xavi

ဘာစီလိုနာ ဂႏၳ၀င္​ ကစားသမားႀကီး ဇာ​ဗီ ဟာနန္​ဒက္​စ္​ က သူတာဝန္​ယူ ကိုင္​တြယ္​ဖို႔ စဥ္​းစား သြားမယ္​့ ပရီးမီးယားလိဂ္ ကလပ္​ ငါးခုကို ထုတ္​​ေဖာ္​ ​ေျပာဆို သြားခဲ့ပါတယ္​။ စပိန္​ လက္​​ေရြးစင္​ ကြင္​းလယ္​လူ​ေဟာင္​းဟာ မန္​​ေနဂ်ာ ဘဝ ပထမဦးဆံုး ​ေျခလွမ္​း အ​ေနနဲ႔ ကာတာ ကလပ္​ အယ္​ဆက္​ အသင္​းကို တာဝန္​ယူ ကိုင္​တြယ္​ ​ေနၿပီး အဆိုပါ ကလပ္​နဲ႔ လြန္​ခဲ့တဲ့ ​ေမလက ၂ ႏွစ္​စာခ်ဳပ္​ ခ်ဳပ္​ဆို ခဲ့တာ ျဖစ္​ပါတယ္​။

ဇာ​ဗီဟာ အယ္​ဆက္​ အသင္​းကို ​ေနာက္​ဆံုး ကစားခဲ့တဲ့ ၇ ပြဲမွာ ၆ ပြဲထိ ႏိုင္​ပြဲ ရ​ေအာင္​ လုပ္​​ေပး ထားကာ ျပည္​တြင္​းလိဂ္​ အမွတ္​​ေပးဇယားရဲ႕ အဆင္​့ ၃ ​ေနရာကို ပို႔​ေဆာင္​ ​ေပးထားခဲ့ၿပီး အဆိုပါ ပြဲ​ေတြထဲမွာ အယ္​႐ွဟာနီရာ အသင္​းကို ၇ ဂိုး ၁ ဂိုးနဲ႔ အႏုိင္​ယူ ခဲ့တဲ့ ပြဲလည္​း ပါဝင္​ ​ေနပါတယ္​ ။ ဒါ​ေပမယ္​့လည္​း ဇာ​ဗီဟာ သူ႔ရဲ႕ အနာဂတ္​ မန္​​ေနဂ်ာ ဘဝကို အဂၤလန္​ အမွတ္​​ေပး ၿပိဳင္​ပြဲမွာ ​ေလွ်ာက္​လွမ္​း သြားဖို႔ ပစ္​မွတ္​ ထား​ေနၿပီး လက္​႐ွိမွာ​ေတာ့ သူတာဝန္​ယူ ကိုင္​တြယ္​ သြားခ်င္​တဲ့ ပရီးမီးယားလိဂ္ အသင္​း ငါးသင္​းကို ခ်ျပ ခဲ့ပါတယ္​။

ဇာ​ဗီက “သိတဲ့ အတိုင္​းပဲ..အကယ္​၍ ကြၽန္​​ေတာ္​ ကိုင္​တြယ္​ ခ်င္​တဲ့ အသင္​းကို ​ေရြးခ်ယ္​ ရမယ္​ ဆိုရင္​ အသင္​းႀကီး ကိုပဲ ​ေရြးခ်ယ္​ သြားမွာပါ။ စီးတီး ဒါမွမဟုတ္​ ယူႏိုက္​တက္​ ၊ ခ်ဲလ္​ဆီး ၊ အာဆင္​နယ္​ ၊ ​ေတာ့တင္​ဟမ္​ တို႔ ျဖစ္​ပါတယ္​။ ၿပီး​ေတာ့ ယာဂန္​က​ေလာ့ ၊ ​ေမာ္​ရီစီယုိ ပိုခ်က္​တီႏို ၊ အူႏိုင္​းအမ္​မရီ နဲ႔ ပရီးမီးယားလိဂ္ ၿပိဳင္​ပြဲကုိ သြားတဲ့ သူ​ေတြဟာ သာမန္​ထက္​ ထူးကဲစြာ လုပ္​ျပ ​ေနပါတယ္​။” လို႔ ဆိုသြားပါတယ္​။

 

ဒါ့အျပင္​ ဇာ​ဗီဟာ သူ႔ရဲ႕ ဆရာ​ နဲ႔ ဘာစီလိုနာ နည္​းျပ​ေဟာင္​း ပက္​ဂြာဒီယုိလာ အ​ေနနဲ႔ လြန္​ခဲ့တဲ့ ၃ ႏွစ္​အတြင္​း ပရီးမီးယားလိဂ္ ဖလားကို စံခ်ိန္​တင္​ ရမွတ္​​ေတြနဲ႔ ဆြတ္​ခူး ထားခဲ့တာကိုလည္​း ​ေကာင္​း​ေကာင္​း ​ေတြ႔ခဲ့ ရပါတယ္​။ ဘာစီလိုနာ ကြင္​းလယ္​လူ​ေဟာင္​း က ပက္​ဂြာဒီယုိလာ ရဲ႕ အရည္​အ​ေသြး ကို ခ်ီးက်ဴး သြားခဲ့ၿပီး သူဟာ ပက္​ဂြာဒီယုိလာ ရဲ႕ ​ေဘာလံုး brand ကို အရမ္​းကို ႏွစ္​သက္​တယ္​လို႔ ဝန္​ခံ သြားပါတယ္​။

ဇာ​ဗီက “ပက္​ဂြာဒီယုိလာ ဟာ ကမာၻ့အ​ေကာင္​းဆံုး မန္​​ေနဂ်ာ ျဖစ္​ပါတယ္​။ ကြၽန္​​ေတာ္​ဟာ အ​ေတြ႔အၾကံဳ ႏုနယ္​​ေသးတဲ့ နည္​းျပပဲ ႐ွိပါ​ေသးတယ္​။ ႏႈိင္​းယွဥ္​မႈ ဆိုတာ ကစားသမား​ေတြ အ​ေနနဲ႔သာ ႐ွိပါတယ္​။ ဒါ​ေပမယ္​့ အခု ကြၽန္​​ေတာ္​တို႔ကို ႏိႈင္​းယွဥ္​လို႔ မရပါဘူး။ ကြၽန္​​ေတာ္​ဟာ ပက္​ဂြာဒီယုိလာ ကို အရမ္​း ႏွစ္​သက္​ပါတယ္​။

​ေဘာလံုး ပြဲ​ေတြကို ပံုစံ အမ်ိဳးမ်ိဳးနဲ႔ ႏိုင္​​ေအာင္​ ကစား ႏိုင္​ပါတယ္​။ ဒါ​ေပမယ္​့ ကြၽန္​​ေတာ္​ဟာ စီးတီးရဲ႕ ႏိုင္​ပံုကို ႀကိဳက္​ႏွစ္​သက္​ၿပီး ပက္​ဂြာဒီယုိလာ ကို​ေတာ့ အႀကိဳက္​ဆံုးပါ။ ကြၽန္​​ေတာ္​ ပရီးမီးယားလိဂ္ ကို အျမဲ ​ေစာင္​့ၾကည္​့ ျဖစ္​ၿပီး ကြၽန္​​ေတာ္​ အမ်ားျကီး ႏွစ္​သက္​ပါတယ္​။ သူဟာ ထူးခြၽန္​တယ္​ ၊ ​ေတာင္​းဆိုမႈ ျမင္​့မားတယ္​ ၊ ဆႏၵ ျပင္​းျပတယ္​ ၊ ​ေအာင္​ျမင္​မႈ​ေတြ ဆာ​ေလာင္​တယ္​။ ဒါ့​​ေၾကာင္​့လည္​း သူ အ​ေကာင္​းဆံုး လုပ္​​ေန ႏိုင္​တာပါ။ သူဟာ ဒီအရာ​ေတြကို ကစားသမား​ေတြဆီကို ကူးစက္​ ​ေစသူပါ။ ကြၽန္​​ေတာ္​ အမ်ားျကီး ​ေလ့လာသင္​ယူ ႏိုင္​ခဲ့ၿပီး သူ႔ရဲ႕ အသင္​းမွာ ကစားခဲ့တဲ့ ကြၽန္​​ေတာ္​့ရဲ႕ အခ်ိန္​​ေတြကို ႏွစ္​သက္​ပါတယ္​။”

SM

Unicode

\သူတာဝန်​ယူ ကိုင်​တွယ်​ချင်​တဲ့ ပရီးမီးယားလိဂ် အသင်​းငါးသင်​းကို ထုတ်​​ဖော်​ သွားခဲ့တဲ့ ဘာစီလိုနာ ဂန္ထဝင်​ ဇာ​ဗီ

ဘာစီလိုနာ ဂန္ထဝင်​ ကစားသမားကြီး ဇာ​ဗီ ဟာနန်​ဒက်​စ်​ က သူတာဝန်​ယူ ကိုင်​တွယ်​ဖို့ စဉ်​းစား သွားမယ်​့ ပရီးမီးယားလိဂ် ကလပ်​ ငါးခုကို ထုတ်​​ဖော်​ ​ပြောဆို သွားခဲ့ပါတယ်​။ စပိန်​ လက်​​ရွေးစင်​ ကွင်​းလယ်​လူ​ဟောင်​းဟာ မန်​​နေဂျာ ဘဝ ပထမဦးဆုံး ​ခြေလှမ်​း အ​နေနဲ့ ကာတာ ကလပ်​ အယ်​ဆက်​ အသင်​းကို တာဝန်​ယူ ကိုင်​တွယ်​ ​နေပြီး အဆိုပါ ကလပ်​နဲ့ လွန်​ခဲ့တဲ့ ​မေလက ၂ နှစ်​စာချုပ်​ ချုပ်​ဆို ခဲ့တာ ဖြစ်​ပါတယ်​။

ဇာ​ဗီဟာ အယ်​ဆက်​ အသင်​းကို ​နောက်​ဆုံး ကစားခဲ့တဲ့ ရ ပွဲမှာ ၆ ပွဲထိ နိုင်​ပွဲ ရ​အောင်​ လုပ်​​ပေး ထားကာ ပြည်​တွင်​းလိဂ်​ အမှတ်​​ပေးဇယားရဲ့ အဆင်​့ ၃ ​နေရာကို ပို့​ဆောင်​ ​ပေးထားခဲ့ပြီး အဆိုပါ ပွဲ​တွေထဲမှာ အယ်​ရှဟာနီရာ အသင်​းကို ရ ဂိုး ၁ ဂိုးနဲ့ အနိုင်​ယူ ခဲ့တဲ့ ပွဲလည်​း ပါဝင်​ ​နေပါတယ်​ ။ ဒါ​ပေမယ်​့လည်​း ဇာ​ဗီဟာ သူ့ရဲ့ အနာဂတ်​ မန်​​နေဂျာ ဘဝကို အင်္ဂလန်​ အမှတ်​​ပေး ပြိုင်​ပွဲမှာ ​လျှောက်​လှမ်​း သွားဖို့ ပစ်​မှတ်​ ထား​နေပြီး လက်​ရှိမှာ​တော့ သူတာဝန်​ယူ ကိုင်​တွယ်​ သွားချင်​တဲ့ ပရီးမီးယားလိဂ် အသင်​း ငါးသင်​းကို ချပြ ခဲ့ပါတယ်​။

ဇာ​ဗီက “သိတဲ့ အတိုင်​းပဲ..အကယ်​၍ ကျွန်​​တော်​ ကိုင်​တွယ်​ ချင်​တဲ့ အသင်​းကို ​ရွေးချယ်​ ရမယ်​ ဆိုရင်​ အသင်​းကြီး ကိုပဲ ​ရွေးချယ်​ သွားမှာပါ။ စီးတီး ဒါမှမဟုတ်​ ယူနိုက်​တက်​ ၊ ချဲလ်​ဆီး ၊ အာဆင်​နယ်​ ၊ ​တော့တင်​ဟမ်​ တို့ ဖြစ်​ပါတယ်​။ ပြီး​တော့ ယာဂန်​က​လော့ ၊ ​မော်​ရီစီယို ပိုချက်​တီနို ၊ အူနိုင်​းအမ်​မရီ နဲ့ ပရီးမီးယားလိဂ် ပြိုင်​ပွဲကို သွားတဲ့ သူ​တွေဟာ သာမန်​ထက်​ ထူးကဲစွာ လုပ်​ပြ ​နေပါတယ်​။” လို့ ဆိုသွားပါတယ်​။

ဒါ့အပြင်​ ဇာ​ဗီဟာ သူ့ရဲ့ ဆရာ​ နဲ့ ဘာစီလိုနာ နည်​းပြ​ဟောင်​း ပက်​ဂွာဒီယိုလာ အ​နေနဲ့ လွန်​ခဲ့တဲ့ ၃ နှစ်​အတွင်​း ပရီးမီးယားလိဂ် ဖလားကို စံချိန်​တင်​ ရမှတ်​​တွေနဲ့ ဆွတ်​ခူး ထားခဲ့တာကိုလည်​း ​ကောင်​း​ကောင်​း ​တွေ့ခဲ့ ရပါတယ်​။ ဘာစီလိုနာ ကွင်​းလယ်​လူ​ဟောင်​း က ပက်​ဂွာဒီယိုလာ ရဲ့ အရည်​အ​သွေး ကို ချီးကျူး သွားခဲ့ပြီး သူဟာ ပက်​ဂွာဒီယိုလာ ရဲ့ ​ဘောလုံး brand ကို အရမ်​းကို နှစ်​သက်​တယ်​လို့ ဝန်​ခံ သွားပါတယ်​။

ဇာ​ဗီက “ပက်​ဂွာဒီယိုလာ ဟာ ကမ္ဘာ့အ​ကောင်​းဆုံး မန်​​နေဂျာ ဖြစ်​ပါတယ်​။ ကျွန်​​တော်​ဟာ အ​တွေ့အကြုံ နုနယ်​​သေးတဲ့ နည်​းပြပဲ ရှိပါ​သေးတယ်​။ နှိုင်​းယှဉ်​မှု ဆိုတာ ကစားသမား​တွေ အ​နေနဲ့သာ ရှိပါတယ်​။ ဒါ​ပေမယ်​့ အခု ကျွန်​​တော်​တို့ကို နှိုင်​းယှဉ်​လို့ မရပါဘူး။ ကျွန်​​တော်​ဟာ ပက်​ဂွာဒီယိုလာ ကို အရမ်​း နှစ်​သက်​ပါတယ်​။

​ဘောလုံး ပွဲ​တွေကို ပုံစံ အမျိုးမျိုးနဲ့ နိုင်​​အောင်​ ကစား နိုင်​ပါတယ်​။ ဒါ​ပေမယ်​့ ကျွန်​​တော်​ဟာ စီးတီးရဲ့ နိုင်​ပုံကို ကြိုက်​နှစ်​သက်​ပြီး ပက်​ဂွာဒီယိုလာ ကို​တော့ အကြိုက်​ဆုံးပါ။ ကျွန်​​တော်​ ပရီးမီးယားလိဂ် ကို အမြဲ ​စောင်​့ကြည်​့ ဖြစ်​ပြီး ကျွန်​​တော်​ အများကြီး နှစ်​သက်​ပါတယ်​။ သူဟာ ထူးချွန်​တယ်​ ၊ ​တောင်​းဆိုမှု မြင်​့မားတယ်​ ၊ ဆန္ဒ ပြင်​းပြတယ်​ ၊ ​အောင်​မြင်​မှု​တွေ ဆာ​လောင်​တယ်​။ ဒါ့​​ကြောင်​့လည်​း သူ အ​ကောင်​းဆုံး လုပ်​​နေ နိုင်​တာပါ။ သူဟာ ဒီအရာ​တွေကို ကစားသမား​တွေဆီကို ကူးစက်​ ​စေသူပါ။ ကျွန်​​တော်​ အများကြီး ​လေ့လာသင်​ယူ နိုင်​ခဲ့ပြီး သူ့ရဲ့ အသင်​းမှာ ကစားခဲ့တဲ့ ကျွန်​​တော်​့ရဲ့ အချိန်​​တွေကို နှစ်​သက်​ပါတယ်​။”

SM