ယာဂန်​က​လော့ က လီ​ဗာပူး တို့ ဘာစီလိုနာ ကို အနိုင်​ယူခဲ့တဲ့ ဆီမီးဖိုင်​နယ်​ ပွဲစဉ်​မှာ သူဟာ ဒီ​ဗို့အိုရီဂီ ရဲ့ နာမည်​​ကျော်​ ချန်​ပီယံလိဂ်​ သွင်းဂိုးကို ဘယ်​လို လွဲ​ချော်​ ခဲ့သလဲ ဆိုတာ ထုတ်​​ဖော်​ သွားခဲ့တဲ့ အပြင် အဆိုပါ သမိုင်းဝင်​ အခိုက်​အတန့် အပြီးမှာ အန်​ဖီးကလပ်​ရဲ့ အရန်​ခုံတန်းဟာ ဘာဖြစ်​ခဲ့သလဲ ဆိုတာကို ​ပြောသွား ခဲ့ပါတယ်​။ လီ​ဗာပူး ဟာ နူးကမ့်​မှာ ကစားခဲ့တဲ့ ဆီမီးဖိုင်​နယ်​ ပထမအ​ကျော့ ကို ၃ ဂိုးပြတ်​ အရှုံးနဲ့ ပြန်​လာ ခဲ့ရ ​ပေမယ့်​လည်း ဒုတိယအ​ကျော့ အန်​ဖီးမှာ​တော့ ပထမပိုင်း က အိုရီဂီ ရဲ့ အ​စောပိုင်း သွင်းဂိုး ၊ ဒုတိယပိုင်း အစ လူစားဝင် ကစားသမား ဂျီနီဝိုင်​နယ်​ဒန်​ ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ပြန်​လည်​ လိုက်​မီ သွားခဲ့ပါတယ်​။

မာ​ဆေးဆိုက်​ ကလပ်​ အ​နေနဲ့ ဘာစီလိုနာ နဲ့ အချိန်​ပို ၊ ပင်​နယ်​တီထိ မ​ရောက်​​စေရန်​ ​နောက်​ထပ်​ သွင်းဂိုး တစ်​ဂိုး လိုအပ် ​နေခဲ့​ပေမယ့်​လည်း ဘယ်​ဂျီယံ စတား အိုရီဂီ ဟာ အံ့အားသင့်​ဖွယ်​ ပုံစံနဲ့ သွင်းဂိုး ရယူ ခဲ့ပါတယ်​။ ဒီဂိုးမှာ အလက်​ဇန်းဒါးအာနိုး ရဲ့ ပါရမီ အရည်​အ​သွေး ကို မြင်​​တွေ့ ခဲ့ကြရပြီး ၎င်းရဲ့ လျှင်​လျှင်​မြန်​မြန်​ ​ပေးပို့လိုက်​တဲ့ ​ထောင့်​ကန်​​ဘောကို ပင်​နယ်​တီ ​ဧရိယာထဲမှာ ရှိ​နေတဲ့ အိုရီဂီ က သတိ ​ကောင်း​ကောင်းနဲ့ ပိတ်​သွင်း သွားခဲ့တာ ဖြစ်​ပါတယ်​။

ဒီအခိုက်​အတန့်​ဟာ လီ​ဗာပူး ရဲ့ သမိုင်းမှတ်​တမ်း ထဲကို ဝင်​​ရောက်​ သွားခဲ့သလို အန်​ဖီးကလပ်​ ကလည်း ချန်​ပီယံလိဂ်​ ဖိုင်​နယ်​ကို ၂ကြိမ်​ဆက်​ တက်​​ရောက်​ နိုင်​ခဲ့ပါတယ်​။ ဒါ​ပေမယ့်​လည်း မန်​​နေဂျာ ယာဂန်​က​လော့ အတွက်​ ဝမ်းနည်း စရာ က​တော့ ဒီ အခိုက်​အတန့်ကို မမြင်​ လိုက်​ရတာပဲ ဖြစ်​ပါတယ်​။

ယာဂန်​က​လော့ က “ကံမ​ကောင်းစွာနဲ့ပဲ ချန်​ပီယံလိဂ်​ သမိုင်းရဲ့ မယုံကြည်​ နိုင်​စရာ အ​ကောင်း​ဆုံး အခိုက်​အတန့်ကို တကယ်​​တော့ ကျွန်​​တော်​ မမြင်​ ခဲ့ရဘူး။ ဒါဟာ ​ဘောလုံး မန်​​နေဂျာ တစ်​ဦးရဲ့ ဘဝမှာ အ​ကောင်း​ဆုံး အမှတ်​တရ အခိုက်​အတန့် ဖြစ်​ကောင်း ဖြစ်​နိုင်​ပါတယ်​။ ကျွန်​​တော်​ ​သေချာ​တော့ မသိပါဘူး။ ဒါ​ပေမယ့်​ ကျွန်​​တော်​ဟာ ထရန်​အလက်​ဇန်းဒါးအာနိုး ရဲ့ တကယ့်​ ပါရမီရှင်​ အခိုက်​အတန့်ကို လုံးဝ လွဲ​ချော်​ ခဲ့ပါတယ်​။ ​ဘောလုံးဟာ ​ထောင့်​ကန်​​ဘော ဖြစ်​သွား ခဲ့တယ်​ ဆိုတာ ကျွန်​​တော်​ ​တွေ့ပါတယ်​။

ဒီ​ထောင့်​ကန်​​ဘောကို ကန်​ဖို့ ထရန်​ လမ်း​လျှောက်​ သွားခဲ့တာကို ကျွန်​​တော်​ ​တွေ့ခဲ့ပါတယ်​​။ သူ့ရဲ့ ​နောက်​ကို ရှကီရီ လိုက်​သွား ခဲ့တာကိုလည်း ကျွန်​​တော်​ ​တွေ့ခဲ့ပါတယ်​။ ဒါ​ပေမယ့်​ ကျွန်​​တော်​ ​နောက်​ဘက်​ကို လှည့်​ခဲ့ပါတယ်​။ ဘာလို့လဲဆို​တော့ ကျွန်​​တော်​တို့ဟာ လူစားလဲဖို့ အတွက်​ ပြင်​ဆင်​ ​နေတာ ဖြစ်​လို့ပါ။ ကျွန်​​တော်​ အဲဒီ အချိန်​က လက်​​ထောက်​ မန်​​နေဂျာ နဲ့ စကား ​ပြော​နေ ခဲ့တာပါ။ ခင်​​ဗျားတို့ သိရဲ့လား။ ကျွန်​​တော်​ ဒီအ​ကြောင်းကို ပြန်​​တွေး လိုက်​တဲ့ အခါတိုင်း အမြဲတမ်း ရင်​ခုန်​ စိတ်​လှုပ်​ရှား ​နေဆဲပါ။ ကျွန်​​တော်​ ​​ဆူညံသံ​တွေ ကြားလိုက်​ ရပါတယ်​ ။

ကျွန်​​တော်​ ကွင်းထဲကို ပြန်​လှည့်​ကြည့်​ လိုက်​ပြီး ​ဘောလုံးဟာ ဂိုးထဲကို ပျံဝဲ သွားခဲ့တာကို ကျွန်​​တော်​ ​တွေ့ခဲ့ ပါတယ်​။ ကျွန်​​တော်​ အရန်​ခုံ ဘက်​ကို ပြန်​လှည့်​ကြည့်​ လိုက်​ပြီး ဝုဒ်​ဘန်းကို ကြည့်​လိုက်​ပါတယ်​။ သူက `ဘာဖြစ်​သွားခဲ့ တာလဲ?´ လို့ ​ပြောပါတယ်​။ ကျွန်​​တော်​ ကလည်း ငါလည်း မသိဘူးလို့ ပြန်​​ပြော လိုက်​ပါတယ်​။ အဲဒီအချိန်​ အန်​ဖီး တစ်​ကွင်းလုံးဟာ လုံးဝကို ရူး​လောက်​စရာ ပါပဲ။ ကျွန်​​တော့်​ လက်​​ထောက်​က `ငါတို့ လူစားလဲ ဦးမှာလား?´ ဆိုပြီး ​အော်​​ပြောတဲ့ အသံကို​တောင်​ ကျွန်​​တော်​ ခပ်​တိုးတိုးပဲ ကြားလိုက်​ ရပါတယ်​ ။

“Hahahaha! သူဒီလို ​ပြောခဲ့တာကို ကျွန်​​တော ဘယ်​​တော့မှ ​မေ့​တော့မှာ မဟုတ်​ပါဘူး။ ဒါဟာ ကျွန်​​တော်​နဲ့ အတူ တစ်​သက်​လုံး ရှိ​နေမှာပါ။ ခင်​​ဗျားတို့ ​တွေးကြည့်​ပါ။ မန်​​နေဂျာသက်​ ၁၈ နှစ်​ ၊ ​ဘောလုံးပွဲကို မိနစ်​သန်း​ပေါင်း များစွာ ကြည့်​ခဲ့​ပေမယ့်​ ကျွန်​​တော်​ဟ ​ဘောလုံး ကွင်းထဲမှာ ဖြစ်​ခဲ့ဖူးတဲ့ ​ပျော်​စရာ အ​ကောင်းဆုံး အရာကို လွဲ​ချော်​ ခဲ့ပါတယ်​။ အဲဒီည ပြီးကတည်းက ကျွန်​​တော်​ဟာ အိုရီဂီ ဂိုးသွင်းတဲ့ ဒီ​ဗီဒီယိုကို အကြိမ်​ ၅၀၀၀၀၀ ​လောက်​ ကြည့်​ခဲ့ပါတယ်​။ ဒါ​ပေမယ့်​ မျက်​မြင်​ကိုယ်​​တွေ့ အရ က​တော့ ကျွန်​​တော်​ဟာ ​ဘောလုံး ဂိုးပိုက်​ကို ထိသွား ခဲ့တာကိုပဲ မြင်​​တွေ့ ခဲ့ပါတယ်​။” လို့ ​ပြောသွားပါတယ်​။

SM