ယေန႔ နံနက္ အေစာပိုင္းမွာ ကစားသြားခဲ႔တဲ႔ ကရာေဘာင္ဖလား ပြဲစဥ္မွာ လက္ရွိခ်န္ပီယံ မန္စီးတီး အသင္းက ပရက္စ္တန္ အသင္းကို ၃-၀ ဂိုးနဲ႔ အႏိုင္ယူျပီး ေနာက္တဆင့္ကို တက္လွမ္းသြားႏိုင္ခဲ႔ပါတယ္။မန္စီးတီး နည္းျပ ဂြာဒီယုိလာဟာ အခုပြဲမွာ ကစားသမားေကာင္း အခ်ိဳ႔ နဲ႕ လူငယ္ေတြကို ပြဲထုတ္လာခဲ႔ျပီး ပထမပိုင္းမွာပဲ ၃ဂိုးျပတ္အႏိုင္ရေနခဲ႔တာ ျဖစ္ပါတယ္။

ဂိုးေတြကိုေတာ့ ပြဲခ်ိန္ ၁၉မိနစ္မွာ စတာလင္၊ ၃၅မိနစ္မွာ ေဂ်းဆု နဲ႔ ၄၂မိနစ္မွာလက္ဒ္ဆန္ ( OG ) တို႔ကသြင္းယူေပးခဲ႔ျကတာျဖစ္ပါတယ္။မန္စီးတီးအသင္းဟာပရီးမီးယားလိဂ္မွာတန္းတက္ ေနာ့ဝွစ္ခ်္ ကို မထင္မွတ္ပဲ အေရးနိမ့္ခဲ႔အျပီး ျပိဳင္ပြဲစံုမွာ ၃ပြဲကစား၃ပြဲလံုးအႏိုင္ယူထားျပီးသြင္းဂိုး ၁၄ဂိုးနဲ႔ ေပးဂိုးမရွိထားေသးတာျဖစ္ပါတယ္။

အဂၤလန္ ျပည္တြင္းဖလား ၃လံုးစလံုးကို ကာကြယ္သြားရဖို႕ရွိေနတဲ႔ မန္စီးတီးအသင္းဟာ လတ္တေလာမွာ ခံစစ္ပိုင္း ဒဏ္ရာျပသနာေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။လာေပၚေတး၊ ဂ်ြန္စတုန္းတို႔ ကာလရွည္အနားယူရဖို႔ရွိေနျပီး ကြန္ပနီမရွိေတာ့တဲ႔ အတြက္ ေအာ္တာမန္ဒီတဦးတည္းသာ စီနီယာဗဟိုခံစစ္မွဴးအျဖစ္ရွိေနတာျဖစ္ပါတယ္။

preston-man-city

ဒါေျကာင့္ လည္း ဂြာဒီယိုလာက အခုပြဲစဥ္မွာ လူငယ္ေတြျဖစ္တဲ႔ ဂါစီယာ နဲ႔ ဘယ္လစ္ ဗဟိုခံစစ္အတြဲကို အသံုးျပဳသြားခဲ႕ရတာျဖစ္ပါတယ္။ဒါေပမယ့္ ေပးဂိုးမရွိေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ႔ျပီး ေျခစြမ္းျပသသြားခဲ႔တ႔ဲ သူတို႕ကို ဂြာဒီယုိလာက ခ်ီးက်ဴးသြားခဲ႔ပါတယ္။

ပြဲအျပီး Sky Sports နဲ႔ အင္တာဗ်ဴးမွာ ဂြာဒီယိုလာက – ” ခ်န္ပီယံရွစ္ အဆင့္၃ ေနရာကအသင္းကို က်ြန္ေတာ္တို႔က ေကာင္းမြန္က်စ္လစ္တဲ႔ ပံုစံနဲ႕ ကစားသြားႏိုင္ခဲ႔တာျဖစ္ပါတယ္။က်ြန္ေတာ္တို႔ ကစားသြားတာ တကယ္ေကာင္းပါတယ္။

ခံစစ္ မွာ ပြဲထြက္ခဲ႔တဲ႔ ဂါစီယာ နဲ႔ ဘယ္လစ္ တို႔ကို လည္း က်ြန္ေတာ္ အေတာ္ေလး အားရေက်နပ္မိပါတယ္။သူတို႔ ႏွစ္ေယာက္က က်ြန္ေတာ္တို႔ကို အမ်ားျကီး အကူအညီျဖစ္ေစခဲ႕ပါတယ္။သူတို႔ဟာအကယ္ဒမီေက်ာင္းမွာ အပတ္စဥ္တိုင္းတြဲကစားေနက် ျဖစ္လို႔လည္း အံဝင္မွဳရွိရွိတြဲဖက္သြားႏိုင္ခဲ႔ျကပါတယ္။

သူတို႔ ႏွစ္ဦးဟာ ေကာင္းမြန္တဲ႔ စိတ္ထားမ်ိဳး ရွိတဲ႔ လူေကာင္းသူေကာင္း ကစားသမားေလးေတြျဖစ္ျကပါတယ္။ဒီအတြက္ လည္း က်ြန္ေတာ္ အရမ္းကို ေက်နက္ အားရမိပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

အိမ္ကြင္းမွာ မန္စီးတီး အသင္းကို ပထမပိုင္း ကတည္းက ဂိုးျပတ္အေရးနိမ့္ေနခဲ႔ရေပမယ့္ စိတ္မပ်က္မိဘူးလို႔ ပရက္စ္တန္ နည္းျပျကီး အဲလက္စ္ေနးက ဆိုပါတယ္။ပြဲအျပီး အင္တာဗ်ဴးတခုမွာေနးက –

” က်ြန္ေတာ္တို႔ လံုးဝစိတ္မပ်က္ခဲ႔ျကပါဘူး။ ပြဲခ်ိန္မိနစ္ ၂၀ ေလာက္အထိ က်ြန္ေတာ္တို႔က ေျခအသာနဲ႔ ကစားသြားႏိုင္ခဲ႔တာ ျဖစ္ပါတယ္။ဦးေဆာင္ဂိုးရဖို႔ လည္း ျကိုးစားသြားႏိုင္ခဲ႔ပါတယ္။သူတို႔ကလည္း အရည္အေသြးျမင့္ဂိုးေတြ သြင္းယူသြားခဲ႕ပါတယ္။

သူတို႔က ဂိုးျပတ္သြင္းယူခဲ႔တယ္ဆိုေပမယ့္လည္း လ်င္ျမန္တဲ႕ အရည္အေသြးရွိတဲ႕ ထိပ္တန္း အသင္းေတြနဲ႔ ရင္ဆိုင္ရတဲ႕ အခ်ိန္လုပ္ရမယ့္အရာကသူတို႔ကို ရပ္တန္႔ဖို႔ျဖစ္ပါတယ္။ဒါေပမယ့္ က်ြန္ေတာ္တို႔ မာမာထန္ထန္ မလုပ္ေဆာင္ႏိုင္ခဲ႔ျကပါဘူး။

man city 1

မန္စီးတီး အသင္းက ဒီပြဲမွာပိုေကာင္းတဲ႔ အသင္း ျဖစ္ခဲ႔ျပီး သူတို႔တိုက္စစ္ အင္အားက ပရီးမီးယားလိဂ္ျပိဳင္ဘက္တိုင္းအတြက္ ေျကာက္စရာေကာင္းပါတယ္။က်ြန္ေတာ္တို႔အတြက္ကေတာ့ ဒီပြဲက အေကာင္းျမင္စရာေတြကို စေနေန႔ ပြဲအထိသယ္ေဆာင္သြားဖို႔ ျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။

SPORT MYANMAR

Unicode

ပရက်စ်တန်နဲ့ ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ လူငယ်ခံစစ်အတွဲကို ချီးကျူးလိုက်တဲ #ဂွာဒီယိုလာ
====================================

ယနေ့ နံနက် အစောပိုင်းမှာ ကစားသွားခဲ့တဲ့ ကရာဘောင်ဖလား ပွဲစဉ်မှာ လက်ရှိချန်ပီယံ မန်စီးတီး အသင်းက ပရက်စ်တန် အသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ယူပြီး နောက်တဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။မန်စီးတီး နည်းပြ ဂွာဒီယိုလာဟာ အခုပွဲမှာ ကစားသမားကောင်း အချို့ နဲ့ လူငယ်တွေကို ပွဲထုတ်လာခဲ့ပြီး ပထမပိုင်းမှာပဲ ၃ဂိုးပြတ်အနိုင်ရနေခဲ့တာ ဖြစ်ပါတယ်။

ဂိုးတွေကိုတော့ ပွဲချိန် ၁၉မိနစ်မှာ စတာလင်၊ ၃၅မိနစ်မှာ ဂျေးဆု နဲ့ ၄၂မိနစ်မှာလက်ဒ်ဆန် ( OG ) တို့ကသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။မန်စီးတီးအသင်းဟာပရီးမီးယားလိဂ်မှာတန်းတက် နော့ဝှစ်ချ် ကို မထင်မှတ်ပဲ အရေးနိမ့်ခဲ့အပြီး ပြိုင်ပွဲစုံမှာ ၃ပွဲကစား၃ပွဲလုံးအနိုင်ယူထားပြီးသွင်းဂိုး ၁၄ဂိုးနဲ့ ပေးဂိုးမရှိထားသေးတာဖြစ်ပါတယ်။

အင်္ဂလန် ပြည်တွင်းဖလား ၃လုံးစလုံးကို ကာကွယ်သွားရဖို့ရှိနေတဲ့ မန်စီးတီးအသင်းဟာ လတ်တလောမှာ ခံစစ်ပိုင်း ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။လာပေါ်တေး၊ ဂျွန်စတုန်းတို့ ကာလရှည်အနားယူရဖို့ရှိနေပြီး ကွန်ပနီမရှိတော့တဲ့ အတွက် အော်တာမန်ဒီတဦးတည်းသာ စီနီယာဗဟိုခံစစ်မှူးအဖြစ်ရှိနေတာဖြစ်ပါတယ်။

ဒါကြောင့် လည်း ဂွာဒီယိုလာက အခုပွဲစဉ်မှာ လူငယ်တွေဖြစ်တဲ့ ဂါစီယာ နဲ့ ဘယ်လစ် ဗဟိုခံစစ်အတွဲကို အသုံးပြုသွားခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် ပေးဂိုးမရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ခြေစွမ်းပြသသွားခဲ့တဲ့ သူတို့ကို ဂွာဒီယိုလာက ချီးကျူးသွားခဲ့ပါတယ်။

ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးမှာ ဂွာဒီယိုလာက – ” ချန်ပီယံရှစ် အဆင့်၃ နေရာကအသင်းကို ကျွန်တော်တို့က ကောင်းမွန်ကျစ်လစ်တဲ့ ပုံစံနဲ့ ကစားသွားနိုင်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ ကစားသွားတာ တကယ်ကောင်းပါတယ်။

ခံစစ် မှာ ပွဲထွက်ခဲ့တဲ့ ဂါစီယာ နဲ့ ဘယ်လစ် တို့ကို လည်း ကျွန်တော် အတော်လေး အားရကျေနပ်မိပါတယ်။သူတို့ နှစ်ယောက်က ကျွန်တော်တို့ကို အများကြီး အကူအညီဖြစ်စေခဲ့ပါတယ်။သူတို့ဟာအကယ်ဒမီကျောင်းမှာ အပတ်စဉ်တိုင်းတွဲကစားနေကျ ဖြစ်လို့လည်း အံဝင်မှုရှိရှိတွဲဖက်သွားနိုင်ခဲ့ကြပါတယ်။

သူတို့ နှစ်ဦးဟာ ကောင်းမွန်တဲ့ စိတ်ထားမျိုး ရှိတဲ့ လူကောင်းသူကောင်း ကစားသမားလေးတွေဖြစ်ကြပါတယ်။ဒီအတွက် လည်း ကျွန်တော် အရမ်းကို ကျေနက် အားရမိပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

အိမ်ကွင်းမှာ မန်စီးတီး အသင်းကို ပထမပိုင်း ကတည်းက ဂိုးပြတ်အရေးနိမ့်နေခဲ့ရပေမယ့် စိတ်မပျက်မိဘူးလို့ ပရက်စ်တန် နည်းပြကြီး အဲလက်စ်နေးက ဆိုပါတယ်။ပွဲအပြီး အင်တာဗျူးတခုမှာနေးက –

” ကျွန်တော်တို့ လုံးဝစိတ်မပျက်ခဲ့ကြပါဘူး။ ပွဲချိန်မိနစ် ၂၀ လောက်အထိ ကျွန်တော်တို့က ခြေအသာနဲ့ ကစားသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ဦးဆောင်ဂိုးရဖို့ လည်း ကြိုးစားသွားနိုင်ခဲ့ပါတယ်။သူတို့ကလည်း အရည်အသွေးမြင့်ဂိုးတွေ သွင်းယူသွားခဲ့ပါတယ်။

သူတို့က ဂိုးပြတ်သွင်းယူခဲ့တယ်ဆိုပေမယ့်လည်း လျင်မြန်တဲ့ အရည်အသွေးရှိတဲ့ ထိပ်တန်း အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်လုပ်ရမယ့်အရာကသူတို့ကို ရပ်တန့်ဖို့ဖြစ်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ မာမာထန်ထန် မလုပ်ဆောင်နိုင်ခဲ့ကြပါဘူး။

မန်စီးတီး အသင်းက ဒီပွဲမှာပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပြီး သူတို့တိုက်စစ် အင်အားက ပရီးမီးယားလိဂ်ပြိုင်ဘက်တိုင်းအတွက် ကြောက်စရာကောင်းပါတယ်။ကျွန်တော်တို့အတွက်ကတော့ ဒီပွဲက အကောင်းမြင်စရာတွေကို စနေနေ့ ပွဲအထိသယ်ဆောင်သွားဖို့ ဖြစ်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

SPORT MYANMAR