပွဲ ဖြစ်တဲ့ ချန်ပီယံ လိဂ် မှာ ဗိုလ်စွဲ ထားခဲ့သူ တစ်ဦး ဖြစ် ပါတယ် ။ စတုတ္ထ အမျိုး အစား မှာ ပါဝင် နေတဲ့ အသင်း လည်း ရှိနေခဲ့ ပါတယ် ။ ဒီ အသင်း ကတော့ မန်ချက်စတာ ယူနိုက်တက် ပါပဲ ။

တိုက်ဆိုင်မှုတွေ လို့ ဆိုနိုင်ပေမယ့် မန်ချက်စတာ ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ ၁၅ နှစ် အတွင်း ချန်ပီယံဖြစ်ခဲ့တဲ့ အသင်း အမျိုးအစားတွေထဲက နံပါတ် ၄ နဲ့ ကိုက်ညီ နေခဲ့ ပါတယ် ။ ချဲလ်ဆီး လိုမျိုး ယူနိုက်တက် နည်းပြ မော်ရင်ဟို ဟာ ယူရိုပါလိဂ် ကို မကြာခင် ကမှာ ယူနိုက်တက် နဲ့ ရယူနိုင် ခဲ့ပြီး ယခု ရာသီ ၀က် မှာ ရလဒ်ဆိုးတွေ ကြောင့် ထုတ်ပယ် ခံခဲ့ရ ပါတယ် ။

မော်ရင်ဟို ရဲ့ နေရာမှာ ချဲလ်ဆီး လိုပဲ ကစား သမား ဟောင်းလည်း ဖြစ် ၊ နည်းပြ အတွေ့ အကြုံ နဲ့ အောင်မြင်မှု နည်းပါးသေးတဲ့ အိုလီ ဂန်နာ ဆိုးရှား ကို ခန့်အပ် ခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ ချဲလ်ဆီး လိုပဲ ရှုံးထွက် အဆင့် ကို အံ့အားသင့်ဖွယ် ကျော်ဖြတ် လာခဲ့ ပြီးလည်း ဖြစ် ပါတယ် ။

ဒါကြောင့် ပြီးခဲ့တဲ့ ချန်ပီယံဟောင်းတွေ ရဲ့ အမျိုးအစားလေးမျိုး မှာ ပါဝင် နေတဲ့ အသင်း လေးသင်း ရှိနေပြီး စပါး ၊ လီဗာပူး ၊ ပေါ်တို နဲ့ အိုင်ယက်စ် တို့ကတော့ ဒီ လေးမျိုး ကနေ ကွဲပြားနေတဲ့ အသင်းတွေ ဖြစ်ခဲ့ ပါတယ် ။ ဒီနှစ် ချန်ပီယံလိဂ် ဖလားကြီး ကို ဘယ်အသင်းတွေက ရယူသွားမလဲ . . . Fan Theory တွေကပဲ မှန်ကန် နေမလား . . ဒါမှမဟုတ် အခြား အသင်း လေးသင်းထဲ ကပဲ ရယူသွားမလား ဆိုတာ ကို စောင့်ကြည့်ရမှာ ဖြစ် ပါတယ် ။

SPORTS MYANMAR