နည္းျပျကီး ပိုခ်က္တီႏိုရဲ႕ စပါး အသင္းဟာ ၂၀၁၈-၁၉ တရာသီလံုး မွာ ကစားသမား သစ္ တဦးတေလမွ ေခၚယူအားျဖည့္ျခင္းမရွိခဲ႔ေပမယ့္ ပရီးမီးယားလိဂ္မွာ အဆင့္၃ေနမွာရွိေနျပီး ခ်န္ပီယံလိဂ္မွာလည္း ကြာတားဖိုင္နယ္ အဆင့္ကို ေရာက္ရွိေနပါတယ္။သူတို႔ကြင္းသစ္ျကီးရဲ႕ ပထမဆံုးဥေရာပ ပြဲစဥ္အျဖစ္ မန္စီးတီး အသင္းနဲ႔ ရင္ဆိုင္ခဲ႔ရတဲ႔ ပထမအေက်ာ့ ပြဲစဥ္မွာ လည္း ၁-၀ ဂိုးနဲ႔ အႏိုင္ရရွိခဲ႔ လို႔ ေနာက္တဆင့္အတြက္ ရင္ခုန္ခြင့္ ရွိေနတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ျပိဳင္ဘက္ အသင္းျကီး ေတြ ကို စပါး အသင္းက အႏိုင္ယူႏိုင္စြမ္းရွိေနတယ္ဆိုတာကိုထပ္မံ ျပသႏိုင္ခဲ႔တာလည္းျဖစ္ပါတယ္။စပါးတို႔ဟာ လာမယ့္ အပတ္အတြင္းမွာ ေတာ့ ဒုတိယအေက်ာ့အျဖစ္မန္စီးတီး အသင္းရဲ႕ အီတီဟတ္ ကြင္းျကီး မွာ သြားေရာက္ရင္ဆိုင္ရဖို႔ရွိေနတာ ျဖစ္ျပီး အိမ္ရွင္အသင္းရဲ႕ လက္စားေခ် ေခ်မွဳန္းျခင္းခံရႏိုင္တယ္လို႔ သံုးသပ္မွဳေတြလည္းရွိေနပါတယ္။

ဒါေပမယ့္ ဗာတြန္ဂန္ကေတာ့ မန္စီးတီး အသင္းကို စပါးတို႔ ရင္ဆိုုုင္ဖို႔ အသင့္ရွိေနလိမ့္မယ္လို႔ ဆိုပါတယ္။အင္တာဗ်ဴးတခုမွာ ဗာတြန္ဂန္က- – – ” မန္စီးတီး အသင္းရဲ႕ ေငြသံုးစြဲ ထားမွဳကို ျကည့္လုိက္ရင္ မ်ားတယ္လို႕ ထင္ရေပမယ့္ သူတို႔ဟာ တာဝန္ယူမွဳ ရွိရွိနဲ႔ သံုးေနခဲ႔တာျဖစ္ပါတယ္။သူတို႔ဟာ ကစားသမားေကာင္းေတြ နဲ႔ လူငယ္ေတြကို ဆြဲေဆာင္ႏိုင္ျပီး ဒီအတြက္ လည္း ေငြေျကး အမ်ားအျကား ကုန္က်သံုးစြဲ ေလ့ရွိတာျဖစ္ပါတယ္။

ဒါေပမယ့္ က်ြန္ေတာ္တို႔မွာလည္းအံ့မခန္း စိတ္ဓာတ္ေကာင္းကို ပိုင္ဆိုင္ထားတဲ႕ အသင္းတသင္းလည္းရွိေနပါတယ္။က်ြန္ေတာ္တို႔ဟာတဦးခ်င္းစီတိုင္းအတြက္ တိုက္ပြဲဝင္ ေပးသြားဖို႔ အသင့္ရွိေနတာျဖစ္ျပီး လာမယ္႔ႏွစ္ေတြ အထိ ဒီအတိုင္းဆက္ရွိေနမယ္လို႔ လည္း ေမ်ွာ္လင့္ပါတယ္ ” လို႕ေျပာခဲ႔ပါတယ္။

မန္စီးတီး တို႔ဟာ ဒီဇင္ဘာလအတြင္း မွာ ပဲေလ့စ္ကို အံ့အားသင့္ဖြယ္အေရးနိမ့္္ခဲ႔အျပီး ေနာက္ကစားထားတဲ႔ အိမ္ကြင္းပြဲတိုင္းကို အႏိုင္ရရွိထားျပီး အံ့မခန္း ဂိုးသြင္းအားကို လည္းပိုင္ဆိုင္ထားပါတယ္။

ဒါေျကာင့္ စပါးအတြက္မလြယ္ကူတဲ႔ ပြဲတပြဲ ျဖစ္လာဖို႔ ရွိေနေပမယ့္ဗာတြန္ဂန္ကေတာ့ အျပံဳးမပ်က္ပဲ – – – ” က်ြန္ေတာ္တို႔ဟာ အခုပြဲမွာေကာင္းေကာင္းစတင္ ကစားႏိုင္ခဲ႔သလိုေပးဂိုးလည္း ခြင့္္မျပဳခဲ႔ရပါဘူး။အခုဆိုက်ြန္ေတာ္တို႔ရဲ႕ ဂုဏ္သတင္းျပန္႔ေမႊးေနလိမ့္မယ္လို႔ လည္း ထင္ပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

စပါး အသင္းရဲ႕ အိမ္ကြင္းႏိုင္ပြဲဟာပရိသတ္ေတြ အတြက္ေတာ့ စိတ္ခံစားခ်က္ေတြေရျပြမ္းသြားေစခဲ႔ပါတယ္။ဆြန္ေဟာင္မင္ရဲ႔ အံ့မခန္း ကန္ခ်က္ေကာင္းကို ျမင္ေတြ႔ခြင့္ ရခဲ႔လို႔ အေပ်ာ္လြန္ခဲ႔ရေပမယ့္ အဓိက တိုက္စစ္ ကစားသမား ဟယ္ရီကိန္း ရဲ႕ ဒဏ္ရာျပသနာ ဟာစိတ္ပ်က္စရာျဖစ္ေစခဲ႔တာျဖစ္ပါတယ္။

ကိန္းဟာ အခုႏွစ္စပိုင္းမွာ လည္ အဆိုပါ ဒဏ္ရာမ်ိဳးျကံုေတြ႔ခဲ႔ျပီး၇ပြဲေလာက္ အနားယူခဲ႔ရပါေသးတယ္။ကိန္း မပါဝင္ႏိုင္တဲ႕ အဆိုပါအခ်ိန္မွာ စပါးတို႔ ၅ ပြဲအထိ အႏိုငိကစားႏိုင္ခဲ႔ျပီး ဆြန္ကလည္း ၄ဂိုးသြင္းယူေပးႏိုင္ခဲ႕ပါတယ္။

ဗာတြန္ဂန္ကေတာ့ သူ႔အသင္းေဖာ္ေတြ အေနနဲ႕ လာမယ့္ ဒုတိယအေက်ာ့မွာလည္းျမင့္မားတဲ႔ ေျခစြမ္းမ်ိဳးထပ္ျပသဖို႔ပရီးမီးယားလိဂ္မွာလည္း တတိယေနရာမွာ ဆက္ျမဲေနေအာင္ ျကိုးစားဖို႔ ေတာင္းဆိုလိုက္ပါတယ္။

ဗာတြန္ဂန္က ဆက္လက္ျပီး – – – ” လူတိုင္းက ဆြန္နီ ကိုပဲ အာရံုစုိက္ေနျကပါတယ္။က်ြန္ေတာ္တုိ႔ကေတာ့ ဟယ္ရီကိန္း ဒဏ္ရာကေနျမန္ျမန္ျပန္လာႏိုင္ဖို႔ ေမ်ွာ္လင့္ထားပါတယ္။အရင္ပြဲေတြ လို ေျခစြမ္းျမင့္တက္ ေအာင္ လုပ္ႏိုင္ဖို႔ ေတာ့ လိုပါတယ္။က်ြန္ေတာ့္အထင္ေျပာရရင္ ကိန္္းမရွိစဥ္တုနး္က ကစားခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲတိုင္းကို က်ြန္ေတာ္တို႔ အႏိုင္ကစားႏိုင္ခဲ႕ပါတယ္။ထပ္လုပ္ႏုိင္ဖို႔ လည္း ေမ်ွာ္လင့္ေနပါတယ္” လို႔ေျပာခဲ႔ပါတယ္။

ပထမအေက်ာ့ပြဲမွာေျခစြမ္းျပခဲ႔တဲ႔ဆစ္ဆိုကို ကလည္း- – – ” သူတို႔(မန္စီးတီး ) နဲ႔ အျခား အသင္းေတြကစားထာတဲ႕ ရုပ္သံဗီီယိုေတြကို နည္းျပျကီး က က်ြန္ေတာ္တို႔ကို ျပသခဲ႔ပါတယ္။ဒါေျကာင့္ သူတို႔ ဘယ္လို အခ်ိန္မွာ ရုန္းကန္ရေလ့ရွိတယ္ဆိုတာကုိသိလို႔ လုပ္ေဆာင္ႏိုင္ခဲ႔တာျဖစ္ပါတယ္။

က်ြန္ေတာ္တို႔ ေကာင္းေကာင္းကစားႏိုင္ခဲ႔တာေျကာင့္ လည္း သူတို႔ အခြင့္အေရးသိပ္မရခဲ႔တာျဖစ္ပါတယ္။သူတို႔ရဲ႔ ျပီးခဲ႔တဲ႔ပြဲေတြကိုျပန္ျကည့္ရင္ အခြင့္အေရး အခ်ိဳ႔ကေန ဂိုးခြင့္ျပဳခဲ႔ရတာကို ေတြ႔ထားခဲ႔ ရလို႔က်ြန္ေတာ္တို႔ အတြက္ အလုပ္ျဖစ္ခဲ႔တာ ျဖစ္ပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

Unicode

မန်စီးတီးနဲ့ ဒုတိယအကျော့အတွက် စပါးတို့ အသင့်ဖြစ်နေလိမ့်မယ်လို့ ဆိုလိုက်တဲ့ #ဗာတွန်ဂန်
===============================

နည်းပြကြီး ပိုချက်တီနိုရဲ့ စပါး အသင်းဟာ ၂၀၁၈-၁၉ တရာသီလုံး မှာ ကစားသမား သစ် တဦးတလေမှ ခေါ်ယူအားဖြည့်ခြင်းမရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ အဆင့်၃နေမှာရှိနေပြီး ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိနေပါတယ်။သူတို့ကွင်းသစ်ကြီးရဲ့ ပထမဆုံးဥရောပ ပွဲစဉ်အဖြစ် မန်စီးတီး အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပထမအကျော့ ပွဲစဉ်မှာ လည်း ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ လို့ နောက်တဆင့်အတွက် ရင်ခုန်ခွင့် ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြိုင်ဘက် အသင်းကြီး တွေ ကို စပါး အသင်းက အနိုင်ယူနိုင်စွမ်းရှိနေတယ်ဆိုတာကိုထပ်မံ ပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။စပါးတို့ဟာ လာမယ့် အပတ်အတွင်းမှာ တော့ ဒုတိယအကျော့အဖြစ်မန်စီးတီး အသင်းရဲ့ အီတီဟတ် ကွင်းကြီး မှာ သွားရောက်ရင်ဆိုင်ရဖို့ရှိနေတာ ဖြစ်ပြီး အိမ်ရှင်အသင်းရဲ့ လက်စားချေ ချေမှုန်းခြင်းခံရနိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

ဒါပေမယ့် ဗာတွန်ဂန်ကတော့ မန်စီးတီး အသင်းကို စပါးတို့ ရင်ဆိုုုင်ဖို့ အသင့်ရှိနေလိမ့်မယ်လို့ ဆိုပါတယ်။အင်တာဗျူးတခုမှာ ဗာတွန်ဂန်က- – – ” မန်စီးတီး အသင်းရဲ့ ငွေသုံးစွဲ ထားမှုကို ကြည့်လိုက်ရင် များတယ်လို့ ထင်ရပေမယ့် သူတို့ဟာ တာဝန်ယူမှု ရှိရှိနဲ့ သုံးနေခဲ့တာဖြစ်ပါတယ်။သူတို့ဟာ ကစားသမားကောင်းတွေ နဲ့ လူငယ်တွေကို ဆွဲဆောင်နိုင်ပြီး ဒီအတွက် လည်း ငွေကြေး အများအကြား ကုန်ကျသုံးစွဲ လေ့ရှိတာဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့မှာလည်းအံ့မခန်း စိတ်ဓာတ်ကောင်းကို ပိုင်ဆိုင်ထားတဲ့ အသင်းတသင်းလည်းရှိနေပါတယ်။ကျွန်တော်တို့ဟာတဦးချင်းစီတိုင်းအတွက် တိုက်ပွဲဝင် ပေးသွားဖို့ အသင့်ရှိနေတာဖြစ်ပြီး လာမယ့်နှစ်တွေ အထိ ဒီအတိုင်းဆက်ရှိနေမယ်လို့ လည်း မျှော်လင့်ပါတယ် ” လို့ပြောခဲ့ပါတယ်။

မန်စီးတီး တို့ဟာ ဒီဇင်ဘာလအတွင်း မှာ ပဲလေ့စ်ကို အံ့အားသင့်ဖွယ်အရေးနိမ့််ခဲ့အပြီး နောက်ကစားထားတဲ့ အိမ်ကွင်းပွဲတိုင်းကို အနိုင်ရရှိထားပြီး အံ့မခန်း ဂိုးသွင်းအားကို လည်းပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့် စပါးအတွက်မလွယ်ကူတဲ့ ပွဲတပွဲ ဖြစ်လာဖို့ ရှိနေပေမယ့်ဗာတွန်ဂန်ကတော့ အပြုံးမပျက်ပဲ – – – ” ကျွန်တော်တို့ဟာ အခုပွဲမှာကောင်းကောင်းစတင် ကစားနိုင်ခဲ့သလိုပေးဂိုးလည်း ခွင့််မပြုခဲ့ရပါဘူး။အခုဆိုကျွန်တော်တို့ရဲ့ ဂုဏ်သတင်းပြန့်မွှေးနေလိမ့်မယ်လို့ လည်း ထင်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

စပါး အသင်းရဲ့ အိမ်ကွင်းနိုင်ပွဲဟာပရိသတ်တွေ အတွက်တော့ စိတ်ခံစားချက်တွေရေပြွမ်းသွားစေခဲ့ပါတယ်။ဆွန်ဟောင်မင်ရဲ့ အံ့မခန်း ကန်ချက်ကောင်းကို မြင်တွေ့ခွင့် ရခဲ့လို့ အပျော်လွန်ခဲ့ရပေမယ့် အဓိက တိုက်စစ် ကစားသမား ဟယ်ရီကိန်း ရဲ့ ဒဏ်ရာပြသနာ ဟာစိတ်ပျက်စရာဖြစ်စေခဲ့တာဖြစ်ပါတယ်။

ကိန်းဟာ အခုနှစ်စပိုင်းမှာ လည် အဆိုပါ ဒဏ်ရာမျိုးကြံုတွေ့ခဲ့ပြီးရပွဲလောက် အနားယူခဲ့ရပါသေးတယ်။ကိန်း မပါဝင်နိုင်တဲ့ အဆိုပါအချိန်မှာ စပါးတို့ ၅ ပွဲအထိ အနိုငိကစားနိုင်ခဲ့ပြီး ဆွန်ကလည်း ၄ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ဗာတွန်ဂန်ကတော့ သူ့အသင်းဖော်တွေ အနေနဲ့ လာမယ့် ဒုတိယအကျော့မှာလည်းမြင့်မားတဲ့ ခြေစွမ်းမျိုးထပ်ပြသဖို့ပရီးမီးယားလိဂ်မှာလည်း တတိယနေရာမှာ ဆက်မြဲနေအောင် ကြိုးစားဖို့ တောင်းဆိုလိုက်ပါတယ်။

ဗာတွန်ဂန်က ဆက်လက်ပြီး – – – ” လူတိုင်းက ဆွန်နီ ကိုပဲ အာရုံစိုက်နေကြပါတယ်။ကျွန်တော်တို့ကတော့ ဟယ်ရီကိန်း ဒဏ်ရာကနေမြန်မြန်ပြန်လာနိုင်ဖို့ မျှော်လင့်ထားပါတယ်။အရင်ပွဲတွေ လို ခြေစွမ်းမြင့်တက် အောင် လုပ်နိုင်ဖို့ တော့ လိုပါတယ်။ကျွန်တော့်အထင်ပြောရရင် ကိန််းမရှိစဉ်တုနး်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတိုင်းကို ကျွန်တော်တို့ အနိုင်ကစားနိုင်ခဲ့ပါတယ်။ထပ်လုပ်နိုင်ဖို့ လည်း မျှော်လင့်နေပါတယ်” လို့ပြောခဲ့ပါတယ်။

ပထမအကျော့ပွဲမှာခြေစွမ်းပြခဲ့တဲ့ဆစ်ဆိုကို ကလည်း- – – ” သူတို့(မန်စီးတီး ) နဲ့ အခြား အသင်းတွေကစားထာတဲ့ ရုပ်သံဗီီယိုတွေကို နည်းပြကြီး က ကျွန်တော်တို့ကို ပြသခဲ့ပါတယ်။ဒါကြောင့် သူတို့ ဘယ်လို အချိန်မှာ ရုန်းကန်ရလေ့ရှိတယ်ဆိုတာကိုသိလို့ လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တာကြောင့် လည်း သူတို့ အခွင့်အရေးသိပ်မရခဲ့တာဖြစ်ပါတယ်။သူတို့ရဲ့ ပြီးခဲ့တဲ့ပွဲတွေကိုပြန်ကြည့်ရင် အခွင့်အရေး အချို့ကနေ ဂိုးခွင့်ပြုခဲ့ရတာကို တွေ့ထားခဲ့ ရလို့ကျွန်တော်တို့ အတွက် အလုပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။