မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ အမွဳေဆာင္ခ်ဳပ္ ျဖစ္သူ အဒ္ဝုဝဒ္ က သံုးလ တစ္ၾကိမ္ ျပဳလုပ္ က်င္းပ ေလ့ ရွိတဲ့ အသင္း ရဲ့ ရင္းႏွီး ျမွဳပ္နွံသူ ေတြနဲ့ ျပဳလုပ္ ခဲ့တဲ့ ေတြ့ဆံု ပြဲမွာ အသင္းဟာ ေနာက္ဆံုး ဘ႑ာေရး ခုႏွစ္မွာ စံခ်ိန္တင္ ဝင္ေငြ တစ္ခု ျဖစ္တဲ့ ေပါင္ 627.1 အထိ ရရွိ ထားခဲ့ ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

အဆုိပါ ေတြ့ဆံု ပြဲ မွာေတာ့ အဒ္ဝုဝဒ္ က ယူနုိက္တက္ အသင္း ဟာ ဆု ဖလား ေအာင္ျမင္ မွဳေတြ ကို ျပန္လည္ ရရွိ နုိင္ဖုိ႔ အတြက္ ရည္မွန္းခ်က္ ထား ဦးတည္ ၾကိဳးစား ေနေၾကာင္း ၊ အသင္း ရဲ့ လူငယ္ ကစားသမား စုဖြဲ႔မွဳ ေတာင့္တင္း လာဖုိ႔ အတြက္ အကယ္ဒမီ ကိုလည္း တုိးတက္ ေစဖုိ႔ လုပ္ေဆာင္ ေနေၾကာင္း ဆက္လက္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ole-gunnar-solskjaer-aaron-wan-bissaka

” က်ြန္ေတာ္ တုိ့ ေတြဟာ အသင္း ကို ျပန္လည္ တည္ေဆာက္ ဖုိ့ ဆုိတဲ့ က်ြန္ေတာ္ တုိ့ရဲ့ ရည္မွန္းခ်က္ ကို ဆက္လက္ အေကာင္အထည္ ေဖာ္နိုင္ ဖုိ႔ ၾကိဳးစား အားထုတ္ ေနၾက ပါတယ္ ။ အဲ့ဒီ အတြက္ အသင္း နဲ့ မန္ေနဂ်ာ ရဲ့ ဒသန ေတြ အေပၚ အေျခ ခံျပီး ဆက္လက္ ၾကိဳးစား သြားၾက မွာပါ ”

” က်ြန္ေတာ္ တုိ့ဟာ မၾကာေသးခင္ က ကစားသမား ေကာင္း သံုးဦး ကို ေခၚယူ ထားခဲ့ ၾက ပါတယ္ ။ ဒါ့အျပင္ အသင္း အတြက္ အေရး ပါတဲ့ အဓိက ကစားသမား အခ်ိဳ့ ကို ဆက္လက္ ထိန္းသိမ္း ထားခဲ့ ၾကျပီး အကယ္ဒမီ မွ ပါရမီ ေကာင္းတဲ့ ကစား သမား ေတြကို လည္း အလ်င္း သင့္ သလို ေနရာ ေပးခဲ့ ၾက ပါတယ္ ”

EDwoodward

” မန္ခ်က္စတာ ယူနုိက္တက္ အသင္း ရဲ့ နံပါတ္ တစ္ ဦးစား ေပးထား တဲ့ ရည္မွန္းခ်က္ က ေအာင္ျမင္ မွဳေတြ ရယူ ဆြတ္ခူး နုိင္ဖုိ႔ ပါ ။ အဲ့တာ ကို အသင္း မွာ ရွိတဲ့ သူတုိင္း က သိရွိ နားလည္ ထားၾကျပီး ၾကိဳးစား ေနၾက ပါတယ္ ။ က်ြန္ေတာ္ တုိ့နဲ့ ကမ႓ာ့ အႏွံ႔ တုိးတက္ မ်ားျပား လာတဲ့ ပရိသတ္ ေတြက ယူနုိက္တက္ ေအာင္ျမင္ တာကို ျမင္ေတြ့ လိုခ်င္ ၾကတယ္ ေလ ”

” ေအာင္ျမင္မွဳ ဆုိတာ ဆု ဖလား ေတြ ဆြတ္ခူး ဖုိ့ ေျပာတာပါ ။ အဲ့ဒီလို ပစ္မွတ္ နဲ့ အဆင့္အတန္း တစ္ခု က မန္ခ်က္စတာ ယူနုိက္တက္ အသင္း မွာ အျမဲတမ္း ရွိေန မွာပါ ။ စီးပြားေရး ပိုင္းနဲ့ ပတ္သက္ တဲ့ အရာ ေတြ ၊ ရင္းႏွီး ျမဳွပ္ႏွံ မွဳ ေတြကို ရစ္ခ်က္ က ဆက္လက္ ျပီး ရွင္းျပ ပါ လိမ့္မယ္ ”

” က်ြန္ေတာ္ တုိ့ရဲ့ အကယ္ဒမီ ျမွင့္တင္ေရး ၊ ကစားသမား သစ္ေတြ ေခၚယူ ေရးနဲ့ ေလ့က်င့္ေရး စနစ္ ေတြ ပိုမို တုိးတက္ ေကာင္းမြန္ လာေရး ေတြက ရင္းႏွီး ျမွဳပ္ႏွံ မွဳ ေတြက တစ္ဆင့္ လာတာ ပါ ။ ဒါေတြ က ေနာက္ကြယ္ မွာ ျဖစ္ ေနတဲ့ အေၾကာင္း အရာ ေတြ ျဖစ္တာ ေၾကာင့္ အေပၚယံ ၾကည့္ ေနရံု နဲ့ေတာ့ သိရွိ နုိင္မွာ မဟုတ္ ပါဘူး ”

” မတ္လ တုန္းက အိုလီ ၊ သူရဲ့ နည္းျပ အဖြဲ့ဝင္ ေတြနဲ့ က်ြန္ေတာ္ တုိ႔ ျပဳလုပ္ ထားခဲ့ ၾကတဲ့ ရင္းႏွီး ျမွဳပ္ႏွံ မွဳ ေတြက ေအာင္ျမင္ မွဳ ဆီကို သြားေရာက္ နိုင္မယ့္ အေျခခံ အုတ္ျမစ္ ေတြ ပါပဲ ။ အဲ့ဒီလို ရင္းႏွီး ျမွဳပ္ႏွံ မွဳေတြ က ရလဒ္ တစ္ခု ကို ထြက္ေပၚ ေစနုိင္ လိမ့္မယ္ လုိ့ က်ြန္ေတာ္ တုိ့ ယံုၾကည္ ၾက ပါတယ္ ”

Ole-Gunnar-Solskjaer-Manchester-United-F365

” ဒါ့ေၾကာင့္ အိုလီ နဲ့ သူ့ရဲ့ အဖြဲ့သား ေတြ ေရရွည္ စီမံကိန္း တစ္ခု ကို ဆြဲဖို႔ လုပ္ေဆာင္ ေန ၾကတဲ့ အခ်ိန္ က်ြန္ေတာ္ တုိ့ စိတ္ရွည္ ၾကဖို႔ ဆုိတာ အရမ္း ကို အေရး ၾကီးလွ ပါတယ္ ။ က်ြန္ေတာ္ တို့ ကေတာ့ ေခတၱ အေႏွာက္ အယွက္ ေတြကို ေမ့ေပ်ာက္ ျပီး ေရရွည္ ပိုေကာင္း နုိင္ဖုိ႔ အတြက္ ကိုပဲ အာရံုစိုက္ လုပ္ေဆာင္ သြားၾက မွာပါ ” လို႔ အဒ္ဝုဝဒ္ က ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

စံချိန်တင် ဘဏ္ဍာငွေတွေ ရရှိ ခဲ့တဲ့နောက် လက်ရှိ အသင်း အတွက် ဘာတွေ လုပ်ဆောင် နေပြီလဲ ၊ ဘာတွေ ရည်မှန်းထားသလဲ ဆိုတာ ဖွင့်ဟလိုက်တဲ့ ယူနိုက်တက် အမှုဆောင်ချုပ် #အဒ်ဝုဝဒ်

====================

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ အမှုဆောင်ချုပ် ဖြစ်သူ အဒ်ဝုဝဒ် က သုံးလ တစ်ကြိမ် ပြုလုပ် ကျင်းပ လေ့ ရှိတဲ့ အသင်း ရဲ့ ရင်းနှီး မြှုပ်နှံသူ တွေနဲ့ ပြုလုပ် ခဲ့တဲ့ တွေ့ဆုံ ပွဲမှာ အသင်းဟာ နောက်ဆုံး ဘဏ္ဍာရေး ခုနှစ်မှာ စံချိန်တင် ဝင်ငွေ တစ်ခု ဖြစ်တဲ့ ပေါင် 627.1 အထိ ရရှိ ထားခဲ့ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ တွေ့ဆုံ ပွဲ မှာတော့ အဒ်ဝုဝဒ် က ယူနိုက်တက် အသင်း ဟာ ဆု ဖလား အောင်မြင် မှုတွေ ကို ပြန်လည် ရရှိ နိုင်ဖို့ အတွက် ရည်မှန်းချက် ထား ဦးတည် ကြိုးစား နေကြောင်း ၊ အသင်း ရဲ့ လူငယ် ကစားသမား စုဖွဲ့မှု တောင့်တင်း လာဖို့ အတွက် အကယ်ဒမီ ကိုလည်း တိုးတက် စေဖို့ လုပ်ဆောင် နေကြောင်း ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် တို့ တွေဟာ အသင်း ကို ပြန်လည် တည်ဆောက် ဖို့ ဆိုတဲ့ ကျွန်တော် တို့ရဲ့ ရည်မှန်းချက် ကို ဆက်လက် အကောင်အထည် ဖော်နိုင် ဖို့ ကြိုးစား အားထုတ် နေကြ ပါတယ် ။ အဲ့ဒီ အတွက် အသင်း နဲ့ မန်နေဂျာ ရဲ့ ဒသန တွေ အပေါ် အခြေ ခံပြီး ဆက်လက် ကြိုးစား သွားကြ မှာပါ ”

” ကျွန်တော် တို့ဟာ မကြာသေးခင် က ကစားသမား ကောင်း သုံးဦး ကို ခေါ်ယူ ထားခဲ့ ကြ ပါတယ် ။ ဒါ့အပြင် အသင်း အတွက် အရေး ပါတဲ့ အဓိက ကစားသမား အချို့ ကို ဆက်လက် ထိန်းသိမ်း ထားခဲ့ ကြပြီး အကယ်ဒမီ မှ ပါရမီ ကောင်းတဲ့ ကစား သမား တွေကို လည်း အလျင်း သင့် သလို နေရာ ပေးခဲ့ ကြ ပါတယ် ”

” မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နံပါတ် တစ် ဦးစား ပေးထား တဲ့ ရည်မှန်းချက် က အောင်မြင် မှုတွေ ရယူ ဆွတ်ခူး နိုင်ဖို့ ပါ ။ အဲ့တာ ကို အသင်း မှာ ရှိတဲ့ သူတိုင်း က သိရှိ နားလည် ထားကြပြီး ကြိုးစား နေကြ ပါတယ် ။ ကျွန်တော် တို့နဲ့ ကမ႓ာ့ အနှံ့ တိုးတက် များပြား လာတဲ့ ပရိသတ် တွေက ယူနိုက်တက် အောင်မြင် တာကို မြင်တွေ့ လိုချင် ကြတယ် လေ ”

” အောင်မြင်မှု ဆိုတာ ဆု ဖလား တွေ ဆွတ်ခူး ဖို့ ပြောတာပါ ။ အဲ့ဒီလို ပစ်မှတ် နဲ့ အဆင့်အတန်း တစ်ခု က မန်ချက်စတာ ယူနိုက်တက် အသင်း မှာ အမြဲတမ်း ရှိနေ မှာပါ ။ စီးပွားရေး ပိုင်းနဲ့ ပတ်သက် တဲ့ အရာ တွေ ၊ ရင်းနှီး မြုှပ်နှံ မှု တွေကို ရစ်ချက် က ဆက်လက် ပြီး ရှင်းပြ ပါ လိမ့်မယ် ”

” ကျွန်တော် တို့ရဲ့ အကယ်ဒမီ မြှင့်တင်ရေး ၊ ကစားသမား သစ်တွေ ခေါ်ယူ ရေးနဲ့ လေ့ကျင့်ရေး စနစ် တွေ ပိုမို တိုးတက် ကောင်းမွန် လာရေး တွေက ရင်းနှီး မြှုပ်နှံ မှု တွေက တစ်ဆင့် လာတာ ပါ ။ ဒါတွေ က နောက်ကွယ် မှာ ဖြစ် နေတဲ့ အကြောင်း အရာ တွေ ဖြစ်တာ ကြောင့် အပေါ်ယံ ကြည့် နေရုံ နဲ့တော့ သိရှိ နိုင်မှာ မဟုတ် ပါဘူး ”

” မတ်လ တုန်းက အိုလီ ၊ သူရဲ့ နည်းပြ အဖွဲ့ဝင် တွေနဲ့ ကျွန်တော် တို့ ပြုလုပ် ထားခဲ့ ကြတဲ့ ရင်းနှီး မြှုပ်နှံ မှု တွေက အောင်မြင် မှု ဆီကို သွားရောက် နိုင်မယ့် အခြေခံ အုတ်မြစ် တွေ ပါပဲ ။ အဲ့ဒီလို ရင်းနှီး မြှုပ်နှံ မှုတွေ က ရလဒ် တစ်ခု ကို ထွက်ပေါ် စေနိုင် လိမ့်မယ် လို့ ကျွန်တော် တို့ ယုံကြည် ကြ ပါတယ် ”

” ဒါ့ကြောင့် အိုလီ နဲ့ သူ့ရဲ့ အဖွဲ့သား တွေ ရေရှည် စီမံကိန်း တစ်ခု ကို ဆွဲဖို့ လုပ်ဆောင် နေ ကြတဲ့ အချိန် ကျွန်တော် တို့ စိတ်ရှည် ကြဖို့ ဆိုတာ အရမ်း ကို အရေး ကြီးလှ ပါတယ် ။ ကျွန်တော် တို့ ကတော့ ခေတ္တ အနှောက် အယှက် တွေကို မေ့ပျောက် ပြီး ရေရှည် ပိုကောင်း နိုင်ဖို့ အတွက် ကိုပဲ အာရုံစိုက် လုပ်ဆောင် သွားကြ မှာပါ ” လို့ အဒ်ဝုဝဒ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar