လီဗာပူး ကေတာ့ Nike နဲ႔ စပြန္ဆာ စာခ်ဳပ္ ခ်ဳပ္ဆိုခါနီးမွ ၊ လက္ရွိ စပြန္ဆာ New Balance နဲ႔ စာခ်ဳပ္ပါ အခ်က္အလက္ေတြ အျငင္းပြားေနလို႔ တရားရင္ဆိုင္ေနရပါတယ္။

New Balance ဟာ လီဗာပူး ကို တစ္ရာသီ စပြန္ဆာေၾကး ေပါင္ 45 သန္း နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားခဲ့တာ ျဖစ္ျပီး ၊ အဲဒီ စာခ်ဳပ္က ဒီရာသီ အကုန္မွာ သက္တမ္း ကုန္ဆံုးမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူ႔ထက္ ပိုျပီး နာမည္ၾကီးတဲ့ Brand ေတြ ျဖစ္တဲ့ Nike နဲ႔ Adidas တို႔ဟာ လီဗာပူး နဲ႔ လက္တြဲခြင့္ရဖို႔ စတင္ခ်ဥ္းကပ္လာခဲ့တာ ျဖစ္ပါတယ္။

အထူးသျဖင့္ ႏွစ္ရာသီ ဆက္တိုက္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္သလို ၊ ျပီးခဲ့တဲ့ ေဘာလံုးရာသီကလဲ 6 ၾကိမ္ ေျမာက္ ခ်န္ပီယံလိဂ္ ဖလားၾကီးကုိ ဆြတ္ခူးခဲ့ျပီး ၊ ပရီးမီးယားလိဂ္မွာလဲ စံခ်ိန္တင္ ရမွတ္နဲ႔ အတူ ဒုတိယ ေနရာအထိ ရပ္တည္ျပႏိုင္ခဲ့တာေၾကာင့္ အခုလို စပြန္ဆာ ေပးခြင့္ရဖို႔ အျပိဳင္ခ်ဥ္းကပ္လာခဲ့ၾကတာပါ။

လီဗာပူး ကေတာ့ သူတို႔ရဲ႕ တိုးတက္လာတဲ့ ပံုရိပ္ နဲ႔ အတူ စပြန္ဆာေၾကးကို တိုးျမွင့္ ရယူလိုတဲ့ အေၾကာင္း New Balance ထံ အသိေပးခဲ့ေပမယ့္ ၊ အဆိုပါ လုပ္ငန္းစု က တိုးျမွင့္ေပးတဲ့ ပမာဏဟာ Nike ရဲ႕ ကမ္းလွမ္းမႈကို မမွီတာေၾကာင့္ ေနာက္ဆံုးမွာ Nike နဲ႔ပဲ လက္တြဲဖို႔ ဦးတည္လာခဲ့သလုိ ၊ စာခ်ဳပ္ပါ အခ်က္အလက္ေတြကို ေဆြးေႏြးတာလဲ ေနာက္ဆံုး အဆင့္အထိကို ေရာက္ရွိလာခဲ့ပါတယ္။

အဂၤလန္ သတင္းေထာက္ေတြ ရဲ႕ အဆိုအရေတာ့ လီဗားပူးရဲ႕ ဒီတစ္ၾကိမ္ စပြန္ဆာေၾကးဟာ ယူႏိုက္တက္ ရရွိေနတဲ့ ေပါင္ 75 သန္း ၀န္းက်င္နားအထိ ေရာက္ရွိဖြယ္ ရွိေနတယ္လို႔ မွတ္ခ်က္ေပးထားပါတယ္။ ယူနို္တက္ဟာ လက္ရွိမွာ Adidas နဲ႔ လက္တြဲ ထားတာ ျဖစ္ျပီး တစ္ႏွစ္ စပြန္ဆာေၾကး အျဖစ္ ေပါင္ 75 သန္း ရရွိကာ ၊ 2024 ခုႏွစ္ အထိ စာခ်ဳပ္ ခ်ဳပ္ဆိုထားတာ ျဖစ္ပါတယ္။

သူ႔ထက္ တန္ဖိုးျမင့္တဲ့ စပြန္ဆာေၾကး ရရွိတဲ့ ကလပ္ေတြကေတာ့ စပိန္က ထိပ္သီး ကလပ္ ႏွစ္ခု ျဖစ္ျပီး ဘာစီလိုနာ ဟာ Nike နဲ႔ တစ္ႏွစ္ စပြန္ဆာေၾကး ေပါင္ 100 သန္း နဲ႔ ခ်ဳပ္ဆိုထားသလုိ ၊ ရီးရဲ မက္ဒရစ္ကလဲ Adidas နဲ႔ တစ္ႏွစ္စာ ေပါင္ 98 သန္း အထိ ရရွိေနတာ ျဖစ္ပါတယ္။

လီဗာပူး နဲ႔ Nike တို႔ရဲ႕ ေဆြးေႏြးမႈဟာ အျပီးသတ္လု နီးပါး ေရာက္ရွိလာခ်ိန္မွာေတာ့ လက္ရွိ စပြန္ဆာ New Balance ကလဲ Nike က ေပးတဲ့ ပမာဏမ်ိဳးအထိ ေပးမယ္ ေျပာကာ ျပန္လည္ ၀င္ေရာက္လာခဲ့ျပီး ၊ လက္ရွိ စာခ်ဳပ္ပါ အခ်က္အလက္ေတြ အရ ျပိဳင္ဘက္က ေပးတဲ့ ပမာဏမ်ိဳးအထိ တိုးျမွင့္ေပးပါက 2020 ေမလ မွာ ကုန္ဆံုးမယ့္ စာခ်ဳပ္ သက္တမ္းကို သက္တမ္းတိုးခြင့္ ရွိေနတယ္ ဆိုတဲ့ အခ်က္ကို ဆြဲကိုင္လာခဲ့တာ ျဖစ္ပါတယ္။

အဲဒီ အခ်ိန္မွာ လီဗာပူး ဘက္ကလဲ ျပန္လည္ ျငင္းဆိုတာေၾကာင့္ ၊ အျပန္အလွန္ အျငင္းအခုန္ေတြ ျဖစ္ပြားကာ ေနာက္ဆံုးမွာ လန္ဒန္ က တရားရံုးအထိ ေရာက္ရွိလာခဲ့ပါတယ္။

လီဗာပူး အသင္းရဲ႕ ေျပာေရးဆိုခြင့္ ရွိသူ တစ္ဦးကေတာ့ အခု အျငင္းပြားမႈ နဲ႔ ပတ္သက္ျပီး –

“ က်ေနာ္ တို႔ရဲ႕စပြန္ဆာ New Balance က လီဗာပူး ကို တရားစြဲထားတာ အတည္ျပဳႏိုင္ပါတယ္။ သူတို႔က စက္တင္ဘာလ 10 ရကေန႔ ကတည္းက တရားစြဲထားတာပါ။ တရားရင္ဆိုင္ေနရစဥ္ အတြင္း ဒီကိစၥနဲ႔ပတ္သက္ျပီး ဘာမွတ္ခ်က္မွ မေပးလုိပါဘူး” လို႔ ေျပာဆုိသြားခဲ့ပါတယ္။

New Balance ဘက္ကလဲ “ က်ေနာ္ တို႔ အေနနဲ႔ လက္ရွိ လက္တြဲထားတဲ့ အတိုင္း လီဗာပူး နဲ႔ အက်ိဳးတူ ပူးေပါင္း ေဆာင္ရြက္မႈေတြကုိ ေရရွည္ ခိုင္ျမဲသြားခ်င္ပါတယ္။ လီဗာပူး နဲ႔ စာခ်ဳပ္သက္တမ္း တိုးခြင့္ သေဘာတူညီခ်က္လဲ စာခ်ဳပ္မွာ ထည့္သြင္းခ်ဳပ္ဆုိခဲ့တယ္ေလ။ အခု ဆိုရင္ က်ေနာ္တု႔ိဟာ Nike က ေပးထားတဲ့ ေငြေၾကး ပမာဏမ်ိဳးနဲ႔ေတာင္ ကမ္းလွမ္းလိုက္တာပါ။

ဒီလို အေနအထားမ်ိဳးမွာ လီဗာပူး ဘက္က တုန္႔ျပန္မႈေတြက က်ေနာ္တို႔ အတြက္ ရႈပ္ေထြးေစတဲ့ အေျခအေနေတြ ျဖစ္ေပၚေစလို႔ ၊ တရားရံုးမွာ ရွင္းရွင္းလင္းလင္း ျဖစ္ေအာင္ ေလွ်ာက္ထား ထားပါတယ္။

ကလပ္ ဖက္ကေရာ ၊ က်ေနာ္ တို႔ ဘက္ကပါ ဒီကိစၥကို အျမန္ဆံုး အဆံုးသတ္ခ်င္တာပါ။ တစ္ခ်ိန္တည္းမွာ New Balance ဟာ လီဗာပူး ရဲ႕စပြန္ဆာ အျဖစ္ 2020 ေနာက္ပိုင္း အထိ ဆက္ရွိသြားမယ္ ဆိုတာ ယံုၾကည္ခ်က္ ရွိေနပါတယ္” လို႔ ထုတ္ေဖာ္ ေျပာဆုိသြားခဲ့ ပါတယ္။

အားကစား ေလာက ဆိုင္ရာ ေရွ႕ေန ဒန္နီရယ္ ဂီး ကေတာ့ ဒီအျငင္းပြားမႈဟာ အထူးအဆန္း တစ္ခုမဟုတ္သလို ၊ ေျဖရွင္းရတာလဲ ခက္ခဲတဲ့ ကိစၥ မဟုတ္တဲ့ အေၾကာင္း အခုလုိ မွတ္ခ်က္ ေပးထားပါတယ္။

“ ဒါေတြက အားကစားေလာမွာ ျဖစ္ေနက် ကိစၥေတြပါ။ ဂ်ာစီ စပြန္ဆာ ပဲ ျဖစ္ျဖစ္ ၊ ကစားသမားေတြ ရဲ႕ဖိနပ္ စပြန္ဆာ ပဲ ျဖစ္ျဖစ္ အျငင္းပြားတဲ့ ပံုစံက အတူူတူပါပဲ။ တစ္နည္းအားျဖင့္ ေနာက္မွ ၀င္လာတဲ့ စပြန္ဆာ သမား နဲ႔ လက္ရွိ စပြန္ဆာ တို႔အၾကား ေထာက္ပံ့ေပးတဲ့ ပမာဏ က တူညီလာခဲ့ရင္ ဒါမ်ိဳးေတြ ျဖစ္ေတာ့တာပါပဲ။

ဒါေပမယ့္ အတြင္းက်က် အထိ ေလ့လာၾကည့္မယ္ ဆိုရင္ေတာ့ ေငြေၾကး ပမာဏ တန္းတူ ေပးႏိုင္တာ နဲ႔တင္ ျပီးမသြားဘူးဗ်။ ျပိးေတာ့ စပြန္ဆာေၾကး အတူတူ ေပးလို႔ တစ္ဖက္မွာ ရရွိတဲ့ ခံစားခြင့္ကလဲ အတူတူလို႔ သတ္မွတ္လို႔ မရဘူးဗ်။

ဥပမာ ျမင္သာေအာင္ ေပးရရင္ Nike ရဲ႕ ပံုရိပ္က New Balance ထက္ ပိုၾကီးေတာ့ ၊ တစ္ကမၻာလံုး အတိုင္းအတာ နဲ႔ ေစ်းကြက္ ျဖန႔္က်က္တဲ့ အခါမွာ ကြာျခားခ်က္ေတြ ရွိသလို ၊ ဂ်ာစီ ေရာင္းအား ပိုင္းမွာလဲ အမ်ားၾကီးကို သိသာပါတယ္။ Nike က ကမၻာ့ ေနရာ အႏွံ႕မွာ ဆိုင္ခြဲေတြ ရွိေနေတာ့ ၀ယ္ရတဲ့သူေတြ ၊ အသင္းဖန္ေတြကလဲ လြယ္ကူတယ္ေလ။

တစ္ဆက္တည္းမွာပဲ ကလပ္ အသင္းက သူ႔ရဲ႕ Brand ကို ကုိယ္ပိုင္ စတိုး နဲ႔ လုပ္ျပီး သြားဦးမွာလား ၊ စပြန္ဆာ ေတြဆီကေန ပစၥည္းသစ္ေတြ ထပ္မံ ျဖန္႔က်က္ဦးမွာလား ဆိုတဲ့ အပိုင္းေတြကပါ အရမ္းကို အေရးပါတာပါ” လို႔ မွတ္ခ်က္ ေပးသြားခဲ့ပါတယ္။

သတင္းေတြ အရေတာ့ Nike က လာမယ့္ရာသီ လီဗာပူး ၀တ္ဆင္မယ့္ ဂ်ာစီ ဒီဇိုင္းေတြ အားလံုးကို ေရးဆြဲ ထားျပီးျပီလို႔ေတာင္ သိရျပီး ၊ တရားရံုး ကိစၥ ေပၚလာလို႔ ျပန္လည္ ဆိုင္းငံ့ထားရတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

SPORT MYANMAR

Unicode

ကလပ် စံချိန်တင် ပမာဏနဲ့ စပွန်ဆာသစ် စာချုပ် ချုပ်ဆိုခါနီးမှ အနှောက်အယှက်တွေ ရင်ဆိုင်နေရတဲ့ #လီဗာပူး
*****************************************

လီဗာပူး ကတော့ Nike နဲ့ စပွန်ဆာ စာချုပ် ချုပ်ဆိုခါနီးမှ ၊ လက်ရှိ စပွန်ဆာ New Balance နဲ့ စာချုပ်ပါ အချက်အလက်တွေ အငြင်းပွားနေလို့ တရားရင်ဆိုင်နေရပါတယ်။

New Balance ဟာ လီဗာပူး ကို တစ်ရာသီ စပွန်ဆာကြေး ပေါင် 45 သန်း နဲ့ စာချုပ်ချုပ်ဆိုထားခဲ့တာ ဖြစ်ပြီး ၊ အဲဒီ စာချုပ်က ဒီရာသီ အကုန်မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ထက် ပိုပြီး နာမည်ကြီးတဲ့ Brand တွေ ဖြစ်တဲ့ Nike နဲ့ Adidas တို့ဟာ လီဗာပူး နဲ့ လက်တွဲခွင့်ရဖို့ စတင်ချဉ်းကပ်လာခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့် နှစ်ရာသီ ဆက်တိုက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်သလို ၊ ပြီးခဲ့တဲ့ ဘောလုံးရာသီကလဲ 6 ကြိမ် မြောက် ချန်ပီယံလိဂ် ဖလားကြီးကို ဆွတ်ခူးခဲ့ပြီး ၊ ပရီးမီးယားလိဂ်မှာလဲ စံချိန်တင် ရမှတ်နဲ့ အတူ ဒုတိယ နေရာအထိ ရပ်တည်ပြနိုင်ခဲ့တာကြောင့် အခုလို စပွန်ဆာ ပေးခွင့်ရဖို့ အပြိုင်ချဉ်းကပ်လာခဲ့ကြတာပါ။

လီဗာပူး ကတော့ သူတို့ရဲ့ တိုးတက်လာတဲ့ ပုံရိပ် နဲ့ အတူ စပွန်ဆာကြေးကို တိုးမြှင့် ရယူလိုတဲ့ အကြောင်း New Balance ထံ အသိပေးခဲ့ပေမယ့် ၊ အဆိုပါ လုပ်ငန်းစု က တိုးမြှင့်ပေးတဲ့ ပမာဏဟာ Nike ရဲ့ ကမ်းလှမ်းမှုကို မမှီတာကြောင့် နောက်ဆုံးမှာ Nike နဲ့ပဲ လက်တွဲဖို့ ဦးတည်လာခဲ့သလို ၊ စာချုပ်ပါ အချက်အလက်တွေကို ဆွေးနွေးတာလဲ နောက်ဆုံး အဆင့်အထိကို ရောက်ရှိလာခဲ့ပါတယ်။

အင်္ဂလန် သတင်းထောက်တွေ ရဲ့ အဆိုအရတော့ လီဗားပူးရဲ့ ဒီတစ်ကြိမ် စပွန်ဆာကြေးဟာ ယူနိုက်တက် ရရှိနေတဲ့ ပေါင် 75 သန်း ၀န်းကျင်နားအထိ ရောက်ရှိဖွယ် ရှိနေတယ်လို့ မှတ်ချက်ပေးထားပါတယ်။ ယူနို်တက်ဟာ လက်ရှိမှာ Adidas နဲ့ လက်တွဲ ထားတာ ဖြစ်ပြီး တစ်နှစ် စပွန်ဆာကြေး အဖြစ် ပေါင် 75 သန်း ရရှိကာ ၊ 2024 ခုနှစ် အထိ စာချုပ် ချုပ်ဆိုထားတာ ဖြစ်ပါတယ်။

သူ့ထက် တန်ဖိုးမြင့်တဲ့ စပွန်ဆာကြေး ရရှိတဲ့ ကလပ်တွေကတော့ စပိန်က ထိပ်သီး ကလပ် နှစ်ခု ဖြစ်ပြီး ဘာစီလိုနာ ဟာ Nike နဲ့ တစ်နှစ် စပွန်ဆာကြေး ပေါင် 100 သန်း နဲ့ ချုပ်ဆိုထားသလို ၊ ရီးရဲ မက်ဒရစ်ကလဲ Adidas နဲ့ တစ်နှစ်စာ ပေါင် 98 သန်း အထိ ရရှိနေတာ ဖြစ်ပါတယ်။

လီဗာပူး နဲ့ Nike တို့ရဲ့ ဆွေးနွေးမှုဟာ အပြီးသတ်လု နီးပါး ရောက်ရှိလာချိန်မှာတော့ လက်ရှိ စပွန်ဆာ New Balance ကလဲ Nike က ပေးတဲ့ ပမာဏမျိုးအထိ ပေးမယ် ပြောကာ ပြန်လည် ၀င်ရောက်လာခဲ့ပြီး ၊ လက်ရှိ စာချုပ်ပါ အချက်အလက်တွေ အရ ပြိုင်ဘက်က ပေးတဲ့ ပမာဏမျိုးအထိ တိုးမြှင့်ပေးပါက 2020 မေလ မှာ ကုန်ဆုံးမယ့် စာချုပ် သက်တမ်းကို သက်တမ်းတိုးခွင့် ရှိနေတယ် ဆိုတဲ့ အချက်ကို ဆွဲကိုင်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အချိန်မှာ လီဗာပူး ဘက်ကလဲ ပြန်လည် ငြင်းဆိုတာကြောင့် ၊ အပြန်အလှန် အငြင်းအခုန်တွေ ဖြစ်ပွားကာ နောက်ဆုံးမှာ လန်ဒန် က တရားရုံးအထိ ရောက်ရှိလာခဲ့ပါတယ်။

လီဗာပူး အသင်းရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးကတော့ အခု အငြင်းပွားမှု နဲ့ ပတ်သက်ပြီး –

“ ကျနော် တို့ရဲ့စပွန်ဆာ New Balance က လီဗာပူး ကို တရားစွဲထားတာ အတည်ပြုနိုင်ပါတယ်။ သူတို့က စက်တင်ဘာလ 10 ရကနေ့ ကတည်းက တရားစွဲထားတာပါ။ တရားရင်ဆိုင်နေရစဉ် အတွင်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးလိုပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။

New Balance ဘက်ကလဲ “ ကျနော် တို့ အနေနဲ့ လက်ရှိ လက်တွဲထားတဲ့ အတိုင်း လီဗာပူး နဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုတွေကို ရေရှည် ခိုင်မြဲသွားချင်ပါတယ်။ လီဗာပူး နဲ့ စာချုပ်သက်တမ်း တိုးခွင့် သဘောတူညီချက်လဲ စာချုပ်မှာ ထည့်သွင်းချုပ်ဆိုခဲ့တယ်လေ။ အခု ဆိုရင် ကျနော်တို့ဟာ Nike က ပေးထားတဲ့ ငွေကြေး ပမာဏမျိုးနဲ့တောင် ကမ်းလှမ်းလိုက်တာပါ။

ဒီလို အနေအထားမျိုးမှာ လီဗာပူး ဘက်က တုန့်ပြန်မှုတွေက ကျနော်တို့ အတွက် ရှုပ်ထွေးစေတဲ့ အခြေအနေတွေ ဖြစ်ပေါ်စေလို့ ၊ တရားရုံးမှာ ရှင်းရှင်းလင်းလင်း ဖြစ်အောင် လျှောက်ထား ထားပါတယ်။

ကလပ် ဖက်ကရော ၊ ကျနော် တို့ ဘက်ကပါ ဒီကိစ္စကို အမြန်ဆုံး အဆုံးသတ်ချင်တာပါ။ တစ်ချိန်တည်းမှာ New Balance ဟာ လီဗာပူး ရဲ့စပွန်ဆာ အဖြစ် 2020 နောက်ပိုင်း အထိ ဆက်ရှိသွားမယ် ဆိုတာ ယုံကြည်ချက် ရှိနေပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

အားကစား လောက ဆိုင်ရာ ရှေ့နေ ဒန်နီရယ် ဂီး ကတော့ ဒီအငြင်းပွားမှုဟာ အထူးအဆန်း တစ်ခုမဟုတ်သလို ၊ ဖြေရှင်းရတာလဲ ခက်ခဲတဲ့ ကိစ္စ မဟုတ်တဲ့ အကြောင်း အခုလို မှတ်ချက် ပေးထားပါတယ်။

“ ဒါတွေက အားကစားလောမှာ ဖြစ်နေကျ ကိစ္စတွေပါ။ ဂျာစီ စပွန်ဆာ ပဲ ဖြစ်ဖြစ် ၊ ကစားသမားတွေ ရဲ့ဖိနပ် စပွန်ဆာ ပဲ ဖြစ်ဖြစ် အငြင်းပွားတဲ့ ပုံစံက အတူူတူပါပဲ။ တစ်နည်းအားဖြင့် နောက်မှ ၀င်လာတဲ့ စပွန်ဆာ သမား နဲ့ လက်ရှိ စပွန်ဆာ တို့အကြား ထောက်ပံ့ပေးတဲ့ ပမာဏ က တူညီလာခဲ့ရင် ဒါမျိုးတွေ ဖြစ်တော့တာပါပဲ။

ဒါပေမယ့် အတွင်းကျကျ အထိ လေ့လာကြည့်မယ် ဆိုရင်တော့ ငွေကြေး ပမာဏ တန်းတူ ပေးနိုင်တာ နဲ့တင် ပြီးမသွားဘူးဗျ။ ပြိးတော့ စပွန်ဆာကြေး အတူတူ ပေးလို့ တစ်ဖက်မှာ ရရှိတဲ့ ခံစားခွင့်ကလဲ အတူတူလို့ သတ်မှတ်လို့ မရဘူးဗျ။

ဥပမာ မြင်သာအောင် ပေးရရင် Nike ရဲ့ ပုံရိပ်က New Balance ထက် ပိုကြီးတော့ ၊ တစ်ကမ္ဘာလုံး အတိုင်းအတာ နဲ့ စျေးကွက် ဖြန့်ကျက်တဲ့ အခါမှာ ကွာခြားချက်တွေ ရှိသလို ၊ ဂျာစီ ရောင်းအား ပိုင်းမှာလဲ အများကြီးကို သိသာပါတယ်။ Nike က ကမ္ဘာ့ နေရာ အနှံ့မှာ ဆိုင်ခွဲတွေ ရှိနေတော့ ၀ယ်ရတဲ့သူတွေ ၊ အသင်းဖန်တွေကလဲ လွယ်ကူတယ်လေ။

တစ်ဆက်တည်းမှာပဲ ကလပ် အသင်းက သူ့ရဲ့ Brand ကို ကိုယ်ပိုင် စတိုး နဲ့ လုပ်ပြီး သွားဦးမှာလား ၊ စပွန်ဆာ တွေဆီကနေ ပစ္စည်းသစ်တွေ ထပ်မံ ဖြန့်ကျက်ဦးမှာလား ဆိုတဲ့ အပိုင်းတွေကပါ အရမ်းကို အရေးပါတာပါ” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

သတင်းတွေ အရတော့ Nike က လာမယ့်ရာသီ လီဗာပူး ၀တ်ဆင်မယ့် ဂျာစီ ဒီဇိုင်းတွေ အားလုံးကို ရေးဆွဲ ထားပြီးပြီလို့တောင် သိရပြီး ၊ တရားရုံး ကိစ္စ ပေါ်လာလို့ ပြန်လည် ဆိုင်းငံ့ထားရတာ ဖြစ်တယ်လို့ ဆိုပါတယ်။