LIverpool

ဥေရာပ ေဘာလံုး အဖြဲ႕ခ်ဳပ္ ( UEFA ) ဟာ ယမန္ေန႔ က သတင္းစာ ရွင္းလင္း ပြဲ တစ္ခု ကို ျပဳလုပ္ ခဲ့ၿပီး အေရးပါ တဲ့ ေၾကျငာ ခ်က္ေတြကို ထုတ္ျပန္ သြားခဲ့ ပါတယ္ ။ ဒီအထဲ မွာ အေရး အပါ ဆံုး နဲ႔ ပရိသတ္ စိတ္၀င္စား မႈ အရွိဆံုး ကေတာ့ တတိယ ေျမာက္ ဥေရာပ ကလပ္ ၿပဳိင္ပဲြ အေၾကာင္းပဲ ျဖစ္ ခဲ့ ပါတယ္ ။ ခ်န္ပီယံ လိဂ္ နဲ႔ ယူရိုပါ လိဂ္ တို႔ ဟာ လက္ရွိ UEFA ရဲ႕ ႀကီးမွဴးမႈ ေအာက္မွာ က်င္းပ ေနတဲ့ ကလပ္ အဆင့္ ၿပဳိင္ပြဲ ေတြ ပဲ ျဖစ္ ပါတယ္ ။

အဆိုပါ ၿပဳိင္ပြဲ ၂ ခု အျပင္ တတိယ ေျမာက္ ဥေရာပ ကလပ္ ၿပဳိင္ပြဲ ျဖစ္တဲ့ UEFA Europa Conference League ကို လာမယ့္ ၂၀၂၁ ခုႏွစ္ ေဘာလံုး ရာသီ က ေန စတင္ ယွဥ္ၿပဳိင္ ကစား သြားမွာ ျဖစ္တဲ့ အေၾကာင္း UEFA က အတည္ျပဳ ထုတ္ျပန္သြား ခဲ့ ပါတယ္ ။

အျခား ထုတ္ျပန္ ေၾကျငာခ်က္ ေတြ မွာ ေတာ့ VAR စနစ္ ကို ယခုႏွစ္ ယူရိုပါ လိဂ္ ရွဳံးထြက္ အဆင့္ေတြ က ေန စတင္ၿပီး အသံုးျပဳ မယ့္ အေၾကာင္း ၊ အမ်ဳိး သမီး ကမၻာ့ ဖလား ၿပဳိင္ပြဲ ေတြ မွာ ဂုိးလုိင္း နည္းပညာ ကို အသံုးျပဳ ေတာ့မယ့္ အေၾကာင္းေတြ လည္း ပါ၀င္ လာခဲ့ ပါတယ္ ။

လူငယ္ၿပဳိင္ပြဲေတြ ျဖစ္တဲ့ ၂၀၂၁ နဲ႔ ၂၀၂၂ ဥေရာပ ယူ-၁၉ ၿပဳိင္ပြဲေတြ ကို ရိုေမးနီးယား နဲ႔ စလိုဗက္ကီးယား ႏုိင္ငံ ေတြ မွာ ျပဳလုပ္ က်င္းပသြား မွာျဖစ္ၿပီး ၂၀၂၁ ယူ-၁၇ ၿပဳိင္ပြဲ ကို ဆုိက္ပရပ္စ္ ၊ ၂၀၂၂ ယူ-၁၇ ၿပဳိင္ပြဲ ကို အစၥေရး ႏုိင္ငံ တု႔ိက အိမ္ရွင္ ေတြ အျဖစ္ လက္ခံ က်င္းပ သြားမယ့္ အေၾကာင္း တို႔ လည္း ေၾကျငာခ်က္ ထဲမွာ ပါ၀င္ ခဲ့ၾက ပါတယ္ ။

ဒါ့အျပင္ UEFA ဟာ ေနာင္ လာမယ့္ ၃ ႏွစ္ အတြက္ ခ်န္ပီယံ လိဂ္ ဗိုလ္လုပြဲ ေတြ ကို လက္ခံ က်င္းပ မယ့္ ကြင္း ေတြကို လည္း ေရြးခ်ယ္ ေပးသြား ခဲ့ ပါတယ္ ။ ၂၀၂၁ ခုႏွစ္ ခ်န္ပီယံ လိဂ္ ၿပဳိင္ပြဲ ရဲ႕ ေနာက္ဆံုး ဗိုလ္လုပြဲ ကို ရုရွ ႏုိင္ငံ စိန္႔ ပီတာ စဘတ္ အားကစား ကြင္းႀကီး ထဲ မွာ ယွဥ္ၿပဳိင္ ကစား သြားမယ္ လို႔ သိရ ပါတယ္ ။

၂၀၂၂ ခုႏွစ္ ရဲ႕ ခ်န္ပီယံ လိဂ္ ဗိုလ္လုပြဲ ကို ေတာ့ ဂ်ာမဏီ ႏုိင္ငံ ျမဴးနစ္ ၿမဳိ႕ အားကစားကြင္း ႀကီး ထဲ မွာ က်င္းပ ကစား သြားမွာ ျဖစ္ၿပီး ၂၀၂၃ ခုႏွစ္ ခ်န္ပီယံ လိဂ္ ဗိုလ္လုပြဲ ကိုေတာ့ အဂၤလန္ ႏုိင္ငံ ၀င္ဘာေလ ကြင္းႀကီး ထဲ မွာ ယွဥ္ၿပဳိင္ ကစား သြားမွာ ျဖစ္တယ္ လု႔ိ ထုတ္ျပန္ ေၾကျငာ သြားခဲ့ ပါတယ္ ။

wembley stadium

ယခု ႏွစ္ ခ်န္ပီယံ လိဂ္ ရဲ႕ ဗိုလ္လုပဲြ ကိုေတာ့ တူရကီ ႏုိင္ငံ အစၥတန္ဘူ ၿမဳိ႕မွာ ရွိတဲ့ အားကစား ကြင္းႀကီး ထဲ မွာ က်င္းပ သြားမွာ ျဖစ္တယ္ လို႔ ေၾကျငာ ထားခဲ့ၿပီး ျဖစ္ ပါတယ္ ။ ဒါ့အျပင္ UEFA ဟာ ၂၀၂၁ ခုႏွစ္ ယူရိုပါ လိဂ္ ဖိ္ုင္နယ္ကို ဆီဗီးလား အသင္း ရဲ႕ ေရမြန္ဆန္းခ်က္ ကြင္းႀကီးထဲ မွာ ယွဥ္ၿပဳိင္ ကစားသြား မွာ ျဖစ္ၿပီး ၂၀၂၁ ဥေရာပ စူပါဖလား ပြဲ ကိုေတာ့ ေျမာက္အုိင္ယာလန္ ႏုိင္ငံ ရဲ႕ ေနရွင္နယ္ အားကစား ကြင္းႀကီး ထဲမွာ ယွဥ္ၿပဳိင္ ကစား သြားမယ့္ အေၾကာင္း ကိုလည္း ထုတ္ျပန္ ေၾကျငာ သြားခဲ့ ပါတယ္ ။

SPORTS MYANMAR

Unicode

ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် တို့ အပြီး တတိယမြောက် ဥရောပ ကလပ်ပြိုင်ပွဲသစ် ကို မိတ်ဆက်သွားခဲ့တဲ့ UEFA

==================================================

ဥရောပ ဘောလုံး အဖွဲ့ချုပ် ( UEFA ) ဟာ ယမန်နေ့ က သတင်းစာ ရှင်းလင်း ပွဲ တစ်ခု ကို ပြုလုပ် ခဲ့ပြီး အရေးပါ တဲ့ ကြေငြာ ချက်တွေကို ထုတ်ပြန် သွားခဲ့ ပါတယ် ။ ဒီအထဲ မှာ အရေး အပါ ဆုံး နဲ့ ပရိသတ် စိတ်ဝင်စား မှု အရှိဆုံး ကတော့ တတိယ မြောက် ဥရောပ ကလပ် ပြိုင်ပွဲ အကြောင်းပဲ ဖြစ် ခဲ့ ပါတယ် ။ ချန်ပီယံ လိဂ် နဲ့ ယူရိုပါ လိဂ် တို့ ဟာ လက်ရှိ UEFA ရဲ့ ကြီးမှူးမှု အောက်မှာ ကျင်းပ နေတဲ့ ကလပ် အဆင့် ပြိုင်ပွဲ တွေ ပဲ ဖြစ် ပါတယ် ။

အဆိုပါ ပြိုင်ပွဲ ၂ ခု အပြင် တတိယ မြောက် ဥရောပ ကလပ် ပြိုင်ပွဲ ဖြစ်တဲ့ UEFA Europa Conference League ကို လာမယ့် ၂၀၂၁ ခုနှစ် ဘောလုံး ရာသီ က နေ စတင် ယှဉ်ပြိုင် ကစား သွားမှာ ဖြစ်တဲ့ အကြောင်း UEFA က အတည်ပြု ထုတ်ပြန်သွား ခဲ့ ပါတယ် ။

အခြား ထုတ်ပြန် ကြေငြာချက် တွေ မှာ တော့ VAR စနစ် ကို ယခုနှစ် ယူရိုပါ လိဂ် ရှုံးထွက် အဆင့်တွေ က နေ စတင်ပြီး အသုံးပြု မယ့် အကြောင်း ၊ အမျိုး သမီး ကမ္ဘာ့ ဖလား ပြိုင်ပွဲ တွေ မှာ ဂိုးလိုင်း နည်းပညာ ကို အသုံးပြု တော့မယ့် အကြောင်းတွေ လည်း ပါ၀င် လာခဲ့ ပါတယ် ။

လူငယ်ပြိုင်ပွဲတွေ ဖြစ်တဲ့ ၂၀၂၁ နဲ့ ၂၀၂၂ ဥရောပ ယူ-၁၉ ပြိုင်ပွဲတွေ ကို ရိုမေးနီးယား နဲ့ စလိုဗက်ကီးယား နိုင်ငံ တွေ မှာ ပြုလုပ် ကျင်းပသွား မှာဖြစ်ပြီး ၂၀၂၁ ယူ-၁၇ ပြိုင်ပွဲ ကို ဆိုက်ပရပ်စ် ၊ ၂၀၂၂ ယူ-၁၇ ပြိုင်ပွဲ ကို အစ္စရေး နိုင်ငံ တို့က အိမ်ရှင် တွေ အဖြစ် လက်ခံ ကျင်းပ သွားမယ့် အကြောင်း တို့ လည်း ကြေငြာချက် ထဲမှာ ပါ၀င် ခဲ့ကြ ပါတယ် ။

ဒါ့အပြင် UEFA ဟာ နောင် လာမယ့် ၃ နှစ် အတွက် ချန်ပီယံ လိဂ် ဗိုလ်လုပွဲ တွေ ကို လက်ခံ ကျင်းပ မယ့် ကွင်း တွေကို လည်း ရွေးချယ် ပေးသွား ခဲ့ ပါတယ် ။ ၂၀၂၁ ခုနှစ် ချန်ပီယံ လိဂ် ပြိုင်ပွဲ ရဲ့ နောက်ဆုံး ဗိုလ်လုပွဲ ကို ရုရှ နိုင်ငံ စိန့် ပီတာ စဘတ် အားကစား ကွင်းကြီး ထဲ မှာ ယှဉ်ပြိုင် ကစား သွားမယ် လို့ သိရ ပါတယ် ။

၂၀၂၂ ခုနှစ် ရဲ့ ချန်ပီယံ လိဂ် ဗိုလ်လုပွဲ ကို တော့ ဂျာမဏီ နိုင်ငံ မြူးနစ် မြို့ အားကစားကွင်း ကြီး ထဲ မှာ ကျင်းပ ကစား သွားမှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ် ချန်ပီယံ လိဂ် ဗိုလ်လုပွဲ ကိုတော့ အင်္ဂလန် နိုင်ငံ ၀င်ဘာလေ ကွင်းကြီး ထဲ မှာ ယှဉ်ပြိုင် ကစား သွားမှာ ဖြစ်တယ် လို့ ထုတ်ပြန် ကြေငြာ သွားခဲ့ ပါတယ် ။

ယခု နှစ် ချန်ပီယံ လိဂ် ရဲ့ ဗိုလ်လုပွဲ ကိုတော့ တူရကီ နိုင်ငံ အစ္စတန်ဘူ မြို့မှာ ရှိတဲ့ အားကစား ကွင်းကြီး ထဲ မှာ ကျင်းပ သွားမှာ ဖြစ်တယ် လို့ ကြေငြာ ထားခဲ့ပြီး ဖြစ် ပါတယ် ။ ဒါ့အပြင် UEFA ဟာ ၂၀၂၁ ခုနှစ် ယူရိုပါ လိဂ် ဖိ်ုင်နယ်ကို ဆီဗီးလား အသင်း ရဲ့ ရေမွန်ဆန်းချက် ကွင်းကြီးထဲ မှာ ယှဉ်ပြိုင် ကစားသွား မှာ ဖြစ်ပြီး ၂၀၂၁ ဥရောပ စူပါဖလား ပွဲ ကိုတော့ မြောက်အိုင်ယာလန် နိုင်ငံ ရဲ့ နေရှင်နယ် အားကစား ကွင်းကြီး ထဲမှာ ယှဉ်ပြိုင် ကစား သွားမယ့် အကြောင်း ကိုလည်း ထုတ်ပြန် ကြေငြာ သွားခဲ့ ပါတယ် ။

SPORTS MYANMAR