မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ ယမန်နှစ် ဘဏ္ဍာရေး နှစ် အတွင်း သမိုင်း တစ်လျောက် စံချိန်တင် ၀င်ငွေ အဖြစ် ပေါင် သန်း ၆၀၀ ကျော် ရရှိ ခဲ့တယ် လို့ အမှု ဆောင် အက်ဝုဒ်ဝက် က ယနေ့ ပြုလုပ် ခဲ့တဲ့ ဒါရိုက်တာ ၊ ရှယ်ယာ အစည်း အဝေး မှာ ထုတ်ဖော် ကြေငြာ သွားခဲ့ ပါတယ် ။

ယူနိုက်တက် လူငယ် တိုက်စစ်မှုး လေး မေဆင် ဂရင်းဝုဒ် ဟာ မနက်ဖြန် မှာ ကစားမယ့် ရော့ခ်ျဒဲလ် နဲ့ ကာရာဘောင် ဖလားပွဲ မှာ ပါဝင် နိုင်ဖို့ ရှိ နေတယ် လို့ နည်းပြ ဆိုးရှား က အတည်ပြု သွားခဲ့ ပါတယ် ။ ၀က်စ်ဟမ်း နဲ့ ပွဲ မှာ ဒဏ်၇ာ ရခဲ့တဲ့ ရက်ဖိုဒ့် ကတော့ ဒီပွဲ ကို လွဲချော် မှာ ဖြစ်သလို ပေါ့ဘာ ဟာလည်း မိနစ် အနည်းငယ် လောက် ၀င် ကစားဖွယ် ရှိတယ် လို့ ဆိုးရှား က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ကင်းထောက် တွေ ဟာ အီတလီ စီးရီးအေ ကလပ် ဘရက်စီယာ မှာ ကစား နေတဲ့ အီတလီ ယူ-၂၁ ကစား သမား ဆန်ဒရို တိုနာလီ ကို စောင့်ကြည့် ဖို့ အတွက် ကင်းထောက် တွေ စေလွှတ် ထားတယ် လို့ သိရ ပါတယ် ။

ရီးရဲ အသင်း ခေါင်းဆောင် ရာမိုစ့် ကတော့ နည်းပြ ဟောင်း မော်ရင်ဟို အသင်း ကို ပြန်ရောက်လာ နိုင်ချေ နဲ့ ပတ်သက်ပြီး အပြတ် ငြင်းဆို သွားခဲ့ သလို လက်ရှိ နည်းပြ ဇီဒန်း ကို သာ ထောက်ခံ ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

စပါး နည်းပြ ပိုချက်တီနို ကတော့ ရီးရဲ မက်ဒရစ် အသင်း ကို နည်းပြ နိုင်ချေ နဲ့ ပတ်သက်ပြီး မေးမြန်း ခဲ့ရာ မှာတော့ “တစ်နှစ် နှစ် မှာ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်” လို့ ဖြေကြား သွားခဲ့ ပါတယ် ။

အာဆင်နယ် ကွင်းလယ်လူ ဟောင်း ပေါလ် မာဆွန် ကတော့ ချဲလ်ဆီး ကနေ ပြောင်းရွှေ့ လာခဲ့တဲ့ နောက်ခံလူ ဒေးဗစ် လူးဝစ် ဟာ အောင်ပွဲ တွေ နဲ့ အသားကျ နေသူ တစ်ဥိး ဖြစ်ပြီး လက်ရှိ အသင်း ခေါင်းဆောင် လက်ပတ် ကို ရှာကာ ဆီ ကနေ လွှဲပြောင်း ရယူ သင့်ကြောင်း အကြံပြု ပြောဆို သွားခဲ့ ပါတယ် ။

Ainsley Maitland-Niles vs villa 2019

ရီးရဲ မက်ဒရစ် ရဲ့ နောက်ခံလူ သစ် ဖာလန်း မန်ဒီ ဟာ အသင်း အတွက် ပါဝင် ကစား ပေးနီုင် ဦးမှာ မဟုတ်ဘူး လို့ သိရ ပါတယ် ။

ရိုးမား နည်းပြ ဖွန်ဆီကာ ကတော့ နောက်ခံလူ စမောလင်း ဟာ မနက်ဖြန် မှာ ကစား မယ့် အတ္တလန်တာ နဲ့ ပွဲ မှာ အသင်းသစ် အတွက် စတင် ပါဝင် ကစား ပေးနိုင် လိမ့်မယ် လို့ အတည်ပြု သွားခဲ့ ပါတယ် ။

ချဲလ်ဆီး အသင်း လူငယ် ကစား သမားလေး ရီဆီ ဂျိမ်းစ် ဟာ မနက်ဖြန် မှာ ကစားမယ့် ကာရာဘောင် ဖလားပွဲ မှာ စီနီယာ ကစား သမား ဘ၀ ပထမဆုံး ပွဲ ကို ပါဝင် ကစား ဖွယ် ရှိနေတယ် လို့ သိရ ပါတယ် ။ လီဗာပူး နဲ့ ပွဲ မှာ ဒဏ်ရာ ရသွားတဲ့ နောက်ခံလူ ခရစ်ရှန်ဆန် ရဲ့ ဒဏ်ရာ ကနေ ပြင်းထန် ဖို့ မရှိဘူးလို့ မျှော်လင့် ထားကြောင်း ချဲလ်ဆီး နည်းပြ လမ်းပတ် က ပြောဆို သွားခဲ့ ပါတယ် ။

Sports Myanmar