kloop
SM
Unicode
လီ​ဗာပူး နည်​းပြအဖြစ်​ သူ့ရဲ့ ​နေရာမှာ အစားထိုး ​စေလိုတဲ့ သူကို ​ပြောပြလိုက်​တဲ့ ယာဂန်​က​လော့
ယာဂန်​က​လော့ က လီ​ဗာပူး ရဲ့ အနာဂတ်​ နည်​းပြရာထူး အတွက်​ ကင်​နီဒဲလ်​ဂလစ်​ချ်​ ဟာ သင်​့​တော်​တဲ့ သူတစ်​ဦး ဖြစ်​​ပေမယ်​့လည်​း သူ့အ​နေနဲ့ က​တော့ အခြားလူ တစ်​ဦးဟာ ဒီရာထူးနဲ့ ပိုသင်​့​တော်​တယ်​လို့ ဆိုသွားပါတယ်​။ ယာဂန်​က​လော့ က သူ အန်​ဖီးက​နေ ထွက်​ခွာ သွားတဲ့ အခါ သူ့ရဲ့ လီ​ဗာပူး မန်​​နေဂျာ ရာထူးကို အစားထိုးရန်​ စတီ​ဗင်​ဂျာရတ်​ ကို အလို ရှိ​နေတာ ဖြစ်​ပါတယ်​။
လီ​ဗာပူး ဂန္ထဝင်​ဟာ လက်​ရှိ အချိန်​မှာ စ​ကော့တလန်​ ကလပ်​ ရိန်​ဂျားအသင်​းကို တာဝန်​ယူ ကိုင်​တွယ်​ ​နေပြီး ဂလက်​စကို အ​ခြေစိုက်​ ကလပ်​ဟာ လက်​ရှိ အချိန်​မှာ ပြည်​တွင်​းလိဂ်​ အမှတ်​​ပေးဇယား းရဲ့ ဒုတိယ​နေရာမှာ ရပ်​တည်​ ​နေပြီး ထိပ်​ဆုံး က ဆဲတစ်​က ၃ မှတ်​အကွာမှာ ရှိ​နေပါတယ်​ ။ စတီ​ဗင်​ဂျာရတ်​ ဟာ ကစားသမားဘဝ က​နေ အနားယူ ခဲ့ပြီး​နောက်​ လီ​ဗာပူး ယူ၁၈ အသင်​းကို တာဝန်​ယူ ကိုင်​တွယ်​ကာ ယာဂန်​က​လော့ ရဲ့ လက်​​အောက်​မှာ ခတ္တအလုပ်​လုပ်​ ခဲ့ဖူးပြီး အဲဒီ​နောက်​ ရိန်​းဂျားကို ​ပြောင်​းသွား ခဲ့တာပါ။
ယာဂန်​က​လော့ က​တော့ သူ လီ​ဗာပူး နဲ့ စာချုပ်​ကုန်​ကာ အသင်​းက​နေ ထွက်​ခွာ သွားခဲ့တဲ့ အချိန်​ သို့မဟုတ်​ ရလဒ်​​တွေ ဆက်​တိုက်​ ဆိုးရွား​နေတာ​ကြောင်​့ ရာထူးက​နေ ထုတ်​ပယ်​ခြင်​း ခံရတဲ့ အချိန်​မှာ ဂျာရတ်​ဟာ လီ​ဗာပူး ရဲ့ မန်​​နေဂျာ အဖြစ်​ ဒီတာဝန်​ကို အ​ကောင်​းဆုံး ထမ်​း​​ဆောင်​ နိုင်​လိမ်​့မယ်​လို့ ယုံကြည်​ ​နေပါတယ်​ ။
ယာဂန်​က​လော့ က “ကင်​နီဒဲလ်​ဂလစ်​ချ်​ နဲ့ စတီ​ဗင်​ တို့ဟာ လီ​ဗာပူး ပရိတ်​သတ်​​တွေရဲ့ ကြီးမားတဲ့ အား​ပေး ​ထောက်​ခံမှုကို အ​စောကြီး ကတည်​းက ရထား ပြီးသားပါ။ ဒုတိယ က​တော့ ကျွန်​​တော်​့ရဲ့ မန်​​နေဂျာ ရာထူးဟာ ကျွန်​​တော်​့ ​ဘေးပတ်​ဝန်​းကျင်​က လူ​တွေနဲ့ မဆိုင်​ပါဘူး။ အကယ်​၍ လီ​ဗာပူး အသင်​းဟာ မနက်​ဖြန်​မှာ ကျွန်​​တော်​့ကို နည်​းပြ ရာထူးက​နေ ထုတ်​ပယ်​ ခဲ့မယ်​ ဆိုရင်​ သူတို့ဟာ ကျွန်​​တော်​့ရဲ့ ​နေရာမှာ အစားထိုးဖို့ အတွက်​ ကင်​နီဒဲလ်​ဂလစ်​ချ်​ ကို ပထမဦးစား​ပေး အဖြစ်​ ​ရွေးချယ်​ နိုင်​ပါတယ်​ ။ အဲဒ​ီ​နောက်​ သူတို့ဟာ ဂလက်​စကို က​နေ စတီ​ဗင်​ဂျာရတ်​ ကိုလည်​း ​ခေါ်ယူ နိုင်​ပါတယ်​။
ကျွန်​​တော်​့ရဲ့ ​နေရာမှာ ဘယ်​သူ့ကို အစားထိုး သင်​့သလဲလို့ ခင်​​ဗျားတို့ ကျွန်​​တော်​့ကို ​မေးမြန်​း ခဲ့မယ်​ ဆိုရင်​ ကျွန်​​တော်​ က​တော့ စတီ​ဗင်​ကို ​ထောက်​ခံ ပါတယ်​။ ကျွန်​​တော်​ က​တော့ သူ့ကို တက်​နိုင်​တဲ့ နည်​းလမ်​း နဲ့ ကူညီ ​ပေးသွား မှာပါ။ အကယ်​၍ တစ်​စုံတစ်​ဦးက ကိုယ်​့ရဲ့ အလုပ်​ကို ရယူ သွားခဲ့ပြီ ဆိုရင်​ ဒါဟာ သူတို့ အ​ပေါ်မှာပဲ မူတည်​ ​နေတာ မဟုတ်​ပါဘူး။ ဒါဟာ ကိုယ်​့အ​နေနဲ့ လုံ​လောက်​တဲ့ ​ကောင်​းမွန်​မှု မရှိလို့လည်​း ပါပါတယ်​။
ကျွန်​​တော်​ဟာ ဒီအလုပ်​နဲ့ ပက်​သက်​ပြီး အရာအားလုံး ​ပေးဆပ်​တယ်​ ဆိုတာ ​ကောင်​း​ကောင်​း သိ​လောက်​​အောင်​ကို အသက်​ကြီး ​နေပါပြီ။ ကျွန်​​တော်​ဟာ ပါရမီရှင်​ မဟုတ်​ပါဘူး။ ကျွန်​​တော်​ဟာ ပြီးပြည်​့စုံတဲ့ သူ မဟုတ်​ပါဘူး။ ဒါ​ပေမယ်​့ ကျွန်​​တော်​ဟာ ဒီကလပ်​ အသင်​း အ​ပေါ် ရာနှုန်​းပြည်​့ ​ပေးဆပ်​ ထားပါတယ်​။ အကယ်​၍ ဒါဟာ လုံ​လောက်​တယ်​ ဆိုတာ ​ကောင်​းပါတယ်​။ အကယ်​၍ ဒါဟာ မလုံ​လောက်​ဘူး ဆိုရင်​ ပြသနာ ရှိ​နေတဲ့ အ​ခြေအ​နေပါ။” လို့ ဆိုသွားပါတယ်​။
မကြာ​သေးမီကလည်​း ယာဂန်​က​လော့ က သူနဲ့ လီ​ဗာပူး အသင်​းတို့ရဲ့ စာချုပ်​ သက်​တမ်​း ကုန်​ဆုံး သွားခဲ့မယ်​ ဆိုရင်​ ​ဘောလုံး ​လောက က​နေ အနားယူ သွားနိုင်​တယ်​လို့ အရိပ်​အမြွက်​ ​ပြောသွား ပါတယ်​။ ဂျာမန်​ နည်​းပြဟာ လီ​ဗာပူး အသင်​းနဲ့ လာမည်​့ ၂၀၂၂ ခုနှစ်​အထိ စာချုပ်​ သက်​တမ်​း ရှိ​နေပြီး လက်​ရှိ အ​နေအထား အရ လီ​​ဗာပူးနဲ့ လီ​ဗာပူး နဲ့ စာချုပ်​ သက်​တမ်​းတိုးသွားဖို့ မရှိ​သေးပါဘူး။
SM