မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက အသင်း ရဲ့ တိုက်စစ် ကစားသမား တွေ ဖြစ် ကြတဲ့ လူကာကူ နဲ့ အလက်ဆစ် ဆန်းချက် တို့ကို ဆုံးရှုံး ထားခဲ့ ပေမယ့် အဆိုပါ နေရာ အတွက် တိုက်စစ် ကစားသမား သစ်တွေ ကို ခေါ်ယူ အင်အား ဖြည့်တင်း ထားနိုင် ခဲ့ခြင်း မရှိခဲ့ ပါဘူး ။

အဆိုပါ အမှား ကျူးလွန် ခဲ့ခြင်း ရဲ့ အကျိုးဆက် တစ်ခု အဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် ဟာ ဒီ ရာသီ ပရီးမီးယား လိဂ် ပွဲစဉ် 6 ပွဲ ကစား ပြီးတဲ့ အချိန် မှာ 2 ပွဲ နိုင် ၊ 2 ပွဲ သရေ ၊ 2 ပွဲ ရှုံး ရလဒ် ထွက်ပေါ် ထားခဲ့ ပြီး ရဂိုး 8 ဂိုး မျှသာ သွင်းယူ ထားနိုင် ခဲ့ ပါတယ် ။

ဒါ့အပြင် ဒီ ရာသီ အသင်း ရဲ့ တိုက်စစ် နေရာ အတွက် ယူနိုက်တက် တို့ အဓိက အားကိုး ထားတဲ့ တိုက်စစ် ကစားသမား နှစ်ဦး ဖြစ်သူ အန်သိုနီ မာရှယ် နဲ့ မားကပ်စ် ရပ်ရှ်ဖို့ တို့ဟာ ဒဏ်ရာ ပြသနာ ကိုယ်စီ ကြုံတွေ့ နေကြ ရတဲ့ အတွက် ယူနိုက်တက် အသင်း ဟာ တိုက်စစ် မှာ ဘယ်သူ့ ကို သုံးစွဲ ရ မလဲ ဆိုတာ နဲ့ ပတ်သက် ပြီး အကြပ်ရိုက် နေ ပါတယ် ။

လက်ရှိ အချိန် မှာတော့ ယူနိုက်တက် အသင်း အတွက် အထောင် တိုက်စစ် နေရာ မှာ ကစား ပေးနိုင် မယ့်သူ ဆိုလို့ အသင်း ရဲ့ အကယ်ဒမီ ထွက် အသက် 17 နှစ် အရွယ် လူငယ် တိုက်စစ် ကစားသမား လေး မာဆွန် ဂရင်းဝုဒ် သာ ကျန်ရှိ နေပါ တော့တယ် ။

ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား ဟောင်း တစ်ဦး ဖြစ်သူ ကလေတန် ဘလက်မိုး က အသင်း ဟောင်း အနေ နဲ့ မေဂျာ လိဂ် မှာ ကစား နေတဲ့ အသင်း ရဲ့ တိုက်စစ်မှူး ဟောင်း ဇလာတန် အီဗရာဟီမိုဗစ် ကို လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့ မှာ အသင်း ဆီကို ပြန်လည် ခေါ်ယူ သင့်တဲ့ အကြောင်း ယူနိုက်တက် အသင်း ကို တိုက်တွန်း သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် တို့ ဇလာတန် အီဗရာဟီမိုဗစ် ကို အသင်း ဆီ ပြန် လာဖို့ အကြောင်း မေးမြန်း ဆွေးနွေး သင့် နေပြီ လို့ ကျွန်တော် သေချာပေါက် ထင်နေ ပါတယ် ။ ကျွန်တော် တို့ ပစ်မှတ် ကို ဒုက္ခ ပေးနိုင် မယ့်သူ တစ်ဦး လိုအပ် နေ ပါတယ် ။ သူ ( ဇလာတန် ) ဟာ အဲ့ဒီ နေရာ မှာ ကမ္ဘာ့ အကောင်းဆုံး ကစား သမား တစ်ဦး ပါပဲ ”

” အရပ် ခြောက် ပေ နဲ့ ငါး လက်မ ၊ ခါးပတ်နက် ပိုင်ဆိုင် ထားသူ ၊ သူဟာ ဒီ အလုပ် ကို အကောင်းဆုံး လုပ်ပြ နိုင်သေးတယ် ဆိုတာ MLS မှာ ဆက်လက် သက်သေ ပြ နေခဲ့ ပါတယ် ။ ကျွန်တော် တို့က သူဟာ ဒူး ဒဏ်ရာ ရရှိ ခဲ့တဲ့ အတွက် သူ့ကို ထွက်ခွာ ခွင့် ပေးခဲ့ ကြတယ် လို့ ကျွန်တော် မှတ်ယူ ထား ပါတယ် ”

” အခု အချိန် မှာ ကျွန်တော် တို့ဟာ ဇလာတန် နဲ့ ဝိန်း ရွန်းနီ တို့ကို အလကား နေရင်း ဆုံးရှုံး ခဲ့ကြ ရ ပါတယ် ။ သူ ( ဇလာတန် ) ကျွန်တော် တို့ အတွက် ကစား ပေးခဲ့ စဉ် တုန်းက ယူရို ပါလိဂ် ၊ လိဂ် ဖလား နဲ့ ကွန်မြူ နတီ ဖလား တွေကို ရယူ ပေးထား နိုင်ခဲ့ တယ်လေ ”

” ကျွန်တော် တို့ ဂိုးသွင်း သေချာ တဲ့ တိုက်စစ် ကစားသမား တစ်ကယ် ပဲ လိုအပ် ပါတယ် ။ အဲ့တာ ဆိုရင် ပြေးအား ကောင်း လှတဲ့ ကျွန်တော် တို့ ကောင်လေး တွေက 4 – 4 – 2 ဆိုတဲ့ ကစား ကွက်မှာ ပိုပြီး လွတ်လပ် ပေါ့ပါးစွာ ကစား ပြနိုင် ကြပါ လိမ့်မယ် ”

” ပြီးရင် ဂိုးတွေ ကိုလည်း သူတို့ ပို ရရှိ နိုင်မှာ ဖြစ်သလို ဇလာတန် ဆီက လည်း သင်ယူ မှုတွေ ပြုလုပ် နိုင်ပါ လိမ့်မယ် ။ ကျွန်တော် ပြောချင်တာ ကတော့ အဲ့တာ ပါပဲ ။ ဒီ ကိစ္စ အတွက် ဦးနှောက် သုံးပြီး စဉ်းစား နေဖို့ တောင် မလိုအပ် ပါဘူး ” လို့ ဘလက်မိုး က အသင်း ဟောင်းကို အကြံပြု ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar