ဘာစီလုိနာ အသင္း တုိက္စစ္မႈး အန္တြဳိင္ ဂရစ္ဇ္မန္း ကေတာ့ ယမန္ေန႔ ညက ကစား ခဲ့တဲ့ လာလီဂါ ပြဲစဥ္ မွာ အသင္း ေဖာ္ လီယြန္နယ္ မက္ဆီ ဒဏ္ရာ ရရွိ သြားခဲ့ မႈ နဲ႔ ပတ္သက္ ၿပီး ၀မ္းနည္း စိတ္မေကာင္း ျဖစ္ မိခဲ့ ပါတယ္ လုိ႔ ထုတ္ေဖာ္ ေျပာဆို သြားခဲ့ ပါတယ္ ။ မက္ဆီ ဟာ ဗီလာ ရီးရဲ အသင္း ကို ၂ – ၁ ျဖင့္ အႏုိင္ ရခဲ့တဲ့ မေန႔ ညက ပြဲ ရဲ႕ ပထမပိုင္း အၿပီး မွာ ဒဏ္ရာ ေၾကာင့္ လူစားလဲ ခဲ့ ရတာ ျဖစ္ပါတယ္ ။

Barcelona’s Argentine forward Lionel Messi (R) reacts after being treated by medical staff, during the Spanish league football match between FC Barcelona and Villarreal CF at the Camp Nou stadium in Barcelona, on September 24, 2019. (Photo by LLUIS GENE / AFP)

ဘာစီလုိနာ အသင္း ဟာ ဒီရာသီ အတြက္ ပထမဆံုး အႀကိမ္ အျဖစ္ မက္ဆီ ၊ ဂရစ္ဇ္မန္း ၊ ဆြာရက္ တုိက္စစ္ အတြဲ ကို ပဲြထုတ္ လာခဲ့ ၿပီး ပြဲအစ ၆ မိနစ္ မွာတင္ ဂရစ္ဇ္မန္း က မက္ဆီ ရဲ႕ ဖန္တီးမႈ ကို အဆံုးသတ္ ကာ ဘာကာ အတြက္ ဦးေဆာင္ဂုိး သြင္းယူ ေပးခဲ့ ပါတယ္ ။

အဖြင့္ဂုိး ရအၿပီး ၉ မိနစ္ အၾကာ မွာ အာသာမီလို က ဘာစီလုိနာ အတြက္ ဒုတိယ ေျမာက္ ဂုိး ကို သြင္းယူေပး ခဲ့ၿပီး ၄၄ မိနစ္ မွာေတာ့ ဆန္တီ ကာဇိုလာ က ဗီလာရီးရဲ အတြက္ ေခ်ပဂုိး ၁ ဂုိး ျပန္သြင္းယူ ခဲ့ ပါတယ္ ။ ပထမ ပုိင္း အၿပီး မွာေတာ့ မက္ဆီ ဟာ ဒဏ္ရာ ရရွိခဲ့ ၿပီး ဒမ္ဘီလီ နဲ႔ လူစား လဲခဲ့ ရ ပါတယ္ ။

ပြဲ အၿပီး မွာေတာ့ မက္ဆီ ရဲ႕ ဒဏ္ရာ ရရွိမႈ နဲ႔ပတ္သက္ ၿပီး ေမးျမန္း ရာမွာေတာ့ ဂရစ္ဇ္မန္း က “ကြ်န္ေတာ္ စိတ္မေကာင္း ျဖစ္မိ ပါတယ္” လုိ႔ အစျပဳ ကာ ေျဖၾကား သြားခဲ့ တာပဲ ျဖစ္ ပါတယ္ ။ မက္ဆီ အေန ျဖင့္ လာမယ့္ ပိတ္ရက္ မွာ ကစားမယ့္ လာလီဂါ ပြဲ ကို လြဲေခ်ာ္ ဖို႔ အလားအလာ မ်ား ေနတယ္လိ႔ု သိရ ပါတယ္ ။

Barcelona’s French forward Antoine Griezmann reacts after winning the Spanish league football match between FC Barcelona and Villarreal CF at the Camp Nou stadium in Barcelona, on September 24, 2019. (Photo by LLUIS GENE / AFP)

“သူ နည္းနည္း နာသြား ပါတယ္ ။ ဘယ္ေလာက္ ျပင္းမလဲ ဆုိတာ ေတာ့ ကြ်န္ေတာ္ မသိပါဘူး ။ ဘာလို႔လည္း ဆိုေတာ့ သူ ဒဏ္ရာ ရၿပီး ထြက္ မသြားခင္ မွာ သူနဲ႔ စကား မေျပာ ျဖစ္လုိက္ လိ႔ုပါ ။ အဲ့ အခ်ိန္တုန္း က နည္းျပ က ကြ်န္ေတာ့ ကို နည္းစနစ္ ပုိင္း ဆုိင္ရာ ညႊန္ၾကား ခ်က္ေတြ ေပးေနတာ မို႔ သူ႔ အနားကို မသြားႏုိင္ ခဲ့ ပါဘူး”

“ဒဏ္ရာ ကစား သမား အခ်ဳိ႕ ျပန္ေကာင္း လာပါၿပီ ။ အသင္း ကို ေကာင္းႏုိင္ သမွ် ေကာင္းေအာင္ တည္ေဆာက္ သြားမွာပါ ။ အေကာင္းဆံုး ပံုစံ မဟုတ္ေသး ေပမယ့္ တစ္ပြဲ ထက္ တစ္ပြဲ ေတာ့ တုိးတက္ လာၿပီ လို႔ ယူဆ မိပါတယ္”

“ပထမပုိင္း နဲ႔ ဒုတိယပိုင္း မွာ ဘာေတြ ျခားနား သြားလဲ ဆုိတာ ကြ်န္ေတာ္ ေသခ်ာ သတိမထား မိပါဘူး ။ အခြင့္ အေရး အခ်ဳိ႕ ရေပမယ့္ လြဲေခ်ာ္ ခဲ့ ပါတယ္ ။ အခု ထက္ ပိုေကာင္းေအာင္ ကစားႏုိင္ ဖို႔ ႀကဳိးစား ရဦးမွာ ပါ ။ မက္ဆီ ဒဏ္ရာ ရသြားတဲ့ အတြက္ ေတာ့ ၀မ္းနည္း စိတ္ပ်က္ မိပါတယ္” လို႔ ဂရစ္ဇ္မန္း က ေျပာဆို သြားခဲ့ ပါတယ္ ။

ဘာစီလုိနာ ဟာ ဒီရာသီ အေ၀းကြင္း ေတြ မွာ ရလဒ္ မေကာင္း ျဖစ္ေန ခဲ့ၿပီး ၿပဳိင္ပြဲစံု ၄ ပြဲ မွာ ၂ ပြဲ သေရ ၊ ၂ ပြဲ ရွဳံး နိမ့္ ထားခဲ့ ပါတယ္ ။ လာမယ့္ အပတ္ မွာ ဘာစီလိုနာ ဟာ ဂီတာေဖး အသင္းရဲ႕ ကြင္းကို သြားေရာက္ ယွဥ္ၿပဳိင္ ရမွာ ျဖစ္ၿပီး မက္ဆီ မပါ၀င္ ႏုိင္ပါက ရုန္းကန္ ရဖြယ္ ရွိေန ပါတယ္ ။

မက္ဆီ ရဲ႕ ဒဏ္ရာ အတိမ္ အနက္ ကိုေတာ့ အသင္း က ထုတ္ျပန္ျခင္း မျပဳေသးပါဘူး ။ ဘာစီလုိနာ ဟာ ဂီတာေဖး ပြဲ ၿပီးပါက အင္တာ မီလန္ ( ခ်န္ပီယံ လိဂ္ ) ၊ ဆီဗီးလား တို႔ နဲ႔ ပြဲက်ပ္ေတြ ဆက္တုိက္ ကစား ရဦးမွာ ျဖစ္ ပါတယ္ ။

SPORTS MYANMAR

Unicode

မက်ဆီ အတွက် စိတ်မကောင်းဖြစ်နေမိတဲ့ ဂရစ်ဇ်မန်း

==============================================

ဘာစီလိုနာ အသင်း တိုက်စစ်မှုး အန်တွိုင် ဂရစ်ဇ်မန်း ကတော့ ယမန်နေ့ ညက ကစား ခဲ့တဲ့ လာလီဂါ ပွဲစဉ် မှာ အသင်း ဖော် လီယွန်နယ် မက်ဆီ ဒဏ်ရာ ရရှိ သွားခဲ့ မှု နဲ့ ပတ်သက် ပြီး ၀မ်းနည်း စိတ်မကောင်း ဖြစ် မိခဲ့ ပါတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ မက်ဆီ ဟာ ဗီလာ ရီးရဲ အသင်း ကို ၂ – ၁ ဖြင့် အနိုင် ရခဲ့တဲ့ မနေ့ ညက ပွဲ ရဲ့ ပထမပိုင်း အပြီး မှာ ဒဏ်ရာ ကြောင့် လူစားလဲ ခဲ့ ရတာ ဖြစ်ပါတယ် ။

ဘာစီလိုနာ အသင်း ဟာ ဒီရာသီ အတွက် ပထမဆုံး အကြိမ် အဖြစ် မက်ဆီ ၊ ဂရစ်ဇ်မန်း ၊ ဆွာရက် တိုက်စစ် အတွဲ ကို ပွဲထုတ် လာခဲ့ ပြီး ပွဲအစ ၆ မိနစ် မှာတင် ဂရစ်ဇ်မန်း က မက်ဆီ ရဲ့ ဖန်တီးမှု ကို အဆုံးသတ် ကာ ဘာကာ အတွက် ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ ပါတယ် ။

အဖွင့်ဂိုး ရအပြီး ၉ မိနစ် အကြာ မှာ အာသာမီလို က ဘာစီလိုနာ အတွက် ဒုတိယ မြောက် ဂိုး ကို သွင်းယူပေး ခဲ့ပြီး ၄၄ မိနစ် မှာတော့ ဆန်တီ ကာဇိုလာ က ဗီလာရီးရဲ အတွက် ချေပဂိုး ၁ ဂိုး ပြန်သွင်းယူ ခဲ့ ပါတယ် ။ ပထမ ပိုင်း အပြီး မှာတော့ မက်ဆီ ဟာ ဒဏ်ရာ ရရှိခဲ့ ပြီး ဒမ်ဘီလီ နဲ့ လူစား လဲခဲ့ ရ ပါတယ် ။

ပွဲ အပြီး မှာတော့ မက်ဆီ ရဲ့ ဒဏ်ရာ ရရှိမှု နဲ့ပတ်သက် ပြီး မေးမြန်း ရာမှာတော့ ဂရစ်ဇ်မန်း က “ကျွန်တော် စိတ်မကောင်း ဖြစ်မိ ပါတယ်” လို့ အစပြု ကာ ဖြေကြား သွားခဲ့ တာပဲ ဖြစ် ပါတယ် ။ မက်ဆီ အနေ ဖြင့် လာမယ့် ပိတ်ရက် မှာ ကစားမယ့် လာလီဂါ ပွဲ ကို လွဲချော် ဖို့ အလားအလာ များ နေတယ်လို့ သိရ ပါတယ် ။

“သူ နည်းနည်း နာသွား ပါတယ် ။ ဘယ်လောက် ပြင်းမလဲ ဆိုတာ တော့ ကျွန်တော် မသိပါဘူး ။ ဘာလို့လည်း ဆိုတော့ သူ ဒဏ်ရာ ရပြီး ထွက် မသွားခင် မှာ သူနဲ့ စကား မပြော ဖြစ်လိုက် လို့ပါ ။ အဲ့ အချိန်တုန်း က နည်းပြ က ကျွန်တော့ ကို နည်းစနစ် ပိုင်း ဆိုင်ရာ ညွှန်ကြား ချက်တွေ ပေးနေတာ မို့ သူ့ အနားကို မသွားနိုင် ခဲ့ ပါဘူး”

“ဒဏ်ရာ ကစား သမား အချို့ ပြန်ကောင်း လာပါပြီ ။ အသင်း ကို ကောင်းနိုင် သမျှ ကောင်းအောင် တည်ဆောက် သွားမှာပါ ။ အကောင်းဆုံး ပုံစံ မဟုတ်သေး ပေမယ့် တစ်ပွဲ ထက် တစ်ပွဲ တော့ တိုးတက် လာပြီ လို့ ယူဆ မိပါတယ်”

“ပထမပိုင်း နဲ့ ဒုတိယပိုင်း မှာ ဘာတွေ ခြားနား သွားလဲ ဆိုတာ ကျွန်တော် သေချာ သတိမထား မိပါဘူး ။ အခွင့် အရေး အချို့ ရပေမယ့် လွဲချော် ခဲ့ ပါတယ် ။ အခု ထက် ပိုကောင်းအောင် ကစားနိုင် ဖို့ ကြိုးစား ရဦးမှာ ပါ ။ မက်ဆီ ဒဏ်ရာ ရသွားတဲ့ အတွက် တော့ ၀မ်းနည်း စိတ်ပျက် မိပါတယ်” လို့ ဂရစ်ဇ်မန်း က ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ ဒီရာသီ အဝေးကွင်း တွေ မှာ ရလဒ် မကောင်း ဖြစ်နေ ခဲ့ပြီး ပြိုင်ပွဲစုံ ၄ ပွဲ မှာ ၂ ပွဲ သရေ ၊ ၂ ပွဲ ရှုံး နိမ့် ထားခဲ့ ပါတယ် ။ လာမယ့် အပတ် မှာ ဘာစီလိုနာ ဟာ ဂီတာဖေး အသင်းရဲ့ ကွင်းကို သွားရောက် ယှဉ်ပြိုင် ရမှာ ဖြစ်ပြီး မက်ဆီ မပါ၀င် နိုင်ပါက ရုန်းကန် ရဖွယ် ရှိနေ ပါတယ် ။

မက်ဆီ ရဲ့ ဒဏ်ရာ အတိမ် အနက် ကိုတော့ အသင်း က ထုတ်ပြန်ခြင်း မပြုသေးပါဘူး ။ ဘာစီလိုနာ ဟာ ဂီတာဖေး ပွဲ ပြီးပါက အင်တာ မီလန် ( ချန်ပီယံ လိဂ် ) ၊ ဆီဗီးလား တို့ နဲ့ ပွဲကျပ်တွေ ဆက်တိုက် ကစား ရဦးမှာ ဖြစ် ပါတယ် ။

SPORTS MYANMAR