မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဒီ ရာသီ စွမ်းဆောင်ရည် ဟာ မျှော်လင့် ထား သလောက် ကောင်းမွန် ခြင်း မရှိ ခဲ့ပဲ ထိပ်သီး လေးသင်း စာရင်း ဝင်ရောက် နိုင်ဖို့ ရုန်းကန် နေရတဲ့ အနေအထား ကို ပိုင်ဆိုင် နေရ ပါတယ် ။

အခုတော့ မာတင် ကီယွန် က ယူနိုက်တက် ဟာ ထိပ်သီး လေးသင်း စာရင်း ဝင်ရောက် နိုင်ဖို့ လုံလောက်စွာ တောင့်တင်း ကောင်းမွန် သေးခြင်း မရှိ ကြောင်း သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ဘောလုံး ရာသီ မှာ 8 ပွဲ ကစား ခဲ့ရာ 2 ပွဲ နိုင် ၊ 2 ပွဲ သရေ ၊ 2 ပွဲ ရှုံး ရလဒ် နဲ့ အတူ အမှတ်ပေး ဇယား အဆင့် 8 နေရာ မှာ ရမှတ် 8 မှတ် နဲ့ ရပ်တည် ခဲ့ရ ပါတယ် ။

ဒါ့အပြင် လက်ရှိ အချိန် မှာ တိုက်စစ် ကစားသမား တွေ ဒဏ်ရာ ပြသနာ နဲ့ ကြုံတွေ့ နေ ရတဲ့ မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ရက် သတ္တပါတ် တွေမှာ အာဆင်နယ် ၊ နယူးကာဆယ် နဲ့ လီဗာပူး အသင်း တွေနဲ့ ဆက်တိုက် ကစား ရဖို့ ရှိနေ ပါ သေးတယ် ။

ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ နွေ တုန်းက ကစားသမား ကောင်း တွေကို ခေါ်ယူ ပြီး အသင်း ကို အင်အား ဖြည့်တင်း ထားနိုင် ခဲ့ ပေမယ့် မာတင် ကီယွန် ကတော့ ယူနိုက်တက် ဟာ လုံလောက်စွာ တောင့်တင်း မှု မရှိ သေးကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အဆင့် 6 နေရာ နဲ့ ရာသီ ပိတ်သိမ်း ခဲ့ရ သလို လူကာကူ ဆန်းချက် တို့ကို ဆုံးရှုံး ထားခဲ့ ပေမယ့် အင်အား ပြန်လည် မဖြည့်တင်း ထားနိုင် ခဲ့ ပါဘူး ။ ဒါဆို သူတို့ အသင်း တောင့်တင်း တယ်လို့ ဘယ်လို ပြောလို့ ရနိုင် မလဲ ? ဒါဟာ အဓိပ္ပါယ် မရှိ တဲ့ လုပ်ရက် တစ်ခု ပါပဲ ”

” အိုလီ ဂန်နား ဆိုးလ်ရှား ဟာ တိုက်စစ် ကစားသမား ကောင်း တစ်ဦး ရဲ့ တန်ဖိုး ကို နားလည် ပါတယ် ။ ကျွန်တော် ကိုယ်တိုင် က ဆိုးလ်ရှား ၊ ရှရင်ဂမ် ၊ အင်ဒီ ကိုးလ် ၊ ဒွိုက်ယော့ခ် တို့လို တိုက်စစ် ကစားသမား တွေ များစွာ ပါဝင် တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ကို ရင်ဆိုင် ခဲ့ဖူး ပါတယ် ”

” ဒါပေမယ့် အခု ကျတော့ သူတို့ တွေဟာ တိုက်စစ် နေရာ အတွက် မာရှယ် နဲ့ ရပ်ရှ်ဖို့ တို့လို တိုက်စစ် မှူး မဟုတ် တဲ့ ကစား သမား အပေါ် ယုံကြည် မျှော်လင့် ပြီး ကစား နေကြ ရ ပါတယ် ” လို့ မာတင် ကီယွန် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ အချိန် မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အထက် မှာ လီဗာပူး ၊ မန်စီးတီး ၊ လက်စတာ ၊ အာဆင်နယ် ၊ ဝက်စ်ဟမ်း နဲ့ ဘုန်းမောက် အသင်း တို့ ရှိနေ ကြပြီး ပြိုင်ဖက် ကောင်းတွေ ဖြစ်ကြ တဲ့ တော့တင်ဟမ် နဲ့ ချဲလ်ဆီး တို့က ယူနိုက်တက် နည်းတူ တော့ ရမှတ် 8 မှတ် စီ ရရှိ ထားကြ ပါတယ် ။

ဒါ့ကြောင့် ရာသီ အစ ရလဒ် တွေ အရ ယူနိုက်တက် နည်းတူ ချဲလ်ဆီး အသင်း ဟာလည်း ချန်ပီယံ လိဂ် ပြိုင်ပွဲ ရဲ့ ပြင်ပ နေရာ မှာပဲ ရာသီ ကုန်ဆုံး ရ လိမ့်မယ် လို့ မာတင် ကီယွန် က ခန့်မှန်း သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် ချဲလ်ဆီး အသင်း ကို ထိပ်သီး လေးသင်း မဝင် နိုင်ဘူး လို့ ခန့်မှန်း ရတဲ့ အကြောင်း အရင်း က သူတို့ ဆီမှာ အတွေ့ အကြုံ နည်းပါး တဲ့ နည်းပြ ၊ လူငယ် ကစားသမား တွေနဲ့ အ ပြောင်းအရွှေ့ ပိတ်ခံ ထားခြင်း ဆိုတဲ့ အကြောင်း အရာ တွေ ရှိ နေလို့ ပါပဲ ”

” ယူနိုက်တက် တို့ ထိပ်သီး လေးသင်း စာရင်း ထဲ မဝင်ရောက် နိုင်ဘူး လို့ ခန့်မှန်း ရတဲ့ အဓိက အကြောင်း အရင်း ကတော့ သူတို့ တွေဟာ လုံလောက်စွာ တောင့်တင်း မှု မရှိ ကြလို့ ပါပဲ ” လို့ မာတင် ကီယွန် က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar